ကျွန်တော်နှင့် ပြည်တွင်းစစ်
တိုက်ပွဲကား စလေပြီ။ စစခြင်းမှာပင် တိုက်ပွဲ၏အရှိန်သည် မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှပါတယ်။ တစ်ဖက်နှင့် တစ်ဖက် ပြင်းပြင်းထန်ထန် သဲသဲမဲမဲ အငြိုးတကြီးဖြင့် တိုက်ခိုက်ကြလေသည်…။ တိုက်ပွဲ ဖြစ်ရခြင်း၏ အကြောင်းအရင်းသည် ကြီးမားသလောက် ထိုတိုက်ပွဲ၏ ပြင်းထန်မှုသည်လည်း ကြောက်မက် ဖွယ်ရာ ကောင်းလှပါတယ်…။ ထူးဆန်းသည်မှာ ယခုတိုက်ပွဲဖြစ်ပွားနေသည့် နှစ်ဘက်သော ပြိုင်ဘက် (သို့) ရန်သူများသည် အတူတကွ မွေးဖွားရှင်သန်လာခဲ့ကြသော၊ ငယ်ပေါင်းကြီးဖော်များ ဖြစ်ကြခြင်းပင်ဖြစ်သည်…။ ၎င်းတို့ကား….
“ဖြစ်ခြင်တာ”နှင့်“ဖြစ်သင့်တာ” တို့ဖြစ်ကြလေသည်….။ တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်ကား “ဘ၀” ဖြစ်ပေသည်။
တိုက်ပွဲစစခြင်းမှာပင် “ဖြစ်သင့်တာ” ဘက်မှနေ၍ ယုတ္တိဗေဒ၊ လက်တွေ့ဆန်ခြင်း၊ အကျိုးအကြောင်း စသည့် လက်နက်ကြီးများဖြင့် စတင်ပြစ်ခတ်လေသည်။ ၎င်းလက်နက်များသည် လူသားဆန်စွာရှင်သန်ခွင့် အဖွဲ့အစည်း မှ “လူသားမဆန်သော လက်နက်များ” အဖြစ်သတ်မှတ်ထားခြင်းခံရသော လက်နက်များဖြစ်ပါတယ်။ သို့သော် အချစ်နှင့်စစ်တွင် မတရားတာမရှိဟူသော သဘောတရားအရ မိမိတို့ဘက်မှ ပြတ်ပြတ်သားသား အနိုင်ရရှိစေ ရန်အတွက် သူတို့ ထုတ်သုံးကြခြင်းဖြစ်ပါတယ်။ ထိုသို့လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ကြရုံသာမက ရန်သူဘက်မှ တပ်သားများ ထင်ယောင်ထင်မှား ဖြစ်စေရန် “ရာထူးဂုဏ်ရှိန်၊ အောင်မြင်ကျော်ကြားမှု၊ ပြည့်စုံ ကြွယ်ဝမှု” အစရှိသော လူအများ အလွန်တရာနှစ်သက်သည့် ၀ါဒများကို အဆက်မပြတ်ထုတ်လွှင့်ကာ (Propaganda Warfare) ဆင်နွှဲခြင်း၊ (Emotion Killer) ဟု စကားဝှက်ပေးထားသော ရန်သူတပ်သားများ၏ ခံယူချက်နှင့် စိတ်ဓာတ်များအား အနီးကပ်ဖျက်ဆီး တိုက်ခိုက်မည့် အထူးကွန်မွန်ဒိုတပ်ဖွဲ့များကို စေလွှတ်ပြီး တိုက်ခိုက် စေခြင်းများကိုလည်း ပြုလုပ်ပါတော့တယ်…။
“ဖြစ်ခြင်တာ” ဘက်မှလည်း တစ်ဘက်က ပစ်ခတ်သမျှ လက်နက်ကြီးများအား မျှော်လင့်ခြင်းခံတပ်များဖြင့် ရွပ်ရွပ်ချွန်ချွန် ခုခံကြပါတယ်။ ရံဖန်ရံခါ အခွင့်အရေးသာသောအခါများတွင်မူ ၎င်းတို့ဘက်မှလည်း နှစ်ပေါင်း များစွာ သိမ်းဆည်းထားသော အင်အားပြင်းထန်သည့် မြိုသိပ်မှုများ၊ အကြိမ်ကြိမ် စောင့်စည်းခဲ့ရသော လိုက်လျောညီထွေစွာ နေထိုင်ရခြင်းဆိုသည့် လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ကြပါတယ်။ ရန်သူဘက်မှ အပစ်အခတ်ကျဲသွားသော အခါများတွင်မူ ခံစားချက် လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်ကာ ရန်သူအား ခေါင်းမထောင်နိုင်စေရန် ဦးနှိမ်ပစ်ခတ်ကြပါတယ်။ ရန်သူဘက်မှ တိုက်ခိုက်လာသော (Propaganda Warfare) အား (Counter Attack) ပြုလုပ်သည့် အနေဖြင့် “ လူသားဆန်ခြင်း၊ စစ်မှန်သော ငြိမ်းချမ်းမှု၊ ကိုယ်ပိုင် ယုံကြည်ခံစားခွင့်” အစရှိသော လွတ်လပ်ခြင်း ၀ါဒများကိုဖန်တီးကာ ပြန်လည်တိုက်ခိုက်ကြပါတယ်…။ ရန်သူ့ဘက်မှ တိတ်တဆိတ် စေလွှတ်လိုက်သော မိမိ၏အားထားရသော ခံယူချက် စစ်သားများအား အနီးကပ် လုပ်ကြံမည့် သူလျိုများ၏ရန်မှ ကာကွယ်ရန်အတွက် သတိဟူသော အချက်ပြ Sensor








Very meaningful!!!
It was great to read and glad the fact your post is more clear and eyes catching as all the posts typing before was a bit tight and close.
Now more clear…, Keep Rolling!!
Soe Mya Nandar Thet Lwin
Like or Dislike:
0
0
* a yan mite tal *
“POETIC WRITTING”, I LIKE IT.
I ADMIRE THE EXPRESSIONS AND FORMATION.
YOU CREATED VERY BEAUTIFULLY TO ” THIS ” HIDEOUS ONE….
PEOPLE GO MAD BECAUSE OF ” THAT “
I’M BATTLING WITH IT TOO…..
lOVED IT
Like or Dislike:
0
0
့ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ မတူတဲ့လူတွေအတွက် သူတို့ ရင်ထဲမှာပြည်တွင်းစစ်တွေအမြဲရှိနေမှာပါ
ဖြစ်ချင်တာ နဲ့  ဖြစ်သင့်တာ တစ်ထပ်တည်းကျတဲ့ ကံကောင်းတဲ့ လူနည်းစုအတွက်တော့ ဒီစစ်ပွဲတွေ မရှိပါဘူး
ဖြစ်ချင်တာ နဲ့  ဖြစ်သင့်တာ တစ်ထပ်တည်းကျပါလျက်နဲ့ ဖြစ်နေတာကို လက်ခံထားရတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာရော ဘယ်လိုစစ်ပွဲမျိုးတွေ ရှိနေမလဲ…..:(
i wanna know.
Like or Dislike:
0
0
Like or Dislike:
0
0
သိဝူးကွာ။ ဒို့ကတော့ ဖြစ်ချင်တာ ဘက်က ပစ်ကူပေးမယ်။
အရမ်းမိုက်တယ်။ CHEERS !
Like or Dislike:
0
0
Good post… (home!)
Like or Dislike:
0
0
Great thoughts & skillful writing Bro!
Cheers!
Like or Dislike:
0
0
ဒါပေမဲ့ လူတွေက ဖြစ်သင့်တာထက် ဖြစ်ချင်တာက များနေတယ်။
ပိုစ်ကို ဖတ်ပြီးတော့ ကိုယ့်ကိုကိုယ် စစ်ပွဲကြီးတစ်ခုထဲရောက်ရှိနေသလိုခံစားရတယ်။
Like or Dislike:
0
0
ကိုယ်ပိုင် ခံစားချက်လို့ ထင်တယ်း) အဖြစ်ပျက်လေးကို တိုက်ရိုက်မဖော်ပြပဲ ဥပမာပေးခိုင်းနှိုင်းသွားတာ အရမ်းကိုကောင်းပါတယ် တရားသဘောတွေတောင်ထည့်လိုက်သေးတယ် ဟားဟား ဒီစစ်ပွဲမှာ ၂ ဦးစလုံးက နှလုံးသားတွေနဲ့  အရင်ဆုံး meeting လေးတစ်ခုလောက်လုပ်လိုက်မယ်ဆိုရင်တော့ ဖြစ်ချင်တာတွေ တာ ဖြစ်လာလိမ့်မယ် ဒီလိုမှမဟုတ် ဦးနှောက်နဲ့  ဆုံးဖြတ်ပြီး မာနတွေက တွန်းအားပေးနေမယ်ဆို၇င်တော့ ဖြစ်ချင်တာတွေက ဖြစ်သင့်တာတွေထပ်ဆိုးဝါးပြီး တိုက်ပွဲအ၇ှိန် ပိုကောင်းလာမှာပဲ ။ နှလုံးသား မြက်ခင်းပြင်များ အနီရောင် နာကြည်းချက်သွေများဖုံးလွှမ်းသွားခဲ့ရတာကတော့ စိတ်မကောင်းစရာ ။
P.s=ကြားဖူးတာလေး ခွှင့်လွှတ်ခြင်းသာ ငြိမ်းချမ်းရာ အစစ်မှန်တဲ့း)
Like or Dislike:
0
0
Black ရေ… ငါမင်းကို ပြောဖူးလား မသိဘူး။ လူရယ်လို့ ဖြစ်လာရင် အာဏာရှိသူပဲဖြစ်ဖြစ်၊ အာဏာမရှိသူပဲဖြစ်ဖြစ် အတ္တပရ မျှတရတယ်ကွ။ တစုံတယောက်က အတ္တသိတ်ကြီး လာရင် ပတ်ဝန်းကျင်နဲ့ ပြဿနာတက် တော့တာပဲလေ။ ဒီနေရာမှာ မင်းပြောတဲ့ ဖြစ်ချင်တယ်ဆိုတာက အတ္တကွ၊ အေး… ဖြစ်သင့်တာက ပရပဲလေကွာ။ ဗမာလို ရှင်းရှင်းပြောရရင် ကိုယ်ကျိုးနဲ့ အများအကျိုးပေါ့။ သုံးသပ်ဖို့နဲ့ ဆင်ခြင် စဉ်းစား ဖို့ပါကွာ။
အားလုံးငြိမ်းချမ်း ညီညွတ်ပါစေ။
Like or Dislike:
0
0
ငြိမ်းချမ်းရေးဖန်ဆင်းရှင်နဲ့ငြိမ်းချမ်းတဲ့စိတ်ဓာတ်
တွေကိုအမြန်ဆုံးမွေးဖွားလာနိုင်ပါစေလို့ဆု
တောင်းပါတယ်သူငယ်ချင်းရေ။
Like or Dislike:
0
0
ငြိမ်းချမ်းရေးရဲ့ရောင်နီဦးကို ပြည်သူတွေအကုန်လုံးကမျှော်နေကြတာကြာခဲ့ ပါပြီ..။
Like or Dislike:
0
0
ူLIVE THE LIFE YOU LOVED AND LOVE THE LIFE YOU LIVED တဲ့လေ
Like or Dislike:
0
0
You rock, man
Like or Dislike:
0
0
only gorgeous man ‘ve got those kind of sexy ideas. Very very seductive, bro.
Like or Dislike:
0
0
ကဲ စိတ်ကို လျှော့လိုက် တင်းလိုက်နဲ့ အသင့်အတင့် နှလုံးသွင်းဖို့ ကြိုးစားကြည့်ဦးမယ်ဟေ့
Like or Dislike:
0
0
Wow..Cool!
wonderful writings, versatile thoughts!
Like or Dislike:
0
0
ဝိုးဟိုးဟိုးးးးးးးးးးးးးးးး ဘာမှမှမဖြစ်ချင်တဲ့ဘက် စစ်ကူပစ်ပေးလိုက်မယ် … ဟတ်ဟတ် ကောင်းတယ် ဘလက်ရေ
မင်းအိမ်မက်တွေ နက်လေ ကောင်းလေပဲ ..။
Like or Dislike:
0
0
အနော်လည်း လက်နက်တွေ မဲ့ တဲ့ ငြိမ်းချမ်းတဲ့ နယ်မြေလေးကို တောင့်တနေတယ် ။
Like or Dislike:
0
0
Wow!! great.You are rock.
Like or Dislike:
0
0
ခိုင်းနှိုင်းတင်ပြပုံရော ရေးသားပုံပါ ပြောစရာမရှိအောင် ကောင်းပါတယ် မောင်လေးရေ။ အားလုံးကို အံဝင်ခွင်ကျ သရုပ်ဖော်သွားတာ တကယ်ပညာပါ ပါတယ်။ ငြိမ်းချမ်းရေးဖန်ဆင်းရှင်တစ်ယောက် မွေးဖွားပြီး ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတို့ရဲ့ စစ်ပွဲပြီးတဲ့တစ်နေ့ စိမ်းလန်းလှပတဲ့မြက်ခင်းပြင်ပေါ်မှာ ကြည်နူးခြင်းပြည်သူတွေ ပျော်ရွှင်ငြိမ်းချမ်းကြမယ့်နေ့ကို လူတိုင်း မျှော်လင့်နေကြပါတယ်။ စာကောင်းတွေအတွက် အမြဲလေးစားနေပါတယ် မောင်လေး blackdream ရေ။
Like or Dislike:
0
0
လန်ထွက်နေတာပဲ သယ်ရင်း မင်းစာရေးစရာ လုပ်စားရင် တော်တော်ကောင်းမှာ။တကယ်ပြောတာ
Like or Dislike:
0
0