မှားယွင်းခဲ့သော နေထွက်ချိန်များ
နိဒါန်း
“တီ…တီ…တီ”
Phone သံကိုပင် သူပြီးအောင်စောင့်မနေနိုင်တော့…။ ချင်ခြင်းပင်ကောက်ကိုင်လိုက်မိပါတယ်..။
“အင်း…ပြော”
“…………….”
“ခွပ်….”
သူ့လက်ထဲမှ လွတ်ကျသွားသော Mobile Phone ရဲ့အသံလော…။ သို့မဟုတ်…။ သူ့ရင်ဘတ်ထဲမှ နုလုံးသား၏ အသံလော…။ သူတိတိကျကျ မပြောနိုင်သော တစ်ချိန်ထဲ တစ်ပြိုင်ထဲ ထွက်ပေါ်လာသည့် မြည်သံစွဲတစ်ခု….။ သေချာတာတစ်ခုကတော့ ကြမ်းပြင်ပေါ်တွင် တစ်ပိုင်းတစ်စစီ ကျကွဲ သွားသော သူ့ရဲ့ Phone ဟာ…။ သူ့ရင်ဘတ်ထဲမှ နုလုံးသားရဲ့ ဖြစ်စဉ်ကို အတိအကျ နိမိတ်ထင်ဟပ် နေစေခြင်းပင်…။
အခန်း (၁)
သူ့တစ်ကိုယ်လုံး ချွေးစီးများနှင့်သာ မောဟိုက်လို့နေပါတယ်…။ တစ်ဘက်မှစကားသံအဆုံး သူ့ကမ္ဘာတစ်ခုလုံးအမှောင် ကျသွားပါတယ်..။ ခန္ဓာ ကိုယ်တစ်ခုလုံးကို အတွင်းအပြင် ဆွဲလှန်လိုက်သလို ဝေဒနာက နာကြည်း သည်းထန်လွန်းလှပါတယ်…။ တစ်ချိန်ကသူ့ရဲ့ ခပ်မိုက်မိုက်အတွေးတွေ က အခုချိန်မှာ သူ့ဘ၀ကို တကယ်ပင် အမှောင်အတိ ဖုန်းစေခဲ့ပါပြီ…။ သူ့ဘ၀ရဲ့ တက်လမ်း…။ ရည်ရွယ်ချက်…။ ရှေ့ရေး…။ အရာရာဟာ စုတ်ပြတ်သွားပါတော့မယ်…။ ဘယ်သူမပြုမိမိမှု…။ ဒါတွေအားလုံးရဲ့ တရားခံဟာ သူမှလွဲပြီး အခြားဘယ်သူမှ မဖြစ်နိုင်…။ မဖြစ်သင့်ဘူးဆိုတဲ့ အသိစိတ်…။ ဖြစ်တော့မယ်ဆိုတဲ့ မသိစိတ်…။ အားပြိုင်မှု နှစ်ခုကြား သူ့ဘ၀လုံးပါးပါးတော့လေမည်…။
တကယ်ဆို ဒါတွေဟာ သူ့ရဲ့ အသုံးမကျမှု…။ တွေဝေမှုတွေကြောင့်ဆိုတာ သိပ်ထင်ရှားလွန်းပါတယ်…။ ခံစားချက်တစ်ခုရဲ့ အမြင့်မားဆုံးနေရာ တစ်ခု…။ ခပ်သိမ်းသော အသိစိတ်တို့ မှိတ်သုန်း ပျောက်ကွယ်ခဲ့တယ်…။ ဆင်ခြင်နိုင်တဲ့ အသိတရားတစ်ခု လုံးပါးပါးခဲ့တယ်..။ အရာရာဟာ စိတ်ရဲ့ စေရာနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ပြီးမှတော့…။ ခါးသီးတဲ့ အနာဂတ်တစ်ခုကလွဲလို့ ဘာများသူ့အတွက်မျှော်လင့်စရာ ရှိဦးတော့မတဲ့ လဲ…။ ဆူပွက် ပေါက်ကွဲနေတဲ့ အတွေးတွေကြား…။ အဆုံးအဖြတ်တစ်ခုအတွက် အချိန်တွေကလဲ ခပ်ပါးပါးတောင် မျက်နှာသာပေးခြင်ပုံမရတော့ပါ။
ဘာလုပ်မလဲ…။ ဘယ်လမ်းကိုရွေးမလဲ…။ ဘာတွေက ဖြစ်သင့်တာလဲ…။ ဘာတွေက ဖြစ်ခဲ့ပြီလဲ…။ မေးခွန်းတွေ…။ မေးခွန်းတွေ…။ အဆက်မပြတ် သူ့ဦးခေါင်းတစ်ခုလုံး စုတ်ပြတ်သတ်သွားသည်….။ သူ့အသွေး…။ သူ့အသား…။ နှလုံးသားတစ်ခုလုံး အက်စစ်ကန်ထဲ အစိမ်ခံထားရသလိုခံစား ရသည်…။ အကြိမ်ကြိမ် ချုပ်တည်းခဲ့တဲ့ အသိစိတ်တစ်ချက် လွတ်အထွက်မှာ…။ ဘ၀ဟာ ဒီလောက် စုတ်ပြတ်သွားမယ်မှန်း ဘယ်တုန်းကမှ သူ မမှန်းစမိခဲ့ပေ…။ ကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့ အရိပ်ဆိုးတစ်ခု….။ ဘ၀အဆက်ဆက် သံသရာရှည်တော့လေမည်သာ….။
အခန်း (၂)
“ငါမသတ်ဘူး…။ မင်းကို ငါမသတ်ဘူး…။ ငါသတ်တာမဟုတ်ပါဘူးကွာ….”
“ဟား..ဟား…။ ခင်ဗျားဗျာ…။ ကိုယ့်အသတ်သေမှာတော့ ကြောက်တတ်လိုက်တာ…။”
“မဟုတ်ပါဘူးကွာ…။ ငါမင်းကို တကယ်မသတ်ခဲ့တာပါ…။ ငါ့ရဲ့ ပေါ့….ပေါ့….ပေါ့ဆမှု…။ အသုံးမကျမှုကြောင့် ဒီလို ဖြစ်….ဖြစ်…ဖြစ်ခဲ့ရတာပါကွာ”
“ခင်ဗျားဗျာ…။ ပြောထွက်လိုက်တာ…။ ကျွန်တော့်ဘာများလုပ်ခဲ့လို့လဲဗျာ…။ ကျွန်တော့်မှာ ဘာအမှားများရှိခဲ့လို့လဲ…။ ကျွန်တော့်မှာ ဘာအပြစ်များ ရှိခဲ့လို့ ခင်ဗျား ဒီလို ရက်ရက်စက်စက်လုပ်ခဲ့ရတာလဲဗျာ…”
” ငါ…။ ငါ….။ ငါလေ…။ မင်းအပေါ် ရက်စက်ချင်လို့မဟုတ်ပါဘူးကွာ…။ အဲ့ဒါကိုတော့ မင်းယုံကြည်ပေးပါ…။ မင်းအတွက် တစ်ကယ်ပဲ ငါ့စိတ်တွေ ထိခိုက် ကြေကွဲခဲ့ရပါတယ်ကွာ…။ ငါ့….ငါ့…ငါ့မှာ အခြားရွေးစရာ လမ်းမရှိ …. မရှိ…. မရှိတော့လို့ပါကွာ…..။ ငါ့ကို…ငါ့ကိုလေ….။ ခွင့်လွှတ်ပေးဖို့ ငါမတောင်းဆိုလိုပါဘူးကွာ…။ ဒါပေမယ့်…။ ဒါပေမယ့်လေ…။ ငါ့ကို နားလည်ပေးဖို့တော့ ငါတောင်းဆိုခြင်ပါတယ်ကွာ…”
“မရတော့ဘူးဗျာ…။ အားလုံးဟာ လွန်သွားခဲ့ပြီ..။ ကျုပ်ကခွင့်လွှတ်တယ်ထား…။ ခင်ဗျားကို ခွင့်မလွှတ်တဲ့သူတွေက မကြာခင် ခင်ဗျားရဲ့လုပ်ရပ်တွေ အတွက် လာခေါ်ကြလိ့မ်မယ်…။ ဟော ဟိုမှာ လာနေကြပြီ…။ ကဲ… ကျုပ်လည်းသွားမယ်ဗျာ…။ ကံမကုန်သေးရင်တော့ ပြန်ဆုံကြသေးတာပေါ့..”
“ငါမသတ်ဘူး…။ ငါမသတ်ဘူး…။ မင်းကို ငါမသတ်ဘူး…။ ငါ့ကိုနားလည်ပါ…။ ငါ့ကိုနားလည်ပေးပါကွာ…။ ငါ့မှာ ရွေးစရာလမ်းတကယ်ကို မရှိခဲ့လို့ ပါ..။ ငါ့နှလုံးသားတစ်ခုလုံးလဲ မင်းအတွက် ကြေကွဲခဲ့ရပါတယ်ကွာ…။”
“ငါမသတ်ဘူး….”
“ငါ့ကို နားလည်ပါ…”
“ငါမသတ်ဘူး…”
“အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
အကယ်၍ ဒီအရာသည်သာ အိပ်မက်တစ်ခု မဟုတ်ခဲ့ဘူးဆိုလေလျှင်….။
အခန်း (၃)
“သေချာသွားပြီ…။ အခုဘာဆက်လုပ်ကြမလဲ…?”
“ဟားးးးးးး….” သူစီးကရက်တစ်လိပ်မှ နီကိုဒင်းအဆိပ်ငွေ့တွေအားလုံးကို အဆုတ်ထဲ အပြည့်ရှိုက်သွင်းလိုက်မိသည်..။
“ဘယ်လိုလုပ်မလဲ..? ထွက်ပြေးလို့လဲ လွတ်မယ့်ကိစ္စမျိုးမှမဟုတ်တာကွာ…။ လုပ်စရာရှိတာ လုပ်ပြီး..။ ပြင်ဆင်ကြရုံ၊ ရင်ဆိုင်ကြရုံပေါ့…”
တစ်ဘက်က တိတ်ဆိတ်လျှက်…။ သူတစ်ယောက်ထဲသာ စကားတွေ တောက်လျှောက်ဆက်ပြောနေမိသည်…။
“မင်းအတွက်လည်း ငါစိတ်မကောင်းဘူးကွာ…။ မင်းစိတ်ထဲမှာ ဒီအချိန်မှာ ဘယ်လောက်ခံစားနေမယ်ဆိုတာကို ငါသိပါတယ်…။ ငါ့ခန္ဓာကိုယ်တစ်ခု လုံးလဲ သွေးကြောတွေထဲမှာ ချော်ရည်တွေ စီးဆင်းနေသလို ခံစားနေရပါတယ်…။ တစ်ကယ်ဆို ဒါဟာ ငါ့ရဲ့ပေါ့ဆမှုတွေပါ…။ ငါ့ရဲ့ အသုံးမကျမှု တွေပါ…။ ငါ့ရဲ့ အသုံးမကျမှုတွေအတွက် ငါဝင်ခံပါတယ်…။ ငါ့အပြစ်တွေအတွက် ငါပေးဆပ်သွားချင်တယ်..။ ပေးဆပ်ခွင့်ရခြင်တယ်…။ ပေးဆပ် သွားလိုက်ခြင်တယ်…။ ဒါပေမယ့်ကွာ…။ ငါဘယ်လိုပဲ ပေးဆပ်ပေးဆပ်…။ ငါ့ကြောင့် အပြစ်မရှိတဲ့သူတစ်ယောက် ….။ ငါ့အပြစ်တွေ မကြေနိုင်ဘူး ဆိုတာ ငါသိပါတယ်ကွာ….။ ငါလေ…။ ငါ…..။ ငါ….အရမ်းဝမ်းနည်းတယ်ကွာ….။ ဒါပေမယ့်….”
သူ့အသံတွေထဲ ရှိုက်သံတွေပါလာခဲ့သည်…။ သူ့လည်မျိုတစ်ခုလုံးစို့တက်လာသည်…။ သူ့ပါးပြင်တစ်လျှောက် ကိုယ့်ကိုယ်ကို အပြစ်တင်သည့် “တောက်” ခေါက်သံတွေက တသွင်သွင် စီးဆင်းလျှက်…။
” ငါတို့စီစဉ်ထားတဲ့အတိုင်းသာ ဆက်လုပ်ကြရုံပေါ့ကွာ…”
သူ ရှိုက်ကြီးတငင်ငင် ငိုချမိလိုက်သည်…။ သို့သော် သူ့ရင်ထဲက အပူတွေကတော့ ညိမ်သက်မသွားသည့်အပြင် ပို၍ ပို၍ တိုးလို့သာ…။
ဇာတ်သိမ်း
သူစားပွဲပေါ်မှ ဖိုင်တွဲတစ်ခုကို ကောက်ယူကာ ထုတ်ကြည့်မိလိုက်သည်….။ အထဲမှ စာရွက်စာတမ်းအချို့နှင့် ဖလင်ပြားတစ်ခု အလိုက်သင့် ထွက်ကျ လာပါတယ်…။ သူ ဖလင်ပြားအား စူးစူးစိုက်စိုက်ကြည့်နေမိသည်..။ သူ့မျက်ဝန်းထဲမှ စီးကျလာသော အရာများသည် မျက်ရည်များမဟုတ်ပဲ သွေးစက်များ ဖြစ်သွားမလောက်ပင် သူ့ရင်ထဲ နာကျင်လွန်းလှသည်…။ သူအတတ်နိုင်ဆုံး စကားလုံးအချို့ကို အံထုတ်ဖြစ်ခဲ့သည်…။
“တကယ်ဆို…။ တကယ်ဆိုလေ…။ သားကို ဖေဖေ သိပ်ချစ်တာပေါ့သားရယ်….။ နောင်ဖြစ်လေရာ ဘ၀တိုင်းမှာလည်း ဒီလို အဖြစ်ဆိုးမျိုးကြီးနဲ့ ငါ့သား မကြုံရပါစေနဲ့လို့ ဖေဖေ ဆုတောင်းပေးနေပါ့မယ်သားရယ်…။ အခွင့်ရှိသေးရင် ပြန်လာခဲ့ပါကွာ..။ ဖေဖေလေ…။ ငါ့သားနောက်တစ် ခါ ဖေဖေတို့ ဘ၀ထဲကို ပြန်ဝင်လာမယ့်နေ့ကို စောင့်ကြိုနေပါ့မယ်သားရယ်….။”
ဆုပ်ကိုင် ခြေမွထားလို့ ကြေမွနေသော Ultra Sound ဓာတ်မှန်ပြားတစ်ခု၊ DNC လုပ်ခဲ့သည့် ဆေးရုံမှ စာရွက်စာတမ်းအချို့နှင့်အတူ သူသည် လည်း ကြမ်းပြင်ပေါ်သို့
အရုပ်…………………………….. ကြိုး………………………………………….ပြတ်………။
P.S- ဖြစ်ရပ်မှန်တစ်ခုအား ရင်ဘတ်တစ်ခုလုံးနှင့် အပြည့် ခံစားကာ ရေးဖွဲ့ပါသည်။








r u man!!!! .. great post .
Like or Dislike:
0
0
အင်းးးးးးးးးး ခံစားခဲ့ဖူးပါတယ် ……..။
Like or Dislike:
0
0
DNC လုပ်တာကို ကိုယ်တိုင်assist လုပ်ခဲ့ဖူးပါတယ် လက်လွန်ပြီးမှ ရောက်လာလို့ DNC လုပ်ပေးမှပဲ အသက်တစ်ချောင်းကနေ နှစ်ချောင်းမဆုံးရှုံးရမှာမို့ လုပ်ကြရတယ် ဒါပေမယ့် အသက်နှစ်ချောင်းကနေ တစ်ချောင်းဖြစ်အောင် ရည်ရွယ်ချက်တစ်ခုနဲ့လုပ်တဲ့ DNC တွေလဲ တနည်းနည်းနဲ့ရှိနေမှန်းသိပါရဲ့ အသက်ကယ်ရတဲ့အချိန်မှာတောင် အဲဒီoperation ခန်းထဲက ခံစားချက်က ရင်နဲ့မမျှနိုင်အောင်ပါပဲ အသက်ဆုံးအောင်တော့ ဘယ်လိုများလုပ်ရက်ကြပါသလဲ နေထွက်ချိန်တွေ မမှားပါစေနဲ့
Like or Dislike:
0
0
ဟူးးး .. (သက်ပြင်းပဲ ချနိုင်တော့တယ်)
Like or Dislike:
0
0
စာရေးကောင်းတော့လည်း
ရင်တမမ ဖတ်နေရတာပါပဲလေ
နောက်တော့ သက်ပြင်းချလိုက်မိတယ်
Like or Dislike:
0
0
ဆက်ရေးနော်.. လာ လာ အားပေးမယ်…. စိတ်ဝင်စားအောင် တင်ပြပေးနိုင်တယ်
Like or Dislike:
0
0
ဖြစ်သွားခဲ့ပီးပီပဲအကိုရယ်..ဘယ်တတ်နိုင်မလဲ…
စိတ်မကောင်းတော့ဖြစ်မိတယ်….
နေထွက်ချိန် ထပ်မမှားအောင်တော့ ကြိုးစားရမှာပေါ့…
Like or Dislike:
0
0
မူမပျက်ပါပဲ… အကြောင်းအရာပိုင်းထက် ရေးဟန်ကို ပိုကြိုက်တယ်။ ဒီလိုပုံစံမျိုးက ဘလက်ဆီမှာပဲ တွေ့နေရတယ်။ တခြားဘလောဂ့်ထဲ မပေါ်သေးဘူး။
Like or Dislike:
0
0
ကိုမိုးမောင် ပြောသလိုပဲ ဘလက်ကြီးရေ .. မင်းအရေးအသားတွေက
ဘယ်အချိန် ဖတ်ဖတ် လန်း နေတယ် ..
Like or Dislike:
0
0
် နေထွက်ချိန်မမှားအောင် တတ်နိုင်သမျှ ကြိုးစားသွားရမှာ
အကောင်းဆုံးပေါ့ …။ အရေးအသားကတော့ ကိုဘလက် လို့တောင်ပြောစရာမလိုဘူး.. လန်ပြီးရင်းကိုလန်နေတော့တာပါဘဲဗျာ..။
Like or Dislike:
0
0
မောင်းလေးရေ ၊ အစကနေ အဆုံး ဆွဲခေါ်သွားတာ မင်းရင်တုန်ရင် လိုက်ရင်တုန်၊ ဖုန်းပြုတ်ကျရင် ကို့ ဖုန်းပါ ပြုတ်ကျသလို ခံစားချက်တွေ ပေါ်လွင်အောင် ရေးနိုင်လိုက်တာ၊ ဖြစ်ရပ်မှန်လေးကို တူတူ မျှပီး
ခံစားသွားပါတယ်
Like or Dislike:
0
0
ko. apyit nae’. ko lo. kansar mi tae thu pyaw ke’. talo par bae’
…ku tot lae bar ma ma tat naing bar bu …bae thu ma pyu mimi bae’ lay !_!
Like or Dislike:
0
0
လေးခေါက်တောင်ဖတ်လိုက်တယ်။ အမှန်တော့ ပထမတစ်ခေါက်မှာတုန်းက သိပ်နားမလည်လိုက်ဘူး။ ခပ်မြန်မြန်ဖတ်လိုက်တာလဲ ပါမှာပေါ့။ နောက်တစ်ခေါက်မှ နားလည်အောင် စကားလုံးတစ်လုံးစီရဲ့ အဓိပ္ပာယ်ကိုသိအောင် ဘာကိုဆိုလိုချင်တယ် သဘောပေါက်အောင် သေချာဖတ်ရတယ်။
အရေးအသားကတော့ အပေါ်ကလူတွေပြောသလိုပဲ…
Like or Dislike:
0
0
အမြဲတမ်းကောင်းနေတော့တာပဲ…….
Like or Dislike:
0
0
i got somethings from ur post dude ! anyway thanks for that !
Like or Dislike:
0
0
ညီရေ တောင်ပန်ပါတယ် စာရောက်တဲ့နေ့တဲ့ကလာမလို့ပါ
တခေါက်ဘဲဖတ်ဖြစ်တယ် မလာဖြစ်လိုက်ဘူး
သူငယ်ချင်းတယောက် ဆိုင်ကယ်မှောက်တာနဲ့
ဆေးရုံလိုက်ပိုနေတာနဲ့ ကိုလည်းတိုင်တွေပတ်နေတယ်
ဒီနေ့တော့ ၃ ခေါက်ဖတ်ပြီးမှ ဝင်လာတာ နောက်ကျသွားတယ်
ဒီစလေးကို http://futuredream.ning.com/
http://eainlwanthu.ning.com/ နှင့်
http://forverfriend.ning.com/ မှာတင်ပေးလိုက်တယ်
နော်ညီ LInk လေပါထဲ့ပေးထားတယ်
တော်တဲ့သူကိုချီးကျူးရမှာ ကိုနှလုံးသားမှာ စွဲချက်တင်ပြီးသားဆိုတော့
အားလုံးဖတ်နိုင်အောင်လို့ပါ
ထာဝရလေးစာခင်မင်လျှက်
နတ်လူမုန်း
Like or Dislike:
0
0
း)
Like or Dislike:
0
0
ပို့စ်ကောင်းလေးတပုဒ်ကို လာဖတ်သွားတယ်ညီလေးရေ
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့နို်င်ပါစေ
Like or Dislike:
0
0
မောသွားတာပဲ ဖတ်ရတာ ။ တဆစ်ဆစ်နဲ့ ……….. ။
Like or Dislike:
0
0
ညီရေ… အရေးကောင်းလိုက်တာကွာ..
အကိုတော့ ခုမှပဲရောက်ဖြစ်တော့တယ်….
Like or Dislike:
0
0
ဖတ်ပြီးတော့ ရင်ထဲမှာ စို့သွားတာပဲ အကိုရာ… ။
Like or Dislike:
0
0
ပို့စ်ကောင်းလေး လာဖတ်သွားပါတယ် မောင်ဘလက်ဒရင်း ရေ…
စာရေးတော်တော်ကောင်းတာပဲနော်..
နောက်လည်းလာဖတ်ပါဦးမယ်.
အလည်လာသွားတာကျေးဇူးပါနော်.
Link သွားပါတယ်နော်. ခွင့်ပြုပါ.
WWKM
Like or Dislike:
0
0
ဒီတခါနဲ့ ဆိုဒီပို့ စ်ကို ဖတ်တာ၅ခေါက်ရှိသွားပြီ….ဖတ်လိုက်တိုင်း ရင်ထဲမှာနင့် နေအောင် ခံစားရပါတယ်
Like or Dislike:
0
0