၂၄ ခုမြောက် တံခါးတစ်ချပ်…
တစ်ခါတလေကြရင် ကျွန်တော်တို့တွေ အချိန်တွေက အကုန်မြန်တာလို့ခံစားရတတ်ပါတယ်..။ တစ်ခါတစ်လေတော့လဲ တော်တော်လေးကို ကြာ နေတယ်လို့ ခံစားရတတ်ပါတယ်..။ အမှန်တော့ ဒါတွေဟာ Reativity Theory အရ ကျွန်တော်တို့စိတ်ကြောင့်သာ အနှေးအမြန်တွေ ဖြစ်နေကြခြင်းဖြစ်ပါတယ် ။ အချိန်တွေကတော့ ပုံမှန်ပဲ သွားလာနေကြစမြဲ…။ ကျွန်တော်တို့ကို လှည့်စားနေကြမြဲပဲဖြစ်ပါတယ်…။
Relativity Theory ထဲမှာ အိုင်းစတိုင်းက ဒီလိုရှင်းပြထားပါတယ် ” ကျွန်တော်တို့ စာမေးပွဲ (ကိုယ်မဖြေနိုင်တဲ့) အခန်းတစ်ခုထဲမှာရောက် နေ တယ်ဆိုရင် အချိန်တွေက တော်တော်နဲ့ကို မကုန်နိုင်တော့ပါဘူး..။ လူကလည်း ဇောချွေးတွေပြန်လို့..။ ဘာရေးလို့ရေးရမှန်းလဲမသိ…။ အချိန်တွေကလည်း တော်တော်နဲ့ကို မကုန်တော့ပါဘူး…။ အဲ့ဒီလိုအချိန်မှာ ကျွန်တော်တို့ အချိန်တွေကို ကြာလိုက်တာလို့ မြည်တွန်တောက် တီးတတ်ကြပါတယ်…။ အဲ..။ ဒါပေမယ့်..။ ကျွန်တော်တို့ သိပ်ချစ်တဲ့ ချစ်သူရဲ့ ဘေးနားမှာများ ကျွန်တော်တို့တွေ ရှိနေခဲ့မယ်ဆိုရင်တော့ အချိန်တွေ အကုန်မြန်သွားကြပုံများ ဘယ်ကနေ ဘယ်လို ကုန်သွားမှန်းကို မသိတော့ပါဘူး..။” လို့အချိန်ရဲ့ ပရမတ် တစ်ခုကို ရှင်းပြသွားပါတယ်..။
တကယ်တော့ ကျွန်တော်တို့ လူသားတွေဟာ အချိန်ဆိုတဲ့အရာတစ်ခုရဲ့ လှည့်စားခြင်းကို ခံနေခဲ့ကြရခြင်းသာဖြစ်ပါတယ်…။ ကိုမင်းတစေ ရေးခဲ့တဲ့ ပို့စ်တစ်ခုထဲက စာသားကို ပြန်ကိုးကားပြီးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့လူသားတွေဟာ ကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့ အချိန်ဆိုတဲ့ လှောင်အိမ် ထဲမှာ ကိုယ်တိုင်ပြန်ပြီး အချုပ်နှောင် ခံနေကြရခြင်းသာ ဖြစ်ပါတယ်…။ ဒါတွေကို သေသေချာချာ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ တွေ ဝေမှု (Illusion) တွေကို အတိုင်းသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်…။
ဒီလိုတွေဝေမှုတွေ ဖြစ်ရခြင်းဟာ ကျွန်တော်တို့ဟာ မိမိရဲ့ ဖန်တီးနိုင်မှု၊ သိမြင်နိုင်မှု၊ လုပ်ဆောင်နိုင်မှု အစရှိတဲ့ Inspiration တွေကို ကိုယ်တိုင် ချိုးနှိမ် အကျဉ်းချထားလို့ပဲဖြစ်ပါတယ်…။ တကယ်တော့ Inspiration ဆိုတာဟာ စိုက်ပျိုးအပ်တဲ့ အပင်လေးတစ်ခုပါ…။ သူ့ကို Self Cofindence, Self Control အစရှိတဲ့ မိမိကိုယ်ကို ယုံကြည်မှု၊ ထိမ်းသိမ်းစောင့်ရှောက်နိုင်မှု စတဲ့ မြေသြဇာလေးတွေ ကျွေးပြီး ကျွန်တော်တို့ စနစ်တကျစိုက်ပျိုးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အနာဂတ်တွေဟာ လှပစွာ ဖူးပွင့် ဝေဆာလာမှာ မလွဲပါဘူး…။
ကျွန်တော်တို့လူသားတွေဟာ မကြာခဏလည်း ထွက်ပေါက်ပျောက်နေတတ်ကြပါတယ်..။ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုကို အသေအလဲ ရှာနေကြတယ် လို့ပြောလို့လဲရပါတယ်..။ တကယ်ဆိုရင် အဲ့ဒါကလည်း ကျွန်တော်တို့ရဲ့ မှားယွင်းနေမှုတစ်ခုလို့ ကျွန်တော်ထင်ပါတယ်..။ တကယ်တော့ ထွက်ပေါက်ဆိုတာ ကျွန်တော်တို့ တကူးတက လိုက်ရှာနေစရာမလိုပါဘူး…။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ကိုက ကျွန်တော်တို့ ဘ၀တွေအတွက် ထွက်ပေါက် (Exit) ဖြစ်နေလို့ပါပဲ…။
ကျွန်တော် စကားလုံးလေးနှစ်လုံးကို ငယ်ငယ်ကတည်းက သဘောကျမိတာရှိပါတယ်..။ Exist နဲ့ Exit ပါ…။ ကျွန်တော်တို့ ဘ၀တွေ ဖြစ်တည် (Exist) နေ မျှ ကျွန်တော်တို့မှာ ကိုယ်ပိုင်ထွက်ပေါက် (Exit) တွေဟာ အတိအကျကို ရှိနေပြီးသားလို့ ကျွန်တော်ယုံကြည်ပါတယ်..။ တကယ်တော့ ဘုရားသခင်က ဖန်ဆင်းပေးခဲ့တယ့် ကျွန်တော်တို့ ဘ၀တွေရဲ့ ဖြစ်တည်မှုဟာ ပြီးပြည့်စုံပြီးသားဖြစ်ပါတယ်…။ ဒါဆိုရင် သောကတွေ၊ အလိုမကျမှုတွေ၊ မပြည့်စုံမှုတွေက ဘာလဲလို့ မေးလာပါလိ့မ်မယ်..။ ဟုတ်ပါတယ်…။ အဲ့ဒါတွေကိုယ်တိုင်ကိုက လူတစ်ယောက်ရဲ့ ဖြစ်တည်မှု တစ်ခုထဲမှာ မဖြစ်မနေပါဝင်နေရမယ့် အဓိကသရုပ်ဆောင် (Main Character) တွေပါပဲ…။
ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုထဲမှာ သူတို့သာမပါဝင်ခဲ့ဖူးဆိုရင် ကျွန်တော်တို့ရဲ့ ကာလသုံးပါးဟာ တကယ်ကို ပျင်းခြောက်ခြောက်နဲ့ ငြီးငွေ့ဖွယ် အတိ ဖြစ်နေမှာသေချာပါတယ်…။ တကယ်တော့ လောကရဲ့ အနိဌာရုံနဲ့ သောကတွေဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ချမ်းသာမှု၊ အဆုံးစွန်ဆုံး လွတ် မြောက်မှု (နိဗ္ဓာန် သို့မဟုတ် ကောင်းကင်ဘုံ) အတွက် တကယ့်ကို မိတ်ဆွေကောင်းတွေပါပဲ…။ သူတို့ဟာ တကယ့်မိတ်ဆွေစစ်စစ်တွေပါ…။ တစ် ချိန်ထဲမှာပဲ သူတို့ဟာ ကျွန်တော်တို့ အတွက် လှေခါးထစ်တွေတဖြစ်လဲ ပါရမီဖြည့်ဘက်တွေ အနေနဲ့ ရှိနေပါတယ်။ ဘယ်လိုလှေခါးထစ်တွေလဲ ဆိုရင်တော့ ကျွန်တော်တို့ဘ၀ မြင့်သထက်မြင့်မားပြီး အဆုံးစွန်ဆုံးသော လွတ်မြောက်မှုတစ်ခုအထိရောက်ရှိအောင် ပို့ဆောင်ပေးမယ့် ဘ၀ရဲ့ လှေခါးထစ်တွေပဲပေါ့…။
ကျွန်တော့်အမြင်အရတော့ လောကရဲ့သာယာမှု၊ ကြည်နူးပျော်ရွှင်မှုဆိုတာတွေကမှ ကျွန်တော်တို့ဘ၀တွေအတွက် တကယ့် ရန်သူအစစ်တွေပါ။ သူတို့က ကျွန်တော်တို့ကို စွဲလမ်းမှုတွေ၊ တပ်မက်မှုတွေ ပေးပါတယ်..။ အနတ္တကို အတ္တဖြစ်စေပါတယ်…။ ရမက်ဖြစ်စေပါတယ်..။ တဏှာဖြစ်စေ ပါတယ်…။ ကျွန်တော်တို့ ရိုးရိုးလေးစဉ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်…။ လောကဓံဆိုတာ (၈) ပါးထက်မပိုပါဘူး..။ အဲ့ဒီ့ မများလှသော ရှစ်ပါးကို ကျွန်တော်တို့ သေသေချာချာ ခွဲခြမ်းပြီး Analyse လုပ်ကြည့်မယ်ဆိုရင် ကောင်းခြင်းနဲ့ဆိုးခြင်းဟာ တစ်ဘက်ကို (၄) ခုစီ မျှတစွာ ပါဝင်နေတာကို တွေ့ရပါလိ့မ်မယ်…။ မပူပါနဲ့…။ ဘယ်တော့မှ (၈) ပါးထက်ပိုလာမှာမဟုတ်ပါဘူး..။
ဒါကြောင့် ကျွန်တော်ပြောတာပါ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှု Existence (မဂ္ဂဇင်းမဟုတ်ပါ
) က အားလုံးကို ပြီးပြည့်စုံစွာ ဖန်ဆင်းပေးခဲ့ပါတယ်လို့…။
ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ပူပင်သောကတွေကို ကျွန်တော်တို့ အမြင်တစ်မျိုးပြောင်းကြည့်ကြပါစို့…။ ကျွန်တော်တို့ရဲ့ တပ်မ တော်အကြီးအကဲ တစ်ယောက်ပြောခဲ့တဲ့ စကားတစ်ခွန်း (ကျွန်တော်တို့ သင်တန်းဆင်းတုန်းက ပြောခဲ့တဲ့ မိန့်ခွန်းထဲမှ ကောက်နှုတ်ချက်ပါ) ကို ကျွန်တော် တော်တော်လေး နှစ်သက်မိပါတယ်…။
“…ရဲဘော်တို့ တကယ်တော့ အခက်အခဲတွေ၊ ဒုက္ခဆင်းရဲတွေဆိုတာဟာ ရဲဘော်တို့အတွက် ရန်သူတွေမဟုတ်ပါဘူး..။ မိတ်ဆွေပါ..။ အထောက် အပံ့တွေပါ…။ ရဲဘော်တို့အနေနဲ့သိထားရမှာက အခက်အခဲတွေ ဒုက္ခတွေနဲ့ တွေ့ကြုံကြတဲ့ အချိန်တွေမှာ ရှောင်ဖယ်ဖို့မကြိုးစားပဲ ရင်ဆိုင်ကြဖို့ပဲ ဖြစ်ပါတယ်..။ တကယ်တော့ ပြဿနာအခက်အခဲတွေဆိုတာ ရဲဘော်တို့ ဘ၀တွေ အတွက် လှေခါးထစ်တွေပဲ ဖြစ်ပါတယ်..။ ပြဿနာတစ်ခုကို ရှင်ဆိုင် ဖြေရှင်းနိုင်ခြင်းဟာ လှေခါးထစ်တစ်ဆင့်ကို အောင်မြင်စွာ ကျော်ဖြတ် ခြေခြနိုင်ခြင်းလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်..။ ရဲဘော်တို့အနေနဲ့ ပြဿနာတွေ အခက်အခဲတွေ များများရင်ဆိုင်ရလေ..။ သို့မဟုတ် များများ ကျော်လွှားနိုင်လေ ရဲဘော်တို့ရဲ့ အရည်အချင်းတွေ ပိုမိုထက်မြက်ကောင်းမွန်လာပြီး လှေခါးတစ်တွေကို တထစ်ပြီး တထစ်နင်းဖြတ်နိုင်ကာ ဘ၀ရဲ့အောင်မြင်မှုတွေကို အမြန်ဆုံးရောက်ရှိမှာ ဖြစ်ပါ တယ်..။ ပြဿနာတွေ၊ အခက်အခဲတွေကို ရင်မဆိုင်ပဲ ရှောင်လွဲနေမယ်ဆိုရင်တော့ ရဲဘော်တို့ဟာ ကိုယ့်ဘ၀ရဲ့ အောင်မြင်မှုကို ရှောင်လွှဲနေတာနဲ့ အတူတူပဲ ဖြစ်ပါလိ့မ်မယ်…” ဆိုပြီးမှာကြားခဲ့ပါတယ်..။
အတိအကျမဟုတ်ပေမယ့် သူပြောခဲ့တဲ့အနှစ်သာရက အဲ့ဒီ့အတိုင်းပါပဲ…။ ကျွန်တော်ဘ၀မှာ အခက်အခက်တွေနဲ့ ကြုံတွေ့ရတိုင်းအဲ့ဒီ့စကားကို အမြဲ သတိရမိပြီး ကျွန်တော်ကြိုးစားခဲ့ပါတယ်…။ နောက်တစ်ခုရှိပါသေးတယ်..။ တကယ်တော့ ကျွန်တော်တို့ ဘ၀တွေရဲ့ အခက်အခဲတွေ၊ ပြဿနာ တွေဆိုတာ ကျွန်တော်တို့ လူသားတွေအတွက် အနှစ်သာရအရှိဆုံး၊ အလှပဆုံး ဟာသ ဇာတ်ကွက်တွေပါပဲ…။ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ကြုံတွေ့ရချိန်တိုင်းမှာ ပြုံးနိုင်အောင်ကြိုးစားဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်…။ ကျွန်တော်လဲ ကြိုးစားခဲ့ပါတယ်..။ မယုံမရှိပါနဲ့ ပြဿနာ၊ အခက် အခဲတွေဟာ ကျွန်တော်တို့ သူတို့ကို စေ့စေ့ကြည့်ပြီး ပြုံးလိုက်တဲ့ အပြုံးဒဏ်ကို သူတို့မခံနိုင်ကြပါဘူး..။ ခဏတာအတွင်းမှာပဲ လက်နက်ခြ အညံ့ခံ သွားကြပါလိ့မ်မယ်..။ အဲ့ဒီ့အခါကြတော့ ကျွန်တော်တို့ နောက်ထပ် လှေခါးတစ်ဆင့်ကို ပြုံးပြီး ဆက်တက်ကြရုံပေါ့…။
ကျွန်တော်တို့ရဲ့ သဘာဝတရားကြီးထဲမှာ အဆိုးဆိုတာမရှိရင် အကောင်းဆိုတာလဲ ဖြစ်မလာပါဘူး..။ အားလုံးဟာ ဆက်စပ်မှု (Relative) ရှိနေပါ တယ်..။ ကျွန်တော်တို့ရဲ့ သဘာဝကြီးထဲမှာ လူဆိုးဆိုတာ မရှိရင် လူကောင်းဆိုတာ ရှိမလာတော့ပါဘူး..။ ဘာကြောင့်လဲ ? ဒီလူတစ်ယောက် ကောင်းတယ်ဆိုတာကို ပေါ်လွင်ဖို့ ဆိုးတယ်ဆိုတဲ့ လူတစ်ယောက်မရှိပဲ လူကောင်းဆိုတဲ့ စကားလုံး (သို့မဟုတ်) ဝေါဟာရတစ်ခုကို ဘယ်လိုမှ တည်ဆောက်လို့မရသောကြောင့် ဖြစ်ပါတယ်…။ ကျွန်တော်တို့လူသားတွေရဲ့ သဘာဝအရ အမြဲ လိုလိုပင် တစ်ခုထက်ပိုလာပါက နှိုင်းယှဉ်ကြည့် ကြတာ ထုံးစင်တစ်ခုပင်ဖြစ်နေကြပြီ ဖြစ်ပါတယ်..။ ကျွန်တော်တို့ နှိုင်းယှဉ်ကြည့်ကြတာပေါ့…။ ဒါပေမယ့် သူများနဲ့တော့မဟုတ်ဘူး..။ မနေ့က ကျွန်တော်တိုနဲ့ ဒီနေ့ ကျွန်တော်တို့ကိုပေါ့ဗျာ…။
ဒါပေမယ့် လောကမှာ ဘယ်အရာပဲ ဖြစ်ဖြစ် အစွန်းရောက်တာ မကောင်းဘူးဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ သတိထားကြရမှာ ဖြစ်ပါတယ်..။ မည်သို့ပင် ဖြစ်စေ အချိန်တွေ၊ ပညတ်တွေရဲ့ လှည့်စားမှုအောက်မှာ အတူကွ လှည့်စားခံနေကြရတဲ့ ကျွန်တော်တို့ လူသားတွေအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အပြန်လှန်ကူညီစောင့်ရှောက်ကာ ကျွန်တော်တို့ရဲ့ အသီးသီးသော ကိုယ်ပိုင်ထွက်ပေါက်တွေကို ပြုံးရွှင်စွာ ရှာဖွေတွေ့ ရှိနိုင်ကြပါစေလို့ ဆုတောင်းရင်း…..
………ကျွန်တော့်ရဲ့ ၂၄ နှစ်မြောက်မွေးနေ့အတွက် အမှတ်တရရေးသားလိုက်ပါတယ်…။
P.S- ကျွန်တော်ချစ်သော ကျေးဇူးရှင် မိဘနှစ်ပါး၊ သင်ဆရာ။ မြင်ဆရာ၊ ကြားဆရာများအားလုံးနှင့်တကွ ကျွန်တော့်ကို မွေးဖွားခွင့်ပေးခဲ့သော ကျွန်တော်ချစ်တဲ့ အမိမြန်မာနိုင်ငံကြီး ကျန်းမာ ပျော်ရွှင်နိုင်ပါစေလို့ ကျွန်တော် အဝေးမှပဲ ဦးချကန်တော့ မေတ္တာပို့လိုက်ပါတယ်…။








ဟက်ပီးဘတ်ဒေး ပါညီရေ မင်္ဂလာ ရှိတဲ့ မွေးနေ့ဖြစ်ပါစေ.
ပြောချင်တာတွေတော့ နောက် ၂ နာရီကြာမှ ပြောတော့မယ် ဟိ ဟိ.
Like or Dislike:
0
0
Happy Birthday ပါ ….သယ်ရင်းရေ …
ဒီ ( ၂၄ ) နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အဓိပ္ပါယ်ရှိသော နေ့များဖြစ်ပါစေ ………
ခင်မင်စွာဖြင့်
မနောသား
Like or Dislike:
0
0
ဟမ်း Birthday မှာ ကိတ်မကျွေးပဲ မိန့်ခွန်း ပြောလွတ်တာကို ခေါင်းငုံ့ခံသွားတယ်ဗျို့။ :glad:
မွေးနေ့ပိုင်ရှင်ကြီး လဲအစွန်းရောက် မဖြစ်စေနဲ့နော်။
မွေးနေ့လက်ဆောင်

ပျော်ရွှင်ဖွယ်ရာ အမှတ်တရနေ့လေးဖြစ်ပါစေ…
မျော်လင့်ချက်နဲ့ စိတ်ကူးတွေ ညီမျှခြင်းတစ်ခုမှာ ရှိပါစေ….
အမှန်တရားကို လက်ကိုင်ထားနိုင်ပြီး အမှန်တရားရဲ့ အလင်းဆောင်နိုင်သူ ဖြစ်ပါစေ…..
မွေးနေ့ဆုတောင်းများအားလုံးလဲ ပြည့်ပါစေ ဘလက်ကြီးရေ…..
Like or Dislike:
0
0
ဟကောင်ကြီး .. မင်းက Birthday Wish လုပ်ကာနီးမှ SignOut :သွားရတယ်လို့ :O .. ဘာမပြောညာအပြောနဲ့ .. ထားပါ .. မနက်ဖြန်မှ တွေ့ကြသေးတာပေါ့ .. အဟေးဟေး..
ငါကတော့ ဆုမပေးတတ်ဘူးဟ ဆုပဲယူတတ်တာ ..
အားလုံးပြောကြတဲ့ အတိုင်းပါပဲ ..
Like or Dislike:
0
0
ဘလက်ကြီးရေ .. အရာရာအောင်မြင်ပါစေဗျာ..
ဟက်ပီးဘက်ဒေးပါ …
Like or Dislike:
0
0
ဟာ… ငါအရင်ဆုံး ဆုတောင်းပေးမလို့ဟာ.. အဟင့်.. နောက်ကျသွားပြီး… သယ်ရင်းကြီး… ကျန်းမာပျော်ရွှင်ပြီး ရည်မှန်းချက်တွေ ပြည့်ဝကာ တိုင်းပြည်အကျိုးပြုနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပါစေ….. (နာ့တော့ မမေ့နဲ့နော်.. အဲဒိ အချိန်ကျရင်.. ငါဆုတောင်းပေးလို့ရတာ.. အဟိ)..
Happy Birthday…………..
၂၄ နှစ် ပြည့်တာဆိုတော့ ငါ့ထက် ၄ နှစ်ကြီးတာပေါ့.. ဟဲ. ဟဲ…
Like or Dislike:
0
0
ပျော်ရွှင်သော မွေးနေ့ပါ ကိုယ့်လူ။ စကားလုံးတွေ ပိုလေးနက်လာတယ်။ မနေ့က ဘလက်ထက် ဒီနေ့ ဘလက်က ပို နက်ပြောင်နိုင်ပါစေ။ အဟတ်ဟတ်။
Like or Dislike:
0
0
အစ်ကိုရေ…မွေးနေ့မှာပျော်ရွှင်ပါစေ…
Club ရောက်နေလို့ ခုမှလာဆုတောင်းဖြစ်တယ်…
Like or Dislike:
0
0
မိန်းမယူဖို့ အသက်ပြည့်နေပြီ … အိမ်ထောင်ပြုဖို့ အသက်ပြည့်ပါပြီ
… ညီလေး အသက်ရာကျော် ပျော်ပျော်ရွှင်ရွှင် အမြဲတမ်း ဖြစ်ပါစေ။
Like or Dislike:
0
0
Happy Birthday!!!!
မွေးနေ့လက်ဆောင်အဖြစ် ပေးစရာကတော့ သြ၀ါဒပဲ ရှိတယ်…း)
လို… တို… ရှင်း… ပေါ့… – ကျုပ်ကျက်လိ…
ကိုယ့်အသားကို ကိုယ့်ဓါးနဲ့ ပြန်မလှီးမိစေနဲ့…
၂၄ ဆိုတာ ၄၂ ဖြစ်ဖို့ နောက်ထပ် ၁၈ နှစ်လိုသေးတယ်…
Like or Dislike:
0
0
Happy Birthday!!!! အသက်ရှည်ခြင်း အနာမဲ့ခြင်း အဆင်းမလှခြင်း( ခုလောက်လှနေရင်တော်တော့ ) တွေ တစ်လုံးတစ်ဝ ရပါစေဗျာ )
Like or Dislike:
0
0
ပျော်ရွင်အောင်မြင်သော မွေးနေ့ များမှ သည် တည်ငြိမ်ရင့် ကျက် စွာပီတိ
ဖျာသောမွေးနေများကို ဆက်လက် ဖြတ်သန်းနိုင်ပါစေ အတွေးသမား
ညိငယ်ရေ့ …
Like or Dislike:
0
0
BlackDream..,
ကိုယ်ချစ်ခင်လေးစားရတဲ့ သူတွေရဲ့ မွေးနေ့ဆိုတာ ကျရောက်လာရင် လေးနက်စွာ ”မွေးနေ့ဆုမွန်” ဆိုတာ ပေးရတယ်။
BlackDream ဆိုသူဟာ နန္ဒာ့အတွက် မိတ်ဆွေကောင်း ပီသသူ မြန်မာဘလော့ဂါတဦးဖြစ်တဲ့ အတွက် BlackDream ရဲ့ ”၂၄နှစ်ပြည့် မွေးနေ့အတွက်” ပျော်ရွှင်ကြည်နူးစွာ ဆုမွန်လာခြွေပါတယ်။
”မနက်ဖြန်ဆိုတာ ရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ” ဆိုတဲ့အတိုင်း….,
ပြီးပြည့်စုံတဲ့ မနက်ဖြန်တိုင်းကို ပိုင်ဆိုင်နိုင်ကာ မိဘနဲ့ နိုင်ငံတော်ပေါ် အကျိုးရှိတဲ့ သားကောင်း၊ တပ်မတော် အရာရှိကောင်း ပီသနိုင်ပါစေ။
အဓိပ္ပယ်ရှိတဲ့ အနက်ရောင် အိပ်မက်တစ်ခု၏ ဝိဥာဉ်များ အမြဲ ပျံလွှင့်နိုင်ပါစေ။
ခင်မင်စွာ..,
စိုးမြနန္ဒာသက်လွင်
Like or Dislike:
0
0
ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေဗျာ ။ နောင်နှစ်ပေါင်း များစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ ။
Like or Dislike:
0
0
ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေနော်၊
Like or Dislike:
0
0
အိပ်ပျော်နေလို့ နံပါတ် ၁၄ ပဲရတယ်
ဘာပဲဖြစ်ဖြစ် အစ်မ အရင်ဆုံး wish လုပ်ပေးပြီးသွားပြီနော်
ဒီနေ့ ဘလက်ထက် နက်ဖြန်ဘလက်က အောင်မြင်မှုတွေ ပိုပြီး ပိုင်ဆိုင်နိုင်ပါစေ။ ပိုပြီး ရင့်ကျက်လာနိုင်ပါစေ
Like or Dislike:
0
0
ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေဗျာ
Like or Dislike:
0
0
မွေးနေ့မှာပျော်ရွှင်ပါစေ
လိုအင်ဆန္ဒတွေပြည့်စုံနိုင်ပါစေနော်
Like or Dislike:
0
0
မွေးနေ့မှာ ပျော်ရွှင်ပါစေ ညီလေး
Like or Dislike:
0
0
Exist နဲ့ Exit ပါ…။ ကျွန်တော်တို့ ဘ၀တွေ ဖြစ်တည် (Exist) နေ မျှ ကျွန်တော်တို့မှာ ကိုယ်ပိုင်ထွက်ပေါက် (Exit) တွေဟာ အတိအကျကို ရှိနေပြီးသားလို့ ကျွန်တော်ယုံကြည်ပါတယ်..။ ဒီစာသားလေးကို သဘောကျတယ်..
မွေးနေ့လား ဘာနဲ့ဧည့်ခံလည်းမသိဘူး ဘာပဲပြော၂ မဖိတ်ပဲရောက်လာပေမယ့် ပျော်ရွင်သော မွေးနေ့ဖြစ်ပါစေရှင်.
Like or Dislike:
0
0
ဟက်ပီး brithday ညီ။ လက်စသတ်တော့ ညီ့ဘလော့က ဒီမှာကိုး။ အစ်ကိုက ဘလော့အဟောင်းကြီးပဲ ရောက်ရောက်သွားတယ်။ မတင်ရသေးဘူးထင်နေတာ။
Like or Dislike:
0
0
သာဓု သာဓု အလေးးးးးးးးးး ပြု
အာ….. ပညတ် အနတ္တ အနိဌာရုံ နိဗ္ဓာန် မိန့်ခွန်းတွေကို မြင်ပြီး ယောင်ကုန်ပီ
ဟက်ပီး ဘတ်ဘလက်ဒေးးးးးးးးးးးးး
Like or Dislike:
0
0
ချစ်ကိုကြီး ဘလက် ၂၄ နှစ် မွေးနေ့ မှ သည် နောင်နှစ်ပေါင်း များစွာ တိုင် နိုင်ငံ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သော အရာရှိကောင်း အမျိုးသားကောင်း တစ်ယောက်ဖြစ်ပါစေ..လို့ ဆုတောင်းပေးပါတယ်..။
နောက်ကျသွားတယ်..။အခုမှအိပ်ရာထလို့ ..:-)။။
Like or Dislike:
0
0
happy birthday mglay…
Like or Dislike:
0
0
Happy 24 th Birthday ပါ ညီရေ..
နိုင်ငံနှင့် လူမျိုးအတွက် အားကိုးလောက်တဲ့ သားကောင်း တစ်ယောက် ဖြစ်ပါစေလို့ ကိုယ် အလေးအနက် ဆုတောင်းပေးသွားပါတယ်။
Like or Dislike:
0
0
Happy Birthday ပါ….
ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေ….
ပျော်စရာမောင်နှမတွေနဲ့ ထာဝစဉ် ထာဝရ…..
…………………………………………………………
ခင်မင်တဲ့…
Like or Dislike:
0
0
အဟဲ ကွန်နက်ရှင်ကြောင့်ခုမှ လာဆုတောင်းနိုင်တာ ခွင့်လွှတ်ပါ .. ဘလော့မှာတော့ ဦးအောင် တင်ထားပါတယ် .. ဟက်ပီးဘာ့သ်ဒေး အကို ပျော်ရွှင်ပါစေ
Like or Dislike:
0
0
Happy Birthday
အစ်ကိုဘလက်……… မွေးနေ့မှန်းခုမှသိတယ်…..
မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင်နိုင်ပါစေ…..
Like or Dislike:
0
0
Happy Birthday blackdream!
ငါတို့ရောက်ခဲ့တဲ့ကမ္ဘာ
အစစ်အမှန် ဟန်ဆောင်မှုတို့ရောပြွမ်း
အခွံပါးပါးလွှမ်းထားတယ်ဆိုလည်း
ငါတို့ဝိညာဉ်တွေ သက်ဝင်ရှင်သန်ခဲ့တဲ့
အဲဒီကမ္ဘာကို
ငါ မြတ်နိုးတဲ့စိတ်က
ရင်နင့်အောင် ရိုးသားခဲ့တယ်။
သူငယ်ချင်းရေ
၂၄ နှစ်တာ မက်ခဲ့တဲ့ အိပ်မက်တွေထဲမှာ
ရိုးသားခြင်းရဲ့နောက်က
လိမ်ညာလှည့်ဖြားခြင်းတွေ ရှိမယ်
နှစ်သွားဓား တင်းတင်းဆုပ်လို့
မျိုသိပ်ခဲ့ရတာတွေရှိမယ်
ဒါပေမဲ့
ဘ၀တွေကို ထုဆစ်တဲ့လက်
ဘယ်တော့မှ တရားမပျက်ဖို့လိုတယ်
ဘ၀ပတ္တူစပေါ် ခပ်ရေးရေးဆေးခြယ်ဦးတော့
ကိုယ်တိုင်ရဲ့လက်ရာဟာ
မေတ္တာတရားဆိုတဲ့အလှနဲ့ သိမ်မွေ့နေဖို့လိုတယ်
ကျယ်ဝန်းလွန်းတဲ့ကောင်းကင်အောက်မှာ
ဘယ်လိုပဲခရီးပြင်းနှင်
ငါတို့လက်ထဲက ကြိုးတစ်စ
လွတ်ကျမသွားဖို့လည်း လိုတယ်။
[ကသောကမျာ ကဗျာတစ်ပုဒ်မို့ သည်းခံပြီးသာ ယူထားလိုက် သူငယ်ချင်းရေ...
]
နောင်လည်း ကောင်းအောင် ထပ်စပ်မပေးနိုင်တော့ပါဘူး
Like or Dislike:
0
0
ဘလက်ကြီးရေ
ဆက်လက်ချီတက်နိုင်ပါစေ
စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ပါစေကွာ
Like or Dislike:
0
0
၂၄ နှစ်မြောက်မွေးနေ့မင်္ဂလာပါ သူငယ်ချင်း။ ပညာရေး စီးပွားရေး လူမှုရေးနယ်ပယ်တွေမှာ ဒီထက်မက အောင်မြင်မှုတွေ ရပါစေလို့ ဆန္ဒပြုပါတယ်။
Like or Dislike:
0
0
ပျော်ရွှင်သော မွေးနေ့ရက်မြတ် ဖြစ်ပါစေ။ ဒီအမှတ်တရနေ့မှာ သာမက အမြဲပျော်ရွှင်နိုင်ပါစေနော်…လိုရာဆန္ဒအားလုံး ပြည့်ဝပါစေ။
Thanks!
မွေးနေ့အမှတ်တရ တရားလဲ လာမှတ်သွားတယ်။
Have a nice day! Enjoy it!
Like or Dislike:
0
0
Happy BD ပါသူငယ်ချင်းကြီးရေ…ပျော်ရွင်ပါစေကွာ….
Like or Dislike:
0
0
ကမ္ဘာက သူ့ပြေးလမ်းကြောင်းအပေါ်သစ္စာရှိရှိ ၊ သူ့တိမ်ေးစာင်းမှုအပေါ် သစ္စာရှိရှိ
အချိန်ဆိုတာ..အချိန်တန်ရင်..စာရင်းအတိအကျနဲ့ ကုန်သွားတယ်..
တဖြည်းဖြည်းကြီးရင့်လာခြင်း…အချိန်ကာလမှာ..
ရုပ်နောက်စိတ်တွေရောကြီးရင့်သန်မာလာရဲ့လား..
မြင်နေတွေ့နေရတာကို..မှတ်ချက်ချကြည့်လိုက်တဲ့အခါ…
အနက်ရောင်အိမ်မက်ဟာ…
၂၄ နှစ်အရွယ်လူငယ်တစ်ယောက်မက်သင့်တဲ့အိမ်မက်ထက်
နက်နည်းသိပ်သည်းတယ်.
ကျစ်လစ်ခိုင်မာတယ်…
နူးညံ့သေသပ်တယ်
ပူနွေးခန့်ငြားတယ်…
(၂၄နှစ်မြောက်မွေးနေ့မှသည် ဘ၀တစ်လျှောက်လုံး အောင်မြင်ခြင်းအထွဋ်အထိပ်ရောက်နိုင်ပါစေ။ )
အိန္ဒြာ
Like or Dislike:
0
0
ကို black ကြီးရေ HappY BirtHDaY ပါဗျာ……
ပာန်ထူးလွင်သီချင်းလိုပေါ့ နံပါတ်က ၃၃ သေသေချာချာ ငါမမှတ်မိ ဘ၀ပာာ ဘာမှမရှိ တဲ့ ဥရှစ်သီး…
၂၄ နှစ်မှ နောင်နှစ်ပေါင်းများစွာ ချစ်သောသူများနှင့်အတူတကွ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ပါစေလို့…ဆုတောင်းပေးလိုက်ပါတယ်ဗျာ…။ ။
nyanwai
(platonic)
Like or Dislike:
0
0
ဒီနေ့ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်း မြောက်များစွာတိုင် ခုလို အဓိပ္ပာယ်ရှိတဲ့ စာကောင်းပေကောင်းတွေ ရေးသားရင်း ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ…။
Like or Dislike:
0
0
မင်္ဂလာရှိတဲ့ ၂၄ နှစ်မြောက်မွေးနေ့ပါရှင် ^_^
အသက် ၂၄ နှစ်အရွယ် ဘလော့ကာလေးရဲ့ ရင့်ကျက်တဲ့အတွေးအခေါ်ကို ဂုဏ်ယူပါတယ်
ရှေ့လျှောက် ကမ္ဘာကြီးကို ထာဝရအလှဆင်နိုင်သူဖြစ်ပါစေ
Like or Dislike:
0
0
သြော် မွေးနေ့လား… မိုက်လိုက်တဲ့ အတွေး၊ လန်းလိုက်တဲ့အရေး…
၂၄နှစ်ဆိုတော့ ဘ၀ရဲ့သုံးပုံတစ်ပုံကုန်တော့မယ်ပေါ့နော်…။ ကျန်တဲ့အချိန်တွေအားလုံးလည်း အတွေးကောင်းလေးတွေနဲ့ အပြုအမူကောင်းလေးတွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ပါစေနော်…..
Like or Dislike:
0
0
အချိန်မီလေး မွေးနေ့ဆုတောင်း အော်လိုက်ပါအုံးမယ်။ Happy birthday ပါခင်ဗျာ။
Like or Dislike:
0
0
မွေးနေ့ဆုတောင်းတွေ ပြည့်စုံပါစေ ကိုဘလက်။
မွေးနေ့မှာ ဖွင့်လိုက်တဲ့ တံခါးချပ်ရဲ့  အလင်းရောင်တွေ ရှုခင်းတွေကို သေချာကြည့်ရှုခံစားသွားပါတယ်။
ကျေးဇူးတင်ပါတယ် ကိုဘလက်။
အနက်ရောင်အိမ်မက်ရောင်ခြည်များ ထာဝရ၀င့်ကြွားနိုင်ပါစေ။
Like or Dislike:
0
0
ဟက်ပီဘက်ဒေး ဘလက်ကြီး !!!
စိတ်ရဲ့ချမ်းသာခြင်း ကိုယ်ရဲ့ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေ…
အိပ်မက်ရောင်ခြည်အလင်းတန်းတွေ ဆက်လက်ဖြာထွက်နိုင်ပါစေ…
Like or Dislike:
0
0
အိပ်မက်နက်– ၄ နှစ်သားအရွယ်က အမေနဲ့အဖေဟာ အားကိုးစရာ
ကျောက်ဆောင်ကြီးတွေ ဖြစ်ခဲ့မှာပါ–
အိပ်မက်နက် ၂၄ နှစ် ပြည့်တော့–အနှစ် ၂၀ အတွင်း သားတယောက်
လေ့လာမှုတွေ—ရင့်ကျက်မှုတွေကို ကြည့်ပြီး-အဖေနဲ့အမေက–
အံ့သြနေကြမှာပါလေ–
Like or Dislike:
0
0
မဲကြီးရေ… ငါတော့ အပီအပြင်ကို နောက်ကျသွားတာပဲကွာ…း(။ ဆောရီး ငါ့ညီကြီးရာ…။ အကို ဘလောဂ့်လောကကို စတင်ပြီး ထိတွေ့တုန်းကတည်းက BlackDream ဆိုတဲ့နာမည်ဟာ သူရေးတဲ့ စာတွေကြောင့် သူ့ကိုယ်သူ ဂုဏ်တက်စေတယ်ဆိုတာ သံသယမရှိခဲ့ပါဘူး။ အဲဒီက တဆင့်… ခင်မင်ရင်းနှီးခွင့်တွေရလာတော့ မဲကြီးဆိုတာ လူငယ်လေးတစ်ယောက်ဆိုတာ သိရတဲ့အခါ သိပ်ကို အံ့သြမိတယ်။ မင်း..ဒီအရွယ်နဲ့ ဒီလို အနုပညာဖန်တီးမှုတွေ တထွေးကြီးနဲ့ ရပ်တည်နေတာကိုပေါ့။
ခင်မင်လို့သာ အမြဲနောက်ပြောင်ပြီး ပျော်ပျော်နေတတ်တာ… တကယ်တော့ BlackDream ဆိုတာ အသက်သာငယ်ပေမယ့် အကို့ရဲ့ လေးစားစရာ ဘလောဂ့်ဂါစာရင်းမှာ Super A တန်းကပါပဲ။ ဘာပဲ ပြောပြော အသက်ကြီးလာပြီး လို့ ပြောရမှာထက်… အတွေ့အကြုံပေါင်းများစွာနဲ့ ဒုက္ခတွေကို အလဲထိုးလို့ ၂၄ချပ်မြောက်တခါးကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့တယ်လို့ ပြောရမှာပေါ့။ မင်းနဲ့ ပက်သက်တဲ့ ခင်မင်မှုတိုင်းအတွက်.. ငါ့ကိုယ်ငါ အမြဲဂုဏ်ယူနေတယ် ညီလေးရေ….
အစစ အရာရာ အဆင်ပြေလို့ ပျော်ရွှင် ချမ်းမြေ့ပါစေကွာ…
ထာဝရမဆုံးသော ခင်မင်မှုဖြင့်….
Like or Dislike:
0
0
ဒုန်း….. ဒုန်း….. ဒုန်းးးးးးးးးး ၂၅ခုမြောက်တံခါးကိုလာခေါက်တား)
နောက်ကျသွားတယ် သယ်ရင်းရေ………………….
ဟက်ပီး ဟက်ပီး………… ဘတ်ဒေး
Like or Dislike:
0
0
အဟမ်း အဟမ်း ဘယ်သူကျန်သေးလဲ မသိဘူးးး။ မကျန်တော့ရင် ပြောလိုက်တော့မယ်နော်….အဟဲ… ခုရောက်ရှိတဲ့ အသက်ကနေ နောက် နှစ်၁၀၀တိုင်အောင် ပျော်ရွှင်ချမ်းမြေ့ လိုရာဆန္ဒအကုန်နီးပါး ပြည့်ပါစေလို့…။
နောက်ဆုံးပိတ် နောက်အကျဆုံး မွေးနေ့ ဆုတောင်းနော်…အဲဒါတော့ ဘွာတေးပါ ကိုအိပ်မက်နက်ရေ…။
Like or Dislike:
0
0
ဒီနေ.မှ ၀င်လို.ရတယ်၊ အရေးအသားတွေ တယ်ဟုတ်ပါလား
Like or Dislike:
0
0
ညီလေးရေ.. အရာရာ အဆင်ပြေလို့.. လျှောက်တည်ရမယ့်ထာဝရမဟုတ်တဲ့ဘ၀တွေမှာ.. အားလုံးက နေသားတကျ ရှိပါစေသားကွာ..
Like or Dislike:
0
0
နောက်ကျပေမယ့်လည်း ဆုတောင်းပေးသွားတယ်။ ဘဝခရီးလမ်းတစ်လျှောက် ဆက်တွေ့ရဦးမယ့်လှေကားထစ်တိုင်းကို အောင်အောင်မြင်မြင်နဲ့ ဆက်တက်နိုင်ပါစေလို့။
Like or Dislike:
0
0
ဟုတ်သားပဲ ဘလက်ရေ အိမ်ကို တည့်တည့်လာဆို့တော့ မေ့နေတယ်။
ဖိုရမ်မှာတော့ ဆုတောင်းပေးပီး အိမ်မှာလာဆုတောင်းပေးဖို့မေ့နေတယ်။
နောင်နှစ်တွေမှာလဲ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေဗျာ
ဒီထက်လဲ အောင်မြင်ပါစေ
Like or Dislike:
0
0
တံခါးချပ်? ကောင်းပါ့ဗျာ.. ဒါနဲ့ မုန့်မပို့သေးဘူးလားဗျ..
Like or Dislike:
0
0
ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။
Like or Dislike:
0
0
နောက်ကျဆုတောင်းလေးပါကိုယ့်ညီရေ..၂၄နှစ်မှသည် နောင်နှစ်ပေါင်းများစွာထိ ဇောင်းထက်တဲ့ အတွေးအခေါ်ကောင်းကောင်းတွေ ဖန်တီးရေးသားပြီး ဆက်လက်ဘလော့နိုင်ပါစေ….ကိုယ့်ညီဘလော့ကိုရောက်အောင် ကျော်ရခွရတာ တော်တော့်ကိုလည်သွားတယ်…
Like or Dislike:
0
0
ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။
Like or Dislike:
0
0
အိုင်စီရှိုးပွဲမှာ ၀ိုင်ဝိုင်းက စင်ပေါ်မှာ အော်တာကို သတိရလို့ ကော်ပီကူးလိုက်မယ်။
`ကိုဦး ဘယ်ရောက်နေတုန်း၊ လာပြီနော်၊ စိတ်မကောက်ကြေး´
အလကားစတာပါ။ မွေးနေ့မှာရော မွေးနေ့မဟုတ်တဲ့ရက်တွေမှာပါ ဖြစ်ချင်တာနဲ့ဖြစ်နေတာတွေ တထပ်တည်းကျပြီး ပျော်ရွှင်ပါစေဗျာ။
Like or Dislike:
0
0
အဟမ်း….အားနာနာနဲ့ပဲBirthday wish လုပ်ပေးပါရစေ…..
အမရာကခုလက်ရှိမှာဆိုရင်နောက်ဆုံးစာရင်းပေါ့နော်…..
ဘယ်လိုပဲပြောပြော…မောင်လေးရဲ့ ၂၄ နှစ်မြောက်မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်…အိမ်မက်တွေကိုဖက်တွယ်ထားနိုင်ပါစေ။
Like or Dislike:
0
0
sorry ပါ ကိုအိပ်မက်နက်ရေ…. အရမ်းနောက်ကျသွားတယ်။ ကိုအိပ်မက်နက်လို့ပဲဆက်ခေါ်တော့မယ်….အတွေးနဲ့ အရေးတွေကို လေးစားလို့နော်။ ၉မမ တောင်းတဲ့ ပရိတ်သတ်ပါ။ အမြဲဝင်ကြည့်နေရင်းက အလုပ်တွေများလို့ လွတ်သွားတယ်။ မနိုင်းနိုင်းစနေ နဲ့ အိပ်မက်နက်ရဲ့  အမြဲတမ်း ပရိတ်သတ်ပါ။ အားပေးနေပါတယ်။ ဆက်လက်အောင်မြင်ပါစေ။ အနက်ရောင်အိပ်မက်များအား အဖြူရောင် လက်တွေ့ဘ၀များတွင် ဆက်လက်အကောင်ထည်ဖော်နိုင်ပါစေ…..
Like or Dislike:
0
0
ကျွန်တော်တို့လူသားတွေဟာ မကြာခဏလည်း ထွက်ပေါက်ပျောက်နေတတ်ကြပါတယ်..။ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုကို အသေအလဲ ရှာနေကြတယ် လို့ပြောလို့လဲရပါတယ်..။ကျွန်တော်တို့ ကိုယ်တိုင်ကိုက ကျွန်တော်တို့ ဘ၀တွေအတွက် ထွက်ပေါက် (Exit) ဖြစ်နေလို့ပါပဲ…။Exist နဲ့ Exit ပါ…။ ကျွန်တော်တို့ ဘ၀တွေ ဖြစ်တည် (Exist) နေ မျှ ကျွန်တော်တို့မှာ ကိုယ်ပိုင်ထွက်ပေါက် (Exit) တွေဟာ အတိအကျကို ရှိနေပြီးသားလို့ ကျွန်တော်ယုံကြည်ပါတယ်..။I like these sentences so much..အရမ်းကောင်းတဲ့အတွေးအခေါ်အရေးအသားပါ…:)
Like or Dislike:
0
0
happy birthday. blackdream
ပြောချင်တာတွေ ကို စကားလုံးပီပြင်အောင် မပြောနိုင်တော့လို့ လိုရင်းဘဲ ။
Like or Dislike:
0
0