မင်္ဂလာရှိသော ဒီဇင်ဘာ
ယခုနှစ် ၂၀၀၈ ခုနှစ်ဒီဇင်ဘာကတော့ ကျွန်တော့်ဘ၀အတွက် တကယ့်ကို အမှတ်တရပေါင်းများစွာကို ပေးစွမ်းနိုင်တဲ့ လတစ်လပါပဲ…။ ခံစား ချက်မျိုးစုံကို ပေးပါတယ်….။ ကောင်းတာတွေ ရှိသလို၊ ဆိုးတာတွေလဲ ရှိပါတယ်…။ ဒါပေမယ့် ကျွန်တော်အခု ဒီပို့စ်ကို ရေးတာက တော့ ကောင်းတဲ့အချက်တွေ ကိုဂုဏ်ပြုဖို့ ဖြစ်ပါတယ်…။
ပထမဦးဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ..။ ၂၀၀၈ ဒီဇင်ဘာလ ၁၇ ရက်နေ့ဟာ ကျွန်တော်တို့ စစ်တက္ကသိုလ် အပါတ်စဉ် (၄၇) ကျောင်းဆင်းအရာရှိများ၏ ၄ နှစ်ပြည့်နှစ်ပတ်လည်နှင့် အတူ ဗိုလ်ကြီးများအဖြစ် နိုင်ငံတော်မှ ရာထူးတိုးမြှင့် ခံ့ထားခြင်းခံရပြီ ဖြစ်ပါတယ်…။
ထို့ကြောင့် ဒီလိုနေ့ရက်မျိုးမှာ ကျွန်တော်နှင့် အတူ အားလုံးသော ကျောင်းဆင်း ညီအစ်ကို၊ သူငယ်ချင်းများ အားလုံး စိတ်၏ချမ်းသာ ခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် အတူ တိုင်းပြည်နှင့်လူမျိုး အမျိုးဘာသာ သာသနာအတွက် မိမိ၏ အသက်နှင့် ခန္ဓာအား ပဓာနမထားပဲ ဦးလည်မသုန် ဆထက်တန်ဖိုးတိုး၍ နောက်ဆုံးထွက်သက်အထိ တိုင်းပြည်နှင့် ပြည်သူအပေါ် သစ္စာရှိစွာ အကျိုးပြုနိုင်သော တိုင်းပြည်၏ သားကောင်း ရတနာများ ဖြစ်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်….။
ဒုတိယတစ်ခု ကတော့..။ ကျွန်တော်တို့ရဲ့ မြန်မာ Blogging ကျေးရွာမှ ပျောက်ချင်းမလှပျောက် (ချင်ယောင်ဆောင်) နေသော ကိုစိုးထက် ကြီးအကြောင်းပါပဲ…။ ဒီဇင်ဘာ ၁၇ ရက်နေ့က ကျွန်တော့်တို့ရဲ့ Anniversary Promotion Day ဖြစ်သလို…။ ယနေ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ဟာဆိုရင် ကျွန်တော်တို့ လေးစားရပါသော အစ်ကိုကြီးကိုစိုးထက်ရဲ့ Graduation Day လည်းဖြစ်ပါတယ်…။
ကျွန်တော်တို့ရဲ့ အစ်ကိုကြီး ကိုစိုးထက်လည်း နောင်နှစ်ပေါင်းများစွာတိုင်အောင် မိမိ၏ အတတ်ပညာ၊ အသိပညာများကို ကျွန်တော်တို့ ချစ်သော တိုင်းပြည်နှင့် ပြည်သူအတွက် ဆထက်တန်ဖိုးတိုး၍ အကျိုးပြနိုင်သော နိုင်ငံ့ သားကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်…။ အောက်မှ ကိုစိုးထက်ရဲ့ Graduation Ceremony Video ကို Youtube မှတစ်ဆင့် ကိုစိုးထက်ရဲ့ ခွင့်ပြုချက်ဖြင့် ဖော်ပြပေးလိုက်ပါတယ်…။








CONGRATULATION 47th groups and Ko Soe Htet. May you all be loyal to the country and its citizens who make up the country. As we all know, our future depend on the young generation. let’s learn form the past and the present to be productive in the future. May your fortune and privilege be the dream for hopeless people.
May God Richly bless you on your special day..
AP
Like or Dislike:
0
0
Sorry I meant “47 group members”
Like or Dislike:
0
0
ပိုစ့်ထဲမှာ ရေးထားတဲ့အတိုင်း ရည်မှန်းချက်ကောင်းကောင်းနဲ့ ကိုယ်ကျိုးမဖက်ပဲ ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် တကယ်လုပ်နိုင်တဲ့သူများ ဖြစ်ပါစေ.. ငါဂုဏ်ယူနေမယ် သူငယ်ချင်း..
Like or Dislike:
0
0
အမှတ်တရ ဒီဇင်ဘာ………!
Like or Dislike:
0
0
ညီလေးရေ အကိုကြီး စိတ်လေလေနဲ့ ညီလေးရဲ့ အမှတ်တရနေ့ကို မေ့သွားတာ တောင်းပန်ပါတယ်ကွာ စိတ်မရှိပါနဲ့ အခုလာ ဖတ်ပြီး ငါ့ညီ အတွက် ဂုဏ်ယူ သွားပါတယ် ငါ့ညီနဲ့ အတူ သင်တန်းဆင်း သူတွေအားလုံး နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးကို အမှန်တစ်ကယ် ထမ်းရွက်နိုင်သူများ ဖြစ်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်..။
Like or Dislike:
0
0
မြန်မာတယောက်အနေနဲ့ဂုဏ်ယူပါတယ်ခင်ဗျာ။အခုလိုပညာတတ်တွေအများကြီးပေါ်
ထွန်းပါစေဗျာ။
Like or Dislike:
0
0
အစ်ကိုကြီးပျောက်ပျောက်စိုးထက်နဲ့ အစ်ကိုလေး ပေါ်မလားနက်နက် ၂ယောက်စလုံးအတွက် ဂုဏ်ယူပါတယ် နောက်ဆုံးထွက်သက်အထိ တိုင်းပြည်နှင့် ပြည်သူအပေါ် သစ္စာရှိစွာ အကျိုးပြုနိုင်သော တိုင်းပြည်၏ သားကောင်း ရတနာများ ဖြစ်ကြပါစေလို့ ထပ်တူဆုတောင်းပါတယ် ။
Like or Dislike:
0
0
Congratulations ပါ မောင်လေး… ရည်ရွယ်ချက်တွေ အားလုံးပြည့်ပါစေ
Like or Dislike:
0
0
ကိုစိုးထက်ကြီးလည်း Congratulations ပါ
Like or Dislike:
0
0
ကိုအိပ်မက်ရေ…
Congratulation ပါဗျာ။ ကျနော် ယုံကြည်ပါတယ်၊ ကိုအိပ်မက်ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ ကောင်းကျိုးကို မမှိတ်မသုန် ထမ်းဆောင်သွားမယ့် အရာရှိကောင်းတယောက်ဆိုတာကို…။ ပြီးတော့ ကိုစိုးထက်ရဲ့ ဘွဲ့အတွက်လဲ ဂုဏ်ပြုပါတယ်။
Like or Dislike:
0
0
လာဖတ်သွားတယ် ရောင်းရင်း
Like or Dislike:
0
0
ကိုစိုးထက် အတွက်–Graduation —–
၄၇ အားလုံးအတွက်–Graduation —–
Like or Dislike:
0
0
ကိုစိုးထက် အတွက်–Congratulation
၄၇ အားလုံးအတွက်–Congratulation
Like or Dislike:
0
0
ဒီမှာလည်း ညီလေးက ဘလော့တစ်ခုရှိသေးတာကိုး။ ကိုစိုးထက်ကြီး ဗွီဒီယိုလည်း ကြည့်သွားတယ် ညီလေးရေ။
Like or Dislike:
0
0
နိုင်ငံ့သားကောင်းများကို
ဂုဏ်ယူပါကြောင်း ပြောကြားချင်ပါတယ်။
လေးစားလျက်
http://winzaw-mdy.blogspot.com
Like or Dislike:
0
0
အကိုရေ အကိုစာတွေဖတ်ရတာ
အကိုက နိုင့်ငံသားကောင်းတစ်ယောက်ဆိုတာ ယုံကြည်ပါတယ်။
အကိုတို့ အားလုံးအစား ဂုဏ်ယူပါတယ်။
ဝမ်းလဲသာပါတယ်။
ညီငယ် ဖိုးဂျယ်
Like or Dislike:
0
0