ချစ်…ချစ်….မင်းတို့ပဲချစ်ကြ…!
ကျွန်တော့်အစ်ကိုကြီးတွေ ဖြစ်တဲ့ ကိုလင်းထက်နဲ့ ကိုဟန်သစ်ငြိမ် တို့က အမှတ်တရ Tag ထားတာပါ…။
**********************************************************************************
တကယ်တော့ အချစ်ဆိုတာ
မြန်မာသဒ္ဒါအလိုအရ
ဖမ်းဆုပ် ကိုင်တွယ်၍ မရသော
စိတ္တဇနာမ် တစ်ခုပါပဲ….။
အချစ်…။ တကယ်တမ်း ပြောကြကြေးဆို ဒီအကြောင်းက ဂျာအေးသူ့အမေရိုက်သလိုပါပဲ..။ ဘယ်ကစမှန်း မသိ သလို…။ ဘယ်မှာဆုံးမှန်းလည်း မသိနိုင်တဲ့ အရာတစ်ခုပါပဲ…။ မေးတဲ့သူတွေကလည်း ကမ္ဘာဦးအစ က တည်းက မေး လာလိုက်ကြတာ အခုထိကိုမေးလို့ မပြီးတော့ဘူး…။ ဖြေကြတဲ့သူတွေကလည်း ဖြေလိုက်ကြ တာ…။ အလုံက (အခု မရှိတော့တဲ့) အလုံအမှိုက်ပုံကြီးက အမှိုက်တွေလိုပဲ တောင်လိုပုံလို့။ ဒါပေမယ့် အခုချိန် အထိ ဘာမှ သေချာရေရာတဲ့ အဖြေတစ်ခုမှ မရရှိခဲ့ပါဘူး…။ နောက်လည်း ရလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပေါ့ဗျာ…။
လူဆိုတဲ့ သတ္တ၀ါအမျိုးအစားတွေကလည်း ခက်တော့ခက်တယ်….။ သူတို့မှာ အဲ့ဒီ့အချစ်ဆိုတဲ့ အရာကြီးကို မခံ စားတတ်ရင် (သို့မဟုတ်) မရှိရင်…။ လူတန်းပဲ မစေ့တော့သလိုလို…။ လူပဲ မပီသတော့သလိုလို…။ ဟိုလိုလို…။ ဒီလိုလို…။ ဒီတော့ လူလို့ ကိုယ့်ကိုယ်ကို Copy Right ယူထားတဲ့ သူတွေထဲက သူလို ကိုယ်လိုတစ်ယောက် ဖြစ် တဲ့ ကျွန်တော်လည်း လူတန်းစေ့ ရလေအောင် ချစ်ပြရတော့မှာပေါ့…။ အမှန်က ကျွန်တော်ကိုယ်တိုင်လည်း တော်တော်ကို ချစ်တတ်တဲ့သူတစ်ယောက်ပါ…။ ယပင့်နဲ့လဲ ချစ်တတ်ပါတယ်…။ ယရစ်နဲ့လဲ ခြစ်တတ်ပါတယ်။ ကျွန်တော့် စိတ်လွှတ်တော်က အတည်ပြုတဲ့ ဖွဲ့စည်းပုံမူကြမ်းအရဆိုရင်တော့ ကျွန်တော် ယရစ်နဲ့ ပိုပြီး ခြစ်တတ် ပါတယ်…။ ဟုတ်တယ်လေ…။ ကျွန်တော်က ဆေးလိပ်သောက်တော့ တစ်နေ့ကို အနဲဆုံး အခါ ၂၀ တော့ခြစ်ရ တယ်။ (ဆေးလိပ်တစ်ဘူးမှာ အလိပ် ၂၀ ပါသည်။)
အချစ်ဆိုတာ
ယဉ်လုံအိမ်သာတစ်ခုလိုပဲ
ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပေါ့….။
BLACK DREAM
ငြင်းလို့မရတာကလည်း အမှန်ပဲဗျာ…။ တစ်ကယ်ပါ…။ အချစ်ဆိုတာ တစ်ကယ်တမ်း သေသေချာချာ ပြီး, ပြီးရော တွေးကြည့်တော့လည်း တော်တော်ကို အရေးပါတာကို အရှင်းသားအထင်းသား တွေ့နိုင်လေရဲ့..။ အချစ်နဲ့ပတ် သတ်ပြီး ကျွန်တော် အလေးစားဆုံး အကြိုက်ဆုံး စကားတစ်ခုရှိပါတယ်…။ အပေါ်မှာ ရေးထားတဲ့ဟာပါ သူ့ရဲ့ တင်စားပုံက အရမ်းကိုလေးနက် လှပပြီး….တစ်ကယ်ကိုပဲ ဘ၀အတွက်မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ် ကြောင်း ထင်ရှားစေပါတယ်..။ ယဉ်လုံအိမ်သာတွေသာ မရှိခဲ့ရင်…? ကျွန်တော်တို့ ပတ်ဝန်းကျင်ကြီး ညစ်ညမ်း မယ်…။ ရောဂါဘယတွေ ထူပြောမယ်…။ အနံ့အသတ်တွေဆိုးဝါးမယ်…။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အကြီးအ ကျယ်အားပေးမယ်…။ ထားလိုက်ပါ အဲ့ဒီ့ စကားလုံးအကြီး ကြီးတွေ…။ အနဲဆုံးတော့ ယဉ်လုံအိမ်သာတွေမရှိရင် ကျွန်တော့တို့ရဲ့ တစ်နေ့တာ…။ အဲ့ဒီ့နောက်…။ တစ်ဘ၀တာ…။ ဘယ်လိုမှ အဆင်ပြေ လှပနိုင်စရာ မရှိ…။ အချစ်လည်း အဲလိုပဲပေါ့ဗျာ…။ တစ်ကယ်လို့ အချစ် (သို့မဟုတ်) ယဉ်လုံအိမ်သာများသာ လောကကြီးထဲမှာ မရှိဘူးဆိုရင်ပေါ့ဗျာ….
တစ်ကယ်တော့ အချစ်ဆိုတာ
ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရတဲ့
စွမ်းအင်တစ်ခုပေါ့…။
BLACK DREAM
(မှတ်ချက်။ ။ စွမ်းအင်တို့၏ သဘာဝအရ ဖန်တီး၊ ဖျက်ဆီးလို့မရပေမယ့် စွမ်းအင်တစ်မျိုးမှ နောက်တစ်မျိုးသို့ အသွင်ပြောင်းလဲသွားကောင်း ပြောင်းလဲနိုင်သည်။)
ရှိသေးတယ်…။ စစ်ပွဲတစ်ရာနွှဲလိုက်ချင်ပေမယ့် အချစ်တစ်ပွဲတော့ မနွှဲချင်ဘူးဆိုပြီး တွံ့တေးသိန်တန်လား မသိ ဘူးဆိုဖူးတယ်…။ အမှန်က သူစစ်မတိုက်ဖူးလို့…။ သူသာစစ်မျက်နှာပြင်တစ်ခုမှာ အသက်ကို တစ်ခါသုံးအိမ်သာ စက္ကူတစ်ခုလို သဘောထားရတဲ့ အချိန်မျိုးကြရင် အဲ့လိုစကားမျိုး ပြောနိုင်ပါ့အုံးမလားလို့…? မထင်! စစ်သား တစ်ယောက်အတွက်တော့ အချစ်ဟာ ကျည်ကုန်နေတဲ့ သေနတ်တစ်လက်….။ နေ့တိုင်းစားနေရတဲ့ ငှက်ပြောအူ ဟင်းတစ်ခွက်…။ ချစ်သူနဲ့ အတူရှိတဲ့ အချိန်ဆိုတာကတော့ လေးဖက်လေးတန် ရန်သူအ၀ိုင်းခံထားရတဲ့ အချိန် မျိုးနေမှာပေါ့…။ အချစ်နဲ့စစ်မှာ မတရားဘူးဆိုတာ မရှိဘူးလား ဘာလားတော့ ကျွန်တော်မသိဘူး..။ သေချာတာ တစ်ခုကတော့ အချစ်နဲ့စစ်မှာ တရားလိုနဲ့ တရားခံ မရှိဘူးဆိုတာပဲ…။ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်တယ်..။ Aersomith ရဲ့ Crying ထဲက စာသားတစ်ခုကို ယူသုံးရမယ်ဆိုရင်တော့ Partners In Crime ပေါ့…။ (တွံ့တေးသိန်းတံ – သင့်အားတပ်မတော်မှ အလိုရှိသည်။ ဒီဘ၀မမှီရင် ရောက်ရာဘ၀က အမြန်ဆက်သွယ်ပါ။)
“ချစ်တယ်” ဆိုတဲ့စကားဟာ
စကားလုံးနှစ်လုံးထဲ ရှိသလိုပဲ
အဲ့ဒီစကားလုံး နှစ်လုံးကိုလည်း
လူနှစ်ဦးက ပြောမှသာပြည့်စုံနိုင်မှာပါ….။
BLACK DREAM
အချစ်ရဲ့ လှပမှုကို ပုံစံမျိုးစုံ…။ တင်စားကြသည်..။ ချစားကြသည်…။ ယူစားကြသည်…။ တွေ့တဲ့နေရာမှာ စားကြ သည်။ ကျွန်တော်လည်း စားချင်ပါသည်..။ အချစ်သည် အံဖတ်ထဲမှ လောက်ကောင်လေးများကဲ့သို့ လှပပါသည်။ အချစ်သည် ကွမ်းချေးတတ်နေသော သွားများကဲ့သို့လှပပါသည်။ အချစ်သည် ရေစိုနေသော ကြွက်စုတ်တစ် ကောင်ကဲ့သို့ လှပပါသည်။ အချစ်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သောအခါ အာပုပ်ရည်များ ကျတတ်သော မိန်းကလေး တစ်ယောက်လိုလည်း လှပတတ် ပါသေးသည်။ အချစ်သည် နာမည်ကျော်သော မျက်လှည့်ဆရာ တစ်ယောက်လည်း ဖြစ်သည်။ လူစင်စစ်မှ ကောက်ရိုးစား ချိုထွက်သော သတ္တ၀ါတစ်ကောင် ဖြစ်အောင် ဖန်ဆင်း နိုင်သည်…။ လျှာတမြားမြား အမှီးတနှံ့နှံ့ အကောင်တစ်ကောင် ဖြစ်အောင် ဖန်ဆင်းနိုင်သည်။ ထူးဆန်းလှပေ သည်…။
ကျွန်တော် နိဂုံးချုပ်ပါမယ်…။ အချစ်ဆိုတာ….။ မဆုံးနိုင်သော မေးခွန်း…။ မပြည့်စုံသော ဖွင့်ဆိုမှု…။ မလိုလားအပ် သော လိုအပ်ချက်…။ မဖန်တီးခဲ့သင့်သော စကားလုံး…။ အလှပဆုံး ပိုးစိုးပက်စက် လှည့်စားမှု..။ မချိမဆန့် ဝေဒ နာတစ်ရပ်…။ စောက်ထိုး မိုးမျှော် ဘ၀တစ်ခု…။ မိမိကိုယ်ကို လုပ်ကြံမှု…။ ကျောချင်းကပ်နေသော ဆန့်ကျင် ဘက်..။ နောက်ဆုံး…..။
အချစ်ဆိုတာ….လူတို့ဖန်ဆင်းအပ်သော………လုပ်ဇာတ်တစ်ခု။
မေတ္တာတရားသည်သာ လူသားအချင်းချင်း အေးချမ်းမှုကိုပေးနိုင်သော တစ်ခုတည်းသော စစ်မှန်မှုဖြစ်သည်။
p.s- ကျွန်တော့်စိတ်ထဲ အခုအချိန်မှာ အမှန်တကယ် ရှိနေသော ခံစားချက်များကို ချရေးထားခြင်း ဖြစ်ပါသည်။ အချိန်ရရင် အပေါ်မှာပေးထားတဲ့ Synergy ရဲ့ သီချင်းကိုနားထောင်ကြည့်စေချင်ပါတယ်…။ ဒီပို့စ်ခေါင်းစဉ်က လည်း သူတို့သီချင်းရဲ့ ခေါင်းစဉ်ပါပဲ…။ အေးအေးဆေးဆေးမှ နားထောင်မယ် ဆိုလည်း Download ချသွားလို့ ရပါတယ်။








အချစ်ဆိုတာ
ယင်လုံအိမ်သာတစ်ခုလိုပဲ
ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပေါ့….။
ဟုတ်မယ်…မဲကြီး..။ ငါလည်း အိမ်သာတက်ချင်တဲ့ အခါ အိမ်သာမရှိရင် တော်တော် ဒုက္ခရောက်တယ်…။ မတော်… မထိန်းနိုင်ရင် ဒုက္ခး))))
“ မင်းဟာမင်း မစင်စွန့်ချင်တဲ့ နေရာမှာစွန့်ပြီး”
“၀မ်းရောဂါ ဖြစ်တာ ငါနဲ့ ဘာဆိုင်လဲကွ”
“@ # $ %^_^&*!……”
“၀မ်းရောဂါ မဖြစ်ချင်ရင် ယင်လုံအိမ်သာဆောက်”
သိပ်မှန်တယ် မဲကြီးရာ မင်းရဲ့ အချစ် ဒဿနကး))
Like or Dislike:
0
0
S!GN. . . . . . . . . .
What Can I Say ???
It is Utterly True!
Like or Dislike:
0
0
ကျနော့် အတွက်ကတော့ ချစ်တယ် ဆိုတယ် စကားတစ်ခွန်း
လာကြေကွဲပြနေတာ ။
ကို ကျနော်တစ်ယောက်ထဲ ပြောပြီး ပြီးပြည့်စုံနေပြီ ကိုမည်း
ရာ ။
Like or Dislike:
0
0
လာလေ့လာသွားပါတယ်။
SMNTL
Like or Dislike:
0
0
ဘလက်ရဲ့ အချစ်က အတော်လေးမြင့်နေလားလို့ အံဖတ်ထဲက အလှတရားတွေ တောင်တွေ့နေပီလား
အင်းအဲဒါဆို တစ်သက်စား မေတ္တာဆိုတာမျိုးကြီးလားမသိဘူးနော်… လေ့လာသွားပါတယ်.. အင်း၂ချစ်၂ မင်းတို့နှစ်ယောက်ချစ်
ဒါနဲ့…..အဆင်ပြေပါစေနော်…
Like or Dislike:
0
0
ဟင်းး…အချစ်ဆိုတာ အိမ်သာကြီးတဲ့ နေ့ လည်ထမင်းစားချိန်ရောက်တော့မယ်း)………….အချစ်ဆိုသည်မှာပို့ စ်လေးတက်စ်မှပဲ ဘလော့ဂါတွေရဲ့ အချစ်ဖွင့်ဆိုချက်တွေကိုသိရတော့တယ် မှတ်သားဖွယ်ရာတွေပါပဲ ကဝေနဲ့  တူတဲ့ အချစ်ကတော့ တစ်ခါခါ ပျောက်လိုက် ပေါ်လိုက်နဲ့  အိမ်သာတက်ချိန်တိုင်းသတိရတယ် ဟဟားး ဆိုင်လာတော့သိဘူးး အချစ်အကြောင်းသေချာသိချင်ရင် စစ်တိုက်မှဖြစ်မယ်ထင်တယ် ပါစပ်သေနပ်ပဲပစ်တော့မယ် မီးခိုးမထွက်လို့  …။
Like or Dislike:
0
0
အချစ်ကို လှပခမ်းနားစွာ ဖွဲဆိုထားတာကို လေ့လာသွား ပါတယ်။ စိတ်လွှတ်တော်က အခြေခံမူကြမ်းပဲ ကောင်းပါတယ်ဗျာ။ ကျနော်လည်း တစ်နေ့ ကို အခါအစိတ်လောက်တော့ ခြစ်ဖြစ်တယ်။ အဟဲ ယင်လုံ အိမ်သာတစ်လုံးတော့ ရှာရဦးမယ်။ ဟေဟေ.။
Like or Dislike:
0
0
အချစ်နဲ့ပါတ်သတ်လို့ကတော့ ဘာပြောရမှန်းကိုမသိတော့ဘူး.. ကိုယ်ကချစ်ဖူးတောလဲ့.. အချစ်ဆိုတာကိုယုံတယ်.. လှတယ်လို့လဲထင်တယ်.. အဲ ကိုယ်က ခံခဲ့ရဖူးတော့လဲ.. လောကမှာ အချစ်ဆိုတာရောရှိရဲ့လားလို့တွေးမိတယ်.. ချစ်တယ်ဆိုတာက ရှိလားမရှိလားတော့မသိဘူး.. အတိုင်းအတာတစ်ခုလိုပဲထင်တယ်.. နဲနဲချစ်.. များများချစ်.. အာ… ဘာတွေမှန်းလဲသိတော့ဘူး.. ငါကိုယ်တိုင်တောင် တကယ်ချစ်ဖူးခဲ့တာဟုတ်ရဲ့လားမသိ… အချစ်မရှိလဲ ခုနေနိုင်နေတာပဲ…
Like or Dislike:
0
0
ဒီအချစ်လည်း မှတ်သားစရာပါပဲ။ မမ ကိုလည်း လာဝေဖန်ပေးပါဦး
Like or Dislike:
0
0
လုံးဝ မိုက်တယ် ဆရာရေ …
လန်ထွက်နေတာပဲ .. ဥပမာတွေက
Like or Dislike:
0
0
သြော်….အချစ်တဲ့လား…လမ်းကြုံမှဝင်ကြည့်တော့မယ်:P
Like or Dislike:
0
0
ခေါင်းစဉ်ကလွဲရင်အကုန်ကောင်းတယ်…
ခေါင်းစဉ်က ကျွန်တော့်စောင်းရေးထားသလား
မှတ်ရတယ်
Like or Dislike:
0
0
ယင်လုံအိမ်သာ အကြောင်း အဲလေ အချစ်အကြောင်းလာဖတ်သွားတယ် ညီလေးရေ။
Like or Dislike:
0
0
“ချစ်တယ်” ဆိုတဲ့စကားဟာ
စကားလုံးနှစ်လုံးထဲ ရှိသလိုပဲ
အဲ့ဒီစကားလုံး နှစ်လုံးကိုလည်း
လူနှစ်ဦးက ပြောမှသာပြည့်စုံနိုင်မှာပါ….။
အင်း….မြန်မာလိုတော့ မှန်ပါတယ်။ ဒါပေမယ့် English လိုကြပဲလို လုပ်တော့မလဲ? “LOVE”တစ်လုံးထဲရယ်…ဒါဆို တစ်ယောက်ထဲ ပြောရမယ့်ကိန်းပေါ့…:(
ူ
Like or Dislike:
0
0
အချစ်ဆိုတာ….။ မဆုံးနိုင်သော မေးခွန်း…။ မပြည့်စုံသော ဖွင့်ဆိုမှု…။ မလိုလားအပ် သော လိုအပ်ချက်…။ မဖန်တီးခဲ့သင့်သော စကားလုံး…။ အလှပဆုံး ပိုးစိုးပက်စက် လှည့်စားမှု..။ မချိမဆန့် ဝေဒ နာတစ်ရပ်…။ စောက်ထိုး မိုးမျှော် ဘ၀တစ်ခု…။ မိမိကိုယ်ကို လုပ်ကြံမှု…။ ကျောချင်းကပ်နေသော ဆန့်ကျင် ဘက်..။
မိုက်တယ်ဗျာ…
Like or Dislike:
0
0
တွံတေးသိန်းတန်ကြီးတော့ အခုမရှိတော့ဘူးဆိုတော့ သူ့သာမီးလေးတွေကို စစ်ထဲဝင်ခိုင်းလိုက်လေကွာ ဟတ်ဟတ်
Like or Dislike:
0
0
ယင်လုံအိမ်သာကြီးကို နှာခေါင်းပိတ်ပြီး အဲလေ ယောင်လို့ အချစ်အကြောင်းရေးထားတာ အတွေးက တစ်မူကွဲထွက်နေတာပဲ။ ကိုဘလက်ရဲ့
မရောက်ဖြစ်တာတောင် ကြာပီ။
ဘာတွေလုပ်နေတုန်းဗျ။
ယင်လုံအိမ်သာနဲ့ အဆင်မှပြေနေရဲ့လား။
အချစ်ကို ယင်လုံအိမ်သာလို့ တင်စားထားတာ အလွမ်းကို ဘယ်လိုတင်စားမလဲဆိုတာ သိချင်တယ်။
ကြုံရင် ပြောပြပါဦး။
Like or Dislike:
0
0
ဒီအကြောင်းကို ကိုဦးရေးရင် ထူးခြားမယ်ဆိုတာ သိပြီးသားပါ။ “”ချစ်တယ်” ဆိုတဲ့စကားဟာ
စကားလုံးနှစ်လုံးထဲ ရှိသလိုပဲ
အဲ့ဒီစကားလုံး နှစ်လုံးကိုလည်း
လူနှစ်ဦးက ပြောမှသာပြည့်စုံနိုင်မှာပါ….။” အရမ်းမှန်တယ် မောင်လေးရေ။ Blackdream ရဲ့ထုံးစံအတိုင်းပဲ တပုဒ်ထဲမှာ ပြုံးမိစေတဲ့ တွေးမိစေတဲ့ အချက်တွေ အများကြီးပါပါတယ်။ SOLID ပါပဲ။
Like or Dislike:
0
0
တော်တော်နောက်တတ်တယ်ထင်တယ်။
ဟီး ဖတ်လို့တော့ကောင်းသား၊ရီရလို့…
နောက်အားရင်လာလည်အုံးမယ်သိလား !!!!!!!!!
Like or Dislike:
0
0
အချစ်ဆိုတာ ယင်လုံအိမ်သာကြီးတဲ့. ဟီးးး
တွေးတတ်ပါ့. အစ်ကိုကတော့….
“ချစ်တယ်” ဆိုတဲ့စကားဟာ
စကားလုံးနှစ်လုံးထဲ ရှိသလိုပဲ
အဲ့ဒီစကားလုံး နှစ်လုံးကိုလည်း
လူနှစ်ဦးက ပြောမှသာပြည့်စုံနိုင်မှာပါ….။
ဂွတ်၏….. ပြောစရာမလိုတော့ပါ….
Like or Dislike:
0
0
ဟိုက်
အနက်ရဲ. အချစ်ဖွင့်ဆိုချက်တွေက တယ်မိုက်ပါလား။
သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲနော့်.
Like or Dislike:
0
0
ရေးချက်ကတော့- ကောင်းဗျာ ၊၊
Like or Dislike:
0
0
အချစ်ဆိုတာ….လူတို့ဖန်ဆင်းအပ်သော………လုပ်ဇာတ်တစ်ခု။
လုံးဝ…လုံးဝ…လုံးဝ… မှန်ကန်သော ဒဿနဖြစ်ပါသည်..
နောက်ဆုံးမှ လာပြီးစာမူခလာပေးတာ ခွင့်လွှတ်ပါညီရေ သိတယ် မဟုတ်လား အရှုပ်တွေလုပ်ပြီး အလုပ်တွေရှုပ်နေတာ..။
ရေးပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်..။
Like or Dislike:
0
0
အချစ်ဒက်ဖနေးရှင်းကို လေ့လာမှတ်သားသွားပါတယ် ခင်ဗျား
Like or Dislike:
0
0
save to my Bookmarks )
Like or Dislike:
0
0
စာရေးဟန်တွေတော့ တော်တော်ကြိုက်တာဗျ…
Like or Dislike:
0
0
[...] အချစ်ဆိုတာ….။ မဆုံးနိုင်သော မေးခွန်း…။ မပြည့်စုံသော ဖွင့်ဆိုမှု…။ မလိုလားအပ်သော လိုအပ်ချက်…။ မဖန်တီးခဲ့သင့်သော စကားလုံး…။ အလှပဆုံး ပိုးစိုးပက်စက် လှည့်စားမှု..။ မချိမဆန့် ဝေဒနာတစ်ရပ်…။ ဇောက်ထိုး မိုးမျှော် ဘ၀တစ်ခု…။ မိမိကိုယ်ကို လုပ်ကြံမှု…။ ကျောချင်းကပ်နေသော ဆန့်ကျင်ဘက်..။ နောက်ဆုံး…..။ အချစ်ဆိုတာ….လူတို့ဖန်ဆင်းအပ်သော………လုပ်ဇာတ်တစ်ခု။ (Black Dream : ချစ်ချစ် မင်းတို့ပဲ ချစ်ကြ မှ ) [...]
Like or Dislike:
0
0