သူတို့တွေ…
အခန်း (၁)
၁၉၉၈ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)
“မိန်းမရေ…မိန်းမ… လာပါဦးဟ…။ အား…”
ရုတ်တရက် ထအော်လိုက်တဲ့ ကျွန်တော့်အဖေအသံကြောင့် ကျွန်တော်လန့်ဖြန့်ပြီး နိုးသွားပါတယ်..။ အမှန်က ကျွန်တော်နိုးနေပါပြီ..။ အခြား နေ့တွေသာ ကျွန်တော်အိပ်ပုပ်ကြီးရင်ကြီးမယ် ဒီလိုနေ့မျိုးကတော့ မနက် ၅ နာရီ ၆ နာရီကတည်းက နိုးနေပြီး ဒီသင်္ကြန်ဘယ်လိုကဲရမလဲ ဆိုပြီး တွေးနေတတ်တာ ကျွန်တော့်အကျင့်ပါ…။ ကျွန်တော့်အခန်းက ကျွန်တော့်အဖေအမေအခန်းနှင့် ကပ်လျှက်အပေါ်ထပ်မှာရှိပါတယ်..။ (ပေါက် ကရတွေ လုပ်တတ်လွန်းလို့ စိတ်မချလို့ သူတို့ဘေးခန်းခေါ်ထားခြင်းဖြစ်ပါတယ်…။ ချစ်လွန်းလို့ ခေါ်ထားတယ် မထင်ကြပါကုန်
) ကျွန်တော် ကလည်း ဒီလောက်ကြီးမသောင်းကျန်းပါဘူး..။ ညဘက် လူကြီးတဲ့အိပ်တဲ့အချိန် အနောက်ဘက် ၀ရန်တာကဆင်း..။ သူငယ်ချင်းတွေလာခေါ်တဲ့ ကားပေါ်တက်..။ Club သွားရုံလောက်ပါ..။ အဲ့လိုလုပ်လို့ ကျွန်တော့်ကို လူဆိုးမထင်ပါနဲ့..။ ကျွန်တော်က ညသာခိုးထွက်တာပါ..။ ပြီးရင်တော့ လူကြီးတွေ စိတ်မပူရအောင် အစောကြီးပြန်လာလေ့ရှိပါတယ်…။
မနက် ၃ နာရီတို့ ၄ နာရီတို့လေ…။ ပဲပြုတ်သည်တောင်မနိုးသေးဘူး..။ ဟုတ်တယ်မလား
ဒါနဲ့ စောစောက စကားပြန်ဆက်ပါ့မယ်…။ အဖေအဲ့လို ရုတ်တရက်ထအော်လိုက်တာကြောင့် ကျွန်တော်လည်း ဘာများဖြစ်တာပါလိ့မ်ဆိုပြီး လန့် ဖြန့်ပြီး အဖေတို့ အခန်းဘက်ကို ထပြေးပါတော့တယ်…။ အခန်းထဲမရောက်ခင် တံခါးအ၀မှာပဲ…။ ကျွန်တော်အသံတစ်ခုကို ကြားလိုက်ရပါတယ်..။ ဒီအသံကြားလိုက်ရတယ်ဆိုရင်ပဲ….။ ကျွန်တော် အထဲကို ဆက်ဝင်စရာမလိုတော့မှန်း သိလိုက်ပါတယ်…။ တစ်မျိုးမထင်ကြပါကုန်လင့်….။ ပြောတာ ကို ဆုံးအောင်ဆက်နားထောင်စေချင်ပါတယ်…။ ကျွန်တော်ကြားလိုက်ရတဲ့ အသံကတော့….။
“ဗွမ်းးးးးးးးးး….ဟား ဟား အောင်ပြီ…။ အောင်ပြီ…။ အောင်ပြီ…ကွ”
သူ့ကိုသူ ရဟန်းစားရသော ဆွမ်းတစ်နပ်ထဲက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းသားကြီး ဇော်လင်းအော်တဲ့ အသံမျိုးဖြင့် ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်နေတာကတော့ ကျွန်တော့ဖခမည်းတော်ပဲ ဖြစ်ပါတယ်…။ တစ်ဆက်တည်းမှာပဲ….။
“အာ…။ ရှင် သိပ်လူလည်ကြတယ်…။ ကျွန်မကဘာများ ဖြစ်လဲလို့ လန့်ဖြန့်သွားတာပဲ…။ ဒါရှင် မတရားအနိုင်ကျင့်တာ…။ မရဘူး…။ ဒီပွဲကို အသိ အမှတ်မပြုဘူး…”
“မရတော့ဘူး ကောင်မလေး…။ ပွဲကပြီးသွားပြီ…။ ဟဲ ဟဲ…။ အချစ်နဲ့စစ်မှာ တရားတာတွေ မတရားတာတွေမရှိဘူး..။ အခုမှ ဘာမှလာရှင်းပြမနေနဲ့ တော့…။ ရှင်းပြခြင်လဲ နောက်နှစ်ရောက်မှသာ ရှင်းပြပေတော့…။ ဟဲ ဟဲ…။ ဒီနှစ်တော့ ကိုယ့်အရှုံးကိုသာ ရဲရဲတင်းတင်းလက်ခံလိုက်စမ်းပါ မိန်းက လေးရယ်..။ ဟဲ ဟဲ…”
အသံတွေတိုးသွားသည်….။ ကျွန်တော်လည်း သူတို့အခန်းဘက်မှ မိဘနှစ်ပါး၏ အရှက်တော်ရှ၍ အညိုငြင်မခံရခင် တရုတ်သိုင်းသမားတို့အလား ကိုယ်ဖော့ကာ အခန်းအတွင်းသို့ ပြန်ဝင်ပြီး မသိချင်ယောင်ဆောင်နေလိုက်ပါတော့တယ်…။ စိတ်ထဲမှာတော့….
“အင်း….။ ဒီနှစ်လဲ ငါ့အဖေပဲ ဖလားသိမ်းသွားပြန်ပြီ…။ စောင့်လေဦးပေါ့အမေရေ….။ နောက်တစ်နှစ်…။ ဟီး ဟီး…”
အခန်း (၂)
၂၀၀၁ ခုနှစ် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)
ကျွန်တော့်အဖေက မနက်အစောထကာ ဘုရားဝတ်ပြုလေ့ရှိပါတယ်..။ သူက မနက်ဆို အမြဲ ၅ နာရီ ၆ နာရီဆိုနိုးတတ်ပါတယ်..။ အရင်ကတော့ အဲ့ လောက်အစောကြီးမထပါဘူး…။ ၇ နာရီ လောက်အထိအိပ်တတ်ပါတယ်..။ နောက်ပိုင်းသူ Golf ရိုက်ဖြစ်တော့ အဲ့ဒီ့အချိန်ဆို နိုးနိုးနေတတ်ပါတယ်။ ပုံမှန်ကတော့ သူဘုရားဝတ်ပြုပြီးတာနဲ့ Golf သွားသွားကစားလေ့ရှိပါတယ်…။ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော်ကြားထားရသလောက် ဒီသင်္ကြန် တွင်း သူတို့ ပြိုင်ပွဲရှိတယ်ဆိုလားပါပဲ…။ ဒါကြောင့်အဖေ အရင်ရက်တွေထက် စောစော ထနေတာ ဖြစ်နိုင်ပါတယ်…။
ထုံးစံအတိုင်းပဲပေါ့…။ သကောင့်သားကလည်း တစ်ခြားရက်တွေသာ နေဖင်ထိုးအောင် အိပ်ရင်အိပ်မယ်…။ ဒီလိုရက်မျိုးကတော့ ညကတည်းက သင်္ကြန်အတွင်းဆုံရမယ့် ကောင်မလေးတွေ (အဲဟုတ်ပါဘူး
) သင်္ကြန်အတွင်း ပျော်ရမယ့်အစီအစဉ်လေးတွေတွေးပြီး အိပ်လို့ကသိပ်ပျော်တာ မဟုတ်ဘူး..။ အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ပေါ့…။ ဒီလိုနဲ့ မနက်ရောက်တော့ အဖေဘုရားဝတ်ပြုတဲ့အသံကို အိပ်ယာထဲက အတိုင်းသားကြားနေရပါ တယ်..။ စိတ်ထဲမှာလည်း Father ကြီးလစ်တာနဲ့ အိမ်ကနေအမြန်ဆုံး ချီတက်နိုင်ဖို့ တိုင်မင် ကိုက်နေတာပေါ့…။ အဲ့လိုမျိုး ကိုယ့်အတွေးနဲ့ ကိုယ်မြူးနေတုန်း….
“အာမဘန္တေပါ အရှင်ဘုရား….”
“ဗွမ်း….”
သေပြီ…။ တစ်ယောက်ယောက်တော့ အလစ်အငိုက် ခြုံခိုတိုက်ခိုက်ခံလိုက်ရတာ သေချာသွားပါပြီ…။ ဒီနှစ်ဒိုင်းကိုတော့ ဘယ်သူလက်ဝယ်ပိုင်ဆိုင် သွားပြီလဲမသိ…။ တစ်ယောက်ယောက်ကတော့ လက်နက်ပုံးသုံးလိုက်တာသေချာသွားပြီ ဖြစ်ပါတယ်…။
“ဟား..။ မင်းဘယ်လိုလုပ်လိုက်တာလဲ… ဒီမှာ အကုန်ရွှဲကုန်ပြီ..”
“အိုး…။ ရေလောင်းပါတယ်ဆိုမှ ရွှဲမှာပေါ့…။ ဒါဆန်းသလား…?”
“အွန်….။ ရေလောင်းရင် ရွှဲတာတော့ ငါလဲသိတာပေါ့ဟ..။ အခုပြောတာက လူရွှဲလို့ပြောတာမဟုတ်ဘူး..။ ဘုရားခန်းတစ်ခန်းလုံး ကော်ဇောတွေပါ ရွှဲကုန်လို့ပြောတာ…။ မင်းဒါလေးတောင် နားမလည်ဘူးလား…?”
“ဘာမှလာရှင်းပြမနေနဲ့ လူကလေး..။ ပွဲကပြီးသွားပြီ…။ ဘာတဲ့…။ အချစ်နဲ့စစ်မှာ ဘုရားခန်းမပါဘူးဆိုလား…။ ကဲ..။ ဒီတော့ ရှင်းပြခြင်ရင် နောက်တစ်နှစ်ကိုသာ စောင့်လိုက်ပါတော့ရှင်…။ ဟွန်း..။ မှတ်ပြီလား”
“သြော်..။ မင်းက ဒီလိုလား…။ တွေ့ကြသေးတာပေါ့…။ လွတ်အောင်သာပြေးပေတော့….”
“မှီမယ်ထင် လုပ်လိုက်လေ… ရှင့်ကိုယ်ရှင် အရင်ကလို ဗလံလေးများအောက်မေ့နေလား..။ လာလိုက်စမ်းပါ..”
“အာ ဒီမိန်းမ…။ နာပြီသာမှတ်…။ ငါလာပြီ…”
နောက်တော့အသံတွေပျောက်သွားသည်…။ ဘယ်ရောက်သွားလဲ ကျွန်တော်လဲမသိပါ..။
အမေက ဘယ်ပြေးလို့ အဖေက ဘယ်ကိုလိုက်ကာ..။ ဘယ်နေရာမှာပဲ မိသွားသလား…။ မမိဘူးလား…။ ကျွန်တော်မသိပါ…။ ကျွန်တော်သိတဲ့ သေချာတာတစ်ခုကတော့…..။ ဒီတစ်နှစ် အိမ်ထောင်စု သင်္ကြန်ဒိုင်းစုကြီးကို ကျွန်တော့်မာတာမိခင်မှ ဂိုးပြတ်သွင်းကာ ရယူသွားပါပြီ…။
ကျွန်တော် ဘာရယ်လို့မဟုတ် စိတ်ထဲမှာ အလိုလိုပြုံးမိသည်…။ အမည်မဖော်ပြနိုင်သော ခံစားမှုတစ်မျိုး ကျွန်တော့်ရင်ထဲ ညိ့မ်ညောင်းကစီးဆင်း သွားသည်…။ သေချာတာတစ်ခုကတော့ ကျွန်တော်ကြည်နူးမိတယ်…။ သူတို့ကို ကြည့်ရင်း ကျွန်တော်ပျော်ရွှင်မိတယ်…။ တကယ်ပါ…။ ကျွန်တော် တို့ မိသားစုလေး အရမ်းပျော်ဖို့ကောင်းတယ်ဗျာ….။
အခန်း (၃)
၂၀၀၅ ခုနှစ် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)
ဒီနှစ်ကတော့ ကျွန်တော်တို့ မိသားစုအတွက် အနဲငယ်ထူးခြားပါတယ်..။ ကျွန်တော်လည်း ပြည်ပကို ပညာတော်သင်သွားဖို့အတွက် ရပ်နီးကပ်နေပါ ပြီ..။ သင်္ကြန်အတွင်း ခွင့်အဖြစ် ရန်ကုန်ကို နှစ်ပတ်ပြန်ခွင့်ရတဲ့ အချိန်လေးပါ..။ ကျွန်တော်လည်း ပြန်ရောက်ကတည်းက သွားဖို့လာဖို့အတွက်..။ လိုအပ်တာတွေ ပြင်ဆင်..။ ၀ယ်စရာခြမ်းစရာရှိတာတွေ ၀ယ်နဲ့..။ တော်တော်လေးကို ဗျာများနေပါတယ်..။ ရတဲ့ရက်နဲ့ ပြင်ဆင်ရတဲ့အချိန်က မနဲသော်လည်း..။ စိတ်ထဲတော့ မလောက်သလို ခံစားရပါတယ်..။ အဲ…။ နောက်….။ သွားခါနီး လာခါနီး နှုတ်ဆက်စရာလေးတွေ ကလည်းရှိသေး တယ်လေ…။ ဟဲ…ဟဲ…။ သူငယ်ချင်းတွေကိုပြောပါတယ်…။
ဒီလိုနဲ့ပဲ သင်္ကြန်မတိုင်ခင် ၄၊ ၅ ရက်အလိုလောက်ကတည်းကပြန်ရောက်တာ ရက်တွေဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ရပါဘူး…။ ကျွန်တော်ပြန်ရောက်တဲ့အချိန်အဖေလည်း အိမ်မှာမရှိပါဘူး…။ ခရီးသွားနေပါတယ်…။ ပြင်ဦးလွင် သစ်တောကျောင်းဆင်းပွဲကိုသွားရင်း..။ အဲ့ဒီ့မှာ သင်္ကြန်တွင်း Golf ပြိုင်ပွဲရှိလို့..။ ပြိုင်ပွဲပြီးမှ (သင်္ကြန်ပြီးမှ) ပြန်လာမယ်လို့သိရပါတယ်….။ ဘာရယ်တော့ မဟုတ်ဘူး..။ စိတ်ထဲမှာတော့ တစ်မျိုးပဲ ၀မ်းနည်းသလိုလို..။ ဟာနေသလိုလို…။ တစ်ခုခုလိုနေသလိုလိုကြီးပဲ…။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ပြည်ပကို နှစ်ရှည်လများမသွားခင် နောက်ဆုံးနှစ်မှာ…။ ဒီနှစ်အတွက် အိမ်ထောင်စု သင်္ကြန်ဖလားကြီးကို ဘယ်သူရမလဲဆိုတာ ကျွန်တော် တစ်ကယ်ကို သိချင်နေခဲ့လို့ဖြစ်ပါတယ်..။
ဒီလိုနဲ့….. သင်္ကြန်အကြိုနေ့သို့ရောက်ရှိလာပါတော့တယ်…။
“တီ တီ … တီ…တီ…”
“ဟုတ်ကဲ့ပြောပါ…”
“သား..။ ကိုဦးလား…။”
“ဟုတ်ကဲ့ အဖေ… အဖေဘယ်က ဆက်နေတာလဲ…”
“အေး…။ အဖေအရေးပေါ်ကိစ္စတစ်ခုပေါ်လာလို့ ရန်ကုန်ကို မနေ့ကပဲ ချက်ခြင်းပြန်ဆင်းလာတာ..။ အခု ရန်ကုန်ရောက်နေပြီ..။ အဲ့ဒါ ခဏနေရင် ရောက်မယ်..။ ဧည့်သည်တွေလဲပါတယ်..။ အဲ့ဒါ မင်းအမေကို အောက်ဆင်း စောင့်နေပါလို့ ပြောလိုက်စမ်းပါ…။”
“ဟုတ်ကဲ့ အဖေ..။ သားပြောလိုက်ပါ့မယ်..။ ဒါပဲနော်…”
“အမေ…။ အဖေ အခုရန်ကုန်ရောက်နေပြီတဲ့..။ ခဏနေ အိမ်ရောက်မယ်တဲ့…။ နောက်ပြီး ဧည့်သည်တွေပါလာလို့တဲ့..။ အဲ့ဒါအမေဆင်းကြိုပါတဲ့”
“ဟွန့်…။ ဒါမျိုးတွေ ရိုးနေပြီလို့ နင့်အဖေကိုပြောလိုက်..”
“ဖုန်းပြန်ဆက်ပြီး ပြောလိုက်ရမှာလားအမေ.. ဟဲ ..ဟဲ “
“သေဦးမယ် ဒီကောင်လေး…။ နင့်အဖေဟာလေ..။ သူ့ဥာဏ်လေး တစ်ထွာတစ်မိုက်လောက်နဲ့ ငါ့ကို ဒါမျိုးလုပ်လို့ရမယ် ထင်နေသလားမသိဘူး..”
“အာ အမေထင်သလို ဟုတ်ချင်မှလည်း ဟုတ်မှာပါ..။ တော်ကြာ တကယ် ဧည့်သည်တွေပါလာလို့ အမေ့ကိုမတွေ့ရင် အဖေတင်းနေဦးမယ်..”
“အေးပါ..။ အမေဆင်းကြိုမှာပါ…။ ဒါပေမယ့် ဒီအတိုင်းတော့မရဘူး..။ ဧည့်သည်မကလို့ ဘာကြီးပါပါ…။ ဒီနှစ်တော့ ငါအရှုံးမခံနိုင်ဘူး..။ နှစ်နှစ် ဆက်တိုင် အောင်ပွဲခံနိုင်မှ ဖြစ်မယ်..။ နေဦး..။ ရေခွက်သွားယူဦးမယ်…”
ကျွန်တော်တို့ သားအမိနှစ်ယောက်စကားပြောနေတာက အိမ်ရှေ့ဧည့်ခန်း တံခါးဝနားမှာပါ..။ ပြောပြောဆိုဆိုနဲ့ ကျွန်တော့်အမေလည်း ရေချိုးခန်း ထဲဝင်သွားပြီး..။ ရေခွက်တစ်ခွက်နဲ့ အတူပြန်ထွက်လာပါတယ်..။
“တွေ့ကြသေးတာပေါ့..။ ငါ့ကို ဒီလို သူငယ်နှပ်စားနည်းနဲ့ ဒင်းလုပ်လို့ရမတဲ့လား…”
“အွန်…။ ဟုတ်ပါပြီ..။ အောင်မြင်ပါစေ အမေ…ဟဲ ဟဲ”
အမေလဲ ကျွန်တော့်ကို ကြည့်နေ ငါလုပ်ပြမယ်ဆိုတဲ့ အမူအယာနဲ့ အပြင်ထွက်ဖို့အတွက် အိမ်တံခါးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ…။
“ဗွမ်းးးးးးးးးးးးးးးးး”
“သင်္ကြန်ခါတော် ရေကစားကြတာ ပျော်ရွှင်စရာ..။ လောင်းကာပက်ကာ မောင်ရေးနှမဖွယ် ကြည်လင်စွာ…။ သြော် မေရွက်ဝါ မေရွက်ဝါ ရေချိုးရင်..”
“တောာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ်”
ဟိုက်…။ ဘာတွေဖြစ်ကုန်ပြီလဲ…။ ကျွန်တော်ပင် ကြောင်သွားပါတယ်…။ ကျွန်တော်လည်း ကမန်းကတန်း တံခါးဝကို ပြေးကြည့်မိပါတယ်…။ လားလား….။ ဘယ်ဟုတ်မလဲ…။ သေသေချာချာကြည့်တော့မှ ဖခမည်းတော်က တံခါးဝမှာ ဘယ်ကရလာမှန်းမသိသော ရေပုံးကြီးကိုင်ပြီး သင်္ကြန် သီချင်းနဲ့ ကွေးနေအောင်က နေပါရောလား…။ (နောက်ပိုင်းသိရတာကတော့..။ အောက်ထပ်က ကားရေဆေးတဲ့ကောင်လေးကို မုန့်ဖိုးပေးပြီး ရေပုံးနဲ့ရေတွေကို ယူလာတယ်လို့ သိရပါတယ်
ပိုင်တယ်နော်
) စိတ်မကောင်းပါဘူး အမေရယ်..။ နောက်နှစ်ကြိုးစား လိုက်ဦးပေါ့…။
“မင်း ငယ်ပါသေးတယ် မိန်းမရယ်…။ ဟဲ ဟဲ”
“ရှင်ဘယ်အချိန်ထဲက ရောက်နေတာလဲ…”
“ငါ ကိုဦးဆီဖုန်းဆက်ကတည်းက ရောက်နေတာ…ဟဲ ဟဲ..။ မင်းတို့သားအမိပြောတာတွေ အကုန်ကြားရတယ်…။ မင်းယောကျာ်းပါကွာ..။ မင်းထက်လည်လို့ မင်းတို့အိမ်ထောင်ဦးစီးလုပ်နေတာ… ငှဲ ငှဲ…”
ကျွန်တော့် ဖခမည်းတော် မြူးတူးနေသလောက်..။ ကျွန်တော့်မာတာမိခင်မှာတော့….။ နှုတ်ဆိတ်…..။
“ရော်…။ ခက်လပြီကွယ်…။ ဒီကလေးတွေမကြီးမငယ်နဲ့ တယ်လည်းဆော့သကိုး..။ တစ်အိမ်လုံးလဲ ပါကေးတွေရော..။ ကော်ဇောတွေရော ရွှဲကုန်ပြီ။ နောက်တစ်ခါ ဆော့လို့ကတော့ ဒီကလေးနှစ်ယောက်စလုံး နှောင်နှစ်ခါကြ ဘုန်းကြီးကျောင်းပို့ပြစ်မယ်…။”
“အံမယ်…။ သေနာလေး..။ နင်က အဖေနဲ့ အမေကို အခုကတည်းက ဘုန်းကြီးကျောင်းပို့မယ်ပြောနေတယ်ပေါ့လေ..။ သေပြီသာမှတ်…”
“အေးဟုတ်တယ်..။ ငါ့မိန်းမကိုပြောရင် ငါလည်းမခံဘူး..။ လာမိန်းမ…။ ဒီကောင့်ကို နဲနဲလောက် ၀ိုင်း Lesson ပေးလိုက်ရအောင်…”
မှားလပြီ…။ မှားလပြီ…။ ကျွန်တော်မျိုး မှားလပြီ…။ မာတာမိခင်ရဲ့ ဖခမည်းတော်ပေါ် ကျရောက်လို့မရသော ဒေါသ (ဒေါသတော့ ဒေါသပဲ..။ ဒါပေ မယ့် ကျွန်တော်အထင်တာတော့ ချစ်ဒေါသဖြစ်မယ်…။ ဟီး ဟီး..။
) များသည် ကျွန်တော့်အပေါ်သို့ တဟုန်ထိုးတိုက်စစ်ဆင်ပါတော့တယ်..။ စီး ပွားရေးသမား ပီသလှသော ဖခမည်းတော်မှလည်း သူ့မိန်းမ စိတ်ကောက်ပြေစေရန် သူ့မိန်းမဘက်က လိုက်ပြီး ကျွန်တော့်ကို နှစ်ယောက်လိုက်ဖမ်း ပါတော့တယ်..။ အိမ်က ကျင်းတယ်ဗျာ..။ သူတို့နှစ်ယောက် ခန္ဓာကိုယ်ကြီးနဲ့ ပိတ်ဖမ်းမှတော့ ကျွန်တော်ဘယ်လွတ်ပါ့မလဲ…။ ဘယ်ပြောကောင်း မလဲ မိလဲမိရော…။ နှစ်ယောက်ချုပ်ပြီး ကျွန်တော့်ကို ကလိ ၀ိုင်းထိုးကြပါလေရောဗျာ…။ သြော်…။ (အမှန်က ကျွန်တော်ဘယ်နေရာထိုးထိုး ကလိထိုး ရင်မရားတတ်ပါ..။ ဒါပေမယ့် ဘယ်လိုဖြစ်တယ်မသိ အဲ့ဒီ့နေ့ကရားလိုက်တာ..။ အူတွေတောင် ပြတ်ထွက်မလား အောင့်မေ့ရတယ်…
)
ဒီနေ့မောင်ကိုဦး ကံမကောင်းပါလားနော်….။
ဇာတ်သိမ်း
ကျွန်တော့်မိသားစုလေးထဲမှာ အမှန်တကယ် တည်ရှိခဲ့တဲ့ သို့မဟုတ် တည်ရှိနေတဲ့ ကျွန်တော့်အဖေနဲ့အမေရဲ့ အစဉ်အလာလေး တစ်ခုပါ..။ သူတို့ တွေ အိမ်ထောင်စကျကတည်းက အခုချိန်ထိ တစ်နှစ်မှ မပျက်မကွက် ဆင်နွဲခဲ့ကြတဲ့ အစဉ်အလာလေးတစ်ခုလဲ ဖြစ်ပါတယ်..။ ဒီအစဉ်အလာလေး ဟာ အခြားသူတွေအတွက်တော့မသိပါဘူး…။ ကျွန်တော့်အတွက်တော့ တကယ့်ကို နွေးထွေးကြည်နူးစေတာ အမှန်ပါပဲ…။ သူတို့ရဲ့ အစဉ်အလာ လေးဟာ ကာယကံရှင်တွေပေါ်မှာသာမက..။ ကျွန်တော့်အပေါ်မှာပါ လွှမ်းမိုးမှုရှိပါတယ်..။ ကျွန်တော် နောက်ပိုင်း မိသားစုနဲ့ခွဲခွာခဲ့ရသည့်တိုင် နှစ် တိုင်း သင်္ကြန်အကြိုနေ့ဆို အနိုင်အရှုံးသတင်းကို အမြဲနားစွင့်မေးမြန်းခဲ့လေ့ရှိပါတယ်..။ အနိုင်များတာကတော့ အဖေပေါ့ဗျာ…။
ဒါပေမယ့် ကျွန်တော်သိတယ်…။ သူတို့နှစ်ယောက်အတွက်တော့ အနိုင်၊အရှုံးဟာ အဓိကမကျနိုင်ဘူး…။ သူတို့နှစ်ယောက်အတွက် အဓိကကျတာ ကတော့ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ အချစ်၊ မေတ္တာတရား..။ ဘယ်တော့မှ ပြောင်းလဲသွားခြင်းမရှိတဲ့ သစ္စာတရား…။ လျော့သွားဖို့မပြောနဲ့ အချိန်ကြာလာတာနဲ့အမျှ တစ်ရစ်ပြီး တစ်ရစ် ရစ်ပတ်များပြားလာတဲ့ သံယောဇဉ်…။ ဒါတွေဟာ ကျွန်တော့်ရင်ဘတ်ထဲ တကယ့်ကို နက်နက် ရှိုင်းရှိုင်း ထိုးဝင်ခဲ့ပါတယ်..။ ကျွန်တော်မှတ်မှတ်ရရ..။ ဒီကိုမလာခင် အဲ့ဒီ့ သင်္ကြန်အကြိုနေ့က သူတို့နှစ်ယောက်ကို ကြည့်ပြီး မျက်ရည်ဝဲခဲ့ရပါ တယ်..။ ဘာကြောင့်လဲတော့ ကျွန်တော်လည်း မသိပါဘူး…။ ဖြစ်နိုင်တာတွေကတော့ အများကြီးပေါ့ဗျာ…။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ…။ ဒီနှစ် June လဟာ ကျွန်တော့်အဖေနဲ့အမေတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် ၂၅ နှစ်မြောက် ငွေရတုနှစ်ဖြစ်ပါတယ်..။ ကျွန် တော်ကတော့ အနားမှာမရှိနိုင်ဘူးပေါ့ဗျာ…။ သူတို့တွေ ဒီလိုပဲ နှစ်ပေါင်းများစွာ ဆက်လက်ပြီး အတာရေသဘင်ပွဲကို နှစ်ဦးပျော်ရွှင်စွာ ဆင်နွဲနိုင် ကြပါစေလို့ ကျွန်တော်အမြဲဆုတောင်းနေမိပါတယ်..။ သူတို့ရဲ့ ဒီအစဉ်အလာလေး တည်ရှိနေသ၍ သူတို့ရင်ထဲမှာရှိတဲ့ တစ်ဦးအပေါ်တစ်ဦးထား ရှိတဲ့ ချစ်ခြင်းတရားတွေ၊ မေတ္တာတရားတွေ၊ သစ္စာတရားတွေဟာ ကုန်ဆုံးသွားမှာ မဟုတ်ဘူးဆိုတာကို ယုံကြည်ရင်း…။
ကျွန်တော်ချစ်သောမိဘနှစ်ပါးအား နှစ်သစ်နှင့်အတူ အဝေးမှပင် ရှိခိုးကန်တော့လိုက်ပါတယ် ခင်ဗျာ….။
P.S- မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ရောက်ပြီဗျာ…။ (အခုပို့စ်ရေးနေချိန်ဆို ဒီနေ့ပေါ့..။ နာရီပိုင်းပဲ နဲနဲလိုတော့မယ်) …။ ဒီနှစ်တော့ ဘယ်သူ အနိုင်ရမလဲ ကျွန်တော် အရမ်းကိုသိချင်နေမိပါတယ်…။
နောက်ဆုံးဖြည့်စွက်ချက်…။ ။ ကျွန်တော်အခုပဲ အိမ်ကို ဖုန်းဆက်ပြီးပါတယ်..။ အဖေ့ဆီတစ်ခေါက်…။ အမေ့ဆီတစ်ခေါက်ပါ..။ ထုံးစံအတိုင်း ဖခမည်းတော်က Golf ကွင်းမှာပါ…။ ဒီနှစ်အမေနိုင်သွားပါတယ်..။ ဖြစ်ပုံက ဒီလိုပါ..။ အခုသူတို့ နှစ်ယောက်ကြား ပြဿနာတက်နေပါတယ်..။ အဖေက အမေ့ကို အဝေးကနေ အနိုင်ပိုင်းနိုင်အောင်ဆိုပြီး ရေပြွတ်သေနတ် ဘယ်အချိန်ကတည်းက ၀ယ်ထားမှန်းမသိဝယ်ထားပါတယ်…။ အဲ့ဒါ ဒီမနက် အဖေက ရေပြွတ်နဲ့ပတ်တာကို အမေက မစိုဘူးချည်း ဘူးခံငြင်းကာ..။ အဲ့လိုငြင်းနေတုန်း အမေက ရေပုံးနဲ့ ပြန်လောင်းလိုက်ပါတယ်..။ အဖေ့ပြောစကားအရ “မင်းအမေစိတ်ချမ်းသာအောင် ငါသူ့ပဲ အနိုင်ပေးလိုက်ပါတယ်ကွာ…” တဲ့…
ကျွန်တော် အိပ်ပျော်သွားပြီဗျာ..။








ပျော်စရာကြီးပါလားဗျ
Like or Dislike:
0
0
ကျမတို့လဲ သင်္ကြန်ကို လွမ်းနေတယ်။ ညနေကျမှ အိမ်မှာ အပြန်အလှန် ရေလောင်းကြမယ်။ သင်္ကြန်အလွမ်းပြေပေါ့။
Like or Dislike:
0
0
အကိုရေ..ပျော်စရာကြီး…
ညီမလေးအိမ်မှာလည်း အဲဒီပွဲရှိတယ်…ဟီး အကိုပြောသလိုပဲ ခမည်းတော် နိုင်တာများတယ်….
By the way, Student Center မှာ သင်္ကြန်လုပ်တယ်လိုက်ဦးမလား…
သွားလိုက်ဦးမယ်… ရေပက်သွားတယ်…ရေခဲရေ အေးစိမ့်နေတာနဲ့…ပုံးလိုက်လောင်းသွားတယ်…
Like or Dislike:
0
0
ကြည်နူးစရာလေးဗျ ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ ။
Like or Dislike:
0
0
ကြည်နူးဖို့ကောင်းလိုက်တာကွာ …
အဲလိုမိသားစုမျိုး တစ်ခါမှ မတွေ့ဖူးဘူး …
မင်းတို့မိသားစု နောင်နှစ်ပေါင်းများစွာ သင်္ကြန်ပွဲကြီးကို ပျော်ရွှင်စွာ
ဆင်နွဲနိုင်ပါစေကွာ …
Like or Dislike:
0
0
ဖတ်ရင်းနဲ့တောင် ပျော်လာတယ်။ ဒီအစဉ်အလာကို လက်ဆင့်ကမ်းပြီး ယူသွားပေါ့ မောင်လေးရယ်။
Like or Dislike:
0
0
ပျော်စရာကြီးနော် ဗစ်တိုးရီးယား ကတော့ အဲဒါကို မသိဘူးကွ ဟိ ဟိ..။
Like or Dislike:
0
0
ကြည်နူးစရာပဲဗျာ
Like or Dislike:
0
0
Really nice couple. While i am reading, i feel happiness in my mind.. thanks! Indeed, a good one for New Year!
Like or Dislike:
0
0
ပျော်ရွှင်စရာ မိသားစုလေး အကြောင်း လာဖတ်သွားတယ်နော်၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ ကိုဦးရေ
Like or Dislike:
0
0
ဖတ်ရင်းနဲ့တောင်
မျက်ရည်ဝဲလာတယ်……
ကာကယံရှင်တော့ဘယ်လိုနေမယ်မသိဘူး……
Like or Dislike:
0
0
ဟိုကောင်လေး… အဲဒါ တကယ်လား… ပျော်စရာကြီး ငါလဲ ကံကောင်းလို့ တယောက်ရရင် အဲလိုလုပ်မယ်။ ရှာပေးကွယ်…….
Like or Dislike:
0
0
“ဗွမ်း….”
အိပ်မက်နက်ကြီးရေတွေစိုကုန်ပြီဟေ့–
အရင်ဆုံးလောင်းလိုက်ပြီ–
Like or Dislike:
0
0
အဆင်အလာတွေ ဆက်လက်ထိန်းနိုင်ပါစေ
Like or Dislike:
0
0
ကြည်နူးစရာလေး.. ဖတ်ရင်းပြုံးနေမိတယ်…
Like or Dislike:
0
0
ဗွမ်း….. ဗွမ်း…. ဗလွမ်း… ဖြန်း… ဗလွမ်း… ဗွမ်း…. ဗွမ်း…. ဗွမ်း…. ဗလွမ်း… ဖြန်း… ဗလွမ်း… ဗွမ်း…. ဗွမ်း…. ဗွမ်း…. ဗလွမ်း… ဖြန်း… ဗလွမ်း… ဗွမ်း…. ဗွမ်း…. ဗွမ်း…. ဗလွမ်း…
Like or Dislike:
0
0
သင်္ကြန်ရေလို အေးမြပါစေ–
မြန်မာပြည်သူများ–
သာယာဝပြောပါစေ—
ငြိမ်းချမ်းကြပါစေ–
Like or Dislike:
0
0
ခုမှ ရောက်လာနိုင်တယ် အကိုတော်ရေ .. တော်တော် ပျော်ရွှင်စရာ ကောင်းတဲ့ အစဉ်အလာလေးပါပဲ .. ပျော်ရွှင် ကြည်နူးမိပါရဲ့ဗျာ။
Like or Dislike:
0
0
ဟုတ်တယ် တကယ်ကို ပျော်စရာ မိသားစုလေးပါပဲ… ဖတ်ရတဲ့သူတောင် ကြည်နူးမိပါတယ်… မဟူရာမဲမှောင်မှောင်နက်တို့ အလှည့်ကျရင်ရော…?း))
Like or Dislike:
0
0
me: very nice post






i really love that
blackdream21: ha..ha
me: carry on
blackdream21: thanks
it’s something about what we call “Love”
11:24 PM me: yeah
very romantic love story actually
blackdream21: ha..ha they will appreciate your words
i am sure
me: yes
11:25 PM tell them
blackdream21: i will
me: make them happy
blackdream21: i also told them
that
i posted a post for them
they are laughing
me: u r precious son,i’ve ever seen
blackdream21: i’ll show that post sooner
11:26 PM just leave some comment
for them
so they can read
when i showed them
me: i will definately
blackdream21: ha..ha thanks
me: ok,c u love
gn
blackdream21: bye
take care
I JUST WANT UR MOM N DAD TO READ THIS.IT MEANS A LOT MORE THAN MY OWN ATTITUDE N COMMENT.
Like or Dislike:
0
0
arrkya lite tar aye lo myittar myo….:)
Like or Dislike:
0
0
အားကျဂုဏ်ယူစရာအရမ်းကောင်းပါတယ်။
ခိုင်မြဲတဲ့မေတ္တာတရား၊ချစ်ခြင်းတရား၊သစ္စာတရားတွေကိုခံစားမြင်နိုင်တယ်။
ဖတ်ရတာကြည်နူးစရာလဲကောင်းတယ်။ပျော်လဲပျော်တယ်။မျက်ရည်လဲဝဲတယ်။
ဒီမိသားစုလေးကိုအားကျတယ်။နောင်နှစ်ပေါင်းများစွာ သူငယ်ချင်းတို. မိသားစု ပျော်ရွှင်စွာဖြင့်သင်္ကြန်ပွဲကိုဆင်နွှဲနုင်ပါစေ…..
Like or Dislike:
0
0
bro yay.. nice post..
sis lae` home ko tha ti ya tal.
my parents dont really do tat.. but my dad always try to splash water to my mum every year and its really fun to see them quarreling after my dad splashing water to my mum every year.. sigh. now my eyes are teary and missing them so badly ..
Like or Dislike:
0
0
သူငယ်ချင်း…. မင်းအလှည့် မင်းကိုယ့်ပိုင်မိသားစုလေးကျရင်လဲ ဒီလိုပဲ ပျော်ရွှင်သာယာတဲ့ဘဝလေးတည်ဆောက်နိုင်ပါစေကွာ
Like or Dislike:
0
0
ကြည်နုးစရာကောင်းလိုက်တာနော်…
ပျော်ရွှင်စရာ မိသားစု လေး ရတာ ကိုဦး ကံကောင်းလိုက် တာ…
Like or Dislike:
0
0