အိပ်မက် နိဒါန်း
မတ်လ ၁ ရက်နေ့ ၂၀၀၆ ခုနှစ်
ညနေ : ၄း၀၀
Golden Triangle Cafe, ပြင်ဦးလွင်။
နိဒါန်း
“ဒီနေ့ ဘာနေ့လဲသိလား..?” လို့ ကျွန်တော်မေးလိုက်တော့…။
” အင်း….နေဦး…။ တို့ကနေ့တွေ ရက်တွေ သိပ်မှတ်လေ့မှတ်ထမရှိဘူး…။ အမှတ်တမဲ့ပဲ…။ ဘာနေ့များပါလိ့မ်…။”
“ဟာ…ဟ ကျွန်တော်နဲ့တော့ လုံးဝ ဆန့်ကျင်ဘက်ပဲ…”
ဒီလိုနဲ့ပဲ ကျွန်တော်နှင့် သူမကြားမှာ လားရာတူသော ဆန့်ကျင်ဘက် ဦးတည်ချက်များနဲ့ စတင်ခဲ့ပါတယ်။ သဘာဝရဲ့ သဘောတစ်ရားတစ်ခုမှာ ခပ်သိမ်းသော အရာတွေဟာ လားရာတူရင် ဦးတည်ချက်တူကြပါတယ်..။ ဦးတည်ချက်တူတဲ့အရာများဟာလဲ လားရာတူတက်ကြပါတယ်…။ ကျွန်တော်နဲ့ သူမအတွက်ကတော့ ခံစားမှုဆိုသောလားရာများတူခဲ့ကြပေမယ့် ခံယူချက်တည်းဟူသော ဦးတည်ချက်တို့ ကွဲပြားခဲ့ကြခြင်းသာ ဖြစ်ပါတယ်။ ဒါကိုကလည်း သူမနဲ့ ကျွန်တော်တို့ရဲ့ လက်တွဲများကို ပိုမိုခိုင်ခံ့စေခဲ့တဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်နိုင်ပါတယ်..။ ဆန့်ကျင် ဘက် ဦးတည်ချက်နှစ်ခုဟာ တစ်နေရာရာ၊ တစ်ချိန်ချိန်မှာတော့ သေချာပေါက် တွေ့ဆုံကြမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်..။
အခန်း (၁)
“ပြောစမ်းပါဦး…။ ဒီနေ့က ဘာနေ့မို့လို့လဲ…” သူမက ကျွန်တော့်မျက်ဝန်းတွေကို သေသေချာချာစူးစူး စိုက်စိုက်ကြည့်ပြီးမေးလိုက်ပါတယ်။
“အိုကေလေ…။ သိချင်တယ်ဆိုတော့လဲ ပြောပြရမှာပေါ့…။ ဇာတ်လမ်းကတော့…”
” Coffee ရပါပြီ…”
” သြော…။ Okay..! သူ့ကို Cappachino ပေးလိုက်ပါ…။ ကျွန်တော်က Espresso Double…!
“အင်း…။ ဆက်စမ်းပါဦး…။”
“သြော်…။ အိုကေ…။ ခဏ….”
“ချွင်….”
ကျွန်တော် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပါတယ်…။ ပြီးတော့ Espresso ရဲ့အရာသာကို နဲနဲမြည်းကြည့်လိုက်တယ်…။
“အင်း…။ ဒီနေ့ ကော်ဖီက ခါတိုင်းထက် နဲနဲပိုပြင်းတယ်ဗျ…”
ကျွန်တော်တို့သည် တစ်ခါတစ်ရံတွင် တစ်စုံတစ်ခုကို လေးလေးနက်နက်ပေါ့ပါး ပြစ်တတ်ကြဖို့လိုပါတယ်….။ တစ်ခါတစ်ရံ တစ်စုံတစ်ခုကို မေ့ ဖျောက်ဖို့… တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် သတိရနေဖို့လိုပါတယ်…။ မများလှတဲ့လောကရဲ့ လှည့်ကွက်တွေကြားမှာ တစ်ခါတစ်ရံ ကျွန်တော် တို့က လောကကို ပြန်လည်လှည့်စားဖို့ အခွင့်အရေးတွေရတတ်ကြပါတယ်…။ ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အသက်ရှူသံတွေကို ဦးနှောက်နဲ့အပြည့်ဖြန့်ကျက်ထားဖို့လိုပါလိမ့်မယ်…။ အဲ…။ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုရဖို့ဆိုရင်တော့ သူမ မျက် ၀န်းက အကြည့်တွေကို စက္ကန့်မလပ် ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့ အပြည့် သိမ်းဆည်းထားတတ်ဖို့လိုတာပေါ့…။
အခန်း (၂)
“ဒီနေ့က March လ တစ်ရက်နေ့ဗျ…။ ကျွန်တော်တို့ အခုလူတွေ အသုံးပြုနေကြတဲ့ နေ့တွေ၊ ရက်တွေ၊ လတွေ၊ နှစ်တွေကို ရောမခေတ်မှာ စတင်, တီထွင်အသုံးပြုခဲ့ကြတယ်…။ အခြားလတွေကိုတော့ မဆိုင်လို့ ကျွန်တော်မရှင်းပြတော့ဘူး..။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဒီလိုနေ့မှာ ရောမစစ်သည်တွေဟာ သူတို့ရဲ့ ရန်သူတွေကို ချေမှုန်းဖို့ စတင်ချီတက်ခဲ့ကြတယ်ဗျ…။ ဒါကိုအစွဲပြုပြီး ဒီလကို March လလို့ သတ်မှတ်ခဲ့ကြတယ်…။ အင်္ဂလိပ် လိုဆိုရင်တော့ March ဆိုတာ စစ်ချီတက်တယ်လို့ အဓိပ္ပါယ်ရတာပေါ့ဗျာ…။ ဆိုလိုတာကတော့ ဒီလိုရက်မျိုးမှာ ရောမခေတ်က စစ်သည်တော်တွေဟာ ရဲဘော်ရဲဘက်အချင်းချင်း လက်တွဲပြီး သူတို့ရဲ့ ရန်သူတွေကို စတင်ချီတက် တိုက်ပွဲဝင်ခဲ့ကြတယ်ပေါ့…။”
ကျွန်တော်စကားစကို ဖြတ်ပြီးသူမကို တစ်ချက်လှမ်းကြည့်လိုက်တော့…။ မျက်လုံးလေးမှိတ်ပြီး..။ ဆိုင်ထဲမှာဖွင့်ထားတဲ့ သီချင်းရဲ့ စာသားကို တိုး တိုးလေးလိုက်ဆိုနေပါတယ်…။ သေချာပါပြီ…။ သူမ ကျွန်တော့်စကားကို သေသေချာချာစူးစိုက်ပြီးနားထောင်နေတယ်…။ တစ်နည်းအားဖြင့် သူမ ကျွန်တော်ပြောတဲ့အကြောင်းကို စိတ်ဝင်စားနေပြီ ဆိုတာကိုပေါ့…။
“ရှင်ဆေးလိပ် နောက်တစ်လိပ်သောက်ဦးမလို့လား…?” မျက်လုံးမှိတ်ထားရာမှ သူမ ကျွန်တော့်ကို လှမ်းမေးလိုက်ခြင်း ဖြစ်ပါတယ်…။
“မဟုတ်ဘူးဗျ…။ ကျွန်တော် နောက်ဆုံးပိတ် ကျည်ဆံတစ်တောင့်ကို ပစ်မလို့…။” ပြောရင်းသူ့လက်ထဲက အခွံသာကျန်တော့တဲ့ စီးကရက်ဘူးခွံ ကို အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်ပါတယ်..။ သူမရဲ့အကြည့်တွေကတော့ စားပွဲပေါ်မှာရှိတဲ့ ပြာခွက်ထဲက ကျည်ခွံတွေပေါ်မှာပါခိုနားလျက်ရှိပါတယ်။
အချစ်မှာ ပေးဆပ်ခြင်းတွေမရှိဘူး..။ အချစ်မှာရယူခြင်းတွေမရှိဘူး..။ အချစ်မှာ ပူလောင်မူတွေမရှိဘူး..။ အချစ်မှာ ပျော်ရွှင်မှုတွေမရှိဘူး..။ လူတစ်ယောက်ကိုချစ်တယ် ဆိုတာအဲ့ဒီ့လူတစ်ယောက်ကို ပိုင်ဆိုင်ဖို့လဲ မဟုတ်ပါဘူး..။ စွန့်လွှတ်ဖို့လဲမဟုတ်ပါဘူး…။ လူတစ်ယောက်ကို တစ်ကယ်ချစ်ရင်..။ အဲ့ဒီ့လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု အတွက် ကျွန်တော်တို့ ဘယ်လောက်လုပ်ပေးနိုင်လဲ ဆိုတာကိုပဲ စဉ်းစားပါ…။ မမေ့ပါနဲ့…။ ကျွန်တော်တို့မှာ မျှော်လင့်တတ်တဲ့ စိတ်တစ်ခုရှိနေသမျှ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းတွေဟာ ဘယ်တော့မှ ပြီးပြည့်စုံလာမှာ မဟုတ်ပါဘူး…။ ဒါပေမယ့်..။ ဘာမှမမျှော်လင့်တတ်တဲ့နောက်မှာတော့ ကျွန်တော်တို့ဟာ အရာအားလုံးနဲ့ အလိုလို ပြည့်စုံနေပြီဆိုတာကို သင်တွေ့ ပါလိမ့်မယ်…။ တစ်ကယ်တော့ အချစ်ဆိုတာဟာ မရှိခြင်းတွေနဲ့ ပြည့်ဝနေတဲ့ လေဟာနယ်တစ်ခုပါပဲ…။ ချစ်သူတွေဆိုတာကတော့ အဲ့ဒီ့ လေဟာ နယ်လေးထဲက မရှိခြင်းတွေရဲ့ သစ္စာတရားနဲ့ နွေးထွေးမှုကို မြင်တွေ့ သိရှိပြီး ခံစားနိုင်သွားကြတဲ့သူတွေပေါ့ဗျာ…။
အခန်း (၃)
“ဒီလိုခမ်းနားတဲ့ အဓိပ္ပါယ်တွေနဲ့ ပြည့်ဝနေတဲ့ နေ့မျိုးမှာ ကျွန်တော့်ဘ၀အတွက် အမျိုးမျိုးသောကောင်းခြင်းတွေ၊ ဆိုးခြင်းတွေကို ရင်ဆိုင်ဖို့ အတွက် ကျွန်တော့်ရဲ့ ရဲဘော်၊ ရဲဘက်တစ်ယောက်အဖြစ် ကျွန်တော့်ရဲ့ လက်ကိုတွဲပြီး ရင်ဆိုင် တိုက်ပွဲဝင်ဖို့ ခင်ဗျားကို ဖိတ်ခေါ်ပါတယ်…။”
အချို့သောအရာများသည် အစရှိသော်လည်း အဆုံးမရှိပါ…။ အချို့သောအရာများမှာတော့ အဆုံးရှိ၍ အစကိုရှာမတွေ့ ဖြစ်တတ်ကြပါတယ်..။ ပြဿနာမရှိပါဘူး…။ မေးခွန်းတိုင်းအတွက် အဖြေမရှိသလို…။ အဖြေတိုင်းတွက်လဲ ပုစ္ဆာတွေလိုက်ထုတ်နေစရာမလိုပါဘူး..။ အဆုံးမရှိတဲ့ လေဟာနယ်ကို ခံစားတတ်ဖို့အတွက် ကျွန်တော်တို့ အတွက် အလိုအပ်ဆုံးက ခံစားတတ်တဲ့နှလုံးသားတစ်စုံရှိရင် လုံလောက်ပါပြီ..။ ကျွန်တော်တို့ နားနဲ့မကြားနိုင်တဲ့ အသံတွေများစွာရှိပါတယ်..။ အချို့သောအသံတွေကို ကြားခြင်ရင် ကျွန်တော်တို့ရဲ့ နားတွေအစား နှလုံးသားကို ခဏလောက် ဖြစ်ဖြစ် နားထောင်ခွင့်ပေးဖို့တော့ လိုပါလိ့မ်မယ်…။
နိဂုံး (သို့မဟုတ်) အိပ်မက်တစ်ခု၏ နိဒါန်း
ကျွန်တော့်ရဲ့ ကော်ဖီစားပွဲပေါ်တင်ထားတဲ့ ညာဘက်လက်မှာ နွေးထွေးနူးညံတဲ့ ထိတွေ့မှုတစ်ခုကို ခံစားလိုက်ရပါတယ်…။ တစ်ချိန်ထဲမှာပဲ ကျွန်တော် အချစ်ဆိုတဲ့လေဟာနယ်တစ်ခုကို မျက်ဝါးထင်ထင် ရှာဖွေတွေ့ရှိခဲ့ပါတယ်…။ ကျွန်တော်တို့ အဲ့ဒီ့နေ့ ကစပြီး ဘ၀တစ်လျှောက်လုံး အဆိုးအကောင်းတွေ အားလုံးကို အတူလက်တွဲ တိုက်ပွဲဝင်ကြဖို့ သံဓိဌာန် ချမှတ်လိုက်ကြပြီးဖြစ်ပါတယ်..။
“ရှင်အခုလာနေတဲ့ သီချင်းကို ဘယ်လိုခံစားရလဲ…”
” ဒီသီချင်းက ကိုယ်တို့နှစ်ယောက်အတွက် ရှေ့ပြေးနိမိတ်ပဲလေ….။ အရေးကြီးတာက လက်တွဲတွေ ခိုင်ခိုင်မြဲဖို့ပါ…။”
“ဒါနဲ့ အခုချိန်ထိ ရှင်ကျွန်မနာမည်ကို မမေးသေးဘူးနော်…”
” မလိုပါဘူး…။ ကိုယ့်ဆီမှာ မင်းအတွက် ကိုယ်တိုင် ထုဆစ်ထားတဲ့ နာမည်တစ်လုံးရှိပြီးသားပါ….ငယ်”
လက်တွဲပြီး ထွက်ခွာသွားတဲ့ ချစ်သူနှစ်ယောက်ရဲ့နောက်….။ ကော်ဖီဆိုင်လေးထဲမှာတော့ အဲလက်စ်ရဲ့ “အိပ်မက်ထဲက အိပ်မက်များ” ဆိုတဲ့ တေးသံ ဟာ ပျံ့လွင့်လို့သာနေပါတော့ တယ်…။
P.S- ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှသည် နောင်နှစ်ပေါင်းများစွာ မင်းနဲ့အတူ အိပ်မက်တွေ ဆက်မက်နေခွင့်ပြုပါချစ်သူ…။








Congratulation !!!… ထာဝရ အတွက် ခိုင်မြဲတဲ.လက်တွေဖြစ်ပါစေကွာ … အားကျသွားပါတယ်ဗျို. ။
Like or Dislike:
0
0
ဘယ်လိုပြောရမလဲ… ဘာမှမပြောတတ်တော့ဘူး။ ဖတ်ပြီး အပျော်တစ်ခု ကူးစက်သွားတယ်။
နိဒါန်းကိုတွေ့ကတည်းက ရိပ်တော့ ရိပ်မိပြီးသားပဲ
March ဆိုတဲ့ စကားလုံးလေးတစ်လုံးတည်းနဲ့ အိပ်မက်တစ်ခုကို ထုဆစ်လိုက်တယ်တဲ့….
၃ နှစ်မကပါဘူး နောက်ထပ် ၃ဘ၀၊ ဘ၀ပေါင်းများစွာအထိ မေလေးရဲ့လက်ကိုတွဲလို့ တိုက်ပွဲပေါင်းများစွာကို အောင်မြင်စွာ ဆက်လက်ချီတက် တိုက်ခိုက်သွားနိုင်ပါစေ လို့ အစ်မဆုတောင်းပေးပါတယ်။
Like or Dislike:
0
0
နှစ်ပေါင်းများစွာ ဘဝပေါင်းများစွာ ပြီးတော့ အိပ်မက်ပေါင်းများစွာ
ချစ်သူနှစ်ဦးပျော်ရွှင်ပါစေ
Like or Dislike:
0
0
ချစ်ခွင့်တောင်းတဲ့ စကားလုံးတွေ ကိုတော့ အကြိုက်ဆုံးပဲဟေ့..။
ဒါပေမယ့် နာမည် တောင် မသိတာတော့ဆိုးတယ်ကွာ..။
Like or Dislike:
0
0
သည် ၃ နှစ်ပြည့်မှသည် နောင် နှစ်ပေါင်း များစွာသို့
Like or Dislike:
0
0
နောင်နှစ်ပေါင်းများစွာ အိမ်မက်တွေ ဆက်လက်မက်ပါစေ
Like or Dislike:
0
0
အလဲ့ …
တယ်ဟုတ်ပါလားကိုဘလက်ရ ….
ရွှေလက်တို့ မြဲသည်ထက်မြဲပါစေဗျာ ….
နှစ်ပေါင်းအနန္တတိုင် …………………
Like or Dislike:
0
0
Congratulation Bro!
နောက်နှစ်ပေါင်းများစွာတိုင် မမ နဲ့လက်တွဲနိုင်ပါစေ….
Like or Dislike:
0
0
နောင်နှစ်ပေါင်းများစွာလည်း ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေသတည်း….
Like or Dislike:
0
0
3နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စရာကောင်းတဲ့ အိပ်မက်ပေါင်းများစွာကို ဆက်လက်မက်နိုင်ပါစေနော်
Like or Dislike:
0
0
happy anni bro and sis…
wish u happy days ahead..
Like or Dislike:
0
0
happy anni bro and sis..
wish ya guys happy days ahead.. ^^
Like or Dislike:
0
0
ကိုယ်တိုင်ထုဆစ်သော ချစ်ခြင်းများဖြင့် တစ်သက်တာလက်တွဲ ခိုင်မြဲသောချစ်သူများအဖြစ် ပျော်ရွှင်ကြပါစေ။
“အချစ်မှာ ပေးဆပ်ခြင်းတွေမရှိဘူး..။ အချစ်မှာရယူခြင်းတွေမရှိဘူး..။ အချစ်မှာ ပူလောင်မူတွေမရှိဘူး..။ အချစ်မှာ ပျော်ရွှင်မှုတွေမရှိဘူး..။ လူတစ်ယောက်ကိုချစ်တယ် ဆိုတာအဲ့ဒီ့လူတစ်ယောက်ကို ပိုင်ဆိုင်ဖို့လဲ မဟုတ်ပါဘူး..။ စွန့်လွှတ်ဖို့လဲမဟုတ်ပါဘူး…။”
ဆိုတဲ့စာသားတွေကို နှစ်သက်မိပါတယ်။
Like or Dislike:
0
0
အိပ်မက် နိဒါန်း—
အိပ်မက် နိဒါန်း
အိပ်မက် နိဒါန်း
ကျမ–တိုးတိုးလေးအကြိမ်များစွာရွတ်ဆိုနေမိတယ်–
အချစ်ဆိုသည့်အရာဟာအင်မတန် သိမ်မွှေ့နက်ရှိုင်းပါလား–
ကျမ ည ကအိပ်မက်လေးကို မှတ်မှတ်ရရ ဖြစ်မိသွားတယ်—
ဒီလောက် အပေါင်းအသင်းများပြီး –
မင်းဝါသနာပါတာကို ဆက်လုပ်နေမယ်ဆိုရင်————-
ကျမ-ကို တယောက်ထဲ–ထားခဲ့တော့မှာပေါ့—လေ–
အိပ်မက်ထဲမှာတောင် ကျမ–ကံမကောင်းခဲ့ပါဘူး-
ကိုဘလက်ရေ–ချစ်သူနှစ်ဦး ကံကောင်းခြင်းများစွာ
တွေ့ကြုံနိုင်ပါစေ—
Like or Dislike:
0
0
အကြိုက်ဆုံး က ဒီစာပိုဒ် လေးပါ
အရမ်း ဖတ်လို့ ကောင်းတယ်..။
…………….
အချစ်မှာ ပေးဆပ်ခြင်းတွေမရှိဘူး..။ အချစ်မှာရယူခြင်းတွေမရှိဘူး..။ အချစ်မှာ ပူလောင်မူတွေမရှိဘူး..။ အချစ်မှာ ပျော်ရွှင်မှုတွေမရှိဘူး..။ လူတစ်ယောက်ကိုချစ်တယ် ဆိုတာအဲ့ဒီ့လူတစ်ယောက်ကို ပိုင်ဆိုင်ဖို့လဲ မဟုတ်ပါဘူး..။ စွန့်လွှတ်ဖို့လဲမဟုတ်ပါဘူး…။ လူတစ်ယောက်ကို တစ်ကယ်ချစ်ရင်..။ အဲ့ဒီ့လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု အတွက် ကျွန်တော်တို့ ဘယ်လောက်လုပ်ပေးနိုင်လဲ ဆိုတာကိုပဲ စဉ်းစားပါ…။ မမေ့ပါနဲ့…။ ကျွန်တော်တို့မှာ မျှော်လင့်တတ်တဲ့ စိတ်တစ်ခုရှိနေသမျှ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းတွေဟာ ဘယ်တော့မှ ပြီးပြည့်စုံလာမှာ မဟုတ်ပါဘူး…။ ဒါပေမယ့်..။ ဘာမှမမျှော်လင့်တတ်တဲ့နောက်မှာတော့ ကျွန်တော်တို့ဟာ အရာအားလုံးနဲ့ အလိုလို ပြည့်စုံနေပြီဆိုတာကို သင်တွေ့ ပါလိမ့်မယ်…။ တစ်ကယ်တော့ အချစ်ဆိုတာဟာ မရှိခြင်းတွေနဲ့ ပြည့်ဝနေတဲ့ လေဟာနယ်တစ်ခုပါပဲ…။ ချစ်သူတွေဆိုတာကတော့ အဲ့ဒီ့ လေဟာ နယ်လေးထဲက မရှိခြင်းတွေရဲ့ သစ္စာတရားနဲ့ နွေးထွေးမှုကို မြင်တွေ့ သိရှိပြီး ခံစားနိုင်သွားကြတဲ့သူတွေပေါ့ဗျာ…
.
Like or Dislike:
0
0
၃ နှစ်တောင်ပြည့်သွားပြီနော်..။ဂုဏ်ယူပါတယ် အစ်ကိုရေ..။ ချစ်ခွင့်တောင်းတဲ့ စကားလုံးတွေ မှတ်သွားပါတယ်…။
Like or Dislike:
0
0
သြော် အချစ် အချစ်…. ဘ၀အတွက် အကောင်းဆုံးလောင်စာ တစ်ခုဖြစ်သလို ဘ၀အတွက် အလောင်ကျွမ်းလွယ်ဆုံး လောင်စာလဲဟုတ်တယ်နော့်…။ သေချာ ဂရုတစိုက် ပြုစုပျိုးထောင် နိုင်ပါစေ…။ အချိန်ကာလတစ်ခုထက် အနစ်သာရပြည့်ဝတဲ့ အချိန်တွေကပို အရေးကြီးတယ်။ အချင်းချင်း အမြဲနားလည် နိုင်ပြီး အိမ်မက်မဲလေးတွေ အများကြီး တည်ဆောက်နိုင်ပါစေ
Like or Dislike:
0
0
Thz 4 yr comments bro..
I want to leave comment 4 u also..but suddenly I can’t type in Burmese..However..I will come and read when I free..at the moment..I’m also busy…that’s why..u never see my new post
I love this post also…how nice ah!!
Like or Dislike:
0
0
ကိုအိပ်မက်မည်းရေ…. အားကျပါ၏…
Like or Dislike:
0
0
(((ကတောက်)))…
ရေးချက်.. လန်ထွက်နေပြန်ပြီ… ဟိုတစ်ယောက်တော့ မသိဘူး.. ဖတ်တဲ့သူတော့ အရည်ပျော်ချင်သွားတယ်။ ဖတ်နေရင်း.. ကိုယ့်ကိုကိုယ် မနည်းအဖတ်ဆယ်လိုက်ရတယ်.. မဲကြီးရာ..
တကယ်မြဲတဲ့ လက်တွေအတွက်.. ဂုဏ်ယူနေမယ်ဟေ့…
Like or Dislike:
0
0
အချစ်တွေ အမြဲထာဝရရှင်သန်ပျော်မြူးနိုင်ပါစေဗျာ ။
Like or Dislike:
0
0