ခရီးသည်
အခန်း(၁)
ဟူး…. မောလိုက်တာဗျာ….။ ဘယ်လိုဖြစ်လဲ မသိဘူး ဒီနေ့ မှ နေက အတော်ပိုပူနေသလိုပဲဗျ…။
အမှတ်မထင် ကြားလိုက်ရသော တစ်ဘက်မှ စကားသံကြားမှ သူ့လိုပဲ ဒီသစ်ပင်အရိပ်အောက်မှာ အရိပ်ခိုရင်း ခရီးတစ်ထောက်နားနေတဲ့ နောက်ထပ် ခရီးသွားတစ်ဦးရှိမှန်း သူသတိထား မိလိုက်ပါ တယ်…။
အင်း…။ ခင်ဗျားပြောတာ ဟုတ်တယ်ဗျ…။ ဒီနေ့ မှပဲ နေက ပိုများ ပူနေသလားမသိပါဘူးဗျာ…။
သူ့ စကားသံကြောင့် တစ်ဘက်မှ ခရီးသည်လည်း ပြုံးရင်း သူ့ ဘေးနားကို လာထိုင်ပါတော့တယ်..။
အေးဗျာ…။ ဒါနဲ့ ခင်ဗျားက ဘယ်ကိုခရီးဆက်မှာလဲဗျ…?
တစ်ဘက်လူရဲ့ မေးခွန်းကြောင့် သူဆတ်ခနဲ ဖြစ်သွားပါတယ်..။ သက်ပြင်းကို ဖြေးညှင်းစွာ ချပြီး တော့မှ…။
ကျုပ်ခရီးက ဘယ်လောက်အထိရှည်ဦးမလဲ မသိသေးဘူးဗျ…။ ကျုပ် တစ်စုံတစ်ခုကို လိုက်ရှာ နေတာ…။ အခုထိမရသေးဘူး…။
ဒါများဗျာ…။ ကျုပ်ကိုပြော…။ ကျုပ်က နေရာတော်တော်စုံအောင် ရောက်ခဲ့ပြီးပြီဗျ…။ ခင်ဗျားလို ပဲ အဆုံးမသိတဲ့ ခရီးတစ်ခုကို လျှောက်နေတဲ့ လူတစ်ယောက်ပဲပေါ့…။ ဒါပေမယ့် ကျုပ်က ခင်ဗျားလို တစ်စုံတစ်ခုကို လိုက်ရှာနေတာတော့ မဟုတ်ဘူးဗျ…။ ကျုပ်က တစ်စုံတစ်ခုကိုလိုက်ဝယ်နေ တာဗျ…။
ပထမလူရဲ့ စကား အဆုံးမှာ ဒုတိယခရီးသည်ဟာ ဘာအတွက်ကြောင့်မှန်း အမည်တပ်လို့ မရတဲ့ နောက်ထပ် သက်ပြင်းမောတစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြီး…။ သူ့ ရဲ့ မျက်လုံးတွေဟာ သူဆက် လျှောက်ရမယ့် ကျဲကျဲတောက်ပူနေတဲ့ လမ်းကြောင်း တစ်လျှောက်ကိုသာ အဓိပ္ပါယ်မဲ့ ငေးမော နေပါတော့တယ်…။
ဟေ့လူ…။ ကျုပ်မေးနေတယ်လေဗျာ…။ ခင်ဗျား ဘာလိုက်ရှာနေတာလဲလို့… ကျုပ်နေရာ သိရင် ခင်ဗျားကို ကူညီပြီး ဘယ်နေရာမှာ ၀ယ်လို့ ရနိုင် တယ်ဆိုတာကို ပြောပြမလို့ ဗျ…။
ဟင်း…။ ခင်ဗျားလည်း ကျုပ်လိုက်ရှာနေတဲ့ ပစ္စည်းကို ဘယ်မှာရှာလို့ ရနိုင်မယ်ဆိုတာ သိမှာ မဟုတ်ပါဘူးဗျာ…။ ကျူပ်လည်း ခင်ဗျားလိုပါပဲ နေရာ တော်တော်များများစုံအောင်ကို ရောက်ခဲ့ ပြီးပါပြီ…။ ဒါပေမယ့်ဗျာ….။ ထားလိုက်ပါ…။ ဒါနဲ့ ခင်ဗျားကရော် ဘာလိုက်ဝယ်နေတာလဲ? ဘယ်လောက်တောင် အရေးကြီးလို့ ဒီလောက်အထိ သဲကြီးမဲကြီး လိုက်ဝယ်နေရတာလဲ…။
ဒုတိယခရီးသည်ရဲ့ မေးခွန်းအဆုံးမှာ ပထမခရီးသည်လည်း ယခင် ဒုတိယခရီးသည် ဖြစ်ခဲ့သည့် အတိုင်းပင် တော်တော်တွေ ဝေသွားပါ တော့တယ်…။
ခင်ဗျားလဲ ကျုပ်လိုပဲ ပြောရခက်နေမယ်ထင်တယ်…။ ထားလိုက်ဗျာ…။ ကျုပ်တို့စကားသာ တော်တော်ကောင်းနေတာ အခုထိ မိတ်မဆက်ရသေးပဲ ကျုပ်အရင် စပြီးမိတ်ဆက်ပါ့မယ်…။ ကျုပ်နာမည် အတ္တဗျ..။
တစ်ဘက်လူမှလည်း မဆိုင်းမတွပင် ပြုံး၍ ပြန်မိတ်ဆက်လေသည်…။ ကျုပ်နာမည်….
မာန…!
ဒီလိုနှင့်….ဒီလိုနှင့်…. အတ္တနှင့် မာနတို့ အပြန်အလှန် လက်ဆွဲနှုတ်ဆက်ကြလေတော့သည်….။
အခန်း (၂)
သူတို့နှစ်ယောက် အတူလက်တွဲပြီး ခရီးဆက်ခဲ့သည်မှာ တော်တော်ပင် ခရီးရောက်ခဲ့ပြီဖြစ်သည်။ မြေလျှိုး၍ရှာကြသည်…။ မိုးပျံ၍ရှာကြသည်။ သံသရာ ကောာက်ရိုးပုံထဲ ရှာကြသည်။ မျှော်လင့်ခြင်း ခွေးတိုးပေါက်ထဲရှာကြသည်။ ယုံကြည်မှု အိမ်သာတွင်းထဲရှာကြသည်။ ကောလဟာလ လောက်ကောင်တွေထဲ ရှာကြသည်။ အပေါစား ကျေးဇူတင်စကားတွေထဲရှာကြည်သည်။ ပုပ်စော်နံနေသော ဟန်ဆောင်အပြုံးတွေထဲရှာကြသည်။ နေရာတော်တော်စုံခဲ့ပြီဖြစ်သည်…။ သို့သော် ၎င်းတို့ အလိုရှိသောအရာကား မှုန်ဝါးဆဲပင်…။
လမ်းတွင်လူအချို့နှင့်လည်း ၎င်းတို့ဆုံခဲ့ကြသည်။ ဥာဏ်နီဥာဏ်နက်ဆိုသောလူက ဖြတ်လမ်းနည်းကို လိုက်ဖို့ပြောသည်။ တက်လမ်းဆိုသောလူ က လှေခါးပါသော ကျောကုန်းများကို ရှာဖို့ပြောသည်။ ကြောင်သူတော် ကြွက်သူခိုးများမှ စိတ်ပုတီးထဲတွင် ရှာဖို့ပြောသည်။ ပွဲလန့်တုန်းဖျာခင်းသူ များက သတင်းစာထဲတွင် ရှာဖို့ပြောကြသည်။ သုဘရာဇာတစ်ချို့ကလည်း အခေါင်းများထဲတွင် ရှာဖို့ အကြံပေးကြသည်..။ နောက်ဆုံး နတ်ကတော်တစ်ယောက်က ဗိုလ်ချုပ်ဈေးထဲတွင်ရှာရန်ပင် ပြောသွားသေးသည်…။ သို့သော်….သို့သော်…၎င်းတို့နှစ်ယောက်၏ ခရီးမှာ အဆုံး သတ်ဖို့ ဝေးလှပေသေးသည်။
၎င်းတို့နှစ်ယောက်လျှောက်လှမ်းရာ လမ်းခရီးသည် ထင်သလောက်တော့ မလွယ်ကူခဲ့တာ အမှန်ပင်ဖြစ်သည်။ မကြာခဏဆိုသလို နောင်တများနှင့် ခလုတ်တိုက်လေ့ရှိပြီး၊ တွေဝေခြင်း ပင်လယ်များထဲတွင်လည်း မရေမတွက်နိုင်အောင် ရွက်လွှင့်ခဲ့ကြရပါတယ်။
အခန်း (၃)
ကဲ… မိတ်ဆွေ ကိုအတ္တ။ ကျုပ်တို့နေရာတွေလည်း တော်တော်စုံခဲ့ပြီ…။ ဒီ့ထက်ထပ်ပြီး ရှာစရာနေရာလဲမကျန်တော့်ဘူး…။ ကျုပ်တော့လက်လျော့ ချင်ပြီ…။ ခင်ဗျားသဘောကရော….?
အေးဗျာ…အမှန်အတိုင်းပြောရရင် ကျုပ်လည်းတော်တော်စိတ်ကုန်သွားပြီ…။ ကျုပ်လိုချင်တဲ့ဟာနဲ့ အပေါ်ယံအားဖြင့်တူတဲ့အရာတွေတော့ တော်တော်များများတွေ့ခဲ့ပါတယ်..။ ဒါပေမယ့် အပေါ်ယံ အခွံတွေပဲတူတယ်ဗျ…။ အနှစ်သာရတွေက တစ်ခြားစီဖြစ်နေတယ်…။ တူနေတဲ့အပေါ်ယံ တွေထဲမှာတောင် အရာတော်တော်များများက အစစ်အမှန်တွေမဟုတ်ပဲ လုပ်ယူထားတဲ့ဟာတွေဗျ…။ ကျုပ်တော်တော် ရွံရှာမိတယ်ဗျာ…။
ဟင်း…။ ကျုပ်လဲ ခင်ဗျားလိုပဲ ကိုအတ္တ ဟုတ်လေမလား၊ ဟုတ်လေမလားလို့ ထင်ယောင်ထင်မှား ဖြစ်လောက်တဲ့အရာတွေ တော်တော်များများ တော့ တွေ့ခဲ့လေရဲ့ …။ ဒါပေမယ့် ခင်ဗျားလိုပါပဲဗျာ…။ ခင်ဗျားရှာနေတဲ့ဟာကမှ အထဲမှာ အနှစ်လေးဘာလေးပါပြီး မတူတာလာက်ပဲရှိတာ..။ ကျုပ် တွေ့ခဲ့တဲ့ဟာတွေက အပေါ်ယံအခွံတွေပဲ ရှိပြီး အထဲမှာအနှစ်တောင်မပါဘူး…။ ကျုပ်လဲ စိတ်ကုန်ပြီဗျာ…။
ကဲ… ကိုမာန။ ကျုပ်တို့အကောင်းဆုံး ကြိုးစားခဲ့ကြပြီးပြီပဲ…။ ဒီ့ထက်လည်း ပိုမတတ်နိုင်တော့ဘူး..။ ကျုပ်တို့မှာ တခြားလုပ်စရာတွေလည်း အမျာ ကြီးရှိသေးတယ်…။ တစ်ချိန် ကျုပ်တို့နဲ့ထိုက်တန်ရင် လိုက်ရှာစရာ။ လိုက်ဝယ်စရာမလိုပဲနဲ့ကို ကျုပ်တို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိ့မ် မယ်လို့ ကျုပ်တော့ယုံကြည်တယ်…။ အဲ့ဒီ့လိုရောက်လာတဲ့အခါကြရင်သာ ကျုပ်တို့အနေနဲ့ ထပ်ပြီးမဆုံးရှုံးရ၊ မပျက်စီးရလေအောင် ကောင်းကောင်း ထိမ်းသိမ်းတတ်ဖို့ပဲလိုတယ်…။
ဟုတ်တယ်…ကိုအတ္တ ကျုပ်တို့အရှေ့မှာ လမ်းခွဲလည်းရောက်နေပြီ လမ်းခွဲကြတာပေါ့ဗျာ…။
ဒါနဲ့ကို အတ္တ…။ ကျုပ်တို့ ခရီးတစ်ခုကိုသာ အချိန်ကာလတော်တော်ကြာကြာ လက်တွဲခဲ့ကြတာ ခင်ဗျားရှာနေတာက ဘာလဲဗျ…။ ကျုပ်ကိုပြောပြ သွားပါဦး…။
ဟား…ဟား..ဟား…။ ကျုပ်နာမည်က အတ္တပါဆိုတော့မှဗျာ…။ ကျုပ်ပျောက်သွားလို့ လိုက်ရှာနေတာ “နာမည်” ပေါ့ဗျ…။ နာမည်..။ ဟား..ဟား။
ခင်ဗျားကရောဗျ…။ ဘာတွေလိုက်ဝယ်ခဲ့တာလဲ….။
မာန က သူတို့ ရပ်နေသော လမ်းခွဲရှိ ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို တစ်ချက်ကြည့်ရင်း ပြုံး၍….
ကျုပ်လိုက်ဝယ်နေတာ “ဂုဏ်သိက္ခာ” ဗျ…။
ဇာတ်သိမ်း
၎င်းတို့ လမ်းခွဲကြရာ လမ်းစုံတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်သည် ခပ်ကြမ်းကြမ်း လေအဝှေ့တစ်ချက်ကြောင့် ဆိုင်းဘုတ်တွင် ကပ်နေသော ဖုန်အချို့လွင့်စင်သွားကာ စာလုံးများထင်ရှားစွာ ပေါ်လာခဲ့လေသည်…။
“သေခြင်းတရား…….”
P.S- ခံစားချင်တာခံစား၍ ရေးချင်တာရေးပါသည်။








လူတွေ အတ္တတွေ မာနတွေကို ရှေ့ထားပီး ဘ၀တခုလုံး လျှောက်နေလိုက်ကြတာ .. တခါတလေမှာ ဂုဏ်သိက္ခာဆိုတာ ဘယ်နားနေမှန်းမသိပါဘူး .. စိတ်ကူးပုံဖော်ထားတာလေး ကောင်းတယ် အကို ..
Like or Dislike:
0
0
အင်း လူတွေဟာ ကိုယ်လိုချင်ရာနောက် ကို လိုက်ကြရင်းနဲ့ နောက်ဆုံးတော့လဲ သေချင်းတစ်ရား ဆိုတဲ့ နေရာမှာ ဂိတ်ဆုံးသွားခဲ့ ကြတာပါပဲ ..။
စိတ်ကူးကောင်းတာကိုတော့ မပြောလိုတော့ပါဘူး .။
ဟဲ ဟဲ..။
တစ်ခြားလူမှ မဟုတ်တာ ဘလက်ဒရင်းပဲ လေ
Like or Dislike:
0
0
လေးစားပါတယ် မောင်လေး…လူသာငယ်တာ ပညာက မငယ်ဖူးဆိုတာ ဒါမျိုးဖြစ်မယ်း)
Like or Dislike:
0
0
ဟုတ်ပါတယ်… အဲဒီလမ်းဆုံရောက်မှ သူတို့တွေ လမ်းခွဲကြတာ…။ ဆက်ပြောရင်လည်း ရှာကြံချီးမွမ်းတယ် ဖြစ်ဦးမယ်း) အတွေးတွေကတော့ အမြဲကောင်းနေတာပါပဲ…
Like or Dislike:
0
0
မောလိုက်တာ.. ဖတ်ရင်းနဲ့ မောလာတာ.. လမ်းဆုံးရောက်တော့ မောခဲ့တာတွေ ဘာမှမဟုတ်ပါလားလို့ ဆင်ခြင်မိတယ်.. သူတို့က မဆုံရင်သာ နေတာ ဆုံသွားရင် လမ်းခွဲ မရောက်မချင်း ပြန်မခွဲကြတော့ဘူး …
Like or Dislike:
0
0
ပက်ပက်စက်စက် ကောင်းတယ်…ရေလည်မိုက်တယ်… ဒီအရွယ်နဲ့ ဒလောက်တော်နေရင်… အင်း ကြီးလာရင်တော့(အသက်) ပိုတော်ပြီး ပိုကောင်းတဲ့ ပိုစ့်တွေ ဖတ်ရအုံးမှာပဲး)။
Like or Dislike:
0
0
“အတ္တ” နဲ့ “မာန”
ရှာဖွေခဲ့ကြတာ
“နာမည်” နဲ့ “ဂုဏ်သိက္ခာ”
ခွဲခွာခဲ့တာ “သေခြင်းတရား”လမ်းဆုံ
တပ်မက်ခြင်းတွေနဲ့ ဘ၀အဖုံဖုံကို ဖြတ်
ငါတို့ လက်ထဲမြဲခဲ့တာက မမြဲခြင်းတရား…။
ဘ၀ခရီးဆိုတာ တိုတောင်း
ဒီလမ်းကြောင်းက ကြမ်းတမ်း ချောမွေ့ မာယာပြည့်လို့
အောင်မြင်မှုအတွက် ဟစ်ကြွေးကြ
ဆုံးရှုံးမှုအတွက် ငိုကြွေးကြ
ချစ်ခြင်းအတွက် ကျေနပ်ခဲ့ကြ
ခွဲခွာခြင်းအတွက် ပူဆွေးခဲ့ကြ…။
ဇီဝမှာ ဖြစ်တည်တဲ့ ပန်း
ညှိုးနွမ်းလို့ကြွေလွင့်ချိန်
ငါ့အိမ် ငါ့မြေ ငါ့မိတ်ဆွေ
ငါ့ပစ္စည်း ငါ့ဇနီး ငါ့သားသမီး
ငါ..ငါ..ကြီးစွဲခဲ့သမျှ
အနိစ္စလမ်းဆုံမှာ ကြဲချလိုက်
တမလွန်ဘ၀အတွက် ရိက္ခာမှာ
အဲဒီ့ အရာတွေမပါဘူး..။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Like or Dislike:
0
0
တစ်ပုဒ်ဆို တစ်ပုဒ်ပဲဟေ့….
P.S- ငါလဲ ခံစားချင်တာခံစား၍ တွေးချင်တာတွေးသွားပါသည်။
Like or Dislike:
0
0
ကောင်းတယ်ဆိုတဲ့စကားထက် ကောင်းတဲ့စကားရှိရင် အဲဒီစကားပြောသွားတယ်လို့မှတ်လိုက်နော်….
သိပ်မထူးဆန်းတဲ့ အကြောင်းအရာကို ရေးသွားတာ.. တင်ပြပုံလေးက တအားလှတော့ ဖတ်လို့မငြီးဘူးဖြစ်နေတယ်… ဦးဦးအိပ်မက်မည်းရေ.. တော်တယ်ဗျို့…
Like or Dislike:
0
0
တင်ပြသွားပုံလေးတွေအရမ်းကောင်းတယ်နော်…..
Like or Dislike:
0
0
ကောင်းတယ်ဗျာ ..အရေးအသားရော အတွေးအခေါ်ရော ..
အဲဒါကြောင့် မချီးကျူးပဲ ကို မနေနိုင်တာဗျ
Like or Dislike:
0
0
ငရုတ်သီးကို ဘယ်အချိန်စားစား စပ်ခြင်း အရသာ မပျက်သလိုပဲ. ဘယ်အပုဒ်မဆို ထိထိမိမိ၊ ကွင်းကွင်းကွက်ကွက်ပဲ ညီရေ.. သိပ်ကောင်းတယ်.
Like or Dislike:
0
0
တစ်ပုဒ်ဆို ဆိုသလောက် ဖတ်ရတာ ထိထိမိမိနဲ့  အဓိပ္ပါယ်ရှိတယ်။ သိပ်တော့ မဆန်းပါဘူးလေ BD လက်ရာပဲဟာ။ အတ္တနဲ့ မာနကို အခြေခံပြီး ဘ၀ကို တည်ဆောက်နေသူတွေအတွက် သင်ခန်းစာကောင်းလေးတစ်ခုပေါ့ဗျာ။ သေခြင်းတရား လမ်းဆုံမရောက်ခင် အမှန်မြင်တတ်ကြပါစေလို့ ။
Like or Dislike:
0
0
ကျွန်တော့်ဆီလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဘယ်သူလည်းဆိုတာသိချင်လို့ လာကြည့်တာ တော်တော်လက်ဖျားခါလောက်တဲ့ အရေးအသားကို တွေ့ရတာ အားကျ ကျေနပ်ပါတယ်ဗျာ.. ဒါနဲ့ အစ်ကို့ကို တစ်ခုမေးတာပေါ့ ဖြေချင်မှ ဖြေပါ.. အစ်ကိုက ပထမ ၁ယောက်လား၊ ဒုတိယတစ်ယောက်လား၊ ၂ယောက်လုံး လား၊ ၂ယောက်လုံးမဟုတ်ဘူးလား.. =D စိတ်မဆိုးနဲ့ဗျို့ ဒါမယ့် ဒီဟာလေးကို တော့ တော်တော် သဘော ကျတယ်ဗျို့ အစ်ကို့ရဲ့ မေးလ်လေးလည်းပေးပါဦး စကားပြောရတာပေါ့.. တွေ့ရတာ ၀မ်းသာပါတယ်ဗျာ =)
Like or Dislike:
0
0
ဘလက်ရေ—-
နေမကောင်းပေမဲ့–လာဖတ်တယ်–
လူ့ဘဝမှာ လူတယောက်ဖြစ်လာရင်—
ယူသူအဖြစ်နဲ့ ပေးသူအဖြစ်–
ဖန်တီးသူအဖြစ်နဲ့ ဖျက်ဆီးသူအဖြစ်–
ရွေးစရာတလမ်းထဲပါပဲ—
Like or Dislike:
0
0
ဘာမှ ပြောစရာမရှိအောင် ရေလည် မိုက်တယ်ဗျို့…။
Like or Dislike:
0
0
Thanks “Black Dream” for visiting my blog Myanmar2day and writing on my guest book.
Like or Dislike:
0
0
သူများတွေပြောသွားကြလို့ ပြောစရာစကားမကျန်တော့ဘူး။ သူတို့ပြောတဲ့အတိုင်းပဲ
တွေးချင်တာ တွေးပြီးပြန်သွားပြီ…
Like or Dislike:
0
0
အရမ်းကောင်းတဲ့ ပိုစ့်လေးဗျာ
အကိုစာတွေ ဖတ်ရတာ တပုဒ်ဆို တပုဒ်
အဓိပ္ပာယ်ထိတယ်
Like or Dislike:
0
0
အင်းပြောလိုက်ကွာ… အဲဒီလို ခေါင်းစင်ကောင်းတွေနဲ့ မျက်ကမ်းနေတဲ့ ခရီးသည်ဘဘကြီးများကိုလဲ။
Like or Dislike:
0
0
အနှစ်တွေချည်းပဲဗျာ ။
Like or Dislike:
0
0
စိတ်ကူးနဲ့ အတွေးလေးတွေ မိုက်တယ်ဗျာ။
Like or Dislike:
0
0
ဘယ်နားမှာ ရေးရမှန်းမသိလို့ ဒီမှာပဲရေးလိုက်ပြီ
(
စီဘောက်ပျောက်သွားတော့ ဘယ်နားမှာ သွားရေးရမှာလဲလို့
နည်းနည်းလေးတော့ ပိုလှသွားသလိုပဲ
ပို့စ်တွေက ဒေါင်လိုက်မသွားတော့ပဲ အလျားလိုက်သွားနေတယ်နော်
ထူးခြားတာပေါ့
Like or Dislike:
0
0
Cbox ပျောက်နေလို့ ဘယ်နားအော်ရမလဲ လိုက်ရှာနေသေးတယ် …. ခုမှပြန်ရောက်ဖြစ်တယ်
Like or Dislike:
0
0
Cbox ပျောက်နေလို့ ဘယ်နားအော်ရမလဲ လိုက်ရှာနေသေးတယ် …. ခုမှပြန်ရောက်ဖြစ်တယ်
Like or Dislike:
0
0
This is really good article. Yeah…most of the times we just wondering around to get what we want but we can’t get to the point and mess up our life. your article highlighted well about life. great!
နေကောင်းလား အစ်ကို? စာမေးပွဲတွေဖြေနေလို့ blog တွေမလည်ဖြစ်ဘူး။ c-box ရှာမတွေ့လို့ ဒီမှာပဲ ရေးခဲ့ပြီနော်..
Like or Dislike:
0
0
း)
နာက ဟိုဘက်ဘလော့ကိုရောက်သွားတာ ဟတ်
Like or Dislike:
0
0
template အသစ် တင်ပီးတော့ ထပ်လာတယ်ဗျို့.. မိုက်တယ် လို့ပဲ ပြောခွင့်ပြု.. =)
Like or Dislike:
0
0
အိမ် အသစ်ကိုလည်လည်လာပါတယ်။ အိမ်လေးက ပိုမိုက်လာတယ်။
Like or Dislike:
0
0
အတ္တက နာမည်ကိုရှာတယ်
မာနက ဂုဏ်သိက္ခာကိုရှာ
သူတို့ ၂ ဦးစလုံးလောဘတွေတောက်လောင်နေတာပဲ။
သေခြင်းတ၇ားကတကယ်တော့ နီးနီးပါ ဝေးအောင်သူတို့တွေလိုက်လုပ်နေတာလားမသိ ။
ဖတ်နေတာကြာပြီးခုမှပေးဖြစ်တော့မယ် အရမ်းကောင်း အော်..ကောင်းဆို ဘယ်သူ့မို့တုန်း မောင်မျိုး အစ်ကို မောင်မဲလေ ဟုတ်တယ်ဟုတ် အစ်ကိုဂျီးးးးး
Like or Dislike:
0
0
အကျီင်္က မနာလိုစရာကောင်းလောက်အောင် လှနေတယ် လိုချင်တယ် ချွတ်ပေးး
Like or Dislike:
0
0
ဟုတ်ပါ့….Most of our human beings are full of ego and pride.” သေခြင်းတရား” ဆိုတဲ့လမ်းဆုံးကိုမေ့နေကြပြီးအတ္တနဲ.မာနကိုရှေတန်းတင်ပြီးလျှောက်နေလိုက်ကြတာနောက်ဆုံးတော့လဲ…
်
Like or Dislike:
0
0