ခေတ်သစ် မင်းနန္ဒာ…
AD 2500
အချိန်ကာလများသည် အလင်း၏ အရှိန်နှုန်းထက် လျှင်မြင်စွာ လှုပ်ရှားခဲ့ပြီ ဖြစ်သည်။ စက္ကန့်နှင့်အမျှ ပြောင်းလဲ နေသော ကျွန်တော်တို့၏ လူ့ပတ်ဝန်းကျင်သည်လည်း မည်မျှလောက်သေးငယ်သော အချိန်အပိုင်း အစလေးကိုမှ အလွတ်မပေးပဲ မျက်ချည်မပြတ်စောင့်ကြည့်လျှက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ၏ လည်ပတ်မှု သည်ပဲ နှေးကွေး သွားသလား၊ နာရီနှင့် အချိန်တို့၏ ပညတ်များကပဲ လျှင်မြန်သွားကြလေသလား မပြောတတ် ပြောင်းလဲမှုများသည် တမဟုတ်ခြင်း လျှင်မြန်လွန်းလှပေသည်။ လူသားတို့၏ လိုအပ်ချက်များနှင့် စိတ်ဆန္ဒအား ဖြည့်ဆည်းဖို့ ကြိုးစားနေရသည့် ပညာရှင်များအဖို့ ယားလို့ပင် မကုတ်အားပဲ…၊ ခေတ္တမျှ ထုံးတို့ထားရသည့် အနေအထား ဖြစ်နေလေသည်။ ဥပမာ လူသားတို့၏ ကျန်းမာရေး အတွက် ညစ်ငြမ်းလာသော ပတ်ဝန်းကျင် လေထု၏ အန္တာရယ်အား ကာကွယ်ရန်အတွက် “လေသန့်ဘူး” များအား ဈေးကွက်အတွင်း ကျယ်ပြန့်စွာ တင်သွင်းရောင်းချလာခြင်း၊ စဉ်းစားတွေးတောမှုများ ပိုမိုပြုလုပ်နိုင်ရန် “ဦးနှောက်များ သို့မဟုတ် ဦးခေါင်း” အပိုများအား သာမန်လူသုံးကုန် ပစ္စည်းရောင်းသောဆိုင်များတွင် အလွယ်တကူ ၀ယ်ယူရရှိလာနိုင်ခြင်း စသည်တို့မှာ အသေးစားပြောင်းလဲမှုများလောက်ပင် ဖြစ်ပေသည်။
ဒီနှစ်ပိုင်းအတွင်း ကျွန်တော်တို့၏ ကမ္ဘာလောကကြီးအတွင်းတွင် ကြီးမားသော ပြောင်းလဲမှုကြီးများ အမြောက် အများ ပေါ်ပေါက်လာခဲ့သည်။ ကြောက်မက်ဖွယ် ပညာရပ်နှင့် သဘောတရားတော်လှန်ရေးကြီးများ ဖြစ်ပွားသွား ခဲ့သည်။ ၂၃ နှစ်ပိုင်းတစ်ပိုင်း တိမ်းစောင်းလျက်ရှိသော ကမ္ဘာမြေကြီးအား ရေပြင်ညီအတိုင်း ပြန်လည်တည့် မတ်လိုက်နိုင်ပါက လူသားတို့၏ တစ်ယောက်အပေါ်တစ်ယောက် တိမ်းစောင်းနေသော အမြင်များ ပြန်လည် တည့်မတ်လာကာ (လူသားအချင်းချင်း အထင်အမြင်လွဲမှားမှုများသည် ကျွန်ုပ်တို့၏ ကမ္ဘာကြီး ၂၃ နှစ်ပိုင်းတစ် ပိုင်း ဒီဂရီတိန်းစောင်းနေသောကြောင့် ဟူသောအယူအဆမှာ အင်မတန်မှပင် လေးစားလောက်ပါတယ်) လူလောကကြီး ပိုမိုသာယာဖွံ့ဖြိုးလာနိုင်သည်ဆိုကာ ကမ္ဘာမြေညီအား ရေပြင်ညီဖြစ်သည့် (၀) သို့မဟုတ် (၁၈၀) ဒီဂရီသို့ တည့်မတ်နိုင်ရင် အပြင်းအထန်ကြိုးစားနေသည့် သုတေသန လုပ်ငန်းကြီးများမှာလည်း မရေမတွက်နိုင်လောက်အောင်ပင် ဖြစ်ပါတယ်။
သတင်းစာများတွင်လည်း နေ့စဉ်နှင့်အမျှ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြိုင်အဆိုင် တီထွင်ဖန်တီးမှုများကို အများအပြားပင်တွေ့နိုင်ပါတယ်။ လွန်ခဲ့သည့် တစ်ပတ်ခန့်ကပင် လူသားတို့၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်လွှင့် နေသည့် မမြင်နိုင်သော ရောင်ချည်တစ်မျိုး ( ၎င်းတို့အခေါ်အဝေါ်အရ H-Ray) အား ဖမ်းယူနိုင်သော အထူးပြု လုပ်ထားသည့် “ကြည့်မှန်” တစ်မျိုးအား အောင်မြင်စွာ ထုတ်လုပ်လိုက်ပြီ ဖြစ်ရောင်း။ ထိုကဲ့သို့ လူ့ခန္ဓာကိုယ်မှ ထုတ်လွှင့်သော H-Ray များအား ၎င်းမှန်ဖြင့် ဖမ်းယူနိုင်ခဲ့ခြင်းကြောင့်၊ ထိုမှန်အတွင်း အထူးတီထွင်တပ်ဆင်ထား သော နည်းပညာများ၏ အကူအညီဖြင့် ကျွန်တော်တို့၏ အရင်ဘ၀များကို မှန်အတွင်း ရှင်းလင်းစွာ ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ ၎င်းတို့အသုံးပြုခဲ့သော နည်းပညာမှာ စိတ်၊ စေတသိတ်နှင့် နာမ်တို့၏ အဆက်မပြတ် ဖြစ်ပေါ်နေမှုအား စွမ်းအင်အဖြစ်သို့ အသွင်ပြောင်းလဲစေခဲ့ခြင်းဖြစ်ပါတယ်။
ထိုကဲ့သို့ အင်မတန်ထူးခြားဆန်းပြားသည့် သတင်းနှင့်နည်းပညာများ အဆက်မပြတ်ပေါ်ထွက်နေရာမှ ယခု (၂၆) ရာစုအတွက် အထူးချွန်ဆုံးသော သိပ္ပံပညာရှင်ဘွဲ့ကို ရရှိခဲ့သော တီထွင်မှုတစ်ခုသည် ကမ္ဘာတစ်ခုလုံး အား တုန်လှုပ်စေခဲ့ပါတယ်…။ ” Combination Atom ” လို့အမည်ရတဲ့ အစိတ်အစိတ် အပိုင်းပိုင်း ဖြစ်နေသော အမျိုးတူ Atom များအား ပြန်လည်ပေါ








တောက်လျှောက်ဖတ်လို့ ကောင်းကောင်းနဲ့  ဖတ်လာကာမှ နောက်ဆုံးကျမှ မီးပြတ်ရတယ်လို့ ကွာ……ဟင်းးးးးးးးးးးးး ( မအိ…!)
Like or Dislike:
0
0
ကောင်းပါ့ရှင်၊ ကောင်းပါ့။
အရင် Posts တွေနဲ့မတူတဲ့ Style တမျိုးလေးပေါ့။
့ကိုယ့်နာမည်ပါတဲ့ Post ဆိုတော့ ပိုနားလည်အောင် ၃ခေါက်ဖတ်သွားတယ် မဲကြီးရေ။
ပျော်ရွှင် အဆင်ပြေပါစေ။
SMNTL
Like or Dislike:
0
0
ပို့ စ်ဖတ်ပြီး ကိုမဲ ဘာတီထွင်မလို့ လဲလို့ မီးပျက်သွားတာကိုးးး
Like or Dislike:
0
0
လည်ထွက်သွားတာပဲ။
သင်ကာ
Like or Dislike:
0
0
ဒီလောက်နည်းပညာတွေပလူပျံပြီး ကမ္ဘာကြီးတောင် အိမ်သာအဆင့်လောက်ဖြစ်နေတဲ့ ၂၆ရာစုကြီးမှာ မီးပျက်တဲ့နိုင်ငံရှိနေသေးတယ်နော်။ မောင်လေးဘလက်ရေ ကောင်လေးနေတဲ့နိုင်ငံက ဘယ်နိုင်ငံလဲဟင်…….ပြောပြနော်
Like or Dislike:
0
0
ကောင်းလိုက်တဲ့ပို့စ်လေး ဟိ… အော် ဒီလောက်တိုးတက်တာတောင် မီးကပျက်ရသေးတယ် အဲဒါကို ကောင်လေးကမသိဘူးလားလို့
Like or Dislike:
0
0
ဇာတ်သိမ်းက မိုက်တယ်နော်
Like or Dislike:
0
0
အဟ င့ါကောင်တော့လုပ်ပြန်ပြီ တစ်ညိုး……
င့ါအတွက် အသဲနှလုံးအပို ၂ စုံလောက် ……… ဟိ ဟိ
Like or Dislike:
0
0
ကိုအိမ်မက်နက်က ဘာတွေစိတ်ကူးထားလဲ။
အင်တာနက်တွေရော ဘာတွေရော ခေတ်ကြီးက တိုးတက်နေပြီးတော့ မီးပျက်သွားတယ်
အကြံတစ်ခုပေးမယ် Dam တစ်ခုလောက်ပြန်ဆောက်ပြီး
ကောင်မလေးကိုသွားခိုးလိုက်နော်။
Like or Dislike:
0
0
ဘလက်ကြီးရေ AD 2500 ထိမီးပျက်နေတုန်းဆိုရင်တော့
ပေးသူယူသူ အပြစ်တူသွားမယ်ဗျ
အစစအဆင်ပြေပါစေ သူငယ်ချင်းရေ
Like or Dislike:
0
0
မျက်စိကိုလည်ကရောပဲ။ ကြံကြံဖန်ဖန်ပေါက်ပေါက်ရှာရှာနှယ်။
Like or Dislike:
0
0
ကိုမဲကြီး အကြွေးစာရင်းတွေ မှတ်ဖို့  ဦးနှောက်အပို တစ်စုံလောက်လိုချင်လို့ ပါ။ ဒီအတိုင်းဆို ၂ရက်လောက်နေရင် မေ့သွားတတ်လို့ ။ AD2500ရောက်မှ မီးက ပျက်ရသေးတယ်။ ကြားတာက ဓါတ်အားပေးရုံကို ကြက်ဆူဆီနဲ့ လည်နေတာ ဆီပြတ်သွားလို့ ဆိုလားပဲ။
Like or Dislike:
0
0
မီးက အဲဒီနိုင်ငံမှာအဲဒီအချိန်အထိ ဆက်ပြတ်နေအုန်းမဲ့
သဘောပေါ့……
ကောင်းဗျာ…
Like or Dislike:
0
0
ခင်ဗျားကတွေးလိုက်ရင်အဆန်းတွေကြီးပဲ ၊ ဒါကြောင့်လဲ ဘလက်ကြီး ဘလက်ကြီးနဲ့ ဖြစ်နေတာကိုးဗျ
Like or Dislike:
0
0
ကိုရင်နက်…. ကျန်တာ ကြိုက်တာဖြစ်
မီးတော့ မပျက်ပါနဲ့ဆရာရယ်….
Internet မရှိရင်
မနေတတ်တော့လို့ပါ။
Like or Dislike:
0
0
ပြောတုန်းက ဒီလောက်သိပ္ပံအကြောင်း စုံမယ်မထင်ဘူး မင်းနန္ဒာအကြောင်းကို များများဖွဲ့ထားမယ်ထင်နေတာ ခုမှပေးချင်တဲ့ information က ဘာဆိုတာ သဘောပေါက်သွားတယ် သိပ္ပံအကြောင်းတော်တော်စုံသဟ သိပ္ပံမောင်မဲဆိုပြီး ခေတ်လွန်ဝတ္ထုတွေရေးစားလို့ရပြီ ဟိ
Like or Dislike:
0
0
တော်ပီ ငါ့ကောင်မလေးဆီ ခိုးခိုးမသွားတော့ဘူး။
အရင်က ကံကောင်းလို့ လွတ်နေတာ ဖြစ်မယ်။
တော်ပီ သားသားကြောက်ကြောက်
Like or Dislike:
0
0
ha ha.. nice imagination. Since this world is so much better in technology. Isn’t there something like clone? hee hee..
just my thinking coz i don’t want him to die.. hee hee
Like or Dislike:
0
0
အဲ့ဒါကြောင့်အင်တာနက်ထဲဝင်ရင် တရဲခြောက်ပါတယ် ထင်နေတာလက်စသတ်တော့ ဒင်း ကိုနေဦး တရဲကိုမြှောက်ပေးပြီး မိန်းမသွားခိုးပေးလိုက်ဦးမယ်
ကဲ လာလေရော့ ၀ုန်း…………..ဖျတ်…ဖျတ် ဟာ…….မီးပျက်သွားပြီ ကယ်……….တော်………..မူ………….ကြ…….ပါ……ဗျို့
Like or Dislike:
0
0
အရေးထဲမှ မီးကပျက်ရတယ်လို့…
တော်လိုက်တဲ့ ငါ့အစ်ကို…မီးပျက်လိုက်တော့ အီလည်လည်ကြီး ဖတ်ရတာ …တော်တော်ကို တော်ျေနပါလား အစ်ကိုဘလက်ရ…း)
ညီမလေးလောက်နီးနီးကိုတော်တယ်အဟိ
Like or Dislike:
0
0
Excellent writing!!!!!!!!!
ကောင်းတယ်ဆိုတာကလွဲလို့ မပြောတတ်တော့ဘူး
Like or Dislike:
0
0
အတွေးလေး လှတယ် ညီလေးရေ။ ခေါင်းစဉ်ပေးထားတာလည်း လှတယ်။ ဇာတ်သိမ်းလေးလည်း မိုက်တယ်။
Like or Dislike:
0
0
ခင်ဗျားကလည်းဗျာ .. အဟုတ်မှတ်လို့ စိတ်တော်တော်ဝင်စားနေတာ … ဆိုးသူပဲ
Like or Dislike:
0
0
မီးပျက်နေလို့ စာလာဖတ်တာ နောက်ကျ သွားတယ် ရှေ့မှာ ၂၃ ခုတောင် ဖြစ်နေပြီ ဒါနဲ့ တဂ်ထားတယ် နော် မပြောမရှိနဲ့
Like or Dislike:
0
0
အင်..ဒီလိုလဲ ဖြစ်တတ်တာပဲလား။
Like or Dislike:
0
0
လိုက်လို့မမီတော့ဘူး 21 ရာစုမှာကျန်ခဲ့လို့
Like or Dislike:
0
0
တွေးတတ်ပါပေ့ ကိုအိပ်မက်။
Like or Dislike:
0
0
UPS မှမသုံးတာ
Like or Dislike:
0
0
ဒါကြောင့်ဖြစ်မယ်… ရင်ဂိုက သီချင်းထဲမှာ `အချစ်ဟာ မီးလား´… ရန်အောင်က `ချစ်တယ် မီးရယ်…´ တဲ့…။ ဟုတ်လိမ့်မယ်။
Like or Dislike:
0
0
ဖတ်လို့ကောင်းတယ် ဒါပေမယ့် အခေါ်အဝေါ်တွေဖတ်တာ မူးသွားပြီ။
Like or Dislike:
0
0
ဖတ်ရှုအားပေးသွားပါတယ်ခင်ဗျာ။
Like or Dislike:
0
0
တွေးလည်းတွေးတတ် ရေးလည်းရေးတတ်ပါပေတယ် Blackdream ရယ်…း)
Like or Dislike:
0
0
သူငယ်ချင်းရေ..တစ်ယောက်ကလဲမီးပျက်လို့ နှစ်ယောက်ကလဲမီးပျက်လို့ အင်းငါ့ခေါင်းလဲဘယ်တော့ပျက်မလဲမသိဘူး………ဟိဟိ
Like or Dislike:
0
0
လန်ထွက်သွားတာပဲ တွေးတာရော၊ ရေးတာရော.. မိုက်တယ်.
Like or Dislike:
0
0
=) .. သနားပေမယ့် ရယ်ချင်ချင် ဖြစ်အောင် ရေးတတ်တဲ့ ကိုအိပ်မက်နက် ရဲ့  တွေးခေါ်ပုံကို လေးစားပါတယ်။
ဒီဇာတ်လမ်းနဲ့ မီးစက်ကြော်ငြာ ရိုက်သင့်တယ် =)
Like or Dislike:
0
0
တစ်ကယ်များလားလို့  ဖတ်နေတာ ။ကိုယ်များတော်တော်
နောက်ကျနေပြီလားပေါ့။ဒီလူ တော်တော်နောက်တဲ့ လူဗျာ။
ဖတ်ရတာတော့ကောင်းပဗျာ။ မီးကပျက်ရတယ်ရှိသေး။
Like or Dislike:
0
0
[...] သည့် ကျွန်တော်နှင့် တစ်နေ့တာ ၊ ခေတ်သစ်မင်းနန္ဒာ တို့လိုပုံစံမျိုး [...]
Like or Dislike:
0
0