• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်း

    August 2 , 2008 | 710 views

    ကျွန်တော် အကြောင်းကြောင်းကြောင့် ဘလော့မရေးဖြစ်တာ တော်တော်ကိုကြာသွားပါပြီ။ အခုကျွန်တော် ပုံမှန်အတိုင်း ပြန်လည်ရေးသားတင်ဆက်ပါတော့မယ်။ ယခုလိုမတင်ဆက်ခင်မှာ ရှေးဦးစွာ မင်္ဂလာသတင်း တစ်ခုကို စတင်ဖော်ပြခွင့်ပြုပါ။

    မြန်မာပြည်မှ လေဘေးဒဏ်ခံစားခဲ့ရသော ပြည်သူများအားကူညီ လှူဒါန်းရန်အတွက် (၃၁.၅.၂၀၀၈) ခုနှစ်တွင် ကျွန်တော်တို့ Moscow State University, Bauman (BMSTU) တက္ကသိုလ် မြန်မာကျောင်းသား လက်ရွေးစင် ဘောလုံး အသင်းနှင့် Russian New University (ROSNOU) တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းတို့ ရန်ပုံငွေ ဘောလုံပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

    ထိုရံပုံဘောလုံးပြိုင်ပွဲမှ လက်ခံရရှိခဲ့သော အလှူငွေများအား မြန်မာနိုင်ငံရှိ လေဘေးသင့် ပြည်သူများအား (တိုက်ရိုက်) ကူညီရန်အတွက် အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းလေဘေးဒဏ်ခံခဲ့ရသော ဒေသများသည် ပင်လယ်ဆားငန်ရေများဖြင့် ဖုံးလွမ်းမှုများ ဖြစ်ပွားကာ သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်ခဲ့ ပါသည်။ ထို့ကြောင့် ယခုအခါ ထိုရန်ပုံငွေများအား ၎င်းဒေသများတွင် ရေချိုကန်များပြန်လည်တူးဖော်တည် ဆောက်နိုင်ရင် အတွက် ကောက်ခံရရှိသော အလှူငွေ စုစုပေါင်း ကျပ် ၁၈၀၀၀၀၀ (တစ်ဆယ့်ရှစ်သိန်း) အား စီစဉ်လှူဒါန်းပြီး ဖြစ်ပါသည်။

    ထိုသို့ မြန်မာပြည်သူ ပြည်သားများအား ကူညီလှူဒါန်းနိုင်ရန်နှင့် ရံပုံငွေ ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရန် အတွက် မအားလပ်သည့် စာမေးပွဲအချိန်များကြားမှ အင်တိုက်အားတိုက် ပါဝင်ကစားပေးခဲ့ကြသော ကျောင်းသားများ၊ အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြသော ပညာတော်သင်ကျောင်းသား နောင်တော်များ၊ ညီငယ်များ၊ သူငယ်ချင်းများနှင့် တတက်တအား ပါဝင်ကူညီ၊ လှူဒါန်းပေးခဲ့ကြသော ရုရှားပြည်သူ ပြည်သားများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

    p.s- ကျွန်တော်တို့ချစ်သော အမိမြန်မာပြည်နှင့် ပြည်သူပြည်သားအပေါင်း ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

    Cateogry : Article

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    8 Responses to “ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်း”

    1. အင်း…အလုပ်တော်တော် ရှုပ်နေတယ်တဲ့ :P သိနေသလိုနော်.. အားကျတယ်ဗျာ…..

      Like or Dislike: Thumb up 0 Thumb down 0

    2. သိကုန်ကြပါပြီ … ဟိ :P

      Like or Dislike: Thumb up 0 Thumb down 0

    3. အလှူအတွက် သာဓုခေါ်ပါတယ်

      Like or Dislike: Thumb up 0 Thumb down 0

    4. နောင်လည်း ဒီထက်မက ဘောလုံးကို ဂိုးများများနဲ့ နိုင်ပြီး များမျာ လှူဒန်းနိုင်ပါစေ။

      Like or Dislike: Thumb up 0 Thumb down 0

    5. အကြောင်းကြောင်းကြောင့်ဆိုတာ ဘာလဲ ပြောပြောရှင်းပါး) မဟုတ်ရင် ပေါင်ချိန်နဲ့ စစ်ခိုင်းမယ် ။ အနိုင်ဂိုးကို သွားတဲ့ အစ်ကို ဘက်ခမ်းလို နာမည်ကြီးတဲ့ ဘလော့ဂါဖြစ်ပါစေ ( အခုလည်းနာမည်ကြီးလွန်းလို့ လိုက်မမှီတော့ပါဘူးလေ )

      Like or Dislike: Thumb up 0 Thumb down 0

    6. မွန်မြတ်တဲ့အလှူအတွက် သာဓုသုံးကြိမ်ခေါ်ပါတယ် မောင်လေးရေ။

      Like or Dislike: Thumb up 0 Thumb down 0

    7. [...] ဒုတိယအကြိမ် လှူဒါန်းမှု မှတ်တမ်း [...]

      Like or Dislike: Thumb up 0 Thumb down 0

    8. [...] ဒုတိယအကြိမ် လှူဒါန်းမှု မှတ်တမ်း [...]

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply