ပြည်ထောင်စုနေ့နှင့် မြန်မာနိုင်ငံလွတ်လပ်ရေး ဖခင်ကြီးအား ကဗျာ၊ Essay များဖြင့် ဂုဏ်ပြုခြင်း အစီအစဉ်
၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၂) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ တို့အား အမှတ်ရ၊ ဂုဏ်ပြုသောအနေဖြင့် ကျွန်တော်တို့ Myanmar Genius Forum တွင် ကဗျာနှင့် Essay ပြိုင်ပွဲအား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ပြိုင်ပွဲတွင် ဆုရရှိမှုအား မည်သည့် Admin, Moderator တို့ကမှ ရွေးချယ်ခြင်းပြုလုပ်မည်မဟုတ်ပဲ Vote ပေးခြင်း စနစ်ဖြင့်သာပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Vote ပေးရာတွင် မည်သည့် နည်းပညာပိုင်း၊ နည်းစနစ်ပိုင်းကိုမှ တင်းကြပ်ထားခြင်းမရှိပဲ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်နားလည်မှု၊ လေးစားမှုတို့ကို အလေးထားသောအားဖြင့် လွတ်လပ်စွာ ခွင့်ပြုထားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွင် ဆုရရှိသူများအတွက် ငွေကြေး၊ လက်ဆောင်များ ပေးအပ်သွားမည်မဟုတ်ပဲ ဆုရရှိသူအား ဂုဏ်ပြုသည့်အနေဖြင့် ကာယကံရှင်ကိုယ်တိုင် ပျော်ရွှင် ဂုဏ်ယူမိနိုင်စေရန် အတွက် ကျွန်တော်တို့ Forum ထဲမှာရှိသော Member များ၏ Blog များတွင် သက်ဆိုင်ရာ Blogger များ၏ ခွင့်ပြုချက် ရယူ၍ ၎င်းတို့၏ Blog အသီးသီးတွင် ဖော်ပြဂုဏ်ပြုပေးသွားမည်ဖြစ် သည်။ ထို့နောက် ပြိုင်ပွဲများအားလုံး ပြီးစီးသွားသောအခါ အကောင်းဆုံး ကဗျာ ၁၀ ပုဒ်နှင့် Essay ၁၀ ပုဒ်အား စုစည်းကာ Ebook ဖြင့် အမှတ်တရ ထုတ်ဝေမည် ဖြစ်ပါသည်။
ထို့အပြင် Myanmar Genius ၀ိုင်းတော်သားများမှ ဆုရရှိသူများအား ၎င်းတို့ ဆန္ဒရှိပါက အလိုရှိရာ Subdomain နှင့်အတူ Hosting များကို FTP account, Database access စသည်များ ဖြင့် Fully Access ပေးကာ ထပ်ဆင့် ဂုဏ်ပြုမည်ဖြစ်ပါသည်။
ပါဝင်ရေးသားလိုသူများအနေဖြင့် အောက်ပါစည်းကမ်းချက်များအား ရှေးဦးစွာ ဖတ်ရှု၊ နားလည်း၊ လက်ခံပြီးသည့်နောက် သက်ဆိုင်ရာ ခေါင်းစဉ် များ၏ အောက်၌ လွတ်လပ်စွာ စတင်ပါဝင် ရေးသားနိုင်ကြမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်ရေးသားမှုများအား ပြည်ထောင်စုနေ့အတွက် ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၂ နာရီတွင် ပိတ်မည်ဖြစ်ပြီး ၁၁ ရက်နေ့တွင် Vote ပြုလုပ်၍ ၁၂ ရက်နေ့တွင် ထုတ်ပြန် အသိပေးမည်ဖြစ်သည်။ လွတ်လပ်ရေး ဖခင်ကြီးအတွက် ပို့စ်များအား ၁၁ ရက်နေ့ ည ၁၂ နာရီတွင် ပိတ်မည်ဖြစ်ပြီး ၁၂ ရက်နေ့တွင် Vote ပြုလုပ်ကာ ၁၃ ရက်နေ့တွင် ထုတ်ပြန်အသိ ပေးမည် ဖြစ်ပါသည်။
မှတ်ချက်။ ။ အကြောင်းအမျိုးမျိုးကြောင့် ရက်အကန့်အသတ်နဲသွားခြင်းအား နားလည်ခွင့်လွှတ်ပေးကြပါရန်နှင့် မိမိ တတ်နိုင်သလောက်ပါဝင်ရေး သားခြင်းဖြင့် ဂုဏ်ပြုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
စည်းကမ်းချက်များ
၁။ ပါဝင်ရေးသားလိုသူများသည် Member အဖြစ်ဝင်ရောက်ရန်။
၂။ အပြုသဘောဆောင်သော ရေးသားချက်များသာ ရေးသားရန်။
၃။ ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာ တိုက်ခိုက်မှုများရေးသားခြင်း မပြုလုပ်ရန်။
၎။ Forum အရှည်တည်တံ့ရေးအား (တိုက်ရိုက်) ထိခိုက်နိုင်သော ရေးသားမှုများ မပြုလုပ်ရန်။
၆။ ပြိုင်ပွဲနှင့် မဆီလျော် (သို့) မသက်ဆိုင်သော ရေးသားချက်များ မပြုလုပ်ရန်။
၅။ Essay အပိုင်းတွင် ဆောင်းပါး၊ ၀တ္ထုတို စသည်ဖြင့် မည်သည့် စကားပြေအမျိုးအစားကို မဆို ရေးသားနိုင်သည်။
၇။ ပါဝင်ရေးသားသူများသည် ကလောင်အမှန်နှင့်သော်လည်းကောင်း ကလောင်ဝှက်နှင့်သော်လည်းကောင်း ရေးသားနိုင်သည်။
၈။ ဖတ်ရှု၊ ဆန္ဒပြုမဲပေးသူများ အနေဖြင့် ပါဝင်ရေးသားကြသူများ၏ ကဗျာများ၊ Essay များအတွက် ဝေဖန်မှုများကိုမူ ပို့စ်များအောက်တွင် သွားရောက်ရေးသားခြင်းများမပြုလုပ်ပဲ ဝေဖန်ချက်များအတွက် သီးသန့်ထားရှိပေး သောခေါင်းစဉ်အောက်တွင်သာ ရေးသားပေးကြရန်။
၉။ အထက်ပါ စည်းကမ်းချက်များနှင့်အတူ Forum စည်းကမ်းများ နှင့် ကိုက်ညီခြင်းမရှိသော ရေးသားမှုများအား Forum Admin နှင့် Moderator အဖွဲ့မှပြိုင်ပွဲတွင်ထည့်သွင်းစဉ်းစားနိုင် မည် မဟုတ်ပါ။ (လိုအပ်ပါက ဖြေရှင်းချက်များ ပြန်ကြားပေးမည်ဖြစ်ပါသည်။)
၁၀။ ပါဝင်ရေးသားကြသူများအနေဖြင့် အထက်ပါ စည်းမျဉ်း၊ စည်းကမ်းချက်များကို ဖတ်ရှု လက်ခံပြီး ကျွန်တော်များ၏ Forum တွင်ပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ရာ စာပေပြိုင်ပွဲလေးတစ်ခု အဖြစ် ပါဝင်ဆင်နွှဲနိုင်ကြရန် စီစဉ်ပေးခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။ ပါဝင်ရေးသားကြသော ပညာရှင်၊ ၀ါသနာရှင်များ၏ Personal Information များကိုကျွန်တော်တို့ Myanmar Genius Member များမှ အပြည့်အ၀ကာကွယ်ပေးသွားမည် ဖြစ်သော်လည်း မိမိရေးသား တင်ပြသော ကဗျာ သို့မဟုတ် Essay အတွက်ကိုမူ စာရေးသူတွင်သာ တာဝန်အပြည့်အ၀ရှိမည်ဖြစ်သည်။
P.S- ပြိုင်ပွဲဆိုတာထက် ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ဒီနေ့ထူးနေ့မြတ်တွေကို မမေ့ပျောက်ပဲ အမှတ်တရရှိနေသေးကြောင်း ဂုဏ်ပြုပြသလိုသော ကြောင့် စီစဉ်ခြင်းဖြစ်ပါတယ်။









အင်း.. အစီအစဉ်ကောင်းလေး တစ်ခုပါပဲ.. ပြိုင်ပွဲလေး အေးချမ်းစွာ အထမြောက်အောင်မြင်ပါစေ..
Like or Dislike:
0
0
ရောက်တယ်လေ ဘယ်နားအော်ရလဲလို့
တိမှ မတိဖဲကို အစဉ်စီလေးကောင်းပါတယ်။
မနက်ကလဲ ရောက်ပြီးပြီ။
အဲ့လောက် မတော်တော့ ဘေးထိုင် ဘိုင်ထေးပေါ့
Like or Dislike:
0
0
အောင်မြင်ပါစေဗျာ…
Like or Dislike:
0
0
အောင်မြင်ပါစေဗျာ….
Like or Dislike:
0
0
အောင်မြင်ပါစေ
Like or Dislike:
0
0
သိပ်ကောင်းတဲ့ အစီအစဉ်ပါပဲ … အားပေးတယ်… ကိုယ့်လူ… ဆွဲထား…
Like or Dislike:
0
0
ရောက်တယ်.. အော်စရာနေရာ မတွေ့လို့..
အဲဒီအစီအစဉ်ကို စိတ်ဝင်စားတယ်
Like or Dislike:
0
0
ဘာမှတော့မရေးတတ်ဘူး ဆုရတဲ့ပို့စ်တွေကိုတော့ ငါ့ဆီမှာလဲ ဖော်ပြချင်တယ် ရတယ်မလား
Like or Dislike:
0
0
ပျော်ပျော်ပါးပါးပေါ့…. မြန်မာပြည်ကို လွမ်းနေတဲ့ ငါတို့အတွက်
Like or Dislike:
0
0
ပြိုင်ပွဲလေး အဆင်ပြေပါစေရှင်
Like or Dislike:
0
0
အားပေး ဖတ်ရှုနေပါမယ်။ ပြိုင်ပွဲ အဆင်ပြေအောင်မြင်နိုင်ပါစေ။ အစီစဉ်လေးကို စိတ်ဝင်စားပေမယ့်.. မရေးတတ်လို့ ကျနော်လဲ ဘေးထိုင်ပဲ လုပ်လိုက်ပါတယ်။
Like or Dislike:
0
0
ရောက်လာတယ်.. အော်စရာနေရာမှမတွေ့ဘဲ.. ဖတ်သွားတယ်
Like or Dislike:
0
0
Like or Dislike:
0
0
ဘယ်တွေပျောက်နေလဲ ဘလက်ကြီးရ
Like or Dislike:
0
0
မောလိုက်တာ.. ၀ူး…. ၁၇ရက်လောက်မရောက်လိုက်တာ.. အိမ်ပြောင်းတာနဲ့တိုးပြီး မျက်စိကိုလည်သွားတာပဲ
အဟင့်.. . ပြိုင်ပွဲလေးလွတ်သွားတယ်.. ချိတ်အကောင်းဝူး…
ဒါနဲ့စကားမစပ်.. နေ့အိပ်မက်ပြန်လာပြီနော်…
မြန်မာဥာဏ်ကြီရှင်ဆီလည်း လာခဲ့မယ်.. စိတ်ချ…
Like or Dislike:
0
0
အေးဗျာ…. အခုတစ်လော နည်းနည်း မလာနိုင်တော့လို့ ပွဲကြီးပွဲကောင်း လွတ်သွားတယ်…
Like or Dislike:
0
0
ကောင်းမွန်သော အစီစဉ်တစ်ခုပါပဲ။ မမေ့မလျော့ ရှိကြတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ အကောင်းဆုံးသော အောင်မြင်မှုများဖြင့် ဒီအစီစဉ်လေး ဖြစ်မြောက်ပါစေရှင်
Like or Dislike:
0
0