• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    မှန်ကြည့်ခြင်း…

    September 6 , 2008 | 420 views

    ကျွန်တော့် အစ်ကိုကြီး ကို zeRoTrash က Tag တာပါ။ သူလည်းသူများ Tag တာနဲ့အားကျမခံ ပြန် Tag လိုက် ပုံရပါတယ်။ ယခုအချိန် Tag လုပ်ခြင်းခံရတာဟာ ကျွန်တော် Blog ရေးတဲ့သက်တမ်းတစ်လျှောက်မှာ ပထမဆုံး အကြိမ် Tag ခံရခြင်းဖြစ်ပါတယ်။ သူများတွေ Tag တာကိုလည်း တစ်ခါမှမခံရဖူးသလို၊ ကိုယ်တိုင်လည်း တစ်ခါမှ ဘယ်သူ့ကိုမှ မ Tag ခဲ့ဖူးပါဘူး။ အမြဲတမ်းအတွက်ဆိုရင်တော့ ဘယ်လိုနေမလဲမသိပါဘူး။ ဒါပေမယ့် တစ်ခါ တစ်လေ ရေးစရာရှိသော်လည်း အပျင်းတစ်နေတဲ့အချိန်မျိုးတွေ၊ ဘာရေးရမှန်းမသိဖြစ်ကာ ရောင်လည်လည် ဖြစ်နေတဲ့အချိန်မျိုးတွေမှာတော့ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ပျော်ဖို့တော့ကောင်းပါတယ်။

    နောက်တစ်ချက်က အခုလို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Tag ကြချင်းဖြင့် ဘလော့ဂါ ညီအစ်ကို မောင်နှမများအကြားမှာ ရင်းနှီးမှု၊ ယုံကြည်မှုပိုမိုခိုင်မာ လာနိုင်တယ်လို့လဲ ကျွန်တော်ထင်ပါတယ်။ အမြဲတမ်း ကြီး ဆိုရင်တော့လည်းမကောင်းဘူးပေါ့။ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်သွားနိုင်ပါတယ်။

    ကျွန်တော်အမှန်အတိုင်း ၀င်ခံရရင် အခု ကျွန်တော့်အစ်ကိုကြီး zeRoTrash လုပ်လိုက်တဲ့ Tag Game လေးကို တစ်ခြားဘလော့တွေမှာတွေ့နေတာ ကြာပါပြီ။ ဘာရယ်တော့မဟုတ်ဘူး တစ်ချို့ကလည်း အပျော်သဘောရေး ကြတယ် တစ်ချို့ကြတော့လည်း အတည်တကျကို ရေးကြတာတွေ့တော့ ကြည်နူးမိပြီး ငါ့ကိုလည်း Tag ခံရရင် ကောင်းမှာပဲလို့တွေးမိတာတော့ အမှန်ပါပဲ။

    နောက်တစ်ခု…။ အခုကျွန်တော် ဒီ Tag လေးကိုသဘောကြမိတာ တစ်ခုရှိပါတယ်….။ ဘာလို့လဲဆိုတော့…။ အခု ကျွန်တော်ရေးမယ့် Tag Game လေးဟာ ကျွန်တော့်ရဲ့ စိတ်တွေကို လွန်ခဲ့သောနှစ်ပေါင်းများစွာမှာ ကျန်ရှိနေခဲ့ပြီဖြစ်တဲ့ ဖြူစင်ငြိမ်းချမ်းလှတဲ့ ကျောင်းသားဘ၀ရဲ့ နောက်ဆုံး နှုတ်ဆက်ပွဲလုပ်တဲ့နေ့လေးတွေမှာ သူငယ်ချင်းအချင်းချင်း အမှတ်တရရေးခိုင်းခဲ့ကြဖူးတဲ့ အပြုအမူလေးများကို ပြန်လည်တမ်းတ မိစေပြီး ကျွန်တော့်ရင်ကို နွေးထွေး ငြိမ်းချမ်းစေခြင်းကြောင့်ပါပဲ….။

    ကိုယ့်ရဲ့နာမည်………… Black Dream

    ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… မဲကြီး၊ Black ကြီး၊ မဟူရာအိပ်မက်

    ကိုယ်ဒီမှာနေတယ်………… ခေတ္တ မော်စကို

    ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… ဖုန်းနံပါတ်များကို နှိပ်ပါ :P

    အရောင်ဆိုရင်………… အနက်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အပြာရောင်။

    အ၀တ်အစားဆိုရင်………… T-Shirt ( Especially- Black T-Shirt)

    အစားအစာဆိုရင်………… စားလို့ရတာ အကုန်စားတယ်။

    ပစ္စည်းဆိုရင်………… နာရီ၊ Zippo၊ မျက်မှန်၊ ခါးပတ်၊ Wallet

    သီချင်းဆိုရင်………… (Hard Rock- Scorpion, Aerosmiths, Bonjovi, Mr.Big, GNR, Metallica) (Alternative/Modern Rock- Green Day, Vertical Horizon, Offspring, Sugar Ray, Staind, Linkin Park)

    စာရေးစာဆရာ………… မင်းခိုက်စိုးစန်၊ သစ္စာနီ၊ ဇော်ဇော်အောင်၊ နီကိုရဲ၊ မင်းလူ၊ တာရာမင်းဝေ။

    စာအုပ်………… သုည၊ ကျွန်တော်နှင့် နမ်မီးစစ် (မင်းခိုက်စိုးစန်)

    Life style………… လေးနက်စွာခံယူပြီး ပေါ့ပါးစွာဖြတ်သန်းခြင်း။

    ကိုယ့်ရဲ့ဝါသနာ………… ၀ါသနာတွေလိုက်ပါရတာကိုက ကျွန်တော့်ရဲ့ဝါသနာ။

    အလိုချင်ဆုံးလက်ဆောင်…………
    tyle=”color: rgb(255, 255, 102);”> သံသရာကူး လက်မှတ်တစ်စောင်။

    ကိုယ့်ရဲ့ အချစ်ဆုံးသူက………… မြန်မာပြည်။

    ကိုယ့်ရဲ့ အလေးစားဆုံးသူက………… အနန္တောအနန္တငါးပါးနှင့် တိုင်းပြည်နှင့်လူမျိုးအတွက် အနစ်နာခံခဲ့ကြသော ခေါင်းဆောင်ကောင်းများအားလုံး

    ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… အမေ။

    ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက………… အဖေ။

    ကိုယ့်ရဲ့ အမုန်းဆုံးသူက………… Me, Myself and I!

    ရင်အခုန်ဆုံးအချိန်………… မရိုးသားမှုတစ်ခုအား ဖုံးကွယ်ထားရသောအချိန်။

    အကြောက်ဆုံးအချိန်………… မှန်ထဲပြန်ကြည့်မိတဲ့အချိန်တိုင်း တော်တော်တုန်လှုပ်မိတာတော့ အမှန်ပဲ။

    အပျော်ဆုံးအချိန်………… ဒီဘ၀အတွက် နောက်ဆုံးထွက်သက်ကို ထုတ်လွှတ်ခွင့်ရမယ့်အချိန်။

    အမှတ်တရနေ့………… သူ့နည်းသူ့ဟန်နဲ့သူ တော်တော် များတယ်။

    ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… ငြိမ်းချမ်းရပါလို၏။

    အချစ်ဆိုတာ………… မြန်မာသဒ္ဒါအလိုအရတော့ “စိတ္တဇနာမ်” ပေါ့။

    အမုန်းဆိုတာ………… ကိုယ့်ကိုယ်ကိုယ် မညှာတာ၊ မသနားတတ်တဲ့သူတွေရဲ့ ညံ့ဖျင်းမှုပြ ဂုဏ်ပုဒ်တစ်ခု။

    အလွမ်းဆိုတာ………… ရင်မှာပွင့်သော ပန်းတစ်မျိုး။

    သံယောဇဉ်ဆိုတာ………… မရှိမကောင်း၊ ရှိမကောင်း။

    ဘ၀ဆိုတာ………… နေတတ်ရင်ကျေနပ်စရာကြီးပါ။ တစ်ခုတော့ရှိတယ်…။ နေတတ်ဖို့တော့ နဲနဲအနေခက်လိမ့်မပေါ့။

    သူငယ်ချင်းဆိုတာ………… ကျွန်တော့်အတွက်တော့ ကျွန်တော်မဟုတ်တဲ့ ကျွန်တော်ပါပဲ။ ကိုယ်ပွားတစ်ခုပေါ့။

    ချစ်သူဆိုတာ………… ကိုယ်တန်ဖိုးထား၊ မြတ်နိုးသောသူ။

    ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… လူ့အန္ဓ

    ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… I’m Changing! You Are Changing! Everything Are Changing! There’s Only One Thing Which Will Never Change, It’s………. CHANGING!

    အပြောချင်ဆုံးစကားတစ်ခွန်း………… ငြိမ်းချမ်းချင်တယ်။

    ************************************************************************************

    ဟုတ်ကဲ့…။ သူများ Tag တာတော့ရေးပြီးပါပြီ။ ဒီတစ်ခါကျွန်တော် ဆက် Tag ပါမယ်။ ရေးချင်စိတ်ရှိရင်ရေးပါ…။ ရေးချင်စိတ်မရှိရင်တော့…………………………………………………………….ဇွတ်မှိတ်ပြီး ပြီးအောင်ရေးပါ။ :P

    ကိုလင်းထက်
    ညမီးအိမ်
    ပေါက်ကရ ၈၀
    ကဒေါင်းညင်သာ
    မင်းတစေ
    အမရာ
    အိုင်လွယ်ပန်
    မှူးဒါရီ
    နွေမုန်တိုင်း (သူမရေးနိုင်ဘူးဆိုတာသိပေမယ့် ရင်ထဲမှာရှိနေတဲ့အတွက် အမှတ်တရ Tag ပါတယ်)
    Apprenticeship
    စိုးမြနန္ဒာသက်လွင်

    p.s- ဆယ်

    Cateogry : Personal

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    11 Responses to “မှန်ကြည့်ခြင်း…”

    1. ဒီကလေးတော့နာတော့မယ်။ အနော့်ဘလောခ်ကိုသေချာဖတ်ဘူးထင်တယ်။ အဲဒီအကြောင်းအရာကို သူများတက်ခ်ထားပြီးသားလေ ဖြေတောင်ဖြေပြီးနေပြီ။

      Like or Dislike: Thumb up 0 Thumb down 0

    2. ဟိတ်., မဲကြီး အစုတ်ပလုတ်

      မ Tag နဲ့နော်..
      မရေးဘူးဟာ၊ အသေသတ်။

      ငြိမ်းချမ်းခြင်ရင် ဘုန်းကြီး တသက်လုံးဝတ်။ Girlfriends မရှုပ်နဲ့၊ မိန်းမ မယူနဲ့။

      ပြောတာကိုနားထောင် :) )
      SMNTL

      Like or Dislike: Thumb up 0 Thumb down 0

    3. တက်လိုက်ကြစို့ တယ်ရင်း အောက်အီးအီးဘွတ်
      ဟိ (နာရေးတဲ့အခါ ဖတ်ကြည့်ပေါ့)

      Like or Dislike: Thumb up 0 Thumb down 0

    4. အတဂ် ခံလိုက်ရပြီပေါ့. :)

      ဘယ်နေရာမဆို ငြိမ်းချမ်းဖို့ကတော့ အရေးအကြီးဆုံးပဲ. တစ်နေ့နေ့တော့ လိုချင်တဲ့ ငြိမ်းချမ်းမှု အသေအချာရနိုင်ပါစေလို့ ဆုတောင်းပေးသွားတယ် ညီရေ. :)

      Like or Dislike: Thumb up 0 Thumb down 0

    5. ဘလက်ကြီးေ၇.. Peace is the present of the Justice. တဲ့ တရားမျှတမှုတွေ အတွက် ငါတို့တိုက်ပွဲ ၀င်ကြတာပေါ့.. :D

      Like or Dislike: Thumb up 0 Thumb down 0

    6. အကြောက်ဆုံးအချိန်………… မှန်ထဲပြန်ကြည့်မိတဲ့အချိန်တိုင်း တော်တော်တုန်လှုပ်မိတာတော့ အမှန်ပဲ ဆိုတော့ ဘာတွေမဟုတ်တာလုပ်ထားလဲ ဦးလေးမဲတူးရ ဟီးးဟီးး ငြိမ်းချမ်းချင်ရင် တရားစခန်းဝင်ပါ ဂူပိတ်တရားစခန်းမဟုတ်ဘူးနော် :)

      Like or Dislike: Thumb up 0 Thumb down 0

    7. မှန်ကြည့်တော့ ငမျိုးပုံ တွေ့ပုံရတယ်…ဟီးးးး

      Like or Dislike: Thumb up 0 Thumb down 0

    8. အကိုနဲ့ ကျွန်တော်နဲ့အကြိုက်ချင်းတော်တော်တူတယ်ဗျ။
      စာရေဆရာ၊ သီချင်းတွေ အားလုံးနီးပါးပဲ။ အကိုအရေးအသားတွေလဲ ကြိုက်တယ်။

      Like or Dislike: Thumb up 0 Thumb down 0

    9. ကိုယ့်ကိုချစ်သူက ဒီလိုခေါ်တယ်…( လာပါဦးလို့  ….)။ အဲဒါကို လည်းထည့်ရေးဦးလေ။ :P ( မအိ….)

      Like or Dislike: Thumb up 0 Thumb down 0

    10. ဂလိုမှန်းတိရင် အစောကြီးကတည်းက Tag ပါတယ်ကွာ။
      အစ်ကိုကြီး မရေးချင်မှာဆိုးလို့မတက်တာ… :(

      Like or Dislike: Thumb up 0 Thumb down 0

    11. သိပ်တော်တဲ့ ညီလေးပဲ ဟဲ ဟဲ ဟဲ
      အကိုကြီးက ချစ်လွန်းခင်လွန်းလို့ တက်ခ်လိုက်တာ :D

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply