ရံပုံငွေ ဘောလုံးပြိုင်ပွဲ
ကျွန်တော်တို့ မြန်မာပြည် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ပြည်သူများအတွက် (ဒုတိယအကြိမ်) မြောက် ထပ်မံ လှူဒါန်းနိုင်ရန် ကျင်းပပြုလုပ်ခဲ့သော ရံပုံငွေဘောလုံးပြိုင်ပွဲသည် (၃၁.၅.၂၀၀၈) သောကြာ နေ့တွင် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ဒီပြိုင်ပွဲကို ကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ မြန်မာ ပြည်သူပြည်သားများအတွက် ကိုယ်ထိလက်ရောက် ကိုယ်တိုင်လုပ်အားပေးကူညီ လိုသော်လည်းမည် သို့မျှ မတတ်နိုင်သည့်အတွက် ကျွန်တော်တို့ရဲ့ ခွန်အား၊ ချွေး စသည်တို့ဖြင့် အင်အားစိုက်ထုတ်ကာ သွယ် ၀ိုက်သောနည်းဖြင့် ရင်းနှီးပြီး လှူဒါန်းလိုသောကြောင့် ဖြစ်ပါသည်။
အခန်းအနားတွင် မြန်မာပြည် မုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် ၀မ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် (၂) မိနစ် ငြိမ်သက်ကာ ဆုတောင်းမေတ္တာများပို့သပြီးနောက် ရံပုံငွေဘောလုံးပြိုင်ပွဲအား စတင် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း (၇)၊ ဒုတိယပိုင်း (၁၅) မိနစ်နှင့် တတိယပိုင်း မိနစ် (၃၀) တို့တွင် မြန်မာ ကျောင်းသားအသင်းမှ ရုရှားကျောင်းသားအသင်းအား ဂိုးများသွင်းယူကာ သုံးဂိုး ဂိုးမရှိ ဖြင့် အနိုင်ရခဲ့ပါသည်။
ရံပုံငွေပွဲမှရရှိသော အလှူငွေများအားလုံးကိုလည်း ယခင်အတိုင်းပင် မြန်မာနိုင်ငံသို့ အမြန်ဆုံး (တိုက်ရှိက်) လှူဒါန်း သွားမည် ဖြစ်ပါသည်။
ယခုကဲ့သို့ ရံပုံငွေပွဲဖြစ်မြောက်ရေးအတွက် ကိုယ်အား၊ အကြံဥာဏ်အားများဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြသော Russian New University နှင့် Moscow State Technology University, Bauman (BMSTU) မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများအား၎င်း၊ မိမိတတ်နိုင်သည့်နည်း လမ်းများဖြင့် အားကျိုးမာန်တက် ကူညီပေးခဲ့ကြသော နောင်တော်များ၊ သူငယ်ချင်းများနှင့် ညီငယ်များအား၎င်း၊ ကျောင်းအသီးသီးမှ ရံပုံငွေ လက်မှတ်များအား တာဝန်ယူရောင်းချပေးခဲ့သော သူငယ်ချင်းများအား၎င်း၊ ရံပုံငွေလက်မှတ်များအား (လူကိုယ် တိုင်မလာနိုင်သည့်တိုင်) ၀ယ်ယူအားပေးခဲ့ကြသော စေတနာရှင်များနှင့် သီးခြား အလှူငွေထည့်ဝင်ခဲ့ကြသော စေတနာရှင်များအား လွန်စွာကျေးဇူးတင်ရှိ ပါသည်။
အထူးသဖြင့် စာမေးပွဲများဖြေဆိုနေသည့် ကာလဖြစ်သည့်တိုင် မိမိချစ်သော ပြည်သူပြည်သားများ အတွက် အားကျိုးမာန်တက် လေ့ကျင့်၊ ကြိုးစားကစားပေးခဲ့ကြသော မြန်မာကျောင်းသားလက်ရွေးစင် အသင်းအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ။
p.s- ပြိုင်ပွဲအမှတ်တရ ဓာတ်ပုံများအား စုဆောင်းရရှိမှု အခက်အခဲကြောင့် Post တင်ခြင်းနောက်ကျခဲ့သည်ကို နားလည် ခွင့်လွှတ်ပေးကြပါရန်နှင့် ကောက်ခံရရှိသော အလှူငွေစာရင်းနှင့် လှူဒါန်းမှုများကို မကြာမှီ ဖော်ပြ ပေးသွားမည် ဖြစ်ကြောင်း။ ။








မြန်မာအသင်းအတွက် ဂုဏ်ယူပါတယ်
WELL DONE
Like or Dislike:
0
0
ခွန်အား၊ ချွေးတွေနဲ့ ပြည်သူ့အသက်တွေကို ကာကွယ်ပေးတဲ့အတွက် ဂုဏ်ယူပါတယ်။ အစ်ကိုတို့ရဲ့ မြန်မာပြည်ကြီးကို မမေ့တဲ့ စိတ်ဓါတ်ကို လေးစားပါသည်။
သာဓု၃ လို့ခေါ်ပါတယ်။ နောင်လဲ ဒီထက်မက ပိုလှူနိုင်ပါစေ။
Like or Dislike:
0
0
အရမ်းအားကျသွားပြီ ငါ့ညီရေ.. ကျိတ်လိုက်ကွ..
မဟူရာအိပ်မက်ကို အားပေးနေလျက်
ကဒေါင်း
Like or Dislike:
0
0
ဂုဏ်ယူပါတယ်။ ဆက်ကြိုးစာထားနော်….
Like or Dislike:
0
0
မွန်မြတ်တဲ့ စေတနာနဲ့ လုပ်တဲ့အလုပ်မို့လို့ ဂုဏ်ယူပါတယ်။
အားပေးနေတယ်ဗျာ။
Like or Dislike:
0
0
အစ်ကိုပါလို့ ထင်တယ် ၃ ဂိုးပြတ်နိုင်တယ်း) ဂွဒ်တယ် ဂွဒ်တယ် လေးလည်း လေးစားတယ် ၃ ပုံမြောက်က အစ်ကိုကိုင်ထားတဲ့ ၀ါဝါထိန်ထိန်လေးက ရောင်းစားလို့ ရလားဗျ အစစ်ဆို ပွတာပဲနော့် ဟားဟား ။
Like or Dislike:
0
0
2 teams ne trophy ya tal naw
I’m proud of your dedication. Hope to see more in the future too. Keep up with great heart and works.
Like or Dislike:
0
0
ဟိုနေ့က ကိုကျန်စစ် chatting box မှာ နိုင်တဲ့ သတင်းကို ဖတ်လိုက်ရတယ်။ ငါလည်း သူစာကျက်ပျက်မှာ စိုးလို့ chat oင်ပြီး မမေးလိုက်တာကွ။ တို့ချစ်တဲ့ နိုင်ငံတော်ကြီးက ဒုက္ခ မျိုးစုံ ခံစားနေရတဲ့ ပြည်သူတွေအတွက် အပြောနဲ့မဟုတ် လက်တွေ့မျက်တွေ့ ရိုးရိုးသားသား ကြိုးစားပြီး ရလာတဲ့ သန့်စင်တဲ့ငွေကို နင်းပြားတွေဆီ အရောက်ပို့မယ်ဆိုလို့ အရမ်းဝမ်းသာတယ်ကွာ။ ညီအကိုတွေ အားလုံး နှလုံးပီတိ ဂွမ်းဆီထိ အားလုံးငြိမ်းချမ်းကြပါစေ။ ဒုတိကမြောက် သွားပြီဆိုတော့ ဒုတိယအကြိမ် သာဓုခေါ်တယ်ကွာ။
ကောင်းလေစွ…. ကောင်းလေစွ… ကောင်းလေစွ
Like or Dislike:
0
0
congrat ပါအကိုရေ…အကြံလေးကောင်းတယ် …:D
Like or Dislike:
0
0
Cheers < <<<<<
Congrats Bros !
Like or Dislike:
0
0
သာဓု သာဓု သာဓု ဒီလိုကုသိုလ်ပြု လှူဒန်းခြင်းအားကြောင့် နောင်ဖြစ်လေရာဘ၀မှာ နာမည်ကြီး၊ ၀င်ငွေအဘက်ဘက်က ကောင်းတဲ့ ဘောလုံးသမားဖြစ်ပါစေဗျား ………..
Like or Dislike:
0
0
ကိုယ်တိုင်ပါဝင်ဆင်နွဲ ဆင်ပေမဲ့ ကိုယ့်ကျောင်းမဟုတ်လို့ တက်နိုင်တဲ့ဘက်က
ကူညီခွင့်ရခဲ့တာကိုပဲ ကျေနပ်မိပါတယ် .. နိုင်ငံအတွက် နာမည်ကောင်းရအောင် အနိုင်ကန်ခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ကွာ ..အားလုံးကိုပေါ့
Like or Dislike:
0
0
နေ့လည်တည်းက လာဖတ်ပြီးတာဟ .. ဒီတစ်ခါရော ကူးပြီး ငါ့ဘလော့မှာ တင်ရဦးမလား။ တော်တော် Q တာပဲကွ. LOL
ပွဲကခြေမမျှတော့ ကန်ရတာတောင် သနားတယ်ကွာ. ကျွတ်ကျွတ်. ဒူးတော့ပြဲသွားတယ်။ ဟီး.
Like or Dislike:
0
0
ကျေးဇူးညီရေ..တစ်ကူးတစ်က အကြောင်းကြားပေးလို့…:) အမှန်ပြောရရင် ပွဲပြီးတဲ့ နေ့ကတည်းက ကိုယ် . လာကြည့်နေတာ
ပြန်ကြည့်ပြီး ကုသိုလ်ပွားချင်လို့..
တစ်သင်းလုံးကို ဂုဏ်ပြုပါတယ်ညီရေ…အသေအချာ ကြိုးစားခဲ့ကြလို့..
ပုံတွေအားလုံး ယူသွားပြီ.
Like or Dislike:
0
0
good job! ဆက်ကြိုးစားမောင်လေးရေ…အားပေးနေတယ်။ (home!)
Like or Dislike:
0
0
ဘလက်ကြီးရေ ငါတို့လူကိုယ်တိုင်လာအားမပေးနိုင်ခဲ့ပေမဲ့ မင်းတို့ကျောင်းက သူငယ်ချင်းညီအကိုတွေအားလုံးကို ကျေးဇူးတင်ပါတယ်ကွာ။ နောက်ထပ်နောက်ထပ် တို့တတ်နိုင်တာတွေကို ကြိုးစားလုပ်ဆောင်ကြမယ်ကွာ။ ပျော်ရွှင်ပါစေသူငယ်ချင်းရေ..
စာမေးပွဲတွေလဲ အားလုံးအဆင်ပြေပါစေ
Like or Dislike:
0
0
SALUTE TO ALL OF YOU GUYS!!!!
SUCH GREAT EFFORTS TO MAKE IT HAPPENED THIS CHARITABLE WORK….
MANY CONGRATULATION ON WINNING THE TROPHY AS WELL……
YOU HAVE CHARISMA & I’M SO PROUD OF YOU..
~ YOU R MY ROCK ~
Like or Dislike:
0
0
ငါ့ချစ်နယ်က ဘာတွေဝင်လုပ်နေတာလဲ ဘလက်ကြီးရ ..
ကြည့်လိုက်ရင်ဒီလူတွေ ချည်းပဲ ဟတ် ဟတ် မိုက်တယ်
Like or Dislike:
0
0
မွန်မြတ်တဲ့ စေတနာရည်ရွယ်ချက်နဲ့ အပင်ပန်းခံ ကြိုးစားပေးခဲ့တဲ့သူ အားလုံးကို လေးစား ကျေးဇူးတင်မိပါတယ်။ ၃ဂိုး ဂိုးမရှိဆိုလို့လည်း ဂုဏ်ယူမိပါတယ်။း)
Like or Dislike:
0
0
မောင်မျိုးရေ ရောင်းလို့တော့ မရဘူး ၊ ပဲနို့ရည်နဲ့ လဲမယ်လေ:P ၊ ချစ်နယ်ရေ ငါလဲ ၀င်ကြိတ်လိုက်တယ်လေ ၊ ငါသွင်းတဲ့ဂိုးဝင်ရင် ၄ ဂိုးပြတ်တယ်:P ၊ ဘလက်ရေ ကျေးဇူးဗျို့ ကွန်မန့်တာနောက်ကျလို့ ခွင့်လွတ်ဗျ ၊ စာမေးပွဲတွေ အားလုံး အိုကေ ပါစေ
Like or Dislike:
0
0
ကောင်းတယ်ဗျို့ … ဂုဏ်ယူပါတယ်ဗျာ။ မြန်မာ့ခြေကိုလည်းပြရင်း ရန်ပုံငွေ ရှာနိုင်တဲ့ ခင်ဗျားတို့ကို လေးစားသွားပြီဗျို့
Like or Dislike:
0
0
ဂုဏ်ယူပျော်ရွှင်မိပါတယ်..။ သိတာတောင် နောက်ကျသွားတယ်။
Like or Dislike:
0
0
ဝေး … ဂုဏ်ယူတယ် … ချီးကျူးတယ် .. တကယ့် အမှတ်တရပဲ …။ တော်တယ် … လေးစားတယ်…။
Like or Dislike:
0
0
သာဓုပါရှင်.
Like or Dislike:
0
0
[...] ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ မှတ်တမ်
Like or Dislike:
0
0
သာဓု သာဓု သာဓုပါ…
အရမ်းမွန်မြတ်တဲ့အလှူပါ။
လေးစားဂုဏ်ယူစရာပါ။
အရမ်းလဲဝမ်းမြောက်ပီတိဖြစ်တယ်။
I’m proud of you!Congratulation!
Like or Dislike:
0
0