မြှုပ်နှံခြင်း
နိဒါန်း
ခမ်းနားသော မေတ္တာတရားတို့ ၀န်းရံသောအခါတွင် သေးသိမ်သော ပကာသနတို့သည် ဒူးထောက်အညံ့ခံကာ မြင့်မြတ်သော မေတ္တာတရား၏ ကြီးမြတ်သော အောင်မြင်မှုအား ကောင်းချီးပေးရလေသည်။
အခန်း (၁)
ခဏလောက် ရင်ခုန်သံတွေကို
အိပ်စက်ခိုင်းလိုက်ပါ…
နောက်နေ့နံနက်မှာ သူတို့တွေ လန်းဆန်းစွာ နိုးထပါစေ…။
BLACK DREAM
အချိန်အားဖြင့် (၁၂) နာရီထိုးဖို့ (၄၅) မိနစ်ခန့်သာ လိုပါတော့သည်။ မကြာမှီအချိန်တွင် သန်းခေါင်သည် အနက်ဆုံး ညဥ့်ပါတော့မည်…။ ညသည် ယခင့်ယခင် ညများထက်ပိုမိုသာယာ လှပလို့နေပါတယ်…။ တစ်ချက်တစ်ချက် တိုက်ခိုက်လိုက်သော လေပြေတို့သည် လတ်ဆတ်သန့်ရှင်းလို့ နေ ပါတယ်…။ သေသေချာချာကြည့်မယ် ဆိုပါက…။ အိပ်မောကျနေသော မြို့ကလေးရဲ့ ခပ်ဝေးဝေး တောင်ကုန်းလေး တစ်ခုပေါ်ရှိ ဘုရားရှိခိုးကျောင်း လေး တစ်ခုပေါ်သို့ လက်ခြင်းတွဲယှက်၍ တစ်လှမ်းခြင်း လျှောက်လှမ်းနေသော ချစ်သူနှစ်ဦးအား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်…။ ၎င်းတို့နှစ်ဦး၏ ဦး တည်ချက်မှာလည်း ထို ဘုရားကျောင်းသေးသေးလေးသို့သာ ဖြစ်ပါတယ်…။ ဘာအတွက်လဲ…? ဘာကြောင့်လဲ….?
မကြာခင်မှာပဲ ထိုချစ်သူနှစ်ဦးသည် ဘုရားကျောင်းလေးသို့ရောက်ရှိသွားပါတယ်..။ အချိန်အားဖြင့် ည ၁၂ နာရီထိုးဖို့ နာရီဝက်အလိုဖြစ်ပါတယ်..။ ထို့နောက် ထိုချစ်သူနှစ်ဦးသည် ဘုရားကျောင်းလေးထဲသို့မ၀င်ခင် တစ်ယောက်နှင့်တစ်ယောက် ခေတ္တမျှ တစ်ဦးကို တစ်ဦး အကြည့်ခြင်းစုံလိုက် ကြပါတယ်..။ ၎င်းတို့နှစ်ဦးရဲ့ မျက်နှာများပေါ်တွင်တော့ အပြုံးများ ကိုယ်စီနှင့်ပေါ့…။
ချစ်သူနှစ်ဦးသည် ဘုရားကျောင်းလေးထဲရောက်ရှိသွားပြီးနောက် ဘုရားသခင်၏ ရှေ့မှောက်၌ဒူးထောက်ထိုင်ချလိုက်ပါတယ်..။ ထို့နောက် တစ်ဦး နှင့်တစ်ဦး မျက်နှာချင်းဆိုင်လိုက်ပြီး…။ တစ်ဦးမျက်ဝန်းကို တစ်ဦး စူးစိုက်စွာကြည့်ကာ…။ တစ်ဦးလက်ကို တစ်ဦးဆုပ်ကိုင်လိုက်ပါတော့တယ်……။
အခန်း (၂)
တကယ်တော့ အချစ်ဆိုတာ
အဲ့ဒီ့ချစ်သူနှစ်ဦးထဲသာ အပြန်အလှန်နားလည်နိုင်တဲ့
သီးခြားဘာသာစကားတစ်မျိုးပေါ့…။
BLACK DREAM
သာယာသောကောင်းကင်အောက်…။ တောက်ပသော ကြယ်စဉ်တို့သည် လရောင်ရဲ့ တေးသွားနဲ့အတူ ပျော်ရွှင်စွာ ကခုန်ရင်း သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံအသီးသီးကို ပူဇော်နေကြလေရဲ့…။ တိတ်ဆိတ်မှုအတိဖုန်းလွှမ်းလျှက်ရှိသော ပတ်ဝန်းကျင်ဟာလည်း ချစ်သူနှစ်ယောက်ရဲ့ ရင်ခုန်သံတွေ ကို ငြိမ်သက်စွာ ခိုးနားထောင်နေကြလေရဲ့…။ စစ်မှန်သော မေတ္တာတရားတို့ဖြင့် ကမ္ဘာအသစ်တစ်ခုအား ဖန်ဆင်းစေအံ့…။ ခိုင်မြဲသော သံဓိဌာန် တစ်ခုသည် မတူညီသော ခန္ဓာကိုယ်နှစ်ခုရှိ ၀ိဥာဉ်တို့အား သံသရာကုန်အောင် ရစ်ပတ်ချည်နှောင်စေခဲ့လေပြီ…။ ချစ်သူနှစ်ဦးရဲ့ စိတ်အတွင်းမှာ ကိုယ်စီ စကားသံတို့သည် နူးညံ့စွာ စီးဆင်းနေတယ်…။ သင်မကြားနိုင်ပါဘူး..။ ထို့အတူ ကျွန်တော်လည်းမကြားနိုင်ပါဘူး….။
ချစ်သူတို့ပြောသော ဘာသာစကားတွင် မေတ္တာတရားသည် ဘာသာစကားအဖြစ်ပါဝင်ကြမည်ဆိုပါက…။ သံယောဇဉ်သည် နာမ်များအဖြစ် လည်းကောင်း ၊ နားလည်ယုံကြည်မှုတို့သည် ကြိယာများအဖြစ်လည်းကောင်း…၊ ကြင်နာယုယမှုတို့သည် နာမသိသေသနများအဖြစ်လည်း ကောင်း၊ မျှဝေခံစားမှုတို့သည် ကြိယာဝသေသနများအဖြစ်လည်းကောင်း ပါဝင်ကြလေမည်…။ ၎င်းအချစ်သူတို့၏ ဘာသာစကားအား သစ္စာတရား တည်းဟူသော သဒ္ဒါစည်းမျဉ်းဖြင့် ရေးသား ဖန်တီးကြလေသည်…။ ချစ်သူတို့၏ ဘာသာစကားများတွင် ကံမပါ,ပါ…။ ကတ္တားမပါ, ပါ…။ ထို့ကြောင့် ပြုသူမရှိသလို…။ အပြုခံရသူလည်းမရှိပါ…။ နောက်တစ်ခေါက်အနေဖြင့် သင်ပြန်ဖတ်ကြည့်ပါ…။ ချစ်သူတို့၏ ဘာသာစကားတွင် စကားလုံးများ လည်း ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိရပါလိ့မ်မယ်…။
အခန်း (၃)
အဲ့ဒီ့ည
တိုးတိုးလေး ပြောသွားတယ်
“ငါလေ…နင့်ကိုသိပ်ချစ်တာပဲ….။”
ကောင်လေး
ငါ့ရင်ထဲက ခံစားချက်တွေကို နင်သိအောင် ရင်ခုန်သံအဖြစ်ဖန်ဆင်းပြီး နင့်ရဲ့လက်ဖ၀ါးလေးကို ဆုပ်ကိုင်လိုက်ပါတယ်…။ နင်များခံစားနိုင်မလားလို့ ပေါ့ချစ်သူ…။ ငါသိလိုက်တယ်…။ နင့်ရဲ့ နူးညံ့တဲ့လက်ဖ၀ါးအစုံမှာလည်း ငါ့ကို သိစေချင်တဲ့ နင့်ရဲ့ ခံစားချက်တွေရှိနေပြီဆိုတာကိုပေါ့…။ ငါလေ…။ အမြဲတမ်း နင့်ရဲ့ မျက်ဝန်းတွေကို ဂရုစိုက်ပြီးကြည့်နေမိခဲ့တယ်…။ နင့်ရဲ့ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်းဟာ…။ အလှပဆုံးဆိုတဲ့ နေ၀င်ဆည်း ဆာ တစ်ခုထက် ငါ့ရင်ကို တစ်ချက်ပိုခုန်စေပါတယ်…။ နင့်ရဲ့ ၀င်သက်ထွက်သွက်တွေ ပိုမိုပြည့်ပြည့်၀၀ ရှုရှိုက်နိုင်စေဖို့…။ ငါနင့်ရဲ့ ဘေးမှာ ရှိနေခဲ့ တဲ့အချိန်တိုင်း ငါ့ရဲ့ ၀င်သက် ထွက်သက်တွေကို လျော့ချခဲ့တာ နင်သိမှသိပါလေစ ချစ်သူ…။ နင့်ရဲ့ လှပတဲ့ ခြေဖ၀ါးတစ်ချက်အကြွတိုင်းမှာ ငါလေ ကမ္ဘာ့ဆွဲ ငင်အားဆိုတဲ့အရာကို ခဏခဏ ပျက်ရယ်ပြုခဲ့ဖူးလေရဲ့…။ သူတို့ဘက်လောက်ပဲ ဆွဲအားကြီးနိုင်မလဲချစ်သူ…။ နင့်မျက်ဝန်းရဲ့ အကြည့် တစ်ချက် ကိုမှ မှီနိုင်ပါလေစ…။
နင်ရဲ့အပြုံးတစ်ချက်ဟာ အချိန်တွေနဲ့ရေတွက်မယ်ဆိုရင်တော့ ခဏလေးပါပဲ…။ ဒါပေမယ့် နင့်ရဲ့အပြုံးတစ်ချက်တိုင်းမှာ ငါ့ရဲ့ နုလုံးသားကျောက် ဆောင်ကို ကမ္ဘာတည်သ၍ တုန်ခါသွားအောင် ရိုက်ခက်ခဲ့တယ်ဆိုတာ နင်သိပါလေစချစ်သူ…။ ငါအကြိမ်ကြိမ်ပြောဖူးပါတယ်…။ ငါ့အိပ်မက်တွေကို နင့်ဝိဥာဉ်နဲ့ ရက်လုပ်ခဲ့တယ်လို့…။ ဘယ်နာမည်ကျော်ရေမွှေးတွေကများ နင့်ရဲ့ ကိုယ့်သင်းနံ့လေးလောက် ငါ့ကို မိန်းမောမူးယစ်သွား အောင်လှည့် စား ဖျားယောင်းနိုင်ပါ့…။ နူးညံ့တဲ့ နင့်ရဲ့ပါးပြင်ပေါ်မှာ ထာဝရနားခိုဖို့အတွက်…။ ငါ…….။ အနမ်းလိပ်ပြာလေးတစ်ကောင် စေလွှတ်လိုက်တယ်..။ ကျေးဇူးပြု၍ ထာဝရ နားခိုခွင့်ပြုပေးပါ ချစ်သူ…။ နင့်ရဲ့နူးညံ့တဲ့ ပါးပြင်လေးတစ်လျှောက် မျည်ရည်ဆိုတဲ့ အသံမထွက်ဖြစ်လိုက်တဲ့ “တောက်” ခေါက် သံတွေစီးဆင်းလာတဲ့ အခါ သူ့ရဲ့အတောင်ပံတွေနဲ့ တယုတယ ဖယ်သုတ်ပေးဖို့လည်း ငါတိုးတိုးတိတ်တိတ် မှာလိုက်လေရဲ့ ချစ်သူ…။
အဲ့ဒီ့ည
တိုးတိုးလေးပြောသွားတယ်…
“ငါလည်း နင့်ကို သိပ်ချစ်တယ်…”
ကောင်မလေး
ဇတ်သိမ်း
ထို့နောက်…။ ည ၁၂ နာရီအတိတွင်တော့ ချစ်သူနှစ်ဦးသည် ဘုရားကျောင်းအတွင်းမှ ပျော်ရွှင်စွာ ဖြင့်လည်လည် ထွက်ခွာလာခဲ့ကြပါတယ်…။ သူ တို့နှစ်ယောက်ရဲ့လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာသည် အောင်မြင်စွာ ပြီးစီးအထမြောက်ခဲ့ပြီ ဖြစ်ပါတယ်….။
ခမ်းနားသော မေတ္တာတရားတို့ ၀န်းရံသောအခါတွင်
သေးသိမ်သော ပကာသနတို့သည် ဒူးထောက်အညံ့ခံကာ
မြင့်မြတ်သော မေတ္တာတရား၏ ကြီးမြတ်သော အောင်မြင်မှုအား ကောင်းချီးပေးရလေသည်။
BLACK DREAM
P.S- Quaker ဘာသာဝင် တို့၏ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာအား ခံစားပြီးရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ၎င်းတို့၏ အယူဝါဒအရ ချစ်သူနှစ်ဦး သည် ဘုရားရှင်၏ ရှေ့မှောက်၌ တစ်ယောက်နှင့်တစ်ယောက် နာရီဝက်ခန့်အကြာ စူးစိုက်ကြည့်ရုံဖြင့် အကြင်လင်မယားဖြစ် သည်ဟုအယူရှိပါ တယ်။








နာရီဝက်လောက် တယောက်မျက်နှာ တယောက် ကြည့်ရုံ နဲ့ အကြင်လင်မယား မြောက်သတဲ့လား…။
ဟင်းးးးး………….
“ခမ်းနားသော မေတ္တာတရားတို့ ၀န်းရံသောအခါတွင်
သေးသိမ်သော ပကာသနတို့သည် ဒူးထောက်အညံ့ခံကာ
မြင့်မြတ်သော မေတ္တာတရား၏ ကြီးမြတ်သော အောင်မြင်မှုအား ကောင်းချီးပေးရလေသည်။”
ကောင်းချီးပေးကြပါစေး)
Like or Dislike:
0
0
လန်ထွက်နေတာဘဲ အစ်ကိုရာ.. ရေးသားချက်တွေက ..။တကယ်ပြောတာ ညီ ဒီတသက် အဲလိုရေးနိုင်လိမ့်မယ်တောင် မထင်ဘူး..။ညီ အကြိုက်ဆုံးက “ချစ်သူတို့၏ စကားတွင် ကံမပါ၊ ကတ္တားမပါ..။ထို့ကြောင့် ပြုသူမရှိသလို..အပြုခံရသူလည်း မရှိပါ” အဲဒီ စာသားလေးကို အရမ်းခိုက်တယ်အစ်ကိုရာ..။Black Dream ပီသပါပေတယ် အစ်ကို..။(ဘာမှလည်း ဆိုင်ဝူး…။)
Like or Dislike:
0
0
မိုက်လှချည်လား… မိုက်ပြန်ပြီကွာ…
မဲကြီးကတော့ ဘယ်တော့မှ ဖြူကြီးဖြစ်မှာ မဟုတ်ဘူး။ ထာဝရ Black Dream ပါပဲ။ အချစ်ဆိုတာကို မင်းရေးပြမှ ဒီလောက်တောက်ပနေမှန်း ပိုသိသွားတယ်။
Like or Dislike:
0
0
ပျောက်နေလို့ ဘယ်လိုက်ရှာရင်ကောင်းမလဲတွေးနေတာ။ မနေ့ညက ဘလော့ခ်မှာ လာရေးသွားတာတွေ့တော့မှ ငါ့မောင်လေး ရှိပါသေးလားလို့ မှတ်ရတယ်။ ပေါ်လာတော့လည်း အရင်လိုပါပဲလားကွယ်။
နင့်ရဲ့အပြုံးတစ်ချက်တိုင်းမှာ ငါ့ရဲ့ နုလုံးသားကျောက် ဆောင်ကို ကမ္ဘာတည်သ၍ တုန်ခါသွားအောင် ရိုက်ခက်ခဲ့တယ်ဆိုတာ နင်သိပါလေစချစ်သူ…
အဲ့ဒီစာလေး ကူးသွားတယ်နော်
Like or Dislike:
0
0
ရေရေလည်လည် လန်းတယ်ဗျို့
တတိယ အပိုဒ်က တင်စားချက်တွေ တော်တော်လေးကြိုက်တယ်
Like or Dislike:
0
0
ဘာမှကို မပြောနိုင်တော့ဘူး လန်းတယ်ဟေ့ လန်းတယ်ဟေ့ (တဂ်ရေးဦးနော်
)
Like or Dislike:
0
0
ဘလက်ရဲ့ ပုံစံအတိုင်းပဲပေါ့
ကောင်းတယ် လန်းတယ် ပဲ ပြောတတ်တယ်း)
Like or Dislike:
0
0
BLACK DREAM ————-ရေ–
လာဖတ်ပါတယ်—ကြည်နူးဖွယ်ရာလေးပါပဲ—
မိနစ်ပိုင်းလေးအတွင်းမှာ—-အချစ်—ဟာ
ချစ်သူနှစ်ဦး ကို ပြောင်းလဲသွားစေနိုင်တယ်နော်–
ခင်မင်လျက်
Like or Dislike:
0
0
တလေးတစား ဖတ်သွားပါတယ်
ခင်မင်လျက်
Like or Dislike:
0
0
တကယ်တော့ အချစ်ဆိုတာ
အဲ့ဒီ့ချစ်သူနှစ်ဦးထဲသာ အပြန်အလှန်နားလည်နိုင်တဲ့
သီးခြားဘာသာစကားတစ်မျိုးပေါ့…။
……………………….
ကောင်းလိုက် ဘာသာပြန်ချက်လေး
မတွေ့ တာကြာနေလို့
နေကောင်းရဲ့ လား စိတ်ပူနေသေး..
Like or Dislike:
0
0
အရေးအသားလေးတွေလဲ ကောင်းလိုက်တာ
မကြာခင် မြန်မာစာပေလောက မှာ ထွန်းတောက်လာမဲ့ ကြယ်ပွင့်လေး
Like or Dislike:
0
0
ဒီဘာသာဝင်တွေအကြောင်း အရင်က မဖတ်ဖူးဘူး သုတကို ရသတွေနဲ့ တူတူလေပြေကြားက ဖန်ဆင်းပြီး ပို့လိုက်တာ အရမ်းညိမ့်တယ်
Like or Dislike:
0
0
နာရီဝက်လောက်နဲ့ ဖြစ်ရောသတဲ့လား… စိတ်ဝင်စားစရာ.. ဟား.. ဟား.. ဆက်ရေးပါဦး….
Like or Dislike:
0
0