အမှတ်တမဲ့များမှ…အမှတ်တရများစွာ
သူ့ကို ကျွန်တော်တို့တွေရဲ့ ဘလော့စာမျက်နှာအသီးသီးအပေါ်မှာ မတွေ့ရတာ တော်တော်ကိုကြာမြင့်ခဲ့ပြီလို့ ပြောလို့ရပါတယ်။ ဘလော့ပေါင်းများစွာတို့ရဲ့ ပထမဆုံးတွေကို ချရေးကြတော့မယ်ဆိုရင် ဘယ်လိုမှ ချန်ထား လို့မရနိုင်တဲ့ ဘလော့တွေကို ဈေးဦးဖောက်လေ့ရှိတဲ့သူပေါ့။ နောက်ပိုင်းမှာ ဖန်တီးခဲ့ကြတဲ့ အသစ်အသစ်သော ဘလော့ဂါ မောင်နှမများ အနေနဲ့ကတော့ သတိထားမိကောင်းမှ ထားမိပါလိမ့်မယ်။ ဒါကလည်း ငြင်းဆန်လို့မရ တဲ့ သဘာဝတရားပဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်သူနဲ့ ရင်းနှီးခွင့် ခင်မင်ခွင့် ရလိုက်တဲ့သူတွေရဲ့ ရင်ထဲမှာတော့ ခင် မင်မှုအလိုက် သူ့အတွက် နေရာတစ်ခုတော့ရှိနေမှာသေချာပါတယ်..။
ကိုစိုးထက်လို့ ပြောလိုက်ရင် သူချစ်တဲ့ ချစ်ဇနီးကို လက်တစ်ဖက်ကဖက်၊ လက်တစ်ဖက်က ချစ်သမီးလေးကို ချီ ပြီး ရင်ကြီးကောင့်လို့ ပြုံးပြနေတဲ့ ပုံရိပ်တွေကို ဘယ်သူမှမေ့နိုင်မယ်မထင်ပါဘူး။ တစ်ခြားသူတွေ အတွက်တော့ မသိပါဘူး ကျွန်တော့်အတွက်ကတော့ တော်တော်လေးကို အမှတ်တရ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ တည်ထောင်ထားတဲ့ မိသားစုလေးကို အားကျမိတာက တစ်ကြောင်း။ အဲ့ဒီပုံရိပ်တွေဟာ ကျွန်တော်ဘလော့ပတ် ၀န်းကျင်ထဲ စ၀င်ဝင်ချင်းကာလမှာပဲ မြင်တွေ့ခဲ့ရတဲ့ကာလရဲ့ မှတ်မှတ်ရရ ပုံရိပ်တွေဖြစ်ခဲ့လို့ပါပဲ…။ တွေးကြည့် ရင်တော့…။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော်လောက်ကပေါ့…။
၁ နှစ် ကျော်ဆိုတဲ့ကာလဟာ တစ်ချို့အတွက်တော့ ခက်ခက်ခဲခဲဖြတ်သန်းကြရပါတယ်။ တစ်ချို့အတွက်တော့ လည်း ပေါ့ပေါ့ပါးပါးပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သေချာတာကတော့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတယ်ဆိုတာ ဘယ်သူမှ ငြင်းဆန်လို့မရပါဘူး။ တစ်ချို့တစ်ချို့တွေကို ကျွန်တော်တို့ အမှတ်တမဲ့ ဖြတ်သန်းခဲ့ကြပါတယ်။ တစ် ချို့ကိုတော့ မှတ်မှတ်ရရ တစ်ဘ၀စာသိမ်းထားကြတာပေါ့။ တစ်ခါတစ်လေတော့လည်း အမှတ်တမဲ့လေးတွေက မထင်မှတ်ပဲ အမှတ်တရလေးတွေ ဖြစ်သွားတတ်တာလည်း ရှိတာပေါ့။ ကျွန်တော်လည်း ကိုစိုးထက်နဲ့ ပတ်သတ် တဲ့ အမှတ်တမဲ့လေးတွေထဲက အားလုံးအတွက် မှတ်မှတ်ထင်ထင်ရှိနေလောက်မဲ့ အရာလေးတစ်ခုကို ပြောပြချင် ပါတယ်။ အားလုံးလည်း မေ့ချင်မေ့နေပါလိမ့်မယ်…။ တစ်ခြားတော့မဟုတ်ပါဘူး ကျွန်တော်တို့ အစ်ကိုကြီးချစ်တဲ့၊ ကျွန်တော်တို့ ဘလော့ဂါမောင်နှမတွေလည်း ချစ်ကြတဲ့ ကိုစိုးထက်ကြီးရဲ့ ဆည်းလည်းလေး၊ ကျွန်တော်တို့ရဲ့ ညီမ အငယ်ဆုံးလေး သို့မဟုတ်……. “သံသာထက်”။
၁၅.၁၀.၀၈ ရက်နေ့ဟာ ကျွန်တော်တို့ရဲ့ အငယ်ဆုံးညီမလေးရဲ့ ၄ နှစ်မြောက်မွေးနေ့ပဲ ဖြစ်ပါတယ်။ ဒီလိုနေ့ မျိုးမှာ ကိုစိုးထက်ကြီးတစ်ယောက်တော့ ဘယ်လောက်တောင် မိသားစုအနားမှာ ရှိနေချင်နေမလဲဆိုတာ တွေး ကြည့်နေစရာတောင်မလိုပါဘူး။ ဒါပေမယ့်လည်းပေါ့ဗျာ….။
ဒီလိုနေ့မျိုးမှာ ကျွန်တော်တို့ရဲ့ ညီမလေးအတွက် ကျွန်တော် တတ်သလောက်မှတ်သလောက်ဆုတောင်းပေး ခြင်ပါတယ်။ အားလုံးလဲ








ညီမလေး သံသာထက် မွေးနေ့မှာပျော်ရွှင်ပါစေ…
(၄) နှစ်မြောက်မွေးနေ့မှသည် နှစ်ပေါင်း များစွာတိုင်ပျော်ရွှင်ဖွယ် မွေးနေ့များစွာကိုပိုင်ဆိုင်နိုင်ပါစေ
Like or Dislike:
0
0
နင်ဒီလိုအမှတ်တရလေးပို့စ်တင်ပေးတာ ကိုစိုးထက်ကြီးတော့ဝမ်းသာရှာမှာပဲ…. ကိုစိုးထက်သမီးလေးကလဲချစ်စရာလေးပဲနော်
လေးနှစ်တောင်ရှိသွားပြီပဲ
ဒီကနေပဲဆုတောင်းပေးလိုက်တော့မယ် ညီမလေးသံသာထက်လေး….မွေးနေ့မှသည်နောင်နှစ်ပေါင်း များစွာ….ပျော်ရွှင်သောနေ့ရက်လေးများကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်….
Like or Dislike:
0
0
အတိုင်းအတာ တစ်ခုထိပဲ ခင်မင်ခွင့်ရခဲ့ပေမယ့် ရင်ထဲမှာ
တော့ ထာဝရ ရှိနေပါတယ်။ ကိုစိုးထက်နဲ့ မိသားစု အားလုံး
အဆင်ပြေပျော်ရွင်ပါစေဗျာ။ညီမလေး သံသာထက် လည်း
မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကျန်း
မာပျော်ရွင် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ps ~ကိုစိုးထက်အတွက် အခုလိုအမှတ်တရ ပို့ စ်ရေးပေးတဲ့ ကိုဘလက် ကိုလည်း ကျေးဇူးတင်ပါတယ်။
Like or Dislike:
0
0
အားလုံးရဲ့ ရင်ထဲက လူတစ်ယောက် …. (သို့)
ငါ့တို့တွေရဲ့အကိုကြီး ….
အမြဲတမ်းမဟုတ်တောင် ဘလော့ ဆိုတာ ရှင်သန်နေသ၍
ကိုကြီး စိုးထက်လည်း သူ့ကိုချစ်တဲ့ သူတွေရဲ့ ရင်ထဲမှာ
တည်မြဲနေမှာပါကွာ .. သူရဲ့ ဇနီးနဲ့ ချစ်လှစွာသော သမီး
နဲ့ ထာဝရ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပါတယ် ….
ညီမလေး သံသာထက် လည်း မိသားစု အတွက် …
ကမ္ဘာကြီးအတွက် အဖိုးတန်သော မိန်းကလေး တစ်ယောက် ဖြစ်ပါစေဗျာ …. ဤမိသားစုလည်း ကမ္ဘာမြေ
တည်သ၍ ပျော်ရွှင်စေ ……
Like or Dislike:
0
0
ကိုစိုးထက်ကြီးကို အစ်ကိုကြီးလို့ ခေါ်မှတော့ …. တူမလေးပေါ့ဗျာ… ကဲ တူမလေး သံသာထက် ရေ… အနာဂတ်လှပစွာနဲ့ နိုင်ငံတာဝန် တိုင်းပြည်နဲ့လူမျိုးအကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်သော… ကျန်းမာပျော်ရွှင်သော သမီးကောင်းသမီးမြတ် တစ်ယောက်ဖြစ်ပါစေကွယ်….
ဦးဦးကောင်းအောင်
Like or Dislike:
0
0
ကိုစိုးထက်ကြီးရယ် သိပ်မရှင်းနီးကြပေမယ့် သိနေခဲ့တာ ရှင်းနိုးနေခဲ့တာကြာပါပြီး ညီမလေး ဓါတ်ပုံရော အမကြီး၏ ဓါတ်ပုံရောဘဲ မြင်ဖူးပါတယ်။ ညီမလေးမွေးနေ့လည်းမှာ မိသားစုတစ်စုလုံး ပျော်ရွင်နိုင်ပါစေလို ဒီနေရာလေးကနေ ထိုင်ပြီးဆုတောင်လိုက်ပါတယ်။
Like or Dislike:
0
0
Like or Dislike:
0
0
သမီးလေး နေကောင်းကျန်းမာပါစေ
အရာရာအောင်မြင်ပါစေ
ကောင်းကျိုးလိုရာဆန္ဒပြည့်ပါစေ
ချစ်တဲ့ဖေကြီးမေကြီးတို့နဲ့ တသက်သာမခွဲမခွါ ပျော်ရွှင်စွာနေနိုင်ပါစေကွယ်
အကိုကြီးကိုစိုးထက်ကိုလဲ ညီမလေးတို့ အမြဲသတိတရရိုသေလေးစားလျက်ပပါနော်
သတီကျွတ်လပြည့်နေ့မှာ အိမ်ကမေမေတို့ကို စိတ်မှန်းနဲ့ကန်တော့ရသလို မွန်တို့ အားကိုးကြည်ညိုရတဲ့ အကို့ကိုလဲ ရိုသေစွာကန်တော့ပါတယ် နော် အကို
Like or Dislike:
0
0
Happy 4th Years Birthday, Than Thar Htet!!!
All the best….
With lots of love..
SMNTL X X
Like or Dislike:
0
0
အချိန်တွေမြန်တယ်နော်။ သတိတောင်မထားမိလိုက်သလိုပဲ။ ကိုစိုးထက် သမီးတောင် နောက်တစ်နှစ်ပြည့်ပြီ။ ညီမလေးရေ Happy Birthday ပါနော်။ ဦးတို့ မိသားစုလည်း ပျော်ရွှင်ပါစေ လို့ဆုတောင်းပေးပါတယ်။
Like or Dislike:
0
0
အဲ့ဒီ ကိုစိုးထက်ကြီးပေါ့ ကျနော်တို့ ကို လွမ်းအောင်လုပ်ခဲ့တာ အရင်ချိန်တွေကို သတိရမိတယ် မနက်မိုးလင်း ဘလော့လေးကိုဖွင့်လိုက်တာနဲ့  ကိုစိုးထက်ကြီးက ပြုံးစိစိနဲ့  မောနင်းလို့  နှုတ်ဆက် တစ်ခါခါတော့ နေ့ နဲ ညမှားတာပေါ့ ။အခုတော့ ဆီပုံးတွေမှာ အပြုံးမျက်နှာကိုမတွေ့ ရတာတော်တော်ကြာပြီးးးး အစ်ကိုကြီးအဆင်ပြေပါစေဗျာ။
ညီမလေး သံသာထက်ရေ့ ပါးကွက်ကြားလေးနဲ့  အမြဲတမ်းလှနေပြီး ချစ်သော ဖေ မေ နဲ့  ဘ၀နေ့ ရက်များဖြောင့်ဖြူးပါစေဗျာ ။
Happy Birthday ညီမလေး
Like or Dislike:
0
0
ပျော်ရွှင်စရာမွေးနေ့လေးပိုင်ဆိုင်ပါစေ ညီမလေး ၊ မိဘကျေးဇူးသိတတ်တဲ့ သမီးကောင်းရတာနာလေး ဖြစ်ပါစေ၊ အကိုကြီးတို့ မိသားစု ချစ်ချစ်ခင်ခင်နဲ့ အမြန်ဆုံးအတူတကွ ပြန်လည်ဆုံဆည်းကြပါစေခင်ဗျာ ။
Like or Dislike:
0
0
အရမ်းရင်းနှီးခွင့်မရလိုက်ပေမယ့် ဝေလေး ဘလော့ကိုအစဦးဆုံး ကွန်မန့်ပေးပေးခဲ့တဲ့အစ်ကိုကြီး စိုးထက်ကို အမှတ်တရရှိနေပါတယ်။ အဆင်ပြေပါစေအစ်ကိုကြီးရေ
ညီမလေး သံသာထက်လည်း မွေးနေ့မှစ နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားနိုင်ပါစေနော်…..
Like or Dislike:
0
0
ံHappy Birthday ပါ သမီးလေးရေ..
အန်တီလေး
Like or Dislike:
0
0
Happy Birthday Nyi Ma Lay Than Thar Htet
~Happy Birthday To You~
Peace and sucees be upon you baby gril
Like or Dislike:
0
0
ဘလော့လောကမှာ လေးစားအားကျရတဲ့ အစ်ကိုစိုးထက်ကြီး ရဲ့သမီးလေး ညီမလေး သံသာထက် မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာမှုအစစ်အမှန်ဖြင့်ကို ဘ၀ကိုအောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်…
Like or Dislike:
0
0
ဘဝမှာ အောင်မြင်မှုများစွာကို…
ထာဝရ ပွေ့ပိုက်နိုင်စေဖို့…
ဆန္ဒမွန်ပြုလျှက်….
ခင်မင်စွာဖြင့်…
(ကိုရင်၊ ခင်လေး၊ ကလေးလေး)
Like or Dislike:
0
0
ဘလော့ စရေးတော့ ကွန်မန့် လာပေးပြီး အားပေးတဲ့ ကျေးဇူးကို အမြဲ အမှတ်ရနေတာပါ…ကိုစိုးထက်ရေ… သံသာထက်ရေ “Happy Birthday ” ပါနော်..
Like or Dislike:
0
0
အမှတ်တရပို့စ်ရေးပေးတဲ့သူ
ရှိလို့သိခွင့်ရတဲ့အတွက်ရေးပေးတဲ့သူကို
ကျေးဇူးတင်ပါတယ်……။
အကိုစိုးထက်ကိုအားလုံးကလေးစားခင်မင်
သတိရလျက်ပါ….သမီးလေးလဲ..သံသာထက်ဆိုတဲ့
နာမည်လေးနဲ့အတူ..ထက်ထက်မြတ်မြတ်နဲ့ဘဝကို
ရင်ဆိုင်နိုင်ပါစေ……….။
Like or Dislike:
0
0
Thank you
For Happy Birthday post of my daughter.
သမီးလေး မွေးနေ့ ပို့စ် အတွက် ကျေးဇူး တင်ပါတယ် ကိုဦး
အစ်မ ရွှန်းလဲ့ရည်
Like or Dislike:
0
0
ဖတ်ပြီး သတိရခဲ့ပါတယ် ကိုစိုးထက်။
Like or Dislike:
0
0
ကျွန်တော်ရောက်လာတာတော်တော်တောင်နောက်ကျသွားတယ်။ ကိုကြီးစိုးထက်ရေခွင့်လွတ်ပါ။ မတွေ့တာလဲတော်တော်ကြာပြီနော်။ အစ်ကိုနဲ့တကွ အစ်ကိုမိသားစုများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေဗျာ။ အစ်ကိုသမီးလေး သံသာထက် က ၄နှစ်ဆိုတော့ ကျွန်တော့် ညီမလေးလို့ပြောရမလား တူမလို့ပြောရမလားပဲ။ နံမည်လေးကသံသာထက်ဆိုတော့ အသံလေးက သာသာယာယာလေးထင်တယ်။ အဲဒါကြောင့်ပေးထားတာဖြစ်မယ်။ ဟုတ်တယ်ဟုတ်။
Like or Dislike:
0
0
ကိုစိုးထက် နဲ့ မိသားစု ကျန်းမာပျော်ရွှင်ကြပါစေ။
Like or Dislike:
0
0
ဒီမွေးနေ့လည်း နောက်ဆုံးမှ ရောက်ပြန်ပြီ..
ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ပါစေ.. အနှောက်အယှက်တွေကို ကျော်လွှားနိုင်ပါစေ..
*(“,)
Like or Dislike:
0
0
အိုး.. မသိလိုက်ဘူး.. ချစ်စရာသမီးလေး ဘ၀တလျှောက် အေးချမ်းပျော်ရွှင်ပါစေ
Like or Dislike:
0
0
ကိုစိုးထက်ရဲ့ ပညာပြည့်ဝတဲ့ စကားတွေ နားထောင်ခွင့် သိခွင့်ရခဲ့တဲ့အတွက် ဟိုးအရင်က ချတ်ဖြစ်တာကို အမြဲ အမှတ်ရနေတယ်။ မတွေ့ရတာ လပေါင်း ကြာပေါ့။ ကိုယ်ပဲ မဖွင့်ဖြစ်လို့လားဆိုတာထက် ကိုစိုးထက်ပဲ မသုံးဖြစ်တာ နေမှာပါ။
နောက်အကျဆုံး မွေးနေ့ဆုတောင်းပဲ ထင်တယ်။
ညီမလေး သံသာထက် ဖတ်မိပါစေလို့…
ဘ၀ရဲ့ များပြားလှတဲ့ အနိမ့် အမြင့် ဆင်ခြေလျှောတွေမှာ အလိုက်သင့် လျှောက်လှမ်းနိုင်ပါစေ…
ဘ၀တစ်သက်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်ပါစေ။
အေးချမ်းသူ
Like or Dislike:
0
0