• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ရှင်းတမ်း

    March 10 , 2009 | 1,038 views

    ကျွန်တော့်ဘလော့ကို ဖတ်တဲ့ (မများလှစွာသော) စာဖတ်သူများအတွက် အဆင်ပြေအောင်လို့ ကျွန်တော်အစီအစဉ်တစ်ခုလုပ်လိုက်ပါတယ်။ ကျွန်တော်က ကျွန်တော့်ဘလော့ကို ကျွန်တော့်ရဲ့ နာမည်ဖြစ်တဲ့ မဟူရာမဲမှောင်မှောင်နက် ဆိုတဲ့ နာမည်နဲ့လိုက်အောင် အိုးမဲသုတ်ထားပါတယ်။ ဒါကို ကျွန်တော်ချစ်တဲ့ စာဖတ် ပရိတ်သတ်တွေနဲ့ ဘလော့ဂါ မောင်နှမတွေအားလုံး သိထားပြီးကြပြီးသားဖြစ်ပါတယ်..။

    ကျွန်တော် ဘလော့စရေးတာက Blogspot (blackdream21.blogspot.com) နဲ့ပါ..။ နောက်တော့ ရောဂါပိုးတွေ အတိုင်းမသိ ရွစိတ်ခတ်လာလို့ www.blackdream21.com ဆိုတဲ့ မျက်နှာဖုံးလေးဝယ်တပ်ပြီးတော့ Blogspot ကို ဖုံးဖိခဲ့ပါတယ်…။ (တစ်လက်စထဲ ကျွန်တော့်ကို blogspot link နဲ့ ချိတ်ထားပေးသူများ ကျေးဇူးပြု၍ .com သို့ ပြန်လည် ပြောင်းရွှေ့ ချိတ်ပေးကြပါရန် ကျွန်တော်ကိုယ်တိုင် အဆိုပြု၊ ကျွန်တော်ကိုယ်တိုင် ထောက်ခံလိုက်ပါတယ်။ မကြာခင် ကျွန်တော့်ရဲ့ Blogspot လေးကို အပြီးတိုင် ပိတ်တော့မှာ ဖြစ်ပါတယ်) အဲ့ဒီ့နောက် သကာလ ခန္ဓာကိုယ်ထဲက ရောဂါ ပိုးတွေဟာ တစ်နေ့တစ်ခြား ပိုဆိုဆိုးရွားလာပါတော့တယ်…။ သူများဘလော့တွေလိုက်ကြည့်..။ အားကျ..။ ကိုယ်လုပ်ချင်တာတွေတွေ့ သို့သော် လုပ်မရ သို့မဟုတ် မလုပ်တတ်…။ ဒီလိုနဲ့ပဲ တိုင်ပတ်လာခဲ့တာ…။ နောက်ဆုံး မတတ်နိုင်တဲ့အဆုံး ချောင်းကို ပြစ်ပြီး မြစ်ကိုရှာပါတော့ တယ်..။

    Blogspot ဆိုတဲ့ ချောင်းကို ပြစ်ပြီး WordPress ဆိုတဲ့ မြစ်ကိုရှာပါတယ်…။ ရောက်ရောက်ခြင်းတော့ အားလုံးသိကြတဲ့အတိုင်း အိုးနင်းခွက်နင်းနဲ့ ပေါ့..။ အခုတော့လည်း အိုးနင်းခွက်နင်းမဖြစ်တော့ပါဘူး..။ နင်းစရာအိုးတွေ ခွက်တွေ အကုန်ကွဲကုန်လို့ :P   WordPress ရောက်ရင် ကိုယ်လိုချင် တာလေးတွေများ ဖြစ်လာမလားဆိုပြီး လာခဲ့ပါတယ်..။ ဒီရောက်တော့ ဆရာ WordPress က ပညာတွေ စပြတော့တာပါပဲ။ ဘယ်ကစပြီး ဘာလုပ် လို့ လုပ်ရမှန်းမသိ..။ အရပ်ကူပါ လူဝိုင်းပါ…။ သို့သော်ငြားလည်း နောက်ပိုင်းမှာ အဆူဆူသော ဆရာတို့ရဲ့ သင်ကြားပြသမှု မရေမတွက်နိုင် လောက်သော လက်တည့်စမ်းမှုများဖြင့် WordPress အား မပို့င်တစ်ပိုင် ကိုင်တွယ် အသုံးပြုလာနိုင်ခဲ့ပါတယ်..။

    ဒါနဲ့ ပထမဆုံး ကျွန်တော် wordpress လုပ်ကတည်းက မချစ်သောလည်း အောင့်ကာနမ်းခဲ့ရတဲ့ Option Theme ကို ခြေစုန်ကန်ဖို့ကြိုးစားပါ တယ်။ (အမှန်က Option Theme က တော်တော်ကိုကောင်းတာပါ..။ ကျွန်တော့်ဖာသာ မကြိုက်တာပါ :D ) ကျွန်တော့်ရဲ့ Theme ရှာပုံတော်မှာ အဓိကထားတဲ့ ဦးတည်ချက်နှစ်ခုရှိပါတယ်..။ (၁) မဲမှောင်မိုက်နေသော Theme ဖြစ်ရမည် (၂) ရိုးရိုးလေးနဲ့ ဆန်းသော Theme ဖြစ်ရမည်။ ဒါက အဓိကနှစ်ချက်ပါ..။ Fluid Theme ဖြစ်ဖို့…။ Function တွေကောင်းဖို့ စတဲ့ ဘာညာ သာရကာက နောက်မှပါ..။ အဲ့ဒါနဲ့ပဲ ရှာလာလိုက်တာ နောက်ဆုံးအခု ကျွန်တော် သုံးထားတဲ့  Hemingway ဖန်တီးထားတဲ့ ဒီ Theme လေးနဲ့တော်တော်အဆင်ပြေသွားပါတယ်။

    မဲမှောင်မိုက်မူး နောက်သွားစေသော…။ ရိုးရိုးလေးနဲ့ ဆန်းတဲ့ Theme ပါ..။ ကံကောင်းခြင်တော့ Fluid Theme လဲ ဖြစ်နေပါတယ်..။ သာမန်ကြည့် လိုက်ရင်တော့ ဒီ Theme လေးက ရိုးရိုးလေးပါပဲ..။ သေသေချာချာကြည့်လိုက်ရင်တော့ ခပ်တုန်းတုန်းပါ :P ..။ အတည်နောက်တာပါ..။ ကျွန်တော် ဒီ Theme လေးကိုတော်တော်ကြိုက်ပါတယ်..။ ဒီလို Theme မျိုးကို WordPress သမားတွေက Minimalism Theme လို့ခေါ်ပါတယ်..။ ဘာလို့ လဲဆိုတော့ သူက ရိုးရိုး Themes တွေထက်အများကြီးပေါ့ပါတယ်..။ အမြင်ရှင်းပါတယ် (ဥပမာ- ကျွန်တော့်ဘလော့ကို ကြည့် အမြင်ရှင်း လွန်းလို့ ဘာမှမပါဘူးလို့တောင် ထင်ရတယ် :P ) အသွင်ဆန်းပါတယ်…။ (လိုချင်ရင်ပြော အများကြီးရှိပါသေးတယ် :P )

    အဲ့ဒီ့မှာ ပြဿနာစပါတယ်..။ ဒီ Theme က ပို့စ်တွေက သူများတွေလို တည့်တည့်မသွားပဲ ဂဏန်းသွားသွားပါတယ်..။ မြင်တော်မူကြတဲ့အတိုင်းပါ ပဲ..။ စာဖတ်သူအများအပြား မျက်စိလည်ကြပါတယ်…။ စာလုံးတွေသေးလို့ဆိုပြီး ကျွန်တော့်ကို မေတ္တာပို့ကြပါတယ် :D ။ ဒီ ဘလော့ဖတ်ပြီးရင် မူး နောက်နေတာပဲလို့ အားပေးစကားတွေ ကြားရပါတယ်..။ :D နောက်တစ်ခါ ဒီ Blog က Cbox လည်းမထားဘူး..။ ဘာကျယ်တယ်ဆိုလားမသိဘူး ပြောတဲ့ မေတ္တာပို့သံများလဲ ကြားရပါတယ်..။ :D အမှန်က မှားပါတယ် (တိန်… အမှန်ကမှားပါတယ်တဲ့ နဲနဲရှုပ်သွားလားမသိ ရှင်းပါအံ့ :P )

    စာလုံးသေးလို့ အဆင်မပြေတဲ့သူများခင်ဗျာ..။ အပေါ် Search Bar အောက်မှာရှိတဲ့ +A A -A သုံးခုကို အားရပါးရ Click ကြည့်ကြပါ..။ ရဲရဲကြည့် Click ကြပါ..။ +A ကို တစ်ခါနှိပ်တိုင်း စာလုံးတွေ ကြီးကြီးလာပါလိ့မ်မယ်..။ -A ကို နှိပ်ရင်သေးသေးသွားပါလိ့မ်မယ်…။ A ကို နှိပ်ရင် မူရင်း အော်လဂျင်နယ် အတိုင်း ပြန်ဖြစ်ပါလိ့မ်မယ်…။ နောက်တစ်ခါ ဆီဗုံး (သို့မဟုတ်) C-Bomb ( သူက Nuclear Bomb ထက်ဆိုးပါတယ်..။ သူ့မှာ တစ်ချက် တစ်ချက် ထထကွဲရင် အင်မတန် ပြဿနာကြီးပြီး ကြောက်ဖို့ကောင်းပါတယ်.. ဒါကြောင့် သူ့ကို ကျွန်တော် C-Bomb လို့ခေါ်ပါတယ်) ..။ ကျွန်တော့် Blog မှာ C-Bomb ရှိပါတယ်..။ မြန်မာ Blogger မှန်ရင် C-Bomb ရှိရမယ်ဆိုတဲ့ ဘယ်သူမှ မသတ် မှတ်ခဲ့သောလည်း ရှိနေတဲ့ နားလည် လက်ခံမှုကြီးအရ ကျွန်တော့်မှာ C-Bomb ရှိပါတယ်..။ Theme ရဲ့ နည်းပညာအပိုင်းအရ ဖွက်ထားသလို ဖြစ်နေတာပါ..။ (တကယ်လဲ ဖွက်ထားတာပဲ :P ) အပေါ်နားမှာ ရှိတဲ့ Open Navigation ဆိုတာကို Click လိုက်ပါ..။ ဖုံးထားသမျှ ကုန်းကွလိုက် သလို အကုန်ပေါ်လာပါလိ့မ်မယ်..။

    တစ်ခုတော့ ကျွန်တော် မေတ္တာရပ်ခံပါရစေ ကျွန်တော့် C-Bomb ကို စနက်တံတော့ ဖြုတ်မသွားကြပါနဲ့လို့..။ ကျွန်တော် တကယ်ကြောက်လို့ပါ။

    နောက်ထပ် ပြဿနာတစ်ခုက ကျွန်တော်ဝယ်ထားတဲ့ Hosting နဲ့ပတ်သတ်ပါတယ်..။ သူက တစ်ဆင့်ခံ Webhost ဖြစ်နေတော့ကာ (ဈေးတော့ တော်တော်ပေါတယ် :D ) အနဲငယ်လေးပါတယ်..။ Minimalism Theme သုံးပြီး ဆိုဒ်ကြီးလေးနေတာကတော့ ရှက်ဖွယ်လိလိပါ :( ။ ဒါကြောင့် အားလုံး ဘလော့အထိလာပြီး အချိန်ကုန်ဖတ်နေစရာမလိုအောင် ပို့စ်အသစ်တင်တိုင်း Email ပို့ပေးမယ့် subscriber လေး အောက်နားမှာ ထား ပေးပါတယ်..။ သို့သော်လည်း အောက်နားရောက်သောသူတို့၏ ထုံးစံအတိုင်း ဥပက္ခောပြုခံရခြင်းလော သို့မဟုတ်  Subscribe လုပ်ရင်ပေးရမယ့် အချိန်နဲ့ ကျွန်တော့်စာကို ဖတ်ရင်ပေးရမယ့် အချိန်နဲ့ မထိုက်တန်ဖူးဟု ယူဆသောကြောင့် သလောတော့ မပြောတတ် ကျွန်တော့် subscriber ရဲ့ အရေအတွက်ဟာ ဒုံရင်းဒုံရင်းပါပဲ။

    ဒါမှမဟုတ်လဲ ဘယ်လိုလုပ်ရမှန်းမသိလို့လဲ ဖြစ်နိုင်ပါတယ်..။ ဒါကြောင့် အခု ကျွန်တော်အစီအစဉ်တစ်ခုလုပ်ပါတယ်..။ ကျွန်တော့်ဘလော့ အပေါ်က Menu မှာ Register ဆိုတာလုပ်ပေးထားပါတယ်..။ အဲ့ဒီ့မှာ Register လေးလုပ်လိုက်ရုံနဲ့ ကျွန်တော့်ဒီဘလော့မှာ ပို့စ်တင်တိုင်း Email နဲ့ ပို့စ်တွေပို့ပေးမှာဖြစ်ပါတယ်။ Blog Loading လုပ်တာကို စောင့်ရသည့်အချိန်များ၊ Ban ထားသည်များကို အဆင့်ဆင့်ကျော်ခွရသည့် အနေ အထားများ…။ အိုးမဲသုတ်ထားသော ဘလော့ကို အာရုံစိုက်ပြီး ဖတ်ရသော ဒုက္ခ…။ ပုရွတ်ဆိတ်နှင့် သူမသာ ကိုယ်အသုဘ  အရွယ်လောက်ရှိသော  Font ပိစိညောက်တောက်များကို ဖတ်ရခြင်း ဒုက္ခများမှ ကင်းဝေးသွားမည်ဖြစ်ပြီး ဇိမ်ရှိရှိ မိမိ Email ထဲမှ ထိုင်ဖတ်နိုင်မည်ဖြစ်ကြောင်းပါ…။

    သို့ကလိုသော အကြောင်းအရာကြောင့် ဘလော့သို့လာမည့် Visitor ဦးရေနှင့် အားဆေးများဖြစ်သော Comment အရေအတွက်များ ကျဆင်း ခြင်းအစရှိသည့် Blog ဈေးကွက် ပျက်စီးသွားနိုင် သော်လည်း စာဖတ်သူများ အားလုံးအဆင်ပြေပါကမူ ကျွန်ုပ် မဟူရာမဲမှောင်မှောင်နက်မှ အထူး ၀မ်းသာမည်ဖြစ်ပါကြောင်း…။

    P.S- အတည်ပေါခြင်းဖြစ်ပါသည်။ :D

    Cateogry : Article , Humor , Personal

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    24 Responses to “ရှင်းတမ်း”

    1. အော်… ငါ့မောင်လေး ဒါမျိုးလည်း ရသား…
      ဆန်းတော့ မဆန်းပါဘူး။
      ဒီလိုရေးတော့ စာဖတ်ရတာနဲ့ မတူတော့ဘူး။
      သက်ရှိလူတစ်ယောက်နဲ့ စကားပြောနေရသလို ခံစားမိတယ်။
      ဆက်ပေါပါ… အားပေးပါတယ် :)

      Like or Dislike: Thumb up 0 Thumb down 0

    2. ကွန်ပျူတာရှေ့မှာထိုင်… နားကြပ်လေးတပ်ပြီး ဂျီတော့ကနေ စကားပြောနေတာကို နားထောင်နေရသလိုပဲ။
      အက်ဆေးတွေ ခပ်တည်တည်ရေးတတ်တဲ့ BLACK DREAM မဟုတ်ဖူး။
      အတည်ပေါတတ်တဲ့ အစ်မ မောင်လေး ကိုဦး… :P
      ဆက်ပေါပါ… အားပေးပါတယ်။ စိတ်ချမ်းသာသလိုသာလုပ် :)

      ( ပထမတစ်ခါရေးတာ မရလို့ နောက်တစ်ခါ ထပ်ရေးရတယ် :( )

      Like or Dislike: Thumb up 0 Thumb down 0

    3. :-) subscriber ကနေပါ တစ်ခါတည်း မေးလ်နဲ့ကော်မန့်တင်ပေးလို့ရရင် ကောင်းမှာပဲ။

      Like or Dislike: Thumb up 0 Thumb down 0

    4. အရမ်း…အရမ်းကိုလိမ္မာနေပါလားကွယ်။ :)

      Like or Dislike: Thumb up 0 Thumb down 0

    5. တိန်…နာ့အကိုတော်လည်း ပေါတတ်သားပဲ…ဟီး..
      မထင်ရပူး…ရုပ်တည်ကြီးနဲ့…

      Like or Dislike: Thumb up 0 Thumb down 0

    6. ဟုတ်ပါပြီဗျာ …..

      Like or Dislike: Thumb up 0 Thumb down 0

    7. ကွန်မက်ပေးရတာကိုအကြိုက်ဆူံ့းဘဲ အမှောင်ထဲကအလင်း ကဘာဦးလူသား နေရောင်လရောင်ကိုမြင်လိုက်ရသလိုဘဲဝမ်းသာလိုက်တာာ။

      Like or Dislike: Thumb up 0 Thumb down 0

    8. ShwunMi ညာဏ်ပညာကြီးမားပေသည်။

      Like or Dislike: Thumb up 0 Thumb down 0

    9. စာလုံးသေးခြင်း မဲမှောင်မှောင်နက်နေခြင်း တို့ကို ဘယ်အခါမှ ကွန်ပလိန်းမတက်ပဲ မျက်မှန်အသစ်အဖန်ဖန်လဲကာ အားပေးနေသော အကျွန်ုပ်တို့ကဲ့သို့ ကာစတန်မာများအတွက် ယခုရှင်းတမ်းသည် ခိုင်းရမည့်ဘလော့ဂါသူငယ်ချင်းများရှိပါလျက် ဘလော့ဂါလက်စွဲကို အချိန်ကုန်ခံဖတ်ခိုင်းသကဲ့သို့ အသုံးမဝင်။ အသင်မြှုပ်ထားသောအရာများကိုလဲ ဆီဗုံးကဲ့သို့ပင် မြေမြှုပ်ဗုံးဖြစ်မည်စိုးသဖြင့် အကျွန်ုပ်မဖော်။ ကောမန့်ပုံးဖြူဖြူတွင် ကျေးဇူးတင်စွာပွတ်လျက် ပြန်ပေပြီ အသင်မဟူရာမဲမှောင်မှောင်နက် ကတ္တရာမီးသွေးတုံးကျောက်သင်ပုန်းဘလက်။

      Like or Dislike: Thumb up 0 Thumb down 0

    10. မေးလ်ထဲမှာ ဖတ်ရတာနဲ့ ဘလော့လာ ဖတ်ရတာ
      အရသာ တူဘူးကွ..း)..
      မရ ရ အောင်လာခဲ့ ပါ့မယ်…း)..

      Like or Dislike: Thumb up 0 Thumb down 0

    11. ရှင်းတမ်းက ရှည်လျား ထွေပြားပါဘိတောင်း

      Like or Dislike: Thumb up 0 Thumb down 0

    12. အနီရောင်နဲ့မှတ်ချက်ကြီးက ရိုက်ပေါက် ၁၂ ကွင်းတစ်ကွက်မှ မလွတ်ပါ :P

      ဒီတိုင်းပဲလာမယ် ပြောထားတဲ့ အချက်တွေအရင်ထဲကသိသား လူကိုများတောသားထင်လို့ ။ ကွင်းသားပါ :D

      Like or Dislike: Thumb up 0 Thumb down 0

    13. လာရောက်အားပေးပါတယ် ဆက်လက်ရေးသားတာတွေကို စောင့်ဖတ့်ပါမယ်..

      Like or Dislike: Thumb up 0 Thumb down 0

    14. ဘလောဂ့်ကိုပဲ လာဖတ်ပါ့မယ် အစ်ကိုရာ..

      Like or Dislike: Thumb up 0 Thumb down 0

    15. ဘလက်ကြီးရေ .. ရှင်းတမ်း ထုတ်တာ နည်းနည်းများ စောနေသေးလားလို့ … အခုမှပဲ ရှင်းသွားတော့တယ်

      Like or Dislike: Thumb up 0 Thumb down 0

    16. ဖြစ်ရမယ် လုပ်လိုက်ရင် မပေါတပေါနဲ့  မှားလို့  မပေါ်တပေါ်နဲ့ လို့ ပြောတာ ။ :P

      Like or Dislike: Thumb up 0 Thumb down 0

    17. လာလည်ပါတယ်…။ ကိုယ့်အကြိုက်ဆုံးအရောင်ကလည်း အနက်ရောင်ပဲ။ အမှောင်ကို ကြိုက်တော့ ငမိုက်သားပေါ့ … အနက်ရောင် Theme တွေက မိုက်တော့မိုက်တယ်… ဒါပေမယ့် ကြာရှည်ဖတ်လို့ မရဘူး။ ဖတ်တဲ့သူရဲ့ မျက်လုံးကို ပင်ပမ်းစေတယ်လေ….။ ကိုယ်လည်း ခုထက်ထိ အနက်ရောင် ရှာပုံတော်ဖွင့်ခဲ့တာ…နောက်ဆုံးမှာတော့ အခုပုံလေးကိုပဲ အတည်ပြုလိုက်ရတော့တာပဲ…

      Like or Dislike: Thumb up 0 Thumb down 0

    18. ကိုမဟူရာမဲမှောင်မှောင်နက်ရေ… ဆိုဒ်ကို အပင်ပန်းခံပြီး သေချာ လုပ်ထားတာကိုရော လေ့လာနိုင်စွမ်းရှိတာကိုပါ ချီးကျူးမိပါတယ်း)

      Like or Dislike: Thumb up 0 Thumb down 0

    19. မင်းသားက မန့်လို့ရတယ်ပြောလို့ ထပ်လာစမ်းတာ… ကဲလာလေရော့

      Like or Dislike: Thumb up 0 Thumb down 0

    20. ဟီ…ဟိ…. ရပြီကွ….so good…..so far!
      မိုက်တယ်ဟ….မနက်က ဘာလို့မရတာလဲမသိဘူး…

      Like or Dislike: Thumb up 0 Thumb down 0

    21. မတွေ့တာကြာလို့ အလည်လာတယ်ဗျိုးး .. ပထမတည်းက အဲ့ အေ သုံးလုံးကို သင်္ကာမကင်းဖြစ်နေတာ .. ကိုယ်ကလည်း လုပ်လိုက်ရင် အမျိုး၂ ဖြစ်နေတာဆိုတော့ ကြောက်ပီး မနှိပ်တာ ခုမှ ရဲရဲရဲကြီး နှိပ်တော့ အဆင်ပြေသွားတော့တယ် ဟီးဟီးး :)

      Like or Dislike: Thumb up 0 Thumb down 0

    22. အောင်မယ် ရှင်းတမ်း ဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် ငံပြာရည်လေးလဲ ချက်ရင်း သူ့တန်းပလိတ် လေးလဲ ကြွားရင်း ဆိုပြီး ပိုစ့်တင်တာ မသိဘူးအောက့်မေ့ နေလား သူများတွေ သာမသိချင် မသိမယ် နာသိတယ် နော်..။

      Like or Dislike: Thumb up 0 Thumb down 0

    23. IM Flash Smiles

      Like or Dislike: Thumb up 0 Thumb down 0

    24. ညီတော် စာရေးတာလေးတွေလည်းကောင်း သဘောလည်းကောင်း
      နောက်ညီတော် Black Dream လေးလည်းကောင်းလာတော့မှာပေါ့
      ကိုလည်း ညီတော်လိုဘဲရှင်းတမ်းလေးရေးလိုက်အုံးမယ်
      Gtalk ပေါ်မှရှင်းတမ်းလေးတွေလေ

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply