အိပ်မက်အလွန်
နိဒါန်း
အမှန်တရားဆိုသည် တစ်ခါတစ်ရံတွင် မည်သို့သောအရာကို ခေါ်ကြောင်း…။ မည်သို့သော် စံသတ်မှတ်ချက်ဖြင့် သတ်မှတ်ကြောင်း…။ မည်သို့သော အချက်အလက်များဖြင့် တည်ဆောက်ကြောင်း…. သူ သိချင်လှသည်…။ ” ဒီအချိန်ဟာ ည” ဟုပြောလျှင် သူရပ်တည်ရာ ဒေသနှင့် အချိန် ၊ နေရာမတူ သော အခြားကမ္ဘာတစ်ဘက်ခြမ်းမှ လူများက သူ့အား “မဟုတ်ဘူး နေ့ကွ” လို့ ပြန်ပြောကြမည်မှာ အသေအချာပင်ဖြစ်သည်..။ ထိုသို့ဆိုလျှင် အမှန်တရားဟူသည် ကာလံဒေသံ ဆိုသည့် အချိန်နှင့် နေရာအပေါ်တွင်လိုက်၍ ပြောင်းလဲခြင်း သဘောများ ရှိလေသလော…? ကမ္ဘာ့ရှေးဟောင်း တွေးခေါ်ပညာရှင်များ၏ ကမ္ဘာဗဟိုပြု လည်ပတ်မှုသည် ကိုပါးနိကပ်၏ အချိန်သို့ရောက်လာသောအခါ အားလုံး ဇောက်ထိုးမိုး မျှော် ဖြစ်ခဲ့ကြရလေသည်။
လူတစ်ယောက်၏ ဘ၀တွင် မကြာခဏဆိုသလို အခြေအနေနှစ်ရပ်ကြားတွင် ရွေးချယ်ရခက် ဖြေရှင်းရခက်သော အခြေအနေများနှင့် ကြုံတွေ့ရလေ့ ရှိတာ အဆန်းတစ်ခုတော့ မဟုတ်ခဲ့ပါ..။ အမှားနှင့် အမှန်…။ အကောင်းနှင့်အဆိုး…။ ကိုယ်စီပြဌာန်းချက်များ သီးသန့်ရှိနေတတ်ကြပါတယ်…။ ဒါ ပေမယ့် လူတစ်ယောက်ဟာ ဒီလိုဆန့်ကျင်ဘက်နှစ်ခုရဲ့ ကြားမှာ ညပ်နေခြင်းဟာ သေသေချာချာပြန်စဉ်းစားကြည့်မယ်ဆိုရင် နောက်ထပ်လာမယ့် အခြေအနေတစ်ခုထက်စာရင် အများကြီးခံသာနေသေးပါတယ်…။ နောက်ထပ်လာမယ့် အခြေအနေဆိုတာ???? ဒီလို အမှန်အမှား ဝေခွဲဆုံးဖြတ်ရ တာ ထက်ပဲ ခက်ခဲတဲ့ အခြေအနေဆိုတာရှိနိုင်သေးလို့လား…? ရှိပါတယ်…။ အတိအကျကိုရှိနေပါတယ်…။ အဲ့ဒါကတော့ အမှန်တရား နှစ်ခုကြား မှာ ရွေးချယ်ရခြင်း Jeopardize ဖြစ်ခြင်းပဲ ဖြစ်ပါတယ်…။
လူတစ်ယောက်ဟာ အမှန်နှင့်အမှား၊ အကောင်းနဲ့အဆိုး ရွေးကြစတမ်းဆို မည်သူမဆို အမှန်ဘက်ကို ရွေးချယ်ကြမှာပါပဲ…။ ဒါဟာသိပ်ရိုးရှင်းပါ တယ်..။ သို့သော် အမှန်နှင့် အမှန်ကြားသို့ မထင်မှတ်ပဲ ကျွန်တော်တို့ ရောက်ရှိသွားကြသော အချိန်တွင်မူ…..။
အခန်း (၁)
“ရှင်ဘယ်တော့ ကျွန်မဆီ ငွေလွှဲမှာလဲ…? ဒီမှာ ကလေးတွေအတွက် ကျောင်းစရိတ်၊ ကျူရှင်စားရိတ်တွေ…အိမ်လခတွေက ရှင်းရတော့မယ်…။ ကုန်ဈေးနှုန်းတွေ ကလည်း ရှင်သိတဲ့အတိုင်းပဲ…။ အဲ့ဒါ လွှဲမယ်ဆိုရင် ဒေါ်လာဈေးလေးကောင်းတုန်း မြန်မြန်လွှဲဦး…”
Gtalk ခေါ် ခေတ်သစ် ဆက်သွယ်ရေး အချက်အချာနေရာတစ်ခုသူ ခြေချလျှင် ခြချင်းတစ်ဘက်မှ အဆက်မပြတ်ဝင်ရောက်လာသော ထိုးဖောက် တိုက်စစ်များကြောင့် သူဘာပြန်ပြောရမှန်းပင်မသိဖြစ်သွားပါတယ်….။
“ဟ…။ မင်းကလွန်လွန်းပြီထင်တယ်ကွာ…။ ငါဒီမှာ ပိုက်ဆံကို တွင်းထဲက နှိုက်ထုတ်ပြီးပေးနေတာမဟုတ်ဘူးကွ…။ သူများနိုင်ငံ…။ သူများလူမျိုး လက်အောက်မှာ ကျွဲလို၊ နွားလို ရုန်းကန်ပြီး ရှာဖွေနေရတာ…။”
“အိုး…။ ဒါကတော့ ရှင်က ယောက်ျားလေ၊ အိမ်ထောင်ဦးစီးလေ…။ ကိုယ့်မိသားစုကောင်းစားဖို့ ကြီးပွားတိုးတက်ဖို့အတွက် ကြိုးစားရမှာ ရှင့်တာဝန် ပဲ မဟုတ်ဘူးလား..။ ဒါဆိုရင် ရှင်ဘာလို့ မိန်းမယူထားသေးလဲ…?”
“မင်းလျှောက်မပြောနဲ့..။ ငါမင်းတို့ကို တာဝန်မယူချင်ရင် အစကတည်းက အခုလို ရေခြားမြေခြားကို ဒုက္ခခံပြီးလာနေစရာတောင်မလိုဘူး..။ အဲ့ဒါကို မင်းနားလည်…။ ငါအခုပြောနေတယ်ဆိုတာက မင်းကို အတိုင်းအတာလေးနဲ့ ချင့်ချင့်ချိန်ချိန် သုံးဖို့စွဲဖို့ ပြောနေတာ..။”
“ရှင်က ကျွန်မကိုအဲ့လို ပြောရအောင် ကျွန်မကဘာတွေလုပ်နေလို့လဲ…။ ရှင် တာဝန်မယူချင်တိုင်း ကျွန်မကိုလာမစွတ်စွဲနဲ့…”
“တောက်….။ မင်းကွာ..။ မင်းမို့အဲ့ဒီ့စကားပြောထွက်တယ်…။ ငါဒီမှာ အနှစ်နှစ်အလလ ကျွန်ခံပြီးရှာဖွေပေးခဲ့တဲ့ ငွေတွေမင်းဘာလုပ်ပြစ်လဲ မင်းသိတယ်..။ နှစ်လုံးဆိုလဲ မင်းပါတယ်…။ သုံးလုံးဆိုလဲ မင်းမလွတ်ဘူး…။ မင်းဘယ်လောက် ရှုံးခဲ့လဲဆိုတာမင်းအသိဆုံး…။ မင်းသာ လိမ္မာခဲ့မယ် ဆိုရင် အခုလိုအိမ်လခပေးနေဖို့မပြောနဲ့…။ ဒီအချိန်မှာ ငါပို့ပေးခဲ့တဲ့ ငွေနဲ့ ငါတို့မိသားစု ခြံနဲ့၊ ကားနဲ့ တင့်တင့်တယ်တယ်နေနိုင်နေပြီ…။ အခု မင်းကြည့်စမ်း…။ ငါ့မှာ ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို ဖြစ်နေပြီ…။ ငါဒါတွေ ခဏခဏ ထပ်မပြောချင်ဘူးကွာ…။
“ဒါကတော့ ကျွန်မလဲ ကျွန်မနည်း ကျွန်မဟန်နဲ့ အဆင်ပြေမလားလို့ ကြိုးစားကြည့်တာပဲ…။ ကံကြမ္မာက မျက်နှာသာမပေးလို့ ဖြစ်သွားတာ ကျွန်မ လဲ ဘယ်တတ်နိုင်ပါ့မလဲ?”
“တော်စမ်းဘာကွာ…။ အေး ထပ်ပြောဦးမယ်..။ ငါရှာနေတဲ့ စီးပွားက ငါ့မိသားစုလေး သာယာဖို့..။ လူတန်းစေဖို့..။ လူအများကြားမျာ မျက်နှာမငယ် ပဲ တင့်တင့်တယ်တယ်လေး ဖြစ်ဖို့ရှာနေတာကွ…။ မင်းအမေတွေ..။ မင်းမောင်တွေ…။ ရှိရှိသမျှ မင်းအမျိုးတွေကို အိမ်ဦးခန်းတင်ပြီး ထမင်းကျွေး ထားဖို့မဟုတ်ဘူး…။ ငါဒီလိုပြောတော့…။ ငါလူမိုက်ဖြစ်ဦးမယ်..။ စေတနာမရှိဦးဖြစ်ဦးမယ်…။ အတိုင်းနဲ့အထွာနဲ့ မင်းမိသားစုကို မင်းထောက်ပံ့၊ မိဘကို ပြန်ကြည့်ရှုတာကို ငါမပြောလိုဘူး..။ အခုဟာက ရှိရှိသမျှ ချီးကအစ…။ သေးကအစ…။ တောက်…။ ငါမပြောလိုက်ချင်ဘူး…။ ပြီးရင်လဲ ကွယ်ရာကြ အပုပ်ချခံရသေး…။ ငါ့ဘ၀က “……သေးတယ်…….သေးတယ် ဆိုသလို ဖြစ်နေပြီ…။ မင်းကတော့ မင်းအမျိုးဆိုတော့ ဘယ်နာမလဲ..။ ကြာတော့ ဒီဒဏ်တွေ ငါမခံနိုင်တော့ဘူးကွ…။ မင်းတို့ သိပ်တရားလွန်ပြီ…။ ငါ့ကိုမကူညီရင်နေကြပါကွာ..။ တစ်မျိုးပြီး တစ်မျိုးစိတ်ဆင်းရဲအောင် တော့ မလုပ်ကြပါနဲ့…။ ငါတောင်းပန်ပါတယ်…။”
“ရှင်တရားလွန်လာပြီ..။ ကျွန်မမိဘတွေ…။ ဆွေမျိုးတွေကိုပါ ရှင်ကစွတ်စွဲတယ်ပေါ့လေ…”
“ဟူး…။ အေး…။ ပြောကွာ…။ ပြော….။ မင်းပဲပြောတော့…။ ငါမပြောတော့ဘူး….။ ငါ့သားသမီးလေးတွေ မျက်နှာသာမရှိခဲ့ရင် သိပ်ကောင်းမယ်ကွာ။ အခုတော့ ၀ဋ်ရှိသ၍ မင်းနဲ့ မင်းအမျိုးတွေ နှိပ်စက်သမျှ ၀န်ကိုထမ်းဖို့…။ ငါကျွန်သွားခံလိုက်ဦးမယ်..။ ဒါပဲကွာ…။ နောက်တစ်ခါအရေးအကြောင်း ရှိရင် ငါဖုန်းဆက်မယ်..။ အွန်လိုင်းလဲ လာမနေနဲ့တော့…။ မင်းလိုချင်တဲ့ ငွေ ငါပို့ပေးလိုက်မယ်….။ ဒါဆိုဖြစ်ပြီမလား..။ ပြန်တော့ကွာ….။”
“ဟူး…။”
သက်ပြင်းမောတစ်ခုနှင့်အတူ သူ စိတ်ပျက်လက်ပျက် ဆိုဖာပေါ်သို့ လှဲချလိုက်မိသည်…။
အခန်း (၂)
“တီ တီ တီ….။ တီ…တီ….တီ…။
ဖုန်းသံကြောင့် သူ ဆိုဖာပေါ်မှ ထကာ ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်…။ အမှန်တွင် ဒီလိုအချိန်မျိုးတွင် သူမည်သူနှင့်မျှ စကားပြောလိုစိတ်မရှိပေ။ သို့သော်…။ ဒီ Call ကိုတော့ သူကိုင်မှ ဖြစ်မည်…။
“အင်း…။ ပြော….”
“ငါ့ကို ငါ့မိဘတွေက အိမ်ထောင်ပြုခိုင်းနေပြီ Darlin။ မင်းငါ့ကို လပ်မထက်နိုင်ဘူးဆိုရင် သူတို့စီစဉ်တာကို ငါလက်ခံရလိမ့်မယ်…။”
ကံကြမ္မာတို့မည်သည် ဆိုးပြီဆိုလျှင် အဖော်နှင့်အပေါင်းနှင့် အစုလိုက် အပြုံလိုက် ၀င်လာတတ်ကြစမြဲမှာထံးစံပင်ဖြစ်သည်..။ ထို့ကြောင့်လဲ ခပ်နောက်နောက်ရှိသော ရှေးလူကြီးများမှ “ကြမ္မာဂြိုလ်စီး ကိုယ့်….မြွေထင်” ဆိုပြီး မဖြစ်သင့်တာ မဖြစ်ရလေအောင် သတိထားဖို့ အသိပေးဆုံးမခဲ့ ကြဟန်ရှိလေသည်။ သူအတွေးအာရုံတွေ ပို၍ရှုပ်ထွေးသွားသည်ကတော့ အမှန်ပင်…။ တစ်ခုခုကို သူဆုံးဖြတ်မှ ဖြစ်တော့မည်..။ သူ့အတွက် အချိန် သည် များများစားစားမရှိတော့ပေ…။
“ငါစဉ်းစားမယ်ကွာ…။ ငါ့ကိုအချိန်ခဏပေး…။ မနက်ဖြန် မင်းငါ့ဆီကိုလာတဲ့ အခါကြရင် ငါမင်းကို တစ်ခုခုပြတ်ပြတ်သားသား ဆုံးဖြတ်ပေးပါ့မယ်။”
ဒီတစ်ခါတွင်တော့ သူအရုပ်ကြိုးပြတ်ဖြစ်သွားခဲ့လေပြီ..။ ဆိုဖာပေါ်တောင် ပြန်မတက်လိုက်နိုင်တော့..။ ကြမ်းပြင်ပေါ်သာ လှဲချလိုက်မိတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးလဲ နေစရာနေရာမရှိ…။ ဘယ်လှိမ့်လိုက် ညာလှိမ့်လိုက်…။ မပဒါ မြေလူးတုန်းက ဒီလိုမျိုး လှိမ့်နေတာမျိုးဖြစ်နိုင်သည်…။ သူကတော့ မပဒါလောက်အခြေအနေမဆိုး…။ ကြမ်းပြင်က ကော်ဇောခင်းထားသဖြင့် အနည်းငယ်တော့ ပိုမိုသက်သာမည် ထင်သည်။ ဟိုဘက်လှိမ့် လိုက်..။ ဒီဘက်လှိမ့်လိုက်ဖြင့် ဆောက်တည်ရာမရဖြစ်နေတဲ့ သူ့ရဲ့ မျက်ဝန်းတစ်စုံဟာ အမှတ်မထင် ခုနလေးကတင် သူလှဲလျှောင်းခဲ့သော ဆိုဖာခုံ တွင် ရပ်တန့်သွားခဲ့သည်…။ တစ်ချိန်က ဒီနှစ်ယောက်ထိုင် ဆိုဖာခုံလေးသည်…။ ထို့နောက် သူ့အကြည့်တွေက ထမင်းစားပွဲသို့ရောက်သွားပြန် သည်…။ တစ်ချိန်က ထိုထမင်းစားပွဲသည်လည်း…။ ထို့နောက်…။ ထို့နောက်…။ သူ့အခန်းတစ်ခုလုံး ထို, ထို့နောက်များဖြင့် ပြည့်သွားသည်…။ သူ့အကြည့်တွေကို “ထို့နောက်” များဖြင့် လွတ်ကင်းအောင် မည်သည့်နေရာတွင်မှ ထားစရာမရှိတော့ပေ….။
သူဒီကို ရောက်ရှိခဲ့သည်မှာ ၅ နှစ်ကျော် ၆ နှစ်ခန့်ရှိနေပြီ ဖြစ်သည်။ သူချစ်သော ဇနီးနှင့် သား၊သမီးများ လူပုံအလည်တွင် တင့်တင့်တယ်တယ်နေ နိုင်ဖို့အတွက် သူကြိုးစားရုန်းကန်ဖို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်…။ နေ့စဉ်နှင့်အမျှဆိုသလို အလုပ်ကို အလုပ်နှင့်တူအောင်ခိုင်းသော တိုင်းတပါး သားများ၏ လက်အောက်တွင် “မိသားစု” ဟူသော မျက်နှာတစ်ခုထဲဖြင့် သူ ကြိုးစားအားတင်းခဲ့ရသည်…။ ထိုသို့သော အထီးကျန်သည့် သူ့ရဲ့ ဘ၀ ထဲသို့ မထင်မှတ်သောအချိန်တွင်…။ မထင်မှတ်သောနေရာမှ နားလည်ဖေးမပေးမည့်သူတစ်ဦး ၀င်ရောက်လာခဲ့သည်။ သူ့ရဲ့ အလုံးစုံသော ခံစား ချက်တို့အား မျှဝေခံစားပေးခဲ့သည်။ နှစ်သိမ့်ဖြေဖျောက်စေခဲ့သည်…။ နူးညံ့နွေးထွေးစေခဲ့သည်…။ အကြင်နာတရားခေါင်းပါးသော သူ့ကန္တာရတွင် မစဲသော မေတ္တာမိုးကို ရွာသွန်းစေခဲ့သည်…။ ဒီလိုနှင့် သူ့နေ့ရက်တွေ ပြန်လည် စိန်းလမ်းလာခဲ့သည်…။ လှစ်လပ်နေသော ကွက်လပ်တစ်ခုအား အတိအကျ မဟုတ်တောင် သူအနီးစပ်ဆုံး ဖြည့်ဆည်းနိုင်ခဲ့သည် ဟု သူထင်မှတ်ခဲ့သည်..။ ဒီလိုနှင့် တစ်နှစ်…။ နှစ်နှစ်…။ သုံးနှစ်…။ လေးနှစ်….။
အခုချိန်မှာတော့ သူ့ရဲ့ခြောက်သွေ့ကန္တာရအတွင်း အဆက်မပြတ်ရွာသွန်းခဲ့သော မိုးတို့သည် မကြာခင်တွင် တိတ်တော့မည့်အကြောင်းကို မိုးခေါင် သံတို့ဖြင့် သတိပေးလေပြီ..။ သူမသည် သူ့ရဲ့အကြောင်းစုံကို သိရှိသော်လည်း အရာအားလုံးကို နားလည်ခွင့်လွှတ်ပေးခဲ့သည်..။ သူမသည်လည်း သူ့လိုပင် မိဘဆွေမျိုး၊ သူငယ်ချင်းများ၏ မေတ္တာတရားတို့ ဖြင့်ကင်းဝေး၍ ဒီနေရာကိုရောက်ရှိနေခြင်းဖြစ်သည်…။ ထို့ကြောင့် သူ့တွင်မည်သို့ သော အကြောင်းအရာများရှိနေစေကာမူ သူမသည် သူ့ထံမှရရှိသော မေတ္တာတရားတို့၏ အင်အား..။ အကြင်နာတရားတို့၏ အကာအကွယ်ဖြင့် သူ့ရဲ့ အခြားသော နောက်ခံအခြေအနေများကို မသိကျိုးကျွံ့ပြုပေးခဲ့သည်။ သူမသည်လည်း သူမ တတ်နိုင်သလောက် သူ့နည်းသူ့ဟန်ဖြင့် သူ့ အား အစွမ်းကုန် ပြုစုယုယခဲ့သည်…။ သူ့အတွက် သူမ၏ အသွေးအသားသာမက သူမ၏ နုလုံးသားကိုပါ ကြည်ဖြူနားလည်စွာ ပေးအပ်ခဲ့သည်။
“ရှင် ကျွန်မကို လက်မထပ်နိုင်ဘူးဆိုတာ ကျွန်မသိပါတယ်..။ ဒါပေမယ့် တစ်ခါတစ်လေတော့လဲ ကျွန်မ ရူးရူးမိုက်မိုက် မျှော်လင့်မိတယ်”
သူမရဲ့ စကားသံတွေသည် သူ့ရဲ့ ခံစားတတ်သော နုလုံးသားနားစည်အား အဆက်မပြတ် တုန်ခါစေခဲ့သည်။
“ကျွန်မတို့ အတူတူကြိုးစားပြီး ဘ၀သစ်တစ်ခုကို ထူထောင်ကြမယ်လို့ ရှင့်ကိုပြောဖို့ ခဏခဏကြိုးစားခဲ့ပေမယ့်…။ ကျွန်မသာ အဲ့လိုပြောလိုက်ရင် ရှင့်ရဲ့ ယောကျာ်းပီသတဲ့စိတ်ဓာတ်နဲ့ ရှင့်မိသားစုအပေါ်ထားရှိတဲ့ ရှင့်ရဲ့ သစ္စာတရားကို ချိုးဖောက်ဖို့ မြူဆွယ်ဖျားရောင်းရာ ရောက်သွားမှာပဲဆိုပြီး စဉ်းစားမိတိုင်း ကျွန်မပြောမ ထွက်ခဲ့ဖူး Darlin “
သူမဘာကြောင့် သူ့အပေါ် ဒီလောက်တောင် နားလည်ခွင့်လွှတ်ပေးနိုင်ခဲ့ရပါသလဲ…။ လောကမှာ ဘာမှမမျှော်လင့်သော ပေးဆပ်မှု…။ သို့မဟုတ် မိမိရဲ့ပေးဆပ်မှုရှိသော်လည်း ထိုပေးဆပ်မှုအတွက် ရင်ထဲမှာရှိနေတဲ့ မျှော်လင့်ချက် အလင်းတန်းတစ်ခုကို ကိုယ့်ချစ်သူ စိတ်သောကရောက်ရမည့် အရေးကိုစိုး၍ တရားဝင်ထုတ်ဖော်ခြင်းမရှိပဲ ကိုယ်ချစ်တဲ့သူအတွက် အနစ်နာခံသိမ်းဆည်း မြိုသိပ်ကာ ပေးဆပ်ရဲတဲ့ သူတွေရှိကြောင်းကို သူမက သက်သေခံခဲ့လေသလော….? သူတို့လူမျိုးဓလေ့ထုံးတမ်းစာလာအရ အသွေးအသားဆိုတာ အလေးထားစရာမဟုတ်လို့ပဲနေမှာပေါ့ ဆိုတဲ့ အတွေး မျိုးကိုတော့ သူ့စိတ်ကူးထဲ တစ်ခါမှပင် ၀င်ရောက်ခဲ့ခြင်းမရှိတာကိုတော့ သူ့ကိုသူ ယုံကြည်လေသည်။ ဒီလိုအတွေးမျိုးကို တွေးခဲ့မယ်ဆိုရင်လည်း သူဟာ တကယ်ကို အသုံးမကျသည့် မေတ္တာတရားရဲ့ တန်ဖိုးမထားတတ်သည့် သူတစ်ယောက်အဖြစ် မိမိကိုယ်မိမိ တစ်သက်လုံးအရှက်ရသွား စေနိုင် ပါတယ်..။
ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒီအချိန်ဟာ သူတွေဝေနေဖို့ လုံးဝမဟုတ်တော့ဖူးဆိုတာပါပဲ…။ သူမျက်ဝန်းတွေကို မှိတ်လိုက်သည်…။ ပေါ်လာသော ပုံရိပ်တွေကို တတ်နိုင်သမျှ ကြိုးစားဖယ်ရှားလိုက်မိသည်…။
အခန်း (၃)
“Darlin…”
ခေါ်သံနှင့်အတူ…။ သူမသည် ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေသော သူ့ရဲ့ဘေးသို့ အသာဝင်လှဲလျှောင်းလိုက်ပါတယ်။ သူခေါင်းကိုစောင်းကာ သူမ ဘက်သို့ လှည့်ကြည့်လိုက်တော့ သူ့အား စူးစိုက်ကာ ကြည့်နေသော သူမရဲ့မျက်ဝန်းအစုံက သူ့အားစောင့်ကြိုလျှက် ရှိနေပါတယ်..။ သူမရဲ့ မျက် ၀န်းတွေထဲမှာ စကားလုံးများစွာကို သူတွေ့ရှိနေရပါတယ်…။ တစ်လုံးချင်းရဲ့ အဓိပ္ပါယ်…။ တစ်ကြောင်းခြင်းရဲ့ အဓိပ္ပါယ်…။ အားလုံးအားလုံး၏ အဓိပ္ပါယ်ကို လေးနှစ်ကျော် ကျက်စားခဲ့သော သူ့ရဲ့နုလုံးသားက ကောင်းမွန်စွာ ဘာသာပြန်နိုင်ခဲ့ပါတယ်…။ သူမသည်လဲ သူ့မျက်ဝန်းထဲမှ စကား လုံးများအား အတိအကျ ပုံဖော်နိုင်မည်ဆိုတာကို သူသိပြီးသားဖြစ်ပါတယ်…။
“Darlin ငါ့ကို…”
သူ…။ သူမရဲ့ နှတ်ခမ်းအစုံကို သူ့လက်ညှိုးဖြင့် အသာအယာဖိကပ်ရင်း ဆက်မပြောဖို့ ထားဆီးလိုက်ပါတယ်…။
“ဒီအချိန်မှာ ဘာမှမပြောကြတာအကောင်းဆုံး ဖြစ်မယ်ထင်ပါတယ် Victoria “
သူမရဲ့ မျက်ဝန်းမှ မပြောဖြစ်သော စကားလုံးအချို့ ပါးပြင်တစ်လျှောက်စီးဆင်းလာတာကို သူငေးကြည့်နေရုံကလွဲပြီး သူ့မှာဖြေသိမ့်စရာ ဘာသာစ ကားရှားပါးခဲ့ပြီ ဖြစ်ပါတယ်…။
“မင်းဘာကို ဆုံးဖြတ်လိုက်လဲ ငါအရမ်းသိချင်တယ် Darlin …။ ငါမင်းနဲ့ ပတ်သတ်ပြီး တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပါဘူး..။ ဘာလို့လဲဆိုတော့ ငါ့မျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်လေးတစ်ခု ဖြစ်လာခဲ့ရင်ဆိုတာထက်..။ ပျက်စီးသွားခဲ့ရင်ဆိုတဲ့ အတွေးက ငါ့စကားလုံးတွေကို အမြဲတမ်းစွံ့ အစေခဲ့တယ်လေ။ ဒီတစ်ခါတော့ ပထမဆုံးနဲ့ နောက်ဆုံးအနေနဲ့ ရူးမိုက်စွာ ငါမျှော်လင့်မိတယ်။ ဒါပေမယ့် ငါသိတယ်…။ ငါကျဆုံးရတော့မယ် ထင်ပါရဲ့ Darlin”
“ငါဘာမှ ပြောရသေးတာမှ မဟုတ်တာ Vitoria ရယ်..။ မင်းမထင်မှတ်တာတွေ ဖြစ်လာနိုင်ပါသေးတယ်…” သူတတ်နိုင်သမျှ ကြိုးစားပြုံးပြီး အားပေးမိသည်။
“ဒါပေမယ့် တစ်ခုတော့ မင်းသိအောင် ငါ့ကိုပြောပြခွင့်ပေးပါ…။ မင်းဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် ငါကြေနပ်တယ်ဆိုတာကိုတော့ မင်းကိုသိစေချင် တယ်..။ ငါအနေနဲ့ကတော့ ဖြစ်မလာသေးတဲ့ အနာဂတ်တစ်ခုအတွက် ကြိုတင်ကြေကွဲမယ့်အစား..။ ငါတို့အတူရှိခဲ့တဲ့အချိန်တွေဟာ ဘုရားသ ခင်ရဲ့ နူးညံ့သော မေတ္တာတရားတွေနဲ့ လွှမ်းခြုံစေခဲ့တဲ့ လက်ဆောင်တစ်ခုပါပဲ…။ ငါတို့ ဒါကို တန်ဖိုးထားကြရမယ် မဟုတ်လား..? မင်းတို့ ဘာသာ တရားကလည်း ငါတို့နှစ်ယောက်ရဲ့ အပြစ်ကို ခွင့်လွှတ်ပေးမယ်လို့ ငါယုံကြည်ပါတယ်..။”
သူမစကားများ ဆက်ပြောနေသည်သကို သူမရဲ့ နှုတ်ခမ်းတွေလှုပ်ရှားနေခြင်းကို ကြည့်ခြင်းအားဖြင့် သူသိနေပါသည်..။ သို့သော်သူ့ရဲ့ အကြား အာရုံတွေကတော့ သူမရဲ့ မျက်ဝန်းတွေမှ စကားလုံးများမှလွဲ၍ မည်သည့်စကားလုံးကိုမှ ကြားနိုင်စွမ်းမရှိခဲ့ပေ…။ သူ့ရဲ့အမြင်တွေသည်လည်း တဖြေးဖြေးေ၀၀ါးလာခဲ့သည်…။ သူ့ရဲ့ ဆုံးဖြတ်ချက်တို့သည်လည်း နုလုံးသားစစ်မြေပြင်တွင် အလဲလဲအကွဲအကွဲ..။ သူမရဲ့မျက်ဝန်းတွေသည် ပြင်းထန်သောစွဲအားများဖြင့် သူ့ရဲ့ နုလုံးသားကို ရစ်ပတ်နေကြလေပြီ..။ သူ..။ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားမတတ်ပင်..။ အခုချိန်ထိ ဘာကိုမှ သူပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သေးပေ…။ သူ့ရဲ့အကြားအာရုံထဲ ပထမဆုံး ပြန်လည်ဝင်ရောက်လာသော အသံတစ်ခုမှာ…။
“ငါ ပြန်တော့မယ် Darlin…”
သူမအား စိုက်ကြည့်နေရုံမှလွဲ၍ သူဘာမှပြန်မပြောဖြစ်…။ သို့သော် နှစ်ဦးစလုံး၏ ခြေလှမ်းများကတော့ အိမ်တံခါးဆီသို့သာ ဦးတည်နေပါတယ်။
“ဒုံး…..ခွမ်း………” ရုတ်တရက် ပေါ်ပေါက်လာသောအသံကြောင့် နှစ်ဦးသား အသံလာရာဆီသို့ အလန့်တကြားကြည့်လိုက်ပါတယ်..။ သူမွေးထား သော ကြောင်လေးသည် ဆော့ကစားရင်း စားပွဲပေါ်မှ တစ်စုံတစ်ခုအား တိုက်ချလိုက် သဖြင့် ကျကွဲသွားသော အသံဖြစ်သည်။သူ သက်ပြင်းတစ်ခု ခပ်တိုးတိုးချလိုက်မိပါတယ်…။
နှစ်ဦးသား ထိုမြင်ကွင်းမှ အကြည့်များကိုပြန်လွှဲလိုက်သည်..။ သူမသည် စလင်းဘတ်အိတ်ထဲမှ သော့တွဲကိုထုတ်ကာ သူမအတွက်ပေးထားသော သော့ဖြင့် အိမ်ခန်းတံခါးအား ဖွင့်လိုက်ပါသည်…။ အပြင်တွင်ကား ဆောင်းသည် အေးချင်တိုင်း အေးလို့နေပါတယ်…။
“Darlin ရှင့်ဆုံးဖြတ်ချက် ကျွန်မကိုမပြောရသေးဘူးနော်”
သူဘာမှ ပြန်မပြောမိပါ….။ သူမလက်ထဲမှ သော့တွဲကိုသာ လေးကန်သော လက်များဖြင့် သူအသာအယာလှမ်းယူလိုက်မိသည်..။ ဒီသော့တွဲလေး သည် သူတို့နှစ်ယောက် တစ်ဦးကို တစ်ဦးနားလည်မှု စတင်ရရှိခဲ့သောနေ့က သူ့အခန်းသော့တူ တစ်ချောင်းနှင့်အတူ သူမအားလက်ဆောင်ပေးခဲ့ သော သော့တွဲလေးဖြစ်ပါတယ်…။
“Good Bye, Victoria”
ကြေကွဲစို့နင့်မှုတွေနဲ့ ပြည့်ဝနေသော သူ့ရဲ့နှုတ်ဆက်သံနှင့်တူ…..။ သူ….။ သော့တွဲမှ သူ့အခန်းသော့ကို ဖြုတ်ယူပြီး သော့တွဲအား သူမ၏ လက် အတွင်းသို့ လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ပြန်လည် ထည့်ပေးလိုက်ပါတယ်…။
“ငါ့ကိုခွင့်လွှတ်ပါ Vitoria…” စိတ်ထဲမှသာ သူတောင်းပန်စကားဆိုဖြစ်ခဲ့သည်…။ ကန္တာရတွင် မိုးစဲ ခဲ့လေပြီ….။
ဇာတ်သိမ်း
သူလေးလံသော ခြေလှမ်းများဖြင့် စားပွဲရှိရာသို့ လျှောက်လာခဲ့သည်..။ ထို့နောက် စားပွဲအောက်တွင် ကျကွဲနေသော အရာလေးအား ကောက်ယူ ကာ သူ့လက်ထဲတွင် တင်းကြပ်စွာ စုပ်ကိုင်ထားလိုက်မိသည်…။ တစ်ဖြေးဖြေးစီးကျလာသော သူ့လက်မှ သွေးစီးချောင်းနှင့်အတူ သူ့စိတ်ထဲတွင် တော့…။
သူ့သမီးလေး၏ ဓာတ်ပုံထည့်ဖို့အတွက် Photo Stand အသစ်တစ်ခု မနက်ဖြန်ဝယ်ရလေဦးမည်…..။
P.S- Dedicated To….








ဇာတ်သိမ်းလေးက ဖြစ်သင့်တာလေးမို့လဲ ပိုလှပါတယ်
ရင်ထဲနင့်ရပေမယ့် အချစ်မှာ ပေးဆပ်သွားကြသူတွေနဲ့ ဖွဲ့စည်းထားတဲ့စာလေးမို့ သူတို့ချစ်သူအတွက် မိသားစုအတွက် တအားပေးသွားသလောက် စာကလဲ တအားလှနေတယ်လေ
Like or Dislike:
0
0
ကောင်းလိုက်တာကွယ်..
ဟိုတခါ ကလဲ ပြောခဲ့ပြီ ထင်ရဲ့
ခုတခါ ထပ်ပြောခဲ့မယ်နော်..
မြန်မာစာပေလောကရဲ့ ကွက်လပ်တနေရာ ဖြည့်မယ့်
ကလောင်ရှင်လေး တယောက် တော့ မွေးဖွားခဲ့ ပြီ..
ဆက်ကြိုးစား ပါ မောင်လေးရေ..
ဘလော့ထဲမှာ အရမ်း ရှည်ရှည်တွေ မတင်နိုင်ပေမဲ့
ကိုယ် ပိုင် Draft လေးနဲ့.. ရှည်ရှည်တွေ ရေးပါ..
မြန်မာပြည်သူ အများစု ဖတ်ခွင့် ရနိုင်ဖို့
ပြည်တွင်း စာမျက်နှာ တွေ ပေါ် တင်ခွင့် ရအောင်ကြိုးစားနော်
Like or Dislike:
0
0
Bravo blackdream…
Bravo……
my heart was drawn into your writing here and there
I pour out all my sympathy on that victoria girl…every lines she said strike me with sadness…
And I do understand the need of that man too.
As you mentioned in the beginning of the post, Right and Wrong is depending on the individuals principal and beliefs.
As long as you are happy doing something, or someone makes you happy in the situation that we are not supposed to enjoy about, we human are drawn into the wrong path blindly.
Nobody is perfect. We made mistakes now and then. but if we are happy with our choices and stand our ground, there would be no regrets at all.
after all, life is fair. Some of us gives and Some of us takes.
That is how is it. Right?
I didn’t regret reading your post today.
It just strengthen my love for someone even more…
thank you =)
Like or Dislike:
0
0
ဖြစ်သင့်တာကိုလုပ်သွားနိုင်တဲ့အတွက်ချီးကျူးမိပေမယ့် စိတ်မကောင်းတော့ဖြစ်မိတယ်….
ဒီပို့စ်လေးဖတ်ပြီးတွေးမိသွားတာတွေအများကြီးပဲ။ ဒီလို ကိုယ့်စိတ်ကိုယ် ထိန်းကျောင်းနိုင်ခဲ့ကြတဲ့လူတွေ ဘယ်လောက်ရှိနိုင်မလဲ မထိန်းနိုင်တဲ့လူတွေရော ဘယ်လောက်ရှိနိုင်မလဲ။ မိသားစုနဲ့ဝေးနေလို့ မိသားစုက နွေးထွေးတဲ့မေတ္တာကိုမပေးနိုင်လို့ အကြောင်းကြောင်းကြောင့် ဖြစ်ခဲ့ရတာပါဆိုတာတွေ။
တွေးရင်း … တွေးရင်း နဲ့ပဲ
Like or Dislike:
0
0
အရာရာတိုင်းဟာ ကိုယ့်ဖြစ်ချင်တဲ့ ဆန္ဒအတိုင်းဖြစ်ခွင့်မရှိကြဘူးနော်..။ အမှန်..နှစ်ခုကြားထဲရောက်သွားတဲ့ အချိန်ဟာ အင်မတန်ကို ကြီးမားတဲ့ လောကဒဏ်ကို ခံရစမြဲပေါ့ အစ်ကိုရာ..။ စာသားတွေကတော့ Black Dream ဆိုကတည်းက ပြောစရာတောင် မလိုတော့ပါဘူးအစ်ကိုရာ..။
Like or Dislike:
0
0
ရေးထားတာအရမ်းကောင်းလွန်းတော့ ဘာပြောရမှန်းတောင်မသိတာအမှန်ပဲ
Like or Dislike:
0
0
အဖေကြီးရေ စိတ်လျှော့ စိတ်လျှော့
Like or Dislike:
0
0
အင်း .. အမှန် နဲ့ အမှန်ကြား ရောက်သွားတဲ့ အခါ တဦးဦးကတော့ နာကျင် ရစမမြဲပါပဲလေ ..
Like or Dislike:
0
0
အင်းးးးးးးးးးးးးးးးးးးးး?
Like or Dislike:
0
0
ညီ
။။။။။။။။။။။။။။။။။။။။။။။။။။
ဒီစာကိုဖတ်ရတာ မနက် အာရုံတက် ၅:၃၀ အိပ်ငိုက်နေပြီ
စာဖတ်လိုက်တာလက်ခနဲ့ဖြစ်သွားတယ် သတိရသွားတယ်
ပြောပြမယ်နော် တရက်ကို့ဆီကို အကိုကြီးတယာက်ရောက်လာတယ်
ရင်ဖွင့်ချင်လို့တဲ့ အသက်ကတော့ ၄၄ နှစ် ကိုနဲ့ရင်နှီးတာတော့ ၁နှစ်ကျော်လောက်ပေါ့ မလေးရှာမှာ ဒါနဲ့သူကောင်းကောင်းပြောနီုင်အောင်ဆိုပြီး နဲနဲ သောက်ခိုင်ပြီးကိုပါဝင်
သောက်လိုက်တာ တလုံးကုန်သွားတော့ ငိုပါလေရောဆရာ
ကိုလည်းမူးတာတွေပါပျောက်သွားတာပေါ့
ခနနေတော့စာလေးတစောင်ပြတယ် ကို့ကိုဖတ်ခိုင်တယ်
သူမိန်မဆီကစာ စာတွေကတော့များတော့ မရေးပြတော့ဘူး
ဒီမှာလည်း အမကြီးတယောက်နဲ့နေတာကို သုမိန့်မသိသွားတယ်လေ
ခုတော့ ကိုကြားထဲကနေပြီးလူမိုက်လုပ်ပြီး
ခွဲပေးလိုက်တယ်
ဘာလို့ဆိုတော့ ညီစာကိုဖတ်ပြီး ကိုခေါင်းထဲ မှာအတွေးဝင်လာတယ်
ငိုက်တာတွေပျောက်သွားပြီး စဉ်းစား
၁၀ ရီလောက်သု့အလုပ်ထဲကိုလိုက်သွား ဇောကြီးဘာလည်းဆိုတော့
နေ့လည်နားချိန်လာခေါ်မယ် စောင့်နေဆိုပြီးပြောပြီးပြန်လာခဲ့တယ်
နေ့လယ်ကျတော့ ဒီစာကိုဆယ်ခေါက်ဖတ်ပြတယ်
ညနေကျတော့ သူသဌေးကိုလိုက်ပြောပေးပါ
ခွင့် ၂ လမြန်မာကိုပြန်ချင်လို့ဆိုတော့ ကိုပြုံတော့ပြုံသွားတယ်
မရီနီုင်ဘူး အမကြီးမျက်နှာကိုပြေးမြင်တယ်လေ
ဘယ်လိုမျက်နှာပြရမလည်းပေါ့ ကိုနင့်လည်း ခင်နေတယ်
ဟောစဉ်စားတာတောင်မဆုံးသေးဘူး ဖုန်းကဝင်လာပါလေရော မနက်ကျရင် သူတို့နှစ်ယောက်လုံး တွေ့ချင်ပါတယ်ဆိုတော့
ဟင်ငါကတော့မွေကိုက်ပြီလို့ ညှစ်သွားတာ အိပ်လို့လည်းမရတော့ဘူး
၎ နာရီဆိုအလုပ် ဆင်ရမှာ ကိုစည်းစားမိတယ် ငါကောင်းတာလုပ်တာပါ
ကောင်းတာလေးတွေဘဲ ဖြစ်လာမှာဘာဘဲဆိုပြီးတော့ကိုဟာကိုဘဲရင်ထဲမှာသိမ်ထားလိုက်တယ်
ခုတော့ ပြီးသွားပြီး အမကြီနင့်လည်း ခင်မင်လျှက်ပါဘဲ အကိုကြီးကလည်း ပြန်လို့ရသွားပြီ ဒီတော့ ညီနဲ့ကိုနဲ့ပေါင်းပြီး ကိုတို့မမြင်ဘူးတဲ့ မြန်မာနိုင်ငံ မှာရှိတဲ့ ကလေးသုံးယောက်ကို
မိစုံဖစုံနဲ့နေလို့ရအောင်လုပ်ပေးလိုက်ပြီ
ဒီစာကိုရေးတာညီလေး ပင်ပန်းရကျိုးနပ်ပြီလို့မှတ်လိုက်တော့
ဒီလိုစာတွေလည်းအများကြီးရေးနိုင်ပါစေလို့ဆုတောင်ပေးလိုက်ပါတယ်
နောက်တခုကတော့ ကို့ရဲ့ http://futuredream.ning.com/ မှာလည်းတင်ထားလိုက်ပြီနော်
အစည်ထာဝရလေးစားလျှက် ။။။။။။။။။။။။။။။။။။။။။။။
ရွာဆော်ငပွကြီး
နတ်လူမုန်း
ခတ္တ ငရဲပြည် ထာဝရနတ်ပြည် ( နေချင်တာလေးပါ )
Like or Dislike:
0
0
တွေးစရာတွေ တလှေကြီးနဲ့ မျှတတဲ့ သရုပ်မှန်ကို ပြေပြေလေး.. ဖြန့်ခင်းထားတာပဲ။ တန်ဖိုးရှိတဲ့ အသိတရားတွေကို ရိုးရိုးလေးနဲ့ ခမ်းနားစေတဲ့ ပိုစ့်ကောင်းလေးပါပဲ ဆရာမဲကြီး။ သာဓု..သာဓု.. သာဓု ပါ ဆရာမဲကြီးရေ..
Like or Dislike:
0
0
ဘာမှ မပြောလိုတော့ဘူး အကောင်းဆုံးဖြစ်ရပ်မှန်ကိုရေးသွားနိုင်တဲ့ အတွက် ချီးကျူးပါတယ်..။
Like or Dislike:
0
0
လောကမှာ ဘာမှမမျှော်လင့်သော ပေးဆပ်မှု…။ သို့မဟုတ် မိမိရဲ့ပေးဆပ်မှုရှိသော်လည်း ထိုပေးဆပ်မှုအတွက် ရင်ထဲမှာရှိနေတဲ့ မျှော်လင့်ချက် အလင်းတန်းတစ်ခုကို ကိုယ့်ချစ်သူ စိတ်သောကရောက်ရမည့် အရေးကိုစိုး၍ တရားဝင်ထုတ်ဖော်ခြင်းမရှိပဲ ကိုယ်ချစ်တဲ့သူအတွက် အနစ်နာခံသိမ်းဆည်း မြိုသိပ်ကာ ပေးဆပ်ရဲတဲ့ သူတွေရှိကြောင်းကို သူမက သက်သေခံခဲ့လေသလော….?
သိပ်ကောင်းတယ်ဗျာ ………..
Like or Dislike:
0
0
ဖာတ်သိမ်းလေးမှာ…မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့ အတွက် လေးစားပါကြောင်း…
လူသားဖခင် ဆိုတာ ဒါဘဲလေဗျာ….. မဟုတ်ရင်….
Like or Dislike:
0
0
ဇတ်သိမ်းမှာ ဖြစ်သင့်တာကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တဲ့ အတွက် ချီးကျူးပါတယ်၊ အရမ်းကောင်းတဲ့ စာတပိုဒ်ပါ ကိုဦးရေ
Like or Dislike:
0
0
တကယ်ကို ကောင်းပါတယ် ကိုဘလက် ။ သေချာတာကတော့ ဒီလိုအခြေအနေမှာ သိပ်ရပ်ထွက်တယ် ။ :S
Like or Dislike:
0
0
ဇာတ်လမ်းကတော့ တော်တော်ကောင်းတယ်ဆရာ .. ကြိုက်တယ်ဗျာ ..
အရေးအသားရော ဇာတ်လမ်းဇာတ်ကွက်ရောပေါ့
Like or Dislike:
0
0
အရေးအသားကတော့ ပြောစရာမရှိအောင်ပါပဲ။ ဖတ်နေတုန်း Whitney Houston ရဲ့ “Saving All My Love For You” ဆိုတဲ့ သီချင်းကို သတိရမိတယ်…။ ဖြစ်သင့်တာနဲ့ လှလှပပလေး အဆုံးသတ်လိုက်တော့ ဇာတ်လမ်းလေးက ပြီးပြည့်စုံသွားတယ်…
Like or Dislike:
0
0
ဖြစ်တတ်တဲ့ လူနေမှုဘ၀လေးကို ရေးထားတာ.. ကောင်းလိုက်တာ.. ဇာတ်သိမ်းက ရိုးရှင်းပေမယ့်….. ဇာတ်သိမ်းကိုင်သွားတာ ကျင်လည်တယ်လို့ပြောရမှာပဲ
Like or Dislike:
0
0
NICE BLOG!
Like or Dislike:
0
0
ဒီပို့စ်လေးက တော်တော်ဖတ်လို့ကောင်းတာပဲ ။သဘာဝကျတယ် မျှတတယ် အချစ်အတွက် တွေဝေခြင်း ဆုံးဖြတ်ချက်ချဖို့ မလွယ်တဲ့အခြေနေတွေနဲ့ တော်တော်ကိုပြည့်စုံတဲ့ပို့စ်တစ်ပုဒ်ပဲ ။ကျနော်ကတော့ လိုရာစွဲတွေးသွားတယ် ယောက်ျားတွေက အလွယ်မလိုက်ပဲ သစ္စာရှိသေးတယ်ဆိုတာ
Like or Dislike:
0
0