• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ဂီတထွက်ပေါက်

    March 24 , 2009 | 946 views

    ဒီနေ့ ကျွန်တော် Youtube မှာ ဟန်ထူးလွင်သီချင်းတွေ လိုက်နားထောင်မိပါတယ်..။ အဲ့ဒီ့မှာ မထင်မှတ်ပဲ သီချင်းလေးတစ်ပုဒ်ကို သွားတွေ့လိုက် ပါတယ်..။ နားထောင်ဖူးတဲ့သူတွေလည်း နားထောင်ဖူးပါလိ့မ်မယ်..။ ကျွန်တော်ကတော့ အခုမှနားထောင်ဖူးတာပါ..။ သီချင်းလေးနားထောင်ပြီး တော့ ဘာကြောင့်မှန်းတော့မသိဘူး…။ လူက  ငြိမ်ကြသွားပါတယ်..။ ကျွန်တော် တော်တော်လေး နှစ်သက်မိလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်…။ ရန်ကုန်သူ ရန်ကုန်သားတွေ အလွမ်းပြေပေါ့ဗျာ…။

    တစ်ဆက်ထည်းပဲ ကျွန်တော် အရင်နေ့က ပို့စ်ထဲမှာရေးခဲ့တဲ့ Green Day ရဲ့ Time Of Your Life ဆိုတဲ့ သီချင်းလေးကိုပါ တင်ပေးလိုက်ပါတယ် ။ Version တွေအများကြီးရှိတဲ့အနက်မှ ကျွန်တော်သူ့ရဲ့ မူရင်း Official MTV ကို တင်ပေးတာပါ..။ ကျွန်တော် ကြိုက်တဲ့ Green Day သီချင်းတွေ တော်တော်များများ ကျန်ပါသေးတယ်..။ နောက်ပိုင်း အလျင်းသင့်ရင် သင့်သလို ကျွန်တော် တင်ပေးပါ့မယ်..။ တစ်ခါတစ်လေတော့လဲ ကျွန်တော် တို့ရဲ့ မွန်းကြပ်လှတဲ့ အာရုံတွေကို ဂီတဆိုတဲ့ ထွက်ပေါက်လေးနဲ့ ကြိုးစား ရှာဖွေ ကြည့်ကြတာပေါ့ ဗျာ..။

    P.S- လောကမှာ ကျွန်တော်တို့ ကြိုတင်ခန့်မှန်းလို့မရတဲ့အရာတွေ မြောက်များစွာရှိနေပါတယ်..။ ဒါပေမယ့် မပူပါနဲ့ အဆုံးသတ်မှာ အရာရာဟာ ဖြစ်သင့် တဲ့အတိုင်း အကောင်းဆုံး ဖြစ်လာကြပါလိ့မ်မယ်..။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ကိုယ်စီတွေရဲ့ ဘ၀မှာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အမှတ် တရ အရှိဆုံးဆိုတဲ့ အချိန်တစ်ခုတော့ ရှိခဲ့ကြမှာပဲ ဖြစ်ပါတယ်..။

    Cateogry : Personal , Video Clip

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    13 Responses to “ဂီတထွက်ပေါက်”

    1. သီချင်းတွေ ကိုနားထောင်ရင်း စိတ်တွေကို ထွက်ပေါက်ပေးလိုက်တယ် ဒါပေမယ့် စိတ်တွေက ထွက်ပေါက် ကို တိုးထွက် မသွားကြပဲ နေရာမှာတင် လှဲချလိုက်ကြတယ်

      Like or Dislike: Thumb up 0 Thumb down 0

    2. မှန်လိုက်တာ ညီရာ ကိုတို့လည်း သီချင်းလေးနဲ့ဘဲ သွားနေရတာ
      သီချင်းကစိတ်ကို အေးချမ်းစေပါတယ်
      အကောင်းဆုံး သူငယ်ချင်းပါဘဲ …

      Like or Dislike: Thumb up 0 Thumb down 0

    3. သီချင်းလေး နားထောင်လိုက်ရရင် ညစ်နေတာ တွေကြည်သွားလို
      ကျေးဇူးပါ အစ်ကို ညီလည်း စိတ်ညစ်တိုင်း သီချင်းနားထောင်ဖြစ်တယ် အစိမ်းရောင် စာသားလေးတွေ တအားကြိုက်မိတယ် ။

      Like or Dislike: Thumb up 0 Thumb down 0

    4. မျှဝေပေးတာကျေးဇူးပါ ကို Black …

      Like or Dislike: Thumb up 0 Thumb down 0

    5. ဘလက်ကြီးရေ
      ရန်ကုန်သားမဟုတ်ပေမဲ့ အရင်အတိုင်းရန်ကုန်ကို
      ခံစားမိပါတယ်ကွာ
      ရှဲရှဲ :) :)

      Like or Dislike: Thumb up 0 Thumb down 0

    6. သီချင်းလေးကို ကြိုက်တယ်။ အစိမ်းရောင်ခြယ်ထားတဲ့ စာသားတွေကို ပိုကြိုက်မိတယ်။ အပျော်ဆုံးတချိန်ဆိုတာတော့ ရှိခဲ့ကြမှာပဲနော်.. ဟုတ်တယ်။

      Like or Dislike: Thumb up 0 Thumb down 0

    7. AD 3000 နားထောင် ကတည်းက အဲဒီသီချင်းလေး
      ကြိုက်နေတာဗျ …ထပ်နားထောင်သွားတယ် …

      time or your life ကတော့ စာသားတစ်ကြောင်းမကျန် ကြိုက်တယ် …

      Like or Dislike: Thumb up 0 Thumb down 0

    8. မွန်းကြပ်လှတဲ့ အာရုံတွေကို ဂီတဆိုတဲ့ ထွက်ပေါက်လေးနဲ့ ကြိုးစား ရှာဖွေ ကြည့်ကြတာပေါ့ ဗျာ..။

      ဆို တဲ့ စာသားလေးကိုကြိုက်လို့ သီချင်းလေးကို နားထောင်ရင်း မွန်းကြပ်
      နေမှုများအတွက်–ထွက်ပေါက်ပေးလိုက်ပါတယ်–ကျေးဇူးပါရှင်–

      Like or Dislike: Thumb up 0 Thumb down 0

    9. Green Day က ကျနော့်အကြိုက်ဆုံးထဲ မှာ ပါတယ် အကို .. တစပ်တည်း အကို့ကို Tag ထားတယ် လာကြည့်ပီး ရေးပေးဦးနော် :)

      Like or Dislike: Thumb up 0 Thumb down 0

    10. အကြိုက်ချင်းတူနေပြီအစ်ကို American Idiot ထဲမှာ အဲဒီသီချင်းကို အကြိုက်ဆုံးဘဲလေ..။ ကျားပေါက်က လည်း ညီ ရဲ့ အကြိုက်ဆုံးထဲက တစ်ယောက်ဘဲလေ..။ ဂီတ နဲ့ အစ်ကို့ရဲ့မွန်းကျပ်နေတဲ့ အာရုံတွေ ပြေပျောက်သွားပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်..။

      Like or Dislike: Thumb up 0 Thumb down 0

    11. ကိုဘလက်ရေ.. ကျွန်တော်နဲ့တူသွားပြီဗျို့ ပုဂ္ဂိုလ်စွဲရယ်တော့လဲ မဟုတ်ပေမယ့် လူငယ်ပီသတဲ့ကျားပေါက်ရဲ့ ဖွင့်ထုတ်တဲ့ သီချင်းတွေကို ကျွန်တော်ကြိုက်တယ်.. တချို့ အရိုးရေးတဲ့ အပုဒ်တွေရဲ့စာသားလေးနက် ပုံကိုပါခံစားမိတဲ့အခါမှာ ကဗျာတစ်ပုဒ်ကို အရသာရှိရှိဖတ်လိုက်ရသလိုမျိုး ခံစားရပါတယ်..
      ဆူး၊ အိပ်ယာဝင်၊ အင်း အယ်လ်ဘမ်အားလုံးနီးပါး ကြိုက်တယ်ဗျ.. ဒီစာသားလေးကတော့ ရင်ထဲတသက်လုံးစွဲနေတယ်..

      “စိတ်ကလွဲရင် အားလုံးသန့်ပြန့်ပါရဲ့” တဲ့ အိပ်ယာဝင်ထဲကပါ.. :) KIT နော်အကို.. တိတ်ခဲ

      Like or Dislike: Thumb up 0 Thumb down 0

    12. “လောကမှာ ကျွန်တော်တို့ ကြိုတင်ခန့်မှန်းလို့မရတဲ့အရာတွေ မြောက်များစွာရှိနေပါတယ်..။ ဒါပေမယ့် မပူပါနဲ့ အဆုံးသတ်မှာ အရာရာဟာ ဖြစ်သင့် တဲ့အတိုင်း အကောင်းဆုံး ဖြစ်လာကြပါလိ့မ်မယ်..။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ကိုယ်စီတွေရဲ့ ဘ၀မှာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အမှတ် တရ အရှိဆုံးဆိုတဲ့ အချိန်တစ်ခုတော့ ရှိခဲ့ကြမှာပဲ ဖြစ်ပါတယ်..။”
      ဟုတ်တာပေါ.နော်။ဒီစာသားလေးတွေကိုအရမ်းကြိုက်တယ်:)

      Like or Dislike: Thumb up 0 Thumb down 0

    13. လောကမှာ ကျွန်တော်တို့ ကြိုတင်ခန့်မှန်းလို့မရတဲ့အရာတွေ မြောက်များစွာရှိနေပါတယ်..။ ဒါပေမယ့် မပူပါနဲ့ အဆုံးသတ်မှာ အရာရာဟာ ဖြစ်သင့် တဲ့အတိုင်း အကောင်းဆုံး ဖြစ်လာကြပါလိ့မ်မယ်..။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ကိုယ်စီတွေရဲ့ ဘ၀မှာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အမှတ် တရ အရှိဆုံးဆိုတဲ့ အချိန်တစ်ခုတော့ ရှိခဲ့ကြမှာပဲ ဖြစ်ပါတယ်..။
      ဟုတ်တာပေါ.နော်။ဒီစာသားလေးတွေကိုအရမ်းကြိုက်တယ်:)

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply