• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ပထမမြောက် မှတ်တိုင်

    January 1 , 2009 | 825 views
    poll

    poll

    ကျွန်တော် Blog ရေးသားခြင်းကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့  မှ စတင်ရေးသားခဲ့ပါ တယ်…။ စတင်ရေးသားချိန်မှ ယခုလက်ရှိအချိန်ထိ တွေ့   ကြုံခဲ့ရတဲ့ အဖြစ်အပျက်မှား၊ အတွေ့ အကြုံများအားလုံးကို ကျွန်တော့်ရဲ တစ်နှစ်ပြည့် Post မှာတုန်းက တော်တော်များများ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်…။

    ဒီလိုပါပဲ…။ ကျွန်တော် လျှောက်လှမ်းခဲ့တဲ့ ကာလလေးတစ်ခုမှာ Blog စာမျက်နှာနဲ့   Blog လောကမှာ ကျွန်တော်ဖန်တီးခဲ့တဲ့ အနက်ရောင်အိပ်မက်တွေကို မှတ်တိုင်လေးတစ်ခု သို့  မဟုတ် အမှတ်တရ မှတ်တမ်းလေးတစ်ခု စိုက်ထူဖို့    (သို့မဟုတ်) တိုင်းတာဖို့   ကျွန်တော်ကြိုး စားခဲ့ပါတယ်…။ အဲ့ဒါကတော့ ကျွန်တော်ရေးခဲ့တဲ့စားများကို လာရောက်ဖတ်ရှုကြသော သူများ နှင့် Blogger ညီအစ်ကို မောင်နှမများ၏ သဘောထားများကို တောင်းခံခဲ့ခြင်းဖြစ်ပါတယ်..။

    ၂၀၀၈ ခုနှစ် ဇန်န၀ါရီလတစ်ရက်နေ့   မှာ စတင်ခဲ့တဲ့ မှတ်တမ်းဟာ ဒီနေ့   ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လ ၁ ရက်နေ့   မှာ တစ်နှစ်ပြည့် ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်…။ ကျွန်တော် လျှောက်လှမ်းခဲ့ပါတယ်…။ ယခုလဲ ကျွန်တော်ဆက်လျှောက်နေဆဲပါ…။ နောင်ကိုလည်း ကျွန်တော့် အိပ်မက်တွေ ရှင်သန် နေသ၍ ဆက်လက် လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်…။

    အနက်ရောင်အိပ်မက်တစ်ခု၏ ၀ိဥာဉ်များအား ယနေ့ထက်ထိ ရှင်သန်နေအောင် အားပေးခဲ့ ကြသော အားလုံးသော စာဖတ်သူ အပေါင်းနဲ့   Blogger ညီအစ်ကို မောင်နှမများအားလုံးအား အထူးကျေးဇူးတင်၊ တန်ဖိုးထားကြောင်း ပြောကြားရင်း ၂၀၀၉ ခုနှစ်အတွက် ကျွန်တော့်ရဲ့   Blog စာမျက်နှာကို စတင်ဖွင့်လှစ်လိုက်ပါတယ်…။

    P.S- မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ (BLACK DREAM)

    Cateogry : News , Personal

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    17 Responses to “ပထမမြောက် မှတ်တိုင်”

    1. Congratulations My Bro!

      Cheers :)

      အိပ်မက်တွေကို ဆက်လက်ဖက်တွယ်ရင်း အောင်မြင်စွာ အကောင်အထည်ဖော်သွားနိုင်ပါစေ…

      Like or Dislike: Thumb up 0 Thumb down 0

    2. ပထမမြောက်မှတ်တိုင်အတွက် ဂုဏ်ယူပါတယ် မောင်လေးရေ။ 50% Excellent ဆိုတာ ၁နှစ်လုံး အတိုင်းအတာနဲ့ဆိုရင် အင်မတန် ကျေနပ်စရာ ကောင်းပါတယ်။ အနှစ်သာရပြည့်ဝတဲ့ ပို့စ်ပေါင်းများစွာကို နှစ်ပေါင်းများစွာ ဆက်ရေးနိုင်ပါစေ မောင်လေး…

      Like or Dislike: Thumb up 0 Thumb down 0

    3. ဆန္ဒပြင်းပြနေသမျှ အိပ်မက်ဆိုတာ ဘဝကူးအထိယူသွားသင့်ပါတယ်….
      ကောင်းသောနှစ်သစ်ပါဗျာ…:P

      Like or Dislike: Thumb up 0 Thumb down 0

    4. သူငယ်ချင်းကြီး ၂၀၀၉ မှာ ဒီထက်အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်..

      Like or Dislike: Thumb up 0 Thumb down 0

    5. :D

      Like or Dislike: Thumb up 0 Thumb down 0

    6. အဲဒီအိပ်မက်ပေါ် ငါတို့ကလည်း အမြဲ လာ ချီးမြှောက်နေမှာပါပဲဗျာ .. ကဲ .. ခင်ဗျား စိုက်ထူလိုက်တဲ့ မှတ်တိုင်လေးကို ကျွန်တော် ထုံးသုတ်ပေးပါမယ် .. ဟတ်ဟတ် .. စတာ ..
      နောင် အခွင့်ရတဲ့ အချိန် အထိပေါ့.. မှတ်တိုင်များ ဆက်လက်စိုက်ထူနိုင်ပါစေသယ်ရင်းရေ

      Like or Dislike: Thumb up 0 Thumb down 0

    7. ဆက်…မက်လိုက်စမ်းပါ…
      အိမ်မက်ဆိုတာ မရှိရင်..
      အိပ်တယ်ဆိုတာ သေခြင်းသက်သက်ဖြစ်မယ်…
      လူဆိုတဲ့ ရှင်သန်ခြင်းမှာ..
      အိမ်မက်ဟာ.. မသိစိတ်ရဲ့ ပန်းတိုင်
      အိမ်မက်ဟာ.. အတ္တရဲ့ ပုံရိပ်…
      မင်း.. မက်နေခဲ့တဲ့ အိမ်မက်တိုင်းမှာ..
      မင်းသားကတော့ မင်းပဲ ဖြစ်နေမှာပါ.. မဲကြီး..း)
      မင်းရဲ့ မှတ်တိုင်တွေက.. မင်းကို လက်ဆွဲနှုတ်ဆက်ဖို့ ရှေ့မှာစောင့်နေကြသေးတယ်နော်…
      နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ.. မဲကြီးရေ..။

      Like or Dislike: Thumb up 0 Thumb down 0

    8. မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ
      ဖက် ဖက် မင်းတို့ပဲဖက်ကြ
      ငါထွင်ထားတာလေး ပြောခဲ့ဦးမှ
      အိမ်မက်နက်နက်လေးမက်ပါစေ
      ဟိ

      Like or Dislike: Thumb up 0 Thumb down 0

    9. ကောင်းတယ်ဆိုတာ ပြောဖို့တောင်မလိုပါဘူး အစ်ကိုရာ မက်တွေနဲ့အိပ်မက်တွေက အမြဲ လန်းဆန်းတက်ကြွနေတာပဲ ။ အားကျတဲ့ ဘလော့ဂါတစ်ယောက်ပါ။ ဆက်လက်ပြီးလည်း အိပ်မက်ကို ဖက်တွယ်နိုင်ပါစေ ။ မှတ်တိုင်မှာ တံဆိပ်ကပ်သွားတယ်
      သတိ /
      သက်ဆိုင်သူရှိသည် အရေးကြီးပါက မီးနီကြည့် ဘယ်ကြည့် ညာကြည့် ဘယ်ညာ ကြည့် စိမ်းပြီဆို ကူးတော့ ဟိုဘက်ကမ်းမှာ ကိုမဲကြီး လက်ကမ်းကြိုနေတယ် :P

      Like or Dislike: Thumb up 0 Thumb down 0

    10. မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ (BLACK DREAM)
      အစဉ်အမြဲ အောင်မြင်ပါစေဆရာရေ

      Like or Dislike: Thumb up 0 Thumb down 0

    11. အိမ်မက်များ ဆက်လက်ရှင်သန်ဖို့ ကျနော်တို့လဲ တဖက်တလမ်းက အားပေးပါတယ်ဗျို့

      Like or Dislike: Thumb up 0 Thumb down 0

    12. အရင်က ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ်လေ…

      ညီမျှခြင်းရလဒ်တစ်ခုကို မကျေနပ်တိုင်း
      အိုင်းစတိုင်းကို စော်ကားတာမဟုတ်သလို
      အပြုံးတစ်ခုကို မချင့်မရဲဖြစ်တာလည်း
      ဗင်ချီကို သရော်တာမဟုတ်ဘူး
      ကဗျာရေးတဲ့လက် ထမင်းမငတ်သလို
      အိပ်မက်တွေမက်တိုင်းလည်း သေဆုံးမသွားတတ်ဘူး။

      အားပေးလျက်

      Like or Dislike: Thumb up 0 Thumb down 0

    13. ပထမမြောက်မှတ်တိုင်မှာ
      ကလောင်ပိုင်ပိုင်
      သူ … ခိုင်ခိုင်ဆုပ်ထားတဲ့ လက် … ။

      အိပ်မက် အထပ်ထပ်ထဲ
      အနက်ရောင် ကပွဲဝတ်စုံနဲ့ ပျော် …
      ကကြိုးကကွက်တွေဖော်လို့ … ။

      ညံမစဲ သြဘာသံသဲသဲ
      မနက်ဖြန် အိပ်မက်မဲများကြားမှာ
      သူ … ဖက်တွယ်ထားဆဲ … ။

      ကဲ
      နှစ်ပတ်လည်း လည်ခဲ့ပြန်
      စာမျက်နှာအသစ်ကို လှန်မယ့် သူ့ ဟန်က
      အားမာန်တက်ကြွ …
      ဂုဏ်ယူလို့ ၀မ်းမြောက်လှပါဘိလေ … ။

      ( blackdream21 ရဲ့ နှစ်ပတ်လည်မြောက်မှသည် နှစ်ပေါင်းများစွာ ဆက်လံတည်တံ၍ အနုပညာခံစားမှုများ မျှဝေနိုင်ပါစေ ဆုတောင်းလျှက်)

      Like or Dislike: Thumb up 0 Thumb down 0

    14. အိပ်မက်လှလှလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။
      နှစ်ပတ်လည်ပေါင်းများစွာသို့…..

      Like or Dislike: Thumb up 0 Thumb down 0

    15. ပထမမြောက်ကနေ ဒုတိယ တတိယမြောက် မှတ်တိုင်များကို အရောက်လှမ်းနိုင်ပါစေရှင်

      Like or Dislike: Thumb up 0 Thumb down 0

    16. မှတ်တိုင်ပေါင်းများစွာ ဆက်လက်စိုက်ထူနိုင်ပါစေ….
      အားကျတဲ့ ဘလော့ဂါထဲမှာ အစ်ကိုလည်းပါတယ်။ တစ်ပုဒ်ဆို ဆိုသလောက် အရေးကောင်းလွန်းလို့ …. အတုယူရတယ်။ အရေးအသားတွေကို…. :)

      Like or Dislike: Thumb up 0 Thumb down 0

    17. အိပ်မက်တွေ အကောင်ထည်ဖော်နိုင်ပါစေ ဘလက်…

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply