• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ဒီရက်ပိုင်းထဲ…

    March 18 , 2009 | 809 views

    ဒီရက်ပိုင်း လူကဝေလေလေဖြစ်နေပါတယ်..။ ဟိုဟာလုပ်ချင်သလိုလို ဒီဟာလုပ်ချင်သလိုလို…။ တကယ်တန်းထလုပ်မယ်ဆိုတော့လဲ ဘာမှ မလုပ် ချင်တော့ပြန်…။ ဒါနဲ့ပဲ အာရုံထဲရှိတာတွေ ဟိုလျှောက်လုပ် ဒီလျှောက်လုပ်နဲ့ ကိုယ့်ဘာသာ ဘာတွေလုပ်နေမှန်းတောင် မသိတော့ဘူး..။ ” အားလား” မေးရင်လည်း မအားဘူးပဲ ဖြေရမှာပဲ..။ ဘာတွေလုပ်နေလို့ မအားတာလဲ..။ ပြပါဦးဆိုတော့လဲ..။ ဘာသွားပြလို့ ပြရမှန်းမသိ..။ တော် တော်လေးကို အူကြောင်ကြောင်နိုင်တဲ့ အနေအထားကိုရောက်နေပါတယ်…။ လူက Blog မှာလည်း ပို့စ်တွေတင်ချင်တယ်…။ Forum မှာလည်း အခုရက်ပိုင်း ဘာမှဝင်မဆွေးနွေးဖြစ်လို့ ၀င်ဆွေးနွေးချင်တာတွေ အများအပြားရှိနေတယ်..။ Blog Service ပေးထားတဲ့နေရာမှာလည်း wordpress အကြောင်းနဲနဲပါးပါးနဲ့ အချို့တော်တော်လေး အသုံးဝင်တဲ့ Plugin တွေအကြောင်းလဲ ရေးချင်နေတာကရှိသေး..။ အထူးသဖြင့် အခု Blog Service ပေးထားတဲ့ Site ရဲ့ Theme ကို စိတ်တိုင်းမကျသေးတာပဲ..။ နဲနဲ ပြန်စဉ်းစားကြည့်တော့ တစ်နေ့တစ်နေ့ အဲ့ဒီ့ Blog Service ပေး ထားတဲ့ Site အတွက် Theme တွေ ထိုင်ရွေး..။ စမ်းနေတာနဲ့ တင်အချိန်ကုန်နေတယ်လို့တော့ အကြမ်းဖျဉ်းအားဖြင့် သတ်မှတ်လို့ရပါတယ်..။

    Blog မှာလည်းရေးမယ်ဟဲ့ဆိုပြီး ရာထားတဲ့ ပို့စ်တွေအတွက် ဇာတ်လမ်းဆင်ထားတာတွေက ၆ ခုလောက်ရှိတယ်..။ ခက်နေတာက တစ်ခုမှ စမရေး ချင်ဘူး (စမရေးဖြစ်လို့လဲ ဖြစ်နိုင်ပါတယ်) ဖြစ်နေတယ်..။ ကျွန်တော်က ဦးနှောက်ကလည်း သိပ်မှတ်မိတာမဟုတ်ဘူး..။ ခဏခဏမေ့တတ်တယ်..။ အဲ့ဒါနဲ့ပဲ Draft ထဲမှာ ကိုယ်ရေးချင်တာလေးတွေကို ပြန်ကြည့်တာနဲ့ သတိရနိုင်အောင်လို့ တစ်ကြောင်းစ နှစ်ကြောင်းစလောက်လေးတွေရေးပြီး သိမ်းထားလိုက်တယ်..။ တော်ကြာ ဇာတ်လမ်းတွေမေ့သွားရင် ကျွန်တော်ပဲ ယူကြုံးမရဖြစ်ရဦးမယ်..။ အဲ့လိုပဲရေးမယ်ဆိုပြီး မရေးဖြစ်တော့တဲ့ ပို့စ် တွေ..။ စဉ်ထားတဲ့ ဇာတ်လမ်းတွေ မေ့သွားတဲ့ ဟာတွေကလည်း တော်တော်များနေပြီ..။ ဘာလို့မရေးချင်တာလဲဆိုရင်တော့ အဓိက, က မတွေး ချင်လို့ပဲလို့ ပြောရမှာပဲ…။ ဒီရက်ပိုင်းတွေးရမယ့် အလုပ်ကိုတော်တော် ကြောက်နေမိတယ်…။ ကိုယ်တိုင်လဲ လေဟာနယ်ထဲ မြောနေသလိုပဲ..။ ဘာဖြစ်နေလို့ ဖြစ်နေမှန်း..။ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း…။ ဘာမှကို စုပ်ကိုင်လို့မရဘူး ဖြစ်နေတယ်…။

    Blog မရေးဖြစ်လို့ Blog တွေရောလည်ဖြစ်လာဆိုတော့…။ ကိုယ့်ဘလော့တောင် ကိုယ်မရောက်တာ သူများဘလော့ဆိုရင်တော့ တော်တော်စဉ်း စားရပါလိ့မ်မယ်..။ ဘယ်မှမသွားပါ…။ ထို့ကြောင့် ဘယ်မှမရောက်ပါ..။ ဒီရက်ပိုင်း ကျွန်တော်ရောက်ဖြစ်တဲ့ဆိုဒ်တွေက FaceBook, Twitter, MyBlogLog, MMGenius နဲ့ Myanmar Genius Forum တွေပဲရှိပါတယ်..။ ကြိုကြားကြိုကြားတော့ အာရုံရရင် ရသလို တစ်ချို့ဘလော့တွေ ရောက်ဖြစ်ပါတယ်..။ အမှန်အတိုင်းပြောတယ်လို့ပဲ ထင်ထင်..။ ကြီးကြီးကျယ်ကျယ်ပြောတယ်လို့ပဲ တွေးတွေး ဒီရက်ပိုင်း စာရေး (Blog ရေး) တဲ့ အလုပ်ထက်..။ နည်းပညာနဲ့ ဆိုင်တာလေးတွေကို ပိုရေးချင်နေမိတယ်..။ ပိုပြီးလေ့လာ ချင်စိတ်တွေဖြစ်နေတယ်…။ အမှန်က ကျွန်တော် နည်းပ ညာ ဆိုင်ရာတွေကို အရင်ကတည်းက စိတ်ဝင်စားပါတယ်..။ ဘလော့မှာလည်းရေးပါတယ်..။ နောက်ပိုင်းတော့ Essay တွေရေးတဲ့ ဘက်ကို တဖြေး ဖြေး ရောက်သွားပြီး…။ ကိုယ့်ဘာသာ ကိုယ့်ဘလော့မှာ ပြန်ရေးတာ ဘာဖြစ်လဲဆိုပြီးတော့ တွေးရင်တောင်…။ အခု ကျွန်တော့် Blog ရဲ့ အပြင်အ ဆင် အနေအထားနဲ့ အဲ့ဒီလိုပို့စ်တွေနဲ့ မအပ်စပ်သလိုလို မဆီမဆိုင် ကိုယ်တိုင်ကိုယ်က ထင်နေပါတယ်..။ အဲ့ဒါကြောင့် ကျွန်တော် ဒီမှာမရေးဖြစ်ပါ ဘူး။ MMGenius နဲ့ Forum မှာပဲ ရေးဖြစ်ပါတယ်..။ သူများဘလော့တွေရောက်လို့ သူများတွေ အားရပါးရရေးထားတာတွေ မြင်ရင် အားငယ်တာ လဲပါပါတယ်..။

    ဒီကြားထဲမနေ့က သတင်းတစ်ခုရလိုက်တယ်..။ ကျွန်တော်တို့ ငယ်ငယ်ကလေးကတည်းက (ငယ်ဆို ကျောင်းတွေစမတက်ခင်ကတည်းကပါ) ခင် ခဲ့ကြတဲ့။ သူငယ်ချင်းလို့တောင် သတ်မှတ်လို့မရတော့တဲ့ တကယ့်ညီအစ်ကိုတွေလို ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက် ဂျပန်ကို ထွက်သွားပြီဆိုတဲ့ သတင်းတစ်ခုကြားလိုက်ရတယ်…။ ဆိုင်လားမဆိုင်လားတော့ မသိဘူး..။ တကယ်ဆို အရင်ဆုံးခွဲသွားခဲ့တာ ကိုယ်တိုင်ပါ..။ ဒါပေမယ့် အဲ့လိုကြားရ တော့ ကိုယ်ချစ်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုထားပြီး ထွက်သွားတော့မှာလားဆိုတဲ့ အူကြောင်ကြောင် အတွေးမျိုးဝင်လာပြီး စိတ်ထဲ မကောင်းသလိုလို ဘာလိုလိုဖြစ်ပါတယ်..။ တစ်ဆက်တည်းပဲ ငယ်ငယ်က အတူတူ ဖြတ်သန်းကြီးပြင်းခဲ့ကြတဲ့ သူငယ်ချင်းတွေအကြောင်းတွေ..။ အဖြစ်အပျက်တွေ မြင်ကွင်းတွေက ဆက်တိုက်ဆိုသလို ကျွန်တော့် အာရုံတွေကို တိုက်စားပါတော့တယ်…။ ညီအစ်ကိုတွေလို ခင်ကြတဲ့ သူငယ်ချင်း ကျွန်တော့်မှာ ၆ ယောက်ရှိပါတယ်..။ ကျွန်တော်အပါဆိုရင်တော့ စုစုပေါင်း ၇ ယောက်ပေါ့ဗျာ..။ အခုရန်ကုန်မှာ ၂ ယောက်ပဲကျန်ပါတော့တယ်…။ ရှေ့တန်းထွက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေအားလုံး ပြည်ပရောက်ကုန်ကြပါပြီ…။ ကျွန်တော်သူငယ်ချင်းတွေ အကြောင်း ပြန်စဉ်းစားမိတိုင်း…။ “ငါတို့တွေ ဘယ်လိုအချိန်မှာ ဘယ်လိုပုံစံအနေအထားတွေနဲ့များ ပြန်ဆုံကြမလဲ?” ဆိုတဲ့အတွေးက အမြဲတမ်း စိုးမိုးနေလေ့ ရှိပါတယ်…။

    ဒါတောင် ကျွန်တော် ကျောင်းတုန်းက ခင်ခဲ့တဲ အတန်းဖော် သူငယ်ချင်းတွေအကြောင်းမတွေးသေးပါဘူး..။ တကယ့် ညီအစ်ကိုလို ချစ်ခဲ့ကြတဲ့ သူတွေအကြောင်း တွေးတာလောက်ပဲရှိပါသေးတယ်..။ ဆက်မတွေးတာပဲ ကောင်းပါတယ်…။ တစ်ခါတစ်လေ လက်အငြိမ်မနေနိုင် မထိုင်နိုင်နဲ့ Friendster ထဲမှာရှိတဲ့ သူငယ်ချင်းတွေရဲ့ Profile တွေ ဓာတ်ပုံတွေသွားများကြည့်မိရင်…။ လူက သူတို့ရဲ့ လွတ်လပ်ပေါ့ပါးနေတဲ့ဘ၀တွေ..။ အခြေခိုင်မာပြီး အညွန့်တလူလူဖြစ်နေတဲ့ ဘ၀တွေမြင်တိုင်း အရုပ်ကြိုးပြတ်ဆိုသလိုကို ဖြစ်ဖြစ်သွားတယ်..။ ဒါပေမယ့်လဲ လူ့ရဲ့စိတ်ဆိုတာက လည်း အားလုံသိကြတဲ့အတိုင်းပဲ..။ ပူပါတယ်ဆိုသည့်တိုင် နဲနဲတော့ တို့ကြည့် ထိကြည့်လိုက်ရမှ နေသာထိုင်သာရှိတာမလားဗျာ…။ ကျွန်တော် လည်း ဒီအတိုင်းပါပဲ..။ စိတ်တွေ စုစည်းလို့မရတော့ဘူးဆိုရင် သူတို့ရဲ့ လွတ်လပ်ပေါ့ပါးနေတဲ့ ဘ၀တွေ၊ အချုပ်အနှောင်မရှိတဲ့ဘ၀တွေ၊ လူငယ် ဘ၀ကို အပြည့်အ၀ ဖြတ်သန်းခွင့်ရတဲ့ အခွင့်အရေးလေးတွေကို သွားသွားပြီး ငမ်းမိတာတော့ အမှန်ပါ..။ ဘာကြောင့်လဲဆိုတော့ ဒီဘ၀အတွက် ဒီလို အခွင့်အရေးမျိုးတွေဆိုတာဟာ ကျွန်တော့်အတွက်..။ သို့မဟုတ် ကျွန်တော်တို့လို ဘောင်တွေထဲက လူငယ်တွေအဖို့ ဘယ်လိုမှ ပြန်ရနိုင်စရာ အ ကြောင်း မရှိတော့လို့ပါပဲ…။

    ရင်ဘတ်ထဲက ဒဏ်တွေကို ဦးနှောက်ကဘယ်လိုမှ လက်မခံနိုင်တော့တဲ့အချိန်..။ Green Day ကို အခန်းထဲကသူငယ်ချင်းတွေမရှိတုန်း အကျယ် ဆုံးဖွင့်ပြီး ဖောက်ထုတ်လိုက်တယ်…။ အားလုံးက ပုံမှန်နီးပါး ပြန်လည် လည်ပတ်လာတဲ့အချိန်ကြမှ..။ Time Of Your Life ဆိုတဲ့ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် အသဲခိုက်အောင် ကြိုက်တဲ့ သီချင်းကရောက်လာတော့..။ စောစောက မြူးနေတဲ့စိတ်တွေ ဘယ်နားကို ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားမှန်းတောင်မသိတော့ဘူး…။ အမြင့်ဆုံးအထိရောက်အောင် ပို့ပေးပြီးသွားမှ လွှတ်ချလိုက်သလိုပဲ..။ တကယ့်ကို ဟာကနဲ..။ ဒါမှ မဟုတ် ငြိမ့်ကနဲပဲ…။ ကျွန်တော်တို့ သူငယ်ချင်းတွေ လမ်းခွဲခါနီးတိုင်း ပြောနေကြ Green Day ရဲ့ Time Of Your Life သီချင်းထဲက စာသားလေး တစ်ခုရှိတယ်..” There’s Something Unpredictable…, But In The End Is Right…, I Hope You Have The Time Of Your Life..!” တဲ့..။

    ဆိုင်လားမဆိုင်လားတော့မသိဘူး..။ လူက ဘာတွေဖြစ်နေလဲ မသိပါဘူးဆိုမှ မနေ့ညက (မနက် ၂ နာရီ) မှာ ကျွန်တော်တို့ကျောင်းသားများရဲ့ ဘုံဗိမ္မာန်ကြီးဖြစ်တဲ့ အဆောင်ကြီး မီးလောင်တော်မူပါတယ်..။ အခန်းထဲက သူငယ်ချင်းနှိုးမှ သူရဲကောင်းတို့ရဲ့ထုံး နှလုံးမူပြီး  အိပ်ချင်မူးတူးနဲ့ အောက်ဆင်းပြေးရပါတယ်..။ ယူဟ..ယူဟ..။ အရေးကြီးတာတွေယူဟဆိုတော့…။ ခေါင်းထဲပေါ်လာတာက ဖုန်းရယ်၊ ပိုက်ဆံအိတ်ရယ်၊ ပတ်စပို့ ရယ်၊ ကျောင်းသားကတ်ရယ်..။ ဒါပဲစဉ်းစားမိတယ်…။ လက်သုံးတော် အမောင် ကွန်ပျူတာလဲ ဥစ္စာခြောက်မနေနိုင်တော့ဘူး..။ ပြေးသည်ပေါ့…။ ဒီလောက်အမြန်ဆင်းပြေးတာတောင် အပြင်ရောက်တော့ လျှောက်လမ်းတစ်ခုလုံး ဘာမှမမြင်ရတော့ဘူး..။ မီးခိုးတွေ ဖုံးနေပြီး..။ အသက်လည်း ရှူ လို့ ဘယ်လိုမှမရေတော့ပါဘူး..။ ဒါနဲ့ အသက်အောင့်ပြီး ဆင်းပြေးရပါတယ်..။ နေတာက ၁၅ ထပ်မှာပါ..။ ကျွန်တော်တို့အထပ်ရဲ့အပေါ်မှာ သိကြားမင်းပဲ ရှိပါတော့တယ်…။ ဆင်းပြေးတာတောင် ၁၂ ထပ်လောက်ရောက်တဲ့ အထိ အသက်ရှူလို့မရပါဘူး..။ ၁၁ ထပ်လောက်ရောက်မှ မီးခိုး တွေနဲနဲကွဲသွားပြီး အသက်နဲနဲရှူလို့ရသွားပါတယ်..။ ဒီလိုနဲ့ အောက်မှာ နှစ်နာရီခန့်အချိန်ဖြုန်းလိုက်ရပါတယ်…။

    မီးသတ်ကားတွေ ရောက်လာတာ မြန်ပါတယ်..။ သို့သော်…။ မီးသတ်သမားများရဲ့ လှုပ်ရှားသွားလာပုံများကတော့ ယောက္ခမအိမ်မီးလောင်လို့ ပျော်နေတဲ့ ပုံစံမျိုးတွေ..။ မငြှိမ်းချင် ငြှိမ်းချင်နဲ့ ငြှိမ်းပေးနေရတဲ့ပုံစံမျိုးတွေနဲ့ပါ..။ တော်တော်အားရဖို့ကောင်းပါတယ်..။ (ရုပ်ရုင်ထဲက မီးသတ်သ မားတွေနဲ့ကွာပ) ဒီလိုမျိုးမီးလောင်ရင် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ လွန်ခဲ့တဲ့အပတ်ကပဲ ကျောင်းသားတွေအားလုံးကို လေ့ကျင့်ပေးပါတယ်..။ အဲ့ဒီ့တုန်းကတော့ အော်လိုက်တဲ့ အဆောင်က Fire Alarm နဲ့ သတိပေးပြောနေတဲ့ စကားသံတွေ …။ လေ့ကျင့်ပြီးသွားလို့ နောက်ထပ် နှစ်နာရီ လောက်ကြာတဲ့ အထိအော်နေတုန်း..။ မနေ့က တစ်ကယ်လည်း ဖြစ်ရော..။ Fire Alarm တွေ Warining တွေမပြောနဲ့ အဆောင်စောင့်ကိုတောင် ကျောင်းသားများက ပြန်နိုးပြီး ဆင်းပြေးခိုင်းရပါတယ်..။

    ဘာပဲပြောပြော မနေ့ညက အဲ့လိုဖြစ်လိုက်တော့ လူက နဲနဲလန်းလန်းဆန်းဆန်း ဖြစ်သွားတယ် :D အဲ့ဒါကြောင့် စာရေးချင်စိတ်လေး ပေါ်လာတုန်း ရေးချင်တာတွေချရေးလိုက်ခြင်းဖြစ်ပါတယ်…။ မီးလောင်တာကို ကျေးဇူးတင်ရမယ့်သဘောရှိပါတယ်..။ ဘာကြောင့်လဲဆိုတော့ မနေ့က မီးလောင် တာကိုကြည့်ပြီး ကျွန်တော့်ခေါင်းထဲ ပို့စ်တစ်ခု ထပ်စဉ်းစားမိသွားလို့ပါ…။ မကြာမည် တင်မည်…။ မျှော်…..။ :P

    P.S- လက်ရှိအခြေအနေအားလုံးကို ရင်ထဲ ဖြစ်နေတဲ့အတိုင်း ရေးချခြင်း သက်သက်သာဖြစ်ပါသည်။ ဘာမှန်းမသိတဲ့ ပို့စ်တစ်ခုကို ဖတ်လို့ အချိန် တွေ အလဟသ ဖြစ်သွားတယ်ဆိုရင်တော့ ကျွန်တော် စိတ်မကောင်းကြောင်းပါ…။

    Cateogry : Personal , Uncategorized

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    16 Responses to “ဒီရက်ပိုင်းထဲ…”

    1. ရေးပါရေးပါ၊ ဘာပဲ ရေးရေး ရေးတတ်တဲ့ သူတွေရေးတဲ့ ပို့စ်များကျတော့ မီးလောင်လို့ မီးခိုးမွှန်တာလေးရေး တာတောင် ဖတ်ကောင်း၏။ မောင်လေးရေ forum မှာလဲ ရေး၊ genius မှာလဲရေး၊ ဘလော့ မှာလဲ ရေးဖြစ်အောင်ရေးပါ၊essay လဲရေးပါ။နည်းပညာလဲ ရေးပါ အမ တို့လို ပိန်းတဲ့ သူတွေ အ တွက်ပေါ့။

      Like or Dislike: Thumb up 0 Thumb down 0

    2. came.read. I missed my old friends too… :)

      Like or Dislike: Thumb up 0 Thumb down 0

    3. ဘာပဲဖြစ်ဖြစ် တစ်ပုဒ်တော့ ရေးဖြစ်ပြီ ဟုတ် :)
      ဒီမှာတော့ fire alarm က မလောင်ပဲ ခဏခဏ မြည်နေတာဆိုးတယ် :)
      တကယ်လောင်ရင်တော့ ဘယ်သူ့မှ ပြေးဖြစ်ကြတော့မှာမဟုတ် :)

      Like or Dislike: Thumb up 0 Thumb down 0

    4. မီးလောင်တာကိုကျေးဇူးတင်ရမယ် ဦးဘလက် စာရေးချင်စိတ်ဖြစ်သွားစေလို့ …
      ဦးဘလက်ရေးတာတွေဖတ်လို့ ကောင်းပါတယ် ဘာပဲဖြစ်ဖြစ်ရေးပါ
      အားပေးနေပါတယ်ရှင်

      Like or Dislike: Thumb up 0 Thumb down 0

    5. တော်သေးတာပေါ့
      မသေလို့တွေ့ရ မေ့နိုင်ပါဦးမလားကွယ် ဟယ်ဟယ်

      Like or Dislike: Thumb up 0 Thumb down 0

    6. ပထမပိုင်းရေးချင်တာကတော့ ပို့စ်မတင်ဖြစ်တာရယ် ငယ်သူငယ်ချင်းတွေကို သတိရတဲ့စိတ်နဲ့ ခွဲခွာမှုကို ၀မ်းနည်းနေတာပေါ့ကိုဘလက်ကြီး ဟုတ်လား ဟီး၂
      နောက်ပိုင်းဇာတ်က လွမ်းကောင်းနေတုံး ပြေးလိုက်ရတော့ အလွမ်းတွေ အတွေးတွေဘယ်ရောက် သွားမှန်းမသိတော့ပဲ ပစ္စည်းမမက်ပဲပြေးပုံကို သဘောကျပါတယ်ရှင်..အတွေးကောင်းအရေးတွေအရမ်းပြောင်မြောက်ပါတယ်ရှင်…
      ဆက်ရေးမှာကို ဖတ်ဖို့စောင့်နေပါတယ် များ၂ရေးပါဗျို့

      Like or Dislike: Thumb up 0 Thumb down 0

    7. greenday စာသားတော့ သဘောကျလို့ ကူးသွားတယ်။

      အဆောင်စောင့်တောင် နှိုးပြီး ပြေးခိုင်းရလောက်အောင်ဆိုပဲ…
      ရန်ခုန်တော့ စာတွေထွက်လာတော့။ :D cheer!!

      Like or Dislike: Thumb up 0 Thumb down 0

    8. ကံကောင်းလို့း-)

      Like or Dislike: Thumb up 0 Thumb down 0

    9. အင်းး…..ဟိုရောက် ဒီရောက်နဲ့ အခုရက်ပိုင်းကတော့ အသက်ဝင်သား မီးဘေး သတိထားနော် ပြာကျသွားရင် မင်းသားရုပ်လေးလည်း ဘာမှလုပ်လို့မရတော့ဘူးး ““ငါတို့တွေ ဘယ်လိုအချိန်မှာ ဘယ်လိုပုံစံအနေအထားတွေနဲ့များ ပြန်ဆုံကြမလဲ?” အဲ့ အတွေး ညီလည်းခဏခဏတွေးမိတယ် သူငယ်ချင်းတွေကိုခင်တွယ်တတ်တော့ပိုဆိုးး တစ်နေ့တော့ပြန်ဆုံကြမှာပေါ့လေ မတွေးတော့ဘူး ။

      Like or Dislike: Thumb up 0 Thumb down 0

    10. ဘယ်သူ့ကြောင့်လောင်လောင် မီးလောင်လျှင်ပြေးရမည်။ :D

      Like or Dislike: Thumb up 0 Thumb down 0

    11. စိတ်လေနေတာကတော့ အတူတူပဲ မောင်လေးရေ… ဒီရက်ပိုင်း စဉ်းစားရမှာတွေ မစဉ်းစားချင်တာလည်း တူတယ်။
      မသေလို့တွေ့ရတာ တော်သေးတာပေါ့။ မဟုတ်ရင် အစ်မစိတ်ညစ်တဲ့အခါ အားပေးမယ့် မောင်လေးတစ်ယောက် မရှိဘဲဖြစ်နေဦးမယ်။
      စိတ်ပျော်အောင်နေလို့တော့ မမှာတော့ဘူးနော်…

      Like or Dislike: Thumb up 0 Thumb down 0

    12. မီး
      နီးနီးဝေးဝေး
      ပြေး သာပြေး
      ပြေးတဲ့အခါ
      ဦးတည်ရာတော့ မလွဲဖို့လိုမယ်။

      Like or Dislike: Thumb up 0 Thumb down 0

    13. ဟုတ်တယ် အစ်ကိုရေ..ညီလည်းအခုတစ်လောအဲလိုဘဲ.. အစ်ကိုကမှ တော်ပါသေးတယ်.ပညာနဲ့ပြည့်စုံသေးတယ်..။ ညီ က အစ်ကိုထက်တောင်ဆိုးသေးတယ်..။ ဘာကိုဆက်လျှောက်လှမ်းရမှန်းကိုမသိတော့တာ..။ ဘာပဲဖြစ်ဖြစ်ဆက်လျှောက်ရမှာဘဲလေ..။
      ရပ်လို့မှမရတော့တာ..။

      Like or Dislike: Thumb up 0 Thumb down 0

    14. အီဖေစကိုကတော့ စိတ်လေသလား မမေးနဲ့ ကွန်ပြူတာတောင် မဖွင့်ဖြစ်ဘူး ဒီကနေ့မှပဲ လွမ်းလို့ကွန်ပြူတာဖွင့်ရင်း ငါ့ညီလေးဆီ အကြွေးတွေ လာဆပ်တယ်..။

      Like or Dislike: Thumb up 0 Thumb down 0

    15. [...] ဒီရက်ပိုင်းထဲ… [...]

      Like or Dislike: Thumb up 0 Thumb down 0

    16. Greatings,
      Can i take a one small photo from your site?

      Thanks
      Tania

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply