လွင့်မြောသွားသော အပိုင်းအစများ…
နိဒါန်း
တကယ်တော့
“စကားလုံး” ဆိုတာ
နှုတ်ခမ်းတွေက ဖန်ဆင်းလိုက်တဲ့
“ကကွက်” တွေပဲပေါ့…။
BLACK DREAM
ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်မှုအား ဖန်ဆင်းပေးခြင်းဖြင့် သူ့ရင်တွင်းမှ အံကျလာသော စကားလုံး များ၏ လမ်း ကြောင်းအား ကောင်းချီးပေးလေသည်။ ဒီလိုအချိန်မျိုးတွင် သူအလိုချင်ဆုံးအရာ ဖြစ်သော ဤဆိတ်ငြိမ်မှုများ အား ပေးသနားခြင်းကြောင့် ဘုရားသခင်အား ခဏဖြစ်ဖြစ်တော့ သူကျေးဇူးတင်လိုက်မိပါသည်။ သူအလွန်ပျော် နေမိသည်။ အခုလိုမျိုး သူ့ခန္ဓာကိုယ်တွင်းရှိ သွေးကြောများတွင် နှစ်ပေါင်းများစွာ စီးဆင်းခဲ့သော ခံစားမှုများ အား ယခုကဲ့သို့ စကားလုံးများအဖြစ် သွန်ချဖို့ အချိန်တော်တော်များများကို သူစိတ်ရှည်စွာ စောင့်စားခဲ့ရသည် မဟုတ်လား? အခုတော့ သူစောင့်စားရကျိုးနပ်ခဲ့လေပြီ…။ ဤပတ်ဝန်းကျင် တစ်ခုလုံးရှိ များစွာသောလူတို့ သည် သူ့နှုတ်ခမ်းမှ ဖန်တီးလိုက်သော ကကွက်တိုင်းကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြကြောင်းကို သူ ကောင်းစွာ သတိထားလိုက် မိပြီလေ…။
အခန်း (၁)
တကယ်တော့
အနာဂတ်ဆိုတာ
အတိတ်ဆိုတဲ့ အလင်းတန်းတစ်ခု
ပစုပ္ပန်အပေါ် ကျရောက်မှုကြောင့်
ဖြစ်ပေါ်လာတဲ့
အရိပ်တစ်ခု ပါပဲ…။
BLACK DREAM
“ကျွန်တော် ပထမဆုံးအနေနဲ့ အခုလိုစကားပြောခွင့်ရတဲ့ အတွက် အရမ်းကို ၀မ်းသာကြည်နူး မိကြောင်း ဦးစွာ ပြောပါရစေ။ အခုကျွန်တော်ပြောမယ့် အကြောင်းတွေ…။ အဲ…။ ကျွန်တော်ပြောမယ့် အကြောင်းတွေဆိုတာ ကျွန် တော် သိပ်ချစ်ခဲ့ရတဲ့ ကျွန်တော့်ချစ်သူအကြောင်းပါ။ ကျွန်တော်လေ…။ ကျွန်တော့်ချစ်သူ့ကို အရမ်းကို မြတ်နိုး တယ်ဗျာ…။ ကျွန်တော့်ဘ၀တစ်ရှောက်မှာ တစ်သက်နဲ့ တစ်ကိုယ် ဘယ်မိန်းကလေးကိုမှ သူ့လောက် ကျွန်တော် မချစ်ခဲ့ဖူးပါဘူး…။ ကျွန်တော်သူ့ကို ချစ်တဲ့ အချစ်မှာ ဘာမျှော်လင့်ချက်မှ မပါခဲ့ပါဘူး။ ကျွန်တော် ဘာကိုမှလည်း မလိုချင်ခဲ့ပါဘူး။ ကျွန်တော် လိုချင်သမျှ…။
an> ကျွန်တော်မျှော်လင့်သမျှ အရာအားလုံးသာ… သူ ငြိမ်းချမ်းဖို့ပါ။ ဒီ့ထက်ပိုပြီး ကျွန်တော် ဘာမှ မလိုချင်ခဲ့ပါဘူး…။ တကယ်လို့များဗျာ…။ မနက်ဖြန်မှာသာ ကျွန်တော့်အတွက် “ကျွန်တော်” ဆို တဲ့ ဖြစ်တည်ခွင့်ရှိနေအုံးမယ်ဆိုရင်…။ ကျွန်တော့်ချစ်သူဟာ ကျွန်တော့်ရဲ့ အရိပ်တွေအဖြစ် အမြဲရှိ နေ အုံးမှာပါ…။
အခန်း (၂)
ခုန်ချလိုက်တော့…
သတိရခြင်း ချောက်ကမ်းပါးက…
နုလုံးသားထိအောင်နက်လေရဲ့….။ ။
BLACK DREAM
သူပြောလက်စ စကားတွေကို ခဏဖြတ်ပြီးတော့ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက် မိသည်။ တစ်ကယ်တော့ ပတ်ဝန်းကျင်ကို သူစိတ်ဝင်စားလို့တော့ မဟုတ်…။ သူအရှေ့မှာ ဆက်ပြော ရတော့မယ့် အကြောင်းအရာတွေအတွက် အားယူလိုက်ခြင်းသာ ဖြစ်ပါတယ်။ သူဆက်ပြောရမယ့် စကားတွေဟာ ပျော်စရာ၊ ဂုဏ်ယူစရာ (အထူးသဖြင့် သူ့ရဲ့ချစ်သူအတွက်ပေါ့) တွေ ဆိုပေမယ့် တော်ရုံနှင့် သူ့လည်ချောင်းဝမှ ဘယ်လို မှ ထွက်လာနိုင်မည် မဟုတ်ကြောင်း သူကောင်းကောင်း သိ နေပါတယ်…။ ရှေ့ဆက်ပြောရမည့် အကြောင်း များကို တွေးမိလိုက်ချိန်မှာ သူ့ရင်ထဲတွင် အမျိုးမည် မသိသော ခံစားချက်တစ်ခုကို သူသတိထားမိလိုက်သည်။ သေချာတာကတော့ သူ့လည်ချောင်းတွေ ဆို့နင့်နေခြင်းပါပဲ…။ ဘာပဲ ဖြစ်ဖြစ်လေ သူပြီးအောင်တော့ ဆက် ပြောရတော့မှာပေါ့…။ လွင့်မြော နေတဲ့သူ့ရဲ့ အာရုံတွေကို အမြန်ဆုံး စုစည်းလိုက်ပြီး ….
အခန်း (၃)
တကယ်တော့
မျက်ရည်ဆိုတာ
အငြင်သာဆုံး တောက်ခေါက်သံ တစ်မျိုးပေါ့…။
BLACK DREAM
“ မကြာလိုက်ပါဘူး…။ ကျွန်တော်တို့ရဲ့ ရွှေရောင်အတိတ်တွေဟာ ဝေ








ဇာတ်သိမ်း အရမ်းကောင်းပါတယ်ဗျာ
ဒီ ပို့စ်လေးကို ဖတ်လိုက်ရတာ အရမ်းကျေနပ်ပါတယ်
အကာကို ရတာနဲ့ အနှစ်ကို မပိုင်နိုင်ဘူးဆိုတာ သိလိုက်ရတယ်
အရမ်းကျေးဇူးတင်ပါတယ်
Like or Dislike:
0
0
တခါတခါ အချစ်ကြီးတာနဲ့ အမျက်ကြီးတာက နီးနီးလေးဆိုတော့… ထွေးရောယှက်တင် ဖြစ်တတ်တယ် ထင်ပါရဲ့… အဆုံးသတ်ကျတော့ လှောင်ပိတ်တဲ့ ခံစားချက်တစ်ခုရလိုက်တယ်… ဘာပဲဖြစ်ဖြစ် Blackdream ရဲ့ ထုံးစံအတိုင်း ဖတ်ရတာ တကယ်ကိုကျေနပ်စရာပါပဲ…
Like or Dislike:
0
0
အား…. ဟုတ်မလိုလိုနဲ့ အဲတာ အချစ်မဟုတ်ဘူး Black Gyi.. အချစ်ဆိုတာ…… အင်း….ငါလဲမသိဘူး
Like or Dislike:
0
0
အချစ်ဆိုတာ နောက်ဆုံး အတ္တတွေအားပြိုင် ကြတယ်လို့ ထင်ပါတယ်။ အချစ်…သိပ်ကြီးတော့ အတ္တပိုကြီးလာတာပေါ့။ သူ့ကို လွတ်မြောက်စေချင်တယ် ဆိုတာလဲ ကိုယ့်အတ္တပါပဲ..။
Like or Dislike:
0
0
IN THIS POST, THE CHARACTER IS A BIT CREEPY THOUGH……
WHY DON’T HE SHOOT HER? THAT WILL MAKE IT EASIER FOR HER :p
I WANT TO KNOW WHAT U R THINKING IN MIND COZ U R VERY QUIRKY
LOVED IT!
Like or Dislike:
0
0
ဘလက်ရေ မင်းပို့စ်ကို အစက အဆုံးကိုဖတ် အဆုံးရောက်မှ အစကို ပြန်ဖတ်၊ အဲလိုမှ နားလည်တော့တယ်
Like or Dislike:
0
0
အစိမ်းနဲ့ရေးထားတဲ့စကားလုံးတွေရဲ့အားက
ကြောက်စရာကောင်းလောက်အောင်ကို
ကောင်းတယ်ဗျာ…….
ပို့စ်ကောင်းတစ်ပုဒ်အတွက်ကျေးဇူး………
Like or Dislike:
0
0
( တကယ်တော့ မျက်ရည်ဆိုတာ အငြင်သာဆုံး တောက်ခေါက်သံ တစ်မျိုးပေါ့…။ ) တဲ့…ဘယ်သူ့ မှာမှ အပြစ်မရှိဘူး ထင်တာပဲ…
( မအိ…! )
Like or Dislike:
0
0
ပြောင်မြောက်လွန်းတဲ့ အရေးအသားတွေပါလားဗျ။
အစွန်းရောက်မှုတွေ ကင်းဝေးပါစေဗျာ။ အစိမ်းရောင်စာသားတွေကိုတော့ေ၇ရေလည်လည် ခိုက်တယ်ဗျာ။
Like or Dislike:
0
0
ဟင်း………..ချစ်တယ်ဆို ဘာလို့ မသေမချင်းဓားနဲ့ ထိုးသတ်ရတာလဲ ကြောက်စရာကြီးဗျာ တကယ့်အပြင်းစားတွေ အစိမ်းရောင်စာသားများအား ကူးယူသွားကြောင်းပါ……..။
Like or Dislike:
0
0
သယ်ရင်း…..နင်ကလဲမရေးလိုက်နဲ့ရေးလိုက်တာနဲ့ ပေးသေတော့တာပဲ မသေမချင်းဓါးနဲ့ထိုးသတ်တာတော့လန့်တယ်….ဟီးးးးးး ပျော်ရွှင်ပါစေ
Like or Dislike:
0
0
အချစ်ကြီးတော့ အမျက်ကြီးတယ်ဆိုတာ…
တယ်ခက်ပါလားနော်…။
ကောင်းတယ်ဗျာ။
Like or Dislike:
0
0
ကောင်းတယ်ကွာ .. ရေးလိုက်တိုင်းကိုကောင်းနေတော့တာပဲ .. မင်းခေါင်းကို
လေးစားတယ်ဟေ့
Like or Dislike:
0
0
” ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးး “
Like or Dislike:
0
0
အစအဆုံးစာဖတ်သူကိုဆွဲဆောင်သွားလိုက်ပုံကတော့ တကယ့် အရေးအသားပဲဗျို့ ရေလည်လန်းတယ်
Like or Dislike:
0
0
အားး..
ဖတ်ရတာ လန့်လိုက်တာ..
Like or Dislike:
0
0
တစ်ကယ်ကောင်းကြောင်းမပြောတော့ဘူး…
အစိမ်းရောင်စာသားတွေအရမ်းကြိုက်တယ်
Like or Dislike:
0
0
ဖြစ်နေကျထက် မဆန်းတဲ့ အကြောင်းအရာလေး
ရေးနေကျထက် ဆန်းတဲ့အဖွဲ့အနွဲ့တွေဆိုတော့ ကြေကွဲ လွမ်းဆွတ် သွေးပျက် နောက်ဆုံး အရမ်းကို ငိုင်သွားရတယ်
Like or Dislike:
0
0
အချစ်ကြီးလို့  အမျက်ကြီးတယ်တဲ့ ။ အင်း မသေမချင်း ဓါးနဲ့ ထိုးသတ်တာကြီးကတော့ ဟိုက်ရား ကျောချမ်းစရာ ကြီးပါလားဗျာ။ Black Dream ရဲ့ထုံးစံအတိုင်း စာသားတွေကတော့ လေထဲပျံနေလေရဲ့။
Like or Dislike:
0
0
အဲဒါတော့ မမိုက်ဘူး။ ကိုယ်ချစ်တဲ့လူကိုပဲ အဲလောက်တောင်လုပ်ရက်ရသလားလို့။ အဲလိုလူတွေ ရှိတာ ကြောက်ဖို့ကောင်းတယ်နော်။ သူတို့ချစ်တဲ့လူတွေတော့ သေတာပဲ။ ဟိုးတစ်ခေါက်က သတင်းမှာတစ်ခါပါတယ်။ အစ်ကိုတွေ့လိုက်လားတော့မသိဘူး။ လင်မယားနှစ်ယောက်လေ ရန်ဖြစ်တာ မိန်းမက ကလေးကို microwave ထဲထည့်ပြီးဖွင့်လိုက်တာ။ အဲလိုလည်းရူးကြတယ်။ သူတို့နဲ့အနေနီးတဲ့လူတွေလည်း မလွယ်ပါဘူးနော်။
Like or Dislike:
0
0
ဒီလိုအတွေးမျိုးရလည်း ရတတ်တယ် မောင်လေးရယ်
Like or Dislike:
0
0