၁ … ၂ … … ၃၄ !
ခဏတော့လွင့်သွားတာပေါ့
ဒါပေမယ့်….
မကြာပါဘူး…. ငါ့ကိုယ်ငါ ပြန်ဖမ်းမိခဲ့တယ်။
အဝေးကို မျှော်ကြည့်တော့ သူ့မျက်ဝန်းတစ်လျောက် အဆုံးမရှိတဲ့ အစိမ်းရောင်…။ နောက်..အပြာ ရောင်…။ တဖြေးဖြေးပိုဝေးသွားတော့ အနက်ရောင်…။ အတိမ်အနက်ကို လိုက်ပြီးပြောင်းလဲနေတဲ့ အဆုံးအစ မရှိတဲ့ သမုဒ္ဒရာတစ်ခု…။ သူ့မျက်ဝန်းတွေနဲ့ မမြင်နိုင်တဲ့ တစ်နေနေရာမှာတော့ ကမ်းခြေ တစ်ခုခုရှိကောင်းပါရဲ့…။ အဲ့ဒီ ကမ်းခြေတစ်ခုပေါ်မှာ သူချစ်တဲ့….. များ သူ့ကိုတမ်းတနေကြမလား..? သူအခု သူတို့ကို တမ်းတနေ သလိုပဲပေါ့…။
ဒီနေရာ ဒီဒေသ…။ ဘယ်လောက်ပဲ ရုပ်ဝတ္ထုပစည်းတွေ ပြည့်စုံနေပါစေ…။ သူ့ရင်ထဲက ကွက်လပ် တစ်ခုကိုတော့ ဘယ်လိုမှ သာယာလာအောင် မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ အထူးသဖြင့် ဒီလိုနေ့မျိုးဆို ရင် သူ့ရင်ထဲက ဆွဲအားမဲ့ လေဟာနယ်ဟာ ပုံမှန်လည်ပတ်နေခဲ့တဲ့ အချိန်တွေထက် ပိုပြီးအဓိပါယ်မဲ့ နေခဲ့တယ်။ ဘ၀မှာ ဖြစ်သင့်တာတွေ ဖြစ်လာဖို့အတွက် ဖြစ်ချင်တာတွေကို အတိုင်းတာ တစ်ခုအထိ မြိုသိပ်ပြီး ဖြစ်နေတဲ့ လက်ရှိကို အတည်ငြိမ်ဆုံး ထုဆစ်နိုင်ဖို့ သူ့ကိုယ်သူ အမြဲတမ်းအားပေးခဲ့တယ်။ ဒါပေမယ့် သူလည်း လူသားတစ်ယောက်ပဲလေ…။ တစ်ခါတစ်လေတော့ ခံစားချက်တွေက ခဏခဏ သူ့ကို တရားစွဲဖို့ ကြံစည်ကြတာပေါ့။
သူပြုံးထားတယ်…။ လူတွေအားလုံးကို သူတတ်နိုင်သလောက် ပြုံးပြခဲ့တယ်…။ ဒါပေမယ့် အဲ့ဒီအပြုံး တွေရဲ့နောက်မှာ လူသားတစ်ယောက်ပီပီ ဘ၀ရဲ့ဖိအားပေးမှုတွေ ရှိနေမယ်ဆိုတာကို ဘယ်သူသိနိုင် မလဲ..? မလိုပါဘူးလေ သူ့အတွက်တော့…! အခုဆို သူများတွေပျော်ရင် သူလည်းပျော်တတ်နေပါပြီ။ တစ်ခြားသူတွေကို အမြဲနှစ်သိမ့်အားပေးခဲ့တယ်သူ…။ အခုလိုအချိန်မျိုးမှာ ဘယ်သူကများ သူ့ကို အကောင်းဆုံး နှစ်သိမ့်ပေးနိုင်လေမလဲ…? ရင့်ကျတ်တဲ့ လူသားတစ်ယောက်အဖြစ် အားလုံးရှေ့မှာ ရပ်တည်ပြနိုင်ဖို့ ရင်နဲ့မမျှ တဲ့ ခံစားချက်တွေ အလင်းနှစ်တွေနဲ့ချီ်ပြီး စတေးခဲ့ရတာ ဘယ်သူသိနိုင် မလဲ..? သူခေါင်းကို ငုံကြည့်လိုက် တယ်…။ ထူးဆန်းစွာပဲ ကောင်းကင်ဟာ သူ့ခြေဖျားအောက်မှာ ငြိမ် သက်စွာ အိပ်စက်နေလေရဲ့…..။ သူပြုံးထားတုန်းပဲလေ….။
လောကကို ခဏလောက်ဖြစ်ဖြစ်
မျက်မှန်တစ်လက်လောက် ပေးတပ်ကြည့်လိုက်ပါ
အထီးကျန်နေသူတွေရဲ့ ခံစားချက်တွေကို မြင်တွေ့နိုင်အောင်ပေါ့….။
မွေးဖွားခြင်း၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့သည် အဆက်မပြတ်လည်ပတ်နေသာ စက်ဝန်းတစ်ခု ဆိုပါက သူသည် ထိုစက်ဝန်းအတွင်း လူသန်းပေါင်းများစွာနှင့် အတူ ခရီးသွားနေသော သာမန်ခရီး သည် တစ်ဦးသာဖြစ်ပေလိမ့်မည်။ ဖြစ်တည်ခြင်းနှင့် ပျက်သုန်းခြင်းကြား အသက်ရှုသံများ မရေမ တွက်နိုင်အောင် ပွင့်ဖူးခဲ့ပေလိမ့်မည်။ သူ, မိမိကိုယ်ကို အကြိမ်ပေါင်းများစွာ စမ်းစစ်ခဲ့သည်။ အသက်ရှုသံ အရေအတွက် ဘယ် လောက်ကို သိမ်းဆည်းနိုင်ခဲ့ သလဲလို့ပေါ့…။ သူသည် စက္ကန့်ပေါင်းများစွာ အပေါ်နင်းဖြတ်ပြီး ခရီးဆက်ခဲ့ဖူးသည်။ မကြာခဏ အရောင်များပြောင်းလဲလေ့ရှိသော ကောင်းကင် အောက်တွင် ခရီးဆက်ခဲ့ဖူးသည်။ အကြိမ်ကြိမ်ဖူးပွင့်ခဲ့သော ဥယျာဉ်များကို ဖြတ်သန်းပြီးလည်း ခရီးဆက်ခဲ့ဖူးသည်။ ထိုခရီးသည် ဝေးပါသည်။ သို့သော် တစ်နေ့တော့ ပန်းတိုင်ကို ရောက်ရမည် ဖြစ်သည်။
ခပ်ဝေးဝေးက ရထားဥသြသံတစ်ခုကို သူအမှတ်မထင်ကြားလိုက်ရတယ်…။ ဒီလိုအသံတွေကို သူ့ဘ၀တစ်လျောက် အကြိမ်ပေါင်းများစွာ ကြားခဲ့ရဖူးပေမယ့်…။ ဒီတစ်ခါတော့ သူ့ရဲ့ဝိဥာဉ် များသည် အဲ့ဒီ့ရထား ဥသြသံနှင့်အတူ မိုင်ပေါင်းများစွာသို့….။ လူသားတစ်ယောက်အတွက် ဒီလောကတွင် အနွေးထွေးနိုင်ဆုံးသော နေရာသည် “ မိသားစု” ဆိုသော နေရာတစ်ခုသာရှိသည်ကို သူ့လို ထိုစကား လုံ








အကိုရေ ဒီနှစ်တော့ အရမ်းထူးခြားတဲ့ မွေးနေ့လေးပါ
အကို မွန်တို့နဲ့အတူ နောင်နှစ်ပေါင်းများစွာတိုင်………..
Like or Dislike:
0
0
သိပ်ကိုကောင်းတဲ့ပိုစ့်တခုပါဘဲ
စာသားတွေမှာခံစားချက်အစစ်တွေပါတယ်……
Like or Dislike:
0
0
သူငယ်ချင်း မင်းရဲ့ စာသားထဲကအတိုင်း ကိုကြီးစိုးလည်း ငြိမ်းချမ်းစွာ ပြည့်စုံနေစေဖို့ ဆုတောင်းသွားတယ်ကွာ။
Like or Dislike:
0
0
တက်လည်းတက်နိုင်တယ် မွေးနေ့ ပို့ စ့်တင်ထားပေးမှန်းအောက်ဆုံးအစိမ်းရောင်နဲ့  စာသားကိုဖတ်မှသိတော့တယ်ဗျာ တော်တယ် တော်တယ်း) ။ Happy Birthday ကိုစိုးထက်ကြီး ဘေးဘရာ အပေါင်း ခ၀န်းညောင်း၍ ဘလော့တစ်ကာ လည်နိုင်ပါစေ ဟီးး ။
Like or Dislike:
0
0
ko black dream ရေအရမ်းကိုကောင်းတဲ့ပို့(စ်)လေးပဲ….မွေးနေ့ ပို့ စ့် လေးကိုရေးပေးတတ်တဲ့စိတ်ကူးလေးလဲအရမ်းကောင်းတယ်… ကိုစိုးထက်အတွက်လည်းဆုတောင်းပေးတယ်… ပျော်ရွှင်ဖွယ်မွေးနေ့ လေးဖြစ်ပါစေ…
Like or Dislike:
0
0
ကိုစိုးထက် ဘလော့မှာ ကွန်မန့်ရေးလို့ မရတဲ့အတွက် ဒီကပဲ လာဆုတောင်းသွားပါတယ်။
ကြည်လင်အေးချမ်းပါစေ။
ပန်ဒိုရာ
Like or Dislike:
0
0
အကိုကြီးရေ မွေးနေ့မှ နှစ်ပေါင်းများစွာ အရိုးအသား ဂျင်ဂျင်မာပြီး ကြင်ရာနဲ့အချစ်ပွားလို့ တစ်နှစ် နှစ်သား ကျပါစေ:P
နောက်တာပါစိတ်ဆိုးနဲ့
မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ
မိသားစုနဲ့ အတူ ပျော်ရွှင်ဖွယ် ခရီးလမ်းကို အခက်အခဲ အနဲဆုံးနဲ့ လျှောက်လှမ်းနိုင်ပါစေ ခင်ဗျာ ။
THS
Like or Dislike:
0
0
ကိုစိုးထက် မွေးနေ့မှာ လိုအင်ဆန္ဒများ တလုံးတဝတည်း ပြည့်စုံနိုင်ပါစေဗျာ..။
Like or Dislike:
0
0
Dr.
Wishing you..,
Very Happy Birthday!!
May you have a peaceful life together with your beloved family. As you are wonderful human being, I’m sure you and your family life will be fill up with happiness and a lots of success.
Let you know that I’m so glad to know you through from Blogging. Proud to have a nice friend who have good sense of humor.
))
Have a wonderful day. Enjoy your special day!!
Please take your Birthday Present here .
Kind Regards,
Soe Mya Nandar Thet Lwin
Like or Dislike:
0
0
Please take your Birthday Present here .
Enjoy!!
Cheers.,
Soe Mya Nandar Thet Lwin
Like or Dislike:
0
0
ပျော်ရွှင်ဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် ချစ်သောမိသားစုနှင့်အတူ နေထိုင်နိုင်ပါစေ ကစိုးထက် ရေ။
Happy Birthday Ko Soe Htet!
Like or Dislike:
0
0
ကိုစိုးထက်.. မွေးနေ့မင်္ဂလာပါ..
ငြိမ်းချမ်းပါစေ ..
ပျော်ရွှင်ပါစေ ..
ဒီကိုပဲ လာဆုတောင်းရတာပေါ့..
ကျေးဇူးပါ ကိုအိပ်မက်နက်..
Like or Dislike:
0
0
HAPPY BIRTHDAY KO SOE HTAT!!!!!!
BEST OF LUCK!!!!!!!!!!!!!!
MAY YOU BE PEACEFUL LIFE WITH UR BELOVED FAMILY.
Like or Dislike:
0
0
ပျော်ရွှင်ဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် ချစ်သောမိသားစုနှင့်အတူ အေးချမ်းပျော်ရွှင် အောင်မြင်စွာ နေထိုင်နိုင်ပါစေ။
Like or Dislike:
0
0
ညီလေး ဘလက်ခ် ရေ.. ပြောင်မြောက်တဲ့ မွေးနေ့ဘွဲ့ညွန်း စာစုအတွက် ညီ့ကို ကိုစိုးထက်ကြီး ကျေးဇူး အရမ်း တင်နေမှာပါ..
အစ်ကိုကြီးရေ..ပျော်ရွင်ဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် ချစ်သောမိသားစုနဲ့ အတူ တိုင်းပြည်အကျိုး အသေအချာ သယ်ပိုးနိုင်ပါစေလို့ အလေးအနက် ဆုတောင်း ပေးသွားပါတယ်ခင်ဗျာ။
Like or Dislike:
0
0
ကိုစိုးထက်ရေ
မွေးနေ့မှစပြီး နောင်နှစ်များစွာတိုင်
ကောင်းမှုကုသိုလ်တွေကို အဖျက်ကင်းကင်းလုပ်နိုင်တဲ့သူ ဖြစ်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်
အတွေ့အကြုံမရင့်ကျက်သေးလို့လားမသိဘူး
“နောက်ကျောဓါးထိုးခံရလို့ နောက်လှည့်ကြည့်လိုက်တိုင်း သိပ်ရင်းနှီးတဲ့မျက်နှာတွေ့မယ် ငါမအံ့သြဘူး” လို့ ရေးခဲ့ပေမယ့် ကျနော်အများကြီးလိုပါသေးတယ်။ ကိုစိုးထက်ဆီကနေ အများကြီး အတုယူရဦးမယ်
မွေးနေ့ဆုတောင်းမယ်ဆိုပြီး စိတ်မကောင်းစရာတွေပြောမိတယ်
စိတ်ကောင်းရှိပြီး ကူညီတတ်လို့ လူချစ်လူခင်ပေါသလိုပဲ နောင်လည်း အစစအရာရာ အဆင်ပြေမြဲပြေပါစေ။
Like or Dislike:
0
0
ဒေါက်တာရေ…
ခင်ဗျားကို ကျနော်အစတုန်းကပြောခဲ့သလိုပဲ..
ကျနောတို့ ခင်ဗျားကိုယုံတယ်ဗျာ..
လုပ်စရာ ရှိတာတွေကိုသာ ဆက်လုပ်ပါ…
ကျနောတို့ရှိနေပါတယ်….
Like or Dislike:
0
0
ပျော်ရွှင်ဖွယ်မွေးနေ့မှ သည် နောင်နှစ်များစွာတိုင် ဒေါက်ထက်ချစ်သော မိသားစုနှင့်အတူ အနာဂတ်နေ့ရက်တွေကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်…။
Like or Dislike:
0
0
မွေးနေ့မှာ ပျော်ရွင်ပြီး နောက်ရှေ့နှစ်ပေါင်းများစွာ မှာ ပို၍ပို၍ ပျော်ရွှင်နိုင်ပါစေ.. အစ်ကိုစိုးထက်
Like or Dislike:
0
0
နာမည် မပါသွားဘူး… ဟီး နှစ်ခါ ဆုတောင်းဖြစ်တာပေါ့
ပို၍ပို၍ ပျော်ရွှင်ပါစေ အစ်ကို စိုးထက်
Like or Dislike:
0
0
နင်လုပ်လိုက်ရင် အဲဒီအတိုင်းပဲ
သူပြောသလိုပဲနော် ပျော်ရွှင်ပါစေ ကိုစိုးထက်
(အဲဒီဆုတောင်းကျန်ခဲ့လို့ ပြန်လာပေးတာ)
Like or Dislike:
0
0
လာတာနောက်ကျသွားတယ်ဗျာ။ ကိုစိုးထက်ကြီးယခုမွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်နိုင်ပါစေဗျာ။
Like or Dislike:
0
0
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ကိုစိုးထက်ရေ။ အခုမွေးနေ့ကစပြီး နောင်နှစ်ပေါင်းများစွာတိုင် မိသားစုနဲ့ အတူတကွ ပျော်စရာမွေးနေ့များစွာကို ဖြတ်သန်းနိုင်ပါစေ။
blackdream ရေ ရေးတတ်ပုံကတော့ မွေးနေ့ပို့စ်ကိုတောင် ဖတ်တဲ့သူ ငေးသွားအောင် ရေးတတ်ပါပေတယ်း)
Like or Dislike:
0
0
ဒီနေ့မှရောက်ဖြစ်တယ်။နောက်တောင်ကျနေပြီ။ကောင်းလိုက်
တဲ့ပို့စ်ကွာ။မွေးနေ့အတွက်ရေးမှန်းနောက်ဆုံးမှသိရတယ်။
Happy birthday ပါ ကိုကြီးစိုးထက်ရေ။ကိုကြီးချစ်တဲ့မိသား
စုနဲ့အတူနောင်နှစ်ပေါင်းများစွာအပြုံးပန်းတွေဝေဆာစွာဖြင့်
ဘ၀ခရီးလမ်းလျှောက်လှမ်းနိုင်ပါစေ
Like or Dislike:
0
0
HAPPY BELATED PAR KO SOE HTET
I REALLY LIKE THIS POST. UTTERLY BEAUTIFUL AND POETIC EXPRESSIONS.
YOU R THE LEGEND IN DELICACY. (a yann mite tal)
Like or Dislike:
0
0
Normally, I don’t care about people’s birthday but I have to say something for my big big brother, Ko Soe Htet. I found you as a non-stop automatic smile emitting machine. only people with very healthy and good hearts could do it and, you are surely one of them, bro. Keep your dreams come true whatever people talking about you.
By the way, nice birthday present from Mr.Black dream.
see you all.
Like or Dislike:
0
0
လူသားတစ်ယောက်အတွက် ဒီလောကတွင် အနွေးထွေးနိုင်ဆုံးသော
နေရာသည် “ မိသားစု” ဆိုသော နေရာတစ်ခုသာရှိသည်ကို
သူ့လို ထိုစကား လုံးနှင့် အဝေးဆုံးတွင် ရောက်ရှိနေသောသူများသာ
အကောင်းဆုံး ဘာသာပြန်နိုင်ပေမည်။
ခိုက်သွားပြီ သူငယ်ချင်းရေ .. .. ကောင်းတယ် .. … (..: Ag :..)
Like or Dislike:
0
0
အာ…….တော်တော်လေးကိုနောက်ကျနေပေမယ့်
ဆုတောင်းပေးချင်လွန်းလို့ပါ
အစ်ကိုစိုးထက်ရေ…..နောင်နှစ်ပေါင်းများစွာတိုင်အောင်
မိသားစုနဲ့ပျော်ရွှင်စွာနေသွားနိုင်ပါစေနော်……..
ဝေလေးဆုတောင်းပေးလိုက်ပါတယ်
Like or Dislike:
0
0