ကျွန်တော့်ရဲ့ “ဆုံး” ခဲ့ဖူးသော “ပထမ” များ….
ကျွန်တော်ဒီရက်ပိုင်းမှာ ရေးစရာ အကြွေးတွေတော်တော်များပါတယ်။ ကျွန်တော်စိတ်ကူးထားတဲ့ ပို့စ်တွေရှိနေ သလို ကျွန်တော့်ရဲ့ Black Dream ဆိုတဲ့နာမည်တစ်ခုဖြစ်လာဖို့ အဓိကပံ့ပိုးအားပေးခဲ့တဲ့ သူငယ်ချင်းတစ် ယောက်ရဲ့မွေးနေ့ (၂၆.၉.၀၈)၊ ကျွန်တော့်ဖခင်ရဲ့မွေးနေ့ (၂၇.၉.၀၈) စသည်ဖြင့် တောက်လျောက်ပါပဲ။ ဒါပေမယ့် ကျွန်တော်အခြေအနေအမျိုးမျိုးကြောင့် ဘယ်သူ့အတွက် ဘာပို့စ်ကိုမှ မတင်နိုင်ခဲ့ပါဘူး။
အဲ့လိုပို့စ်ကြွေးတွေထဲကနေမှ အခု ကျွန်တော့်အစ်ကိုကြီး ကိုလင်းထက် Tag ထားတဲ့ “ပထမဆုံးများ” ဆိုတဲ့ ပို့စ်ကိုအရင် အကြွေးဆပ်လိုက်ပါတယ်..။ နောက်ပိုင်းမှာ မီးလေး ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ထပ် ပြီး Tag ပါတယ်…။ ကဲ…။ “ပထမ” …..ဆုံးလိုက်ကြစို့…။
ပထမဦးဆုံးနေခဲ့သည့်ကျောင်း~~~~~~~~အ.လ.က (၅) ရန်ကင်း (သူငယ်တန်းနဲ့ ပထမတန်း) အဲ့ဒီနောက်မှာတော့ ဒုတိယတန်းမှ နောက်ဆုံး ဆယ်တန်းအောင်တဲ့ အထိ St.Augustine မှာ ပညာသင်ကြားခဲ့ ပါတယ်။
ပထမဦးဆုံး ရခဲ့သည့်မုန့်ဖိုး~~~~~~~~~ ၁၀ကျပ်။ မုန့်ဟင်းခါးတစ်ပွဲ အကြော်နဲ့ ကျောင်းမှာစားရင် ၅ ကျပ် သာပေးရတဲ့အချိန်ကပါ…။
ပထမဦးဆုံး စီးဘူးသည့် ဘက်စ်ကား~~~~~ မထသ (၅၁) ကျွန်တော်နေတဲ့နေရာကနေ ကျောင်းကိုသွားတဲ့ အခါစီးပါတယ်…။
ပထမဦးဆုံးကျောင်းပြေးဖူးသည့်အချိန်~~~~~~တကယ်ပြောတာပါ…။ ကျွန်တော် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ကျောင်းမပြေးဖူးပါဘူး…။ ကျူရှင်တော့ ခဏခဏလစ်တယ်…။ ဟဲ..ဟဲ။
ပထမဦးဆုံး ဂစ်တာတီး သင်ရင်းဆိုခဲ့သည့် သီချင်း~~~~~~ Okra ရဲ့ “မ မရှိတဲ့နေ့ရက်များ” ပါ G, Em, C, D ဆိုတော့လည်း သိတဲ့အတိုင်းပဲ Round လိုက်ရုံပဲလေ။
ပထမဦးဆုံး ထိုင်ဖူးသည့် လဘ္ဘက်ရည်ဆိုင်~~~~~ ငယ်ငယ်တုန်းကတော့ ကျောက်မြောင်းမှာနေတုန်း ဦးလေးတွေနဲ့ ပါပါသွားဖူးတာတွေ ရှိပါတယ်..။ မှတ်မှတ်ရရတော့ သိပ်မရှိပါဘူး…။ ဒါပေမယ့် သိတတ်တဲ့အရွယ် ကျောင်းသားဘ၀မှာ စထိုင်ဖူးတဲ့ဆိုင်ကတော့ ကျွန်တော်တို့ကျောင်းဘေးမှာ ရှိတဲ့ “လပြည့်ဝန်း” ဆိုတဲ့ဆိုင်ပါ။ အခုတော့ ပိတ်သွားတာကြာပါပြီ…။
ပထမဦးဆုံးသောက်ဖူးသည့် စီးကရက်~~~~~~ 555 ပါ၊ ကျွန်တော် ၉ တန်းဖြေပြီးတဲ့နှစ် သင်္ကြန်လည်တုန်း 555 Promotion အဖွဲ့က Tiger Beer ဗူးပုံလေးထဲမှာ ဆေးလိပ်တွေထည့်ပြီး ကျွန်တော့် ကောင်မလေး (အဲ့ဒီတုန်းက
) လည်ပင်းမှာ လာဆွဲသွားပေးတာကို ယူသောက်ခဲ့တာပါ။ အဲ့ဒီ့နေ့က စပြီးဆေးလိပ်စသောက် ဖူးတာပါ…။ ဘ၀ပေးကကောင်းတော့ အဲ့ဒီ့ပထမဆုံးအကြိမ်မှာပဲ တစ်ခါထဲ ဆေးလိပ်သောက်တက်သွားပါတော့ တယ်။ ဒါပေမယ့် တစ်ကယ်တန်း လုံးဝဆွဲဆွဲလမ်းလမ်းသောက်ခဲ့တာကတော့ ကျွန်တော် ရှေ့တန်းစစ်မျက်နှာ ပြင်ရောက်တဲ့ အချိန်ကမှ စတာပါ။( ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်)
ပထမဦးဆုံးသောက်ဖူးသည့် ဆေးပေါ့လိပ်~~~~~~~ငွေတောင်…..။ ကျွန်တော်အရမ်းချစ်တဲ့ ဦးလေးရဲ့ ဆေးလိပ်ကို ယူသောက်တာပါ။
ပထမဦးဆုံးရည်းစားထားဖူးသည့် အချိန်~~~~~~~~ ၁၉၉၉ ခုနှစ် ဇန်န၀ါရီ ၃၀။
ပထမဦးဆုံးဖတ်ဖူးသည့်ဝတ္တုစာအုပ်~~~~~~~~ “လရောင်ချို” ရေးသားတဲ့ “ကျောင်းခေါင်းလောင်းသံ” ဆိုတဲ့ ၀တ္ထုပါ။ ကျွန်တော် ၈ တန်းလောက်ကမှ ၀တ္ထုကိုစဖတ်ခဲ့ဖူးတာပါ။ ပထမဆုံး ပြင်ပစပေအနေနဲ့ ထိတွေ့ခဲ့ ရတဲ့စာအုပ်ကတော့ (ငယ်ငယ်တုန်းကဖတ်တဲ့ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး နှင့် ကာတွန်းစာအုပ်များမပါ) ကျွန်တော် ၅ တန်းနှစ်တုန်းက အတန်းထဲမှာ လာရောင်းလို့ ၀ယ်ခဲ့တဲ့ “ဆရာဖေမြင့်” ရဲ့ ” နှလုံးသားအဟာရ” စာအုပ်ပဲ ဖြစ်ပါတယ်။ ပထမဆုံး မော်ဒန်စာပေအနေနဲ့ကတော့ “မင်းခိုက်စိုးစန်” ရဲ့ ၀တ္ထုတိုများ စုပေါင်းထားတဲ့ “ကောင်းကင်နှင့် မလွတ်တဲ့အတောင်ပံ တစ်စုံ” ဖြစ်ပါတယ်။
ပထမဦးဆုံး ဖတ်ဖူးသည့် ဘာသာရေးကျမ်း ~~~~~~ ” ဒေါက်တာ မင်းတင်မွန်” ရေးသားတဲ့ “သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ” ဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်မှာ ဗုဒ္ဓဘာသာအကြောင်းကို အနောက်တိုင်းနဲ့ ဘာသာခြားတို့မှ ထောက်ပြခဲ့ဖူးသည့် အားနည်းချက်များကို သိပ္ပံနည်းကျကျ၊ ယုတ္တိရှိရှိ ပြန်လည် ရှင်းပြထားခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ပြည်မနိုင်ငံမှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာများ လေ့လာသင့် ပါတယ်။ မိမိတို့ ဘာသာအား ပညာစမ်းလာပါက မှန်ကန်ပြီး ယုတ္တိကျသောနည်းများဖြင့် ပြန်လည် တုံ့ပြန်နိုင် အောင်ပါ။
ပထမဦးဆုံး အရက်မူးဖူး သည့်အချိန်~~~~~~~~~ ကျွန်တော် ၇နှစ်သားလောက်ရှိမယ်ထင်တယ်။ ကျွန်တော့် အဖွားက ခရစ်ယာန်ဘာသာဝင်ဆိုတော့ အိမ်မှာ လုပ်တဲ့ ခရစ်စမတ်ပွဲမှာ ကျွန်တော်နဲ့ ကျွန်တော့်ဦး လေး သောက်ဖို့ဆိုပြီးတော့(အမှန်က ဦးလေးအတွက် အဓိကဖြစ်ပါလိမ့်မယ်) အဖွားက Chivas တစ်လုံးထောင် ပေးပါတယ်။ အဲ့ဒါ ဘယ်လိုသောက်လိုက်လဲတော့ မသိဘူး ( ကျွန်တော့်ဦးလေးပဲ သောက်တာနေမှာပါ
) ပုလင်းလည်းလဲ လူလည်းလဲ။ အိမ်မှာရှိတဲ့လှေခါးကို လေးဘက်ထောက်ပြီး တက်ခဲ့ရဖူးပါတယ်။
ပထမဦးဆုံး ပစ်ဖူးသည့် သေနတ်~~~~~~~~ G-4 ပါ။ ဗိုလ်လောင်းဘ၀က စတင်ပစ်ခတ်ခဲ့ဖူးခြင်းဖြစ်ပါ တယ်။ အခုတော့ တော်တော်စုံနေပါပြီ။ လက်ကတော့ တော်တော်လေးကိုဖြောင့်ပါတယ်…။ လှလေးစိန်နဲ့ နင်လား ငါလားပါပဲ။
ပထမဦးဆုံး ရောက်ခဲ့ဖူးသော နိုင်ငံခြား~~~~~~ Singapore ပါ။ ကျွန်တော် ၉၄ နွေရာသီကျောင်းပိတ်ရက် မှာ ကျွန်တော့်အဖိုးနဲ့အတူ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ အလည်သက်သက်ပါပဲ။
ပထမဦးဆုံး ရေးခဲ့သော ဘလော့ဂ် ပိုစ့်~~~~~~~~ The Reason ဆိုတဲ့ ကဗျာ အတိုလေးတစ်ပုဒ်ပါ။
p.s- ကဲ ကိုလင်းထက်ရေ အစ်ကိုချဲပေးထားတဲ့ လိုင်းတွေနဲ့ အမှတ်တရဖြစ်အောင် အစ်ကို Tag ထားတဲ့ပို့စ်ကို အရင်ဆုံး စတင်လိုက်ပြီ။ ကျေးဇူးပဲ အစ်ကိုရေ Idea ခမ်းခြောက်နေတဲ့ကာလမှာ ကုန်ကြမ်းပေးတဲ့အတွက်ရော။ စာကြောင်းတွေ ချဲပေးတဲ့အတွက်ရော








၇နှစ်သားထဲက အရက်မူးနေတဲ့ ချီးဘတ်နဲ့ နင်ပြောတဲ့ စားဖားရုပ်နဲ့ ကောင်လေး
ပထမဆုံးတွေ တော်တော်မှတ်မိတာပဲ
ငါဆိုအဲလောက်မမှတ်မိဘူး
Like or Dislike:
0
0
ပထမဆုံးများကို လာရောက်အားပေးဖတ်သွားပါတယ်
မောင်လေး Black Dream.
Like or Dislike:
0
0
အဟဲ ကိုယ့်ရဲ့ အကြွေး ကို လာယူသွားတယ် ရေးပေးတာ အထူးကျေးဇူးတင်ပါသည်
Like or Dislike:
0
0
ပထမဆုံးအကြောင်းတွေ လာဖတ်သွားပြီး တစ်ယောက်တစ်ယောက် မထူးမခြားလေးတွေဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ်း)
Like or Dislike:
0
0
လက်ကတော့ တော်တော်လေးကိုဖြောင့်ပါတယ်…။
Like or Dislike:
0
0
ရှက်ဘူးလားဟေ့.:D
Like or Dislike:
0
0
Please contact me from my mail.
I have something to tell you.
minmyatsoe20@gmail.com
Thanks for your comment.
Like or Dislike:
0
0
သူငယ်ချင်းရေတတ်ထားတာလေးရေးပေးတဲ့အတွက် ကျေးဇူးပဲနော် ပျော်ရွှင်ပါစေ
Like or Dislike:
0
0
ပထမဆုံးတွေလာဖတ်သွားပြီ…. လက်ဖြောင့်တယ်ဆိုပါလား..
အရက်ကို ၇နှစ်တည်းကသောက်တတ်တာကိုးးး
Like or Dislike:
0
0
ငယ်ငယ်ရွယ်ရွယ်နဲ့  ရည်းစားထားရတယ်လို့  ။ ဟီးဟီး
နောက်တာ ထပ်ထား ။:P
Like or Dislike:
0
0
အသက် ၇ နှစ်တုန်းက အဖွားပေးတဲ့ Chivas က…………. အင်းးးးးးးးးးးးးးးးးး…ဦးလေးပဲ အကုန်သောက်တာဖြစ်မှာပါ။
( မအိ….!)
Like or Dislike:
0
0
မသင်ပဲနဲ့  တစ်ခါတည်းနဲ့ တတ်တာ အဲဒီဆေးလိပ် သောက်ခြင်းပေါ့။ ဟုတ်တယ် အဲဒါ ၅၅၅ အပြစ်။ ၇နှစ်သားတည်းက ပုလင်းနဲ့ လူနဲ့  တူတူလဲတာဆိုတော့ ဟေဟေ. ဟုတ်နေပြီဟ။ ဒါ့ကြောင့်နဲ့ တူတယ်။ လှလေးစိန်နဲ့  နင်လားငါလား ဆိုပါလား။
Like or Dislike:
0
0
chivas နဲ့စသကိုး…..
ဘဝပေးကောင်းပါ့ဗျာ
Like or Dislike:
0
0
ဟောဒီမှာပါဗျ.။ http://i204.photobucket.com/albums/bb64/daikingp/birthday/pic21.gif
Like or Dislike:
0
0
ပထမတွေ ဖတ်သွားတယ် ခုချစ်သူလေးကို “the reason” တော့မလုပ်လိုက်နဲ့နော်..
Like or Dislike:
0
0
အဲဒီလိုင်းတွေကို ချဲပေးတဲ့ကိုလင်းထက်ကို ကျေးဇူးတင်တယ်ပြောလိုက်နော် အစ်ကို။ မဟုတ်ရင်သေတော့မယ်လို့ ဖတ်ရတာ။ မျက်စိပျက်မတတ်ပဲ။ မှောင်ကလည်း မှောင်၊ ကပ်ကလည်း ကပ်ဆိုတော့။ တင်စားတာပါ အဲလောက်တော့မဟုတ်ပါဘူး။ ပြောပြတာ ဘယ်လိုလဲဆိုတာ အဟီး။ တကယ်ပျက်ရင်တော့ အစ်ကိုပြန်လျှော်ပေးရမှာ။ ပထမဆုံးရည်းစားထားတဲ့ရက်ကိုလည်း အတိအကျမှတ်မိတယ်ပေါ့လေ။ တော်လိုက်တာ။
Like or Dislike:
0
0
တိမ်ပျော်များပို့စ်ကနေ ခဏခဏအန်တဲ့ black dream ဆိုလို့ လာချောင်းနေတာ အန်နေလားလို့
စာကြွေးတွေဖတ်ရင်း ပထမဆုံးများမှာ သောက်တဲ့ ဆေးပေါ့လိပ်က ငွေတောင် ဆိုလို့ နာနဲ့တူလို့ ကွန့်မန့်ရေးလိုက်တယ် ဘိုင်ဒဝေး မန်းကပဲလားဟင် ငွေတောင်က မန်းမှာပဲရှိတယ်ထင်လို့လေနော်(စပ်စုတာ)
Like or Dislike:
0
0