• About Me
    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)
    သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်
    May 23 , 2008 | 1,018 views
    ရုရှားနိုင်ငံရောက် မြန်မာကျောင်းသားများထံမှ ကောက်ခံရရှိသော မုန်တိုင်းဒုက္ခသည် အလှူငွေများအနက်မှ ဗုဒ္ဓကလျာနယုဝအသင်း (YMBA-MEPHI)မှလက်ခံရရှိသော အလှူငွေ US$2500 အား (ပထမအကြိမ်) အဖြစ် မြန်မာနိုင်ငံရှိ ဒုက္ခသည်များထံသို့ (တိုက်ရိုက်) ပေးပို့လှူဒါန်းရာတွင် ဆက်သွယ်မှု့ အခက်အခဲများ ကြောင့် အနည်းငယ် ကြန့်ကြာခဲ့ရာ ရုရှားရောက် မြန်မာ Blogger ကျောင်းသားတစ်ဦး၏ မိဘများထံမှ တစ်ဆင့်ဆက် သွယ်ပေးပို့ လှူဒါန်းနိုင်ခဲ့ပါသည် ။
    ၎င်းကျောင်းသား မိသားစုမှ လက်ခံရရှိသော (ပထမအကြိမ်) အလှူငွေများနှင့်အတူ အလှူငွေ ကျပ် (၁၀)သိန်း အား ထပ်မံထည့်ဝင်လှူဒါန်းကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကန်ဦးဇေတ၀န် ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ထံသို့ လှူဒါန်းပြီး၊ စေတနာရှင် လူငယ်ဆရာဝန်များ နှင့်အတူ မုန်တိုင်းဒဏ်အား အဆိုးရွားဆုံး ခံစား ခဲ့ရသော ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် အတွင်းရှိ အစဲကြီးရွာ၊ ညောင်တနီးရွာနှင့် သိဖက်ရွာ သုံးရွာတို့အား ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း (၄၀) ခန့်တန်ဖိုးအားဖြင့် ရှိသော တာလဘတ် အမိုးများ၊ ဆန်၊ ပဲ၊ အ၀တ် အထည်နှင့် ဆေးဝါးများအား ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားများကိုယ်စား (၁၆.၅.၀၈) တွင် ကိုယ်တိုင်ကိုယ်ကျ (တိုက်ရိုက်) သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာပြည်သူပြည်သားအပေါင်း သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန် အသိပေး တင်ပြအပ်ပါသည်။
    အလှူဒါနပြုလုပ်ရာ ဘုန်းတော်ကြီးကျောင်းအား မြင်တွေ့ရစဉ်
    အ၀တ်အထည်များ လှူဒါန်းနေစဉ်
    တာလဘတ် အမိုးစများအား လှူဒါန်းစဉ်
    ဆေးဝါးကုသမှုများ ပြုလုပ်ပေးစဉ်
    လှူဖွယ်ပစ္စည်းများအား မြင်တွေ့ရစဉ်
    လှူဒါန်းမှု ခရီးစဉ်မြင်ကွင်း
    စေတနာရှင် လူငယ်ဆရာဝန်များမှ ဆေးဝါးကုသမှုများ ပေးနေစဉ်
    လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီးနောက် မြင်တွေ့ရစဉ်
    လှူဖွယ်ပစ္စည်း ၀ယ်ယူမှုစာရင်း
    နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့ဝင် ကန်ဦးဇေတ၀န် ကျောင်းထိုင်ဆရာတော်၏ အလှူမှတ်တမ်း
    p.s-(ဒုတိယအသုတ်) အနေဖြင့် ထပ်မံလှူဒါန်းနိုင်ရန်အတွက် အစီအစဉ်များကိုလည်း ထပ်မံဆောင်ရွက်ပြီး ဖြစ် ပါသည်။
    Cateogry : Article , News
    About
    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!
    Leave Your Comment Directly From Facebook!
    33 Responses to “သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်”
    1. သာဓု သာဓု သာဓု . ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ။ ကုသိုလ်ကောင်းမှုများကို မုန်တိုင်းကြောင့် ဘ၀ တစ်ပါးပြောင်းသွားရရှာသော ပြည်သူများနဲ့တကွ အားလုံးအား အမျှပေးဝေပါတယ်။
      Like or Dislike: Thumb up 0 Thumb down 0
    2. မွန်မြတ်တဲ့ အလှူဒါနတွက် သာဓုအနုမောဓနာ လာခေါ်ပါတယ်ရှင်…သာဓု သာဓု သာဓု
      ဒုတိယအသုတ်တွက်လည်းကြိုတင်ပြီး ၀မ်းမြောက်ပါတယ် အစီစဉ်တွေလည်း အဆင်ပြေချောမွေ့စွာနဲ့ အောင်မြင်ပါစေရှင်…။
      Like or Dislike: Thumb up 0 Thumb down 0
    3. သာဓု သာဓု သာဓု ……….
      TO EVERY SINGLE PERSON WHO PARTICIPATED BY SUPPORTING THOSE WHO R IN MOST NEEDED.
      VERY HONOURABLE,
      PROUD TO BE A BURMESE :)
      Like or Dislike: Thumb up 0 Thumb down 0
    4. သူငယ်ချင်းရေ… အလှူအတွက် ကြည်နူးမိပါတယ်။ အခုလို သာဓုခေါ်ဆိုနိုင်အောင် ဝေမျှပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။
      Like or Dislike: Thumb up 0 Thumb down 0
    5. သာဓု သာဓု သာဓုပါရှင်… အခုလို မွန်မြတ်တဲ့ အလှူဒါနတွေအတွတ် ဝမ်းသာပါတယ်ရှင်… နောက်လဲ ဒီထက်မကသော အဆင်ပြေမှု့များနဲ့ လှူဒါန်းနိုင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်ရှင်…
      Like or Dislike: Thumb up 0 Thumb down 0
    6. အလွန်တရာကောင်းမြတ်တဲ့အလှုကြီးပါဘဲဗျာ..။
      လူနတ်ဗြဟ္မာ အားလုံးက သာဓု ခေါ်ကြမှာပါ..။
      သာဓု သာဓု သာဓု
      Like or Dislike: Thumb up 0 Thumb down 0
    7. I really appreciate you and your colleagues kindness on people. Good Job! As you make the most in need people full and happy, you are sure to have those blessings too.
      Like or Dislike: Thumb up 0 Thumb down 0
    8. သာဓု.သာဓု.သာဓု.. အလွန့်ကို..၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ် သွားပါတယ် ညီရေ…
      Like or Dislike: Thumb up 0 Thumb down 0
    9. ဓာတ်ပုံတွေ အလှူပြုမှတ်တမ်းတွေနဲ့ ဖတ်ရတာအရမ်းကြည်နူးဖို့ ကောင်းတာပဲ
      Like or Dislike: Thumb up 0 Thumb down 0
    10. အရမ်းကိုမွန်မြတ်တဲ့အလှူအတွက် ဝမ်းမြောက်ဝမ်းသာ စွာနဲ့ သာဓုခေါ်ပါတယ် မောင်လေးရေ… ( home! )
      Like or Dislike: Thumb up 0 Thumb down 0
    11. အရမ်းကိုမွန်မြတ်တဲ့အလှူအတွက် ဝမ်းမြောက်ဝမ်းသာ စွာနဲ့သာဓုခေါ်ပါတယ် မောင်လေးရေ… ( home! )
      Like or Dislike: Thumb up 0 Thumb down 0
    12. ဂုဏ်ယူပါသည်….. ရုရှားရောက် ညီအစ်ကို ကျောင်းတော်သားများ အားလုံး ခင်ဗျား………. ချွေးနည်းစာ လစာထဲက လိုအပ်နေတဲ့ တို့ချစ်တဲ့
      ပြည်သူတွေ လက်ထဲ အဖိတ်အစင်မရှိ
      သေချာပေါက်ရောက်မယ့် အဖွဲ့အစည်း(သို့) ဘုန်းတော်ကြီး ကျောင်းမှ တဆင့်လှူခဲ့တယ်ဆိုတာ သိရလို့ ၀မ်းသာတယ်ဟေ့……
      ကျွန်တော် စာဖတ်သူတောင် ၀မ်းသာကြည်နူး ပီတိနဲ့ မြူးနေသေးတာ ကာယကံရှင် အလှူရှင် ညီအစ်ကိုအပေါင်း နှင့် အလှူခံပြည်သူအပေါင်း စိတ်ချမ်းသာမှု့အပေါင်း သေချာပေါက် ခညောင်းမှာပါ။ ဆထက်ထမ်းပိုး လှူနိုင်တန်းနိုင်ပါစေ။ ဆထက်ထမ်းပိုး ကုသိုလ်တွေ တိုးပါစေဗျာ။
      Like or Dislike: Thumb up 0 Thumb down 0
    13. ညီလေးရေ အစ်ကို က အရင်ဆုံးသိ နောက်ဆုံးရေး ဖြစ်နေတယ် … အိပ်ချိန် နောက်ကျမှာစိုးလို့ မစောင့် လိုက်တာ … အလုပ် နဲ့ ပဲ သက်သေ ပြပါ လေသမားတွေ ရပ်သွားလိမ့်မယ် … ဘာပဲ ဖြစ်ဖြစ် … တစ်ဖက်သတ် အမြင်နဲ့ ပိတ်ပြီး အော်နေတဲ့ တစ်ချို့ က လွဲ လို့ အမှန် မြင်သူတွေ ပိုများလာတာ ၀မ်းသာစရာ ပြောင်းလဲမှု တစ်ခုပါ … နိုင်ငံ အတွက် … အလုပ်နဲ့ သက်သေ ပြပါ …
      သာဓု သာဓု သာဓု …. :)
      Like or Dislike: Thumb up 0 Thumb down 0
    14. Great Job… Many blessings to you all :)
      Like or Dislike: Thumb up 0 Thumb down 0
    15. သာဓု သာဓု သာဓု ပါခင်ဗျာ။
      ရဲဘော် ဆက်လုပ်။ :)
      Like or Dislike: Thumb up 0 Thumb down 0
    16. လေးစားပါတယ်ဗျာ သာဓုလည်းခေါ်ပါတယ် ဓာတ်ပုံတွေကြည့်ပြီူ တကယ်လည်းကြည်နူးမိတယ်း)
      Like or Dislike: Thumb up 0 Thumb down 0
    17. သာဓု..သာဓုပါကွယ် ရှိလို့လှူ လှူလို့ရှိ။
      Like or Dislike: Thumb up 0 Thumb down 0
    18. ကောင်းသော လုပ်ဆောင်ချက်ပါ. ကိုမဟူရာ… ချီးကျူးပါတယ်. ဂုဏ်လည်းယူပါတယ်. ကျွန်တော် ခင်ဗျားတို့ကို ယုံတယ်.
      ဆက်လက်ပြီး အများအကျိုးပြုလုပ်ငန်းတွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ပါစေဗျာ…
      ခင်မင်လေးစားလျက်
      ရန်အောင်
      Like or Dislike: Thumb up 0 Thumb down 0
    19. လူလူချင်းစာနာစိတ်နဲ့ ခုလိုသွားရောက်လှူဒါန်းကြတဲ့ လူတွေအားလုံး အတွက်ပြောမပြတတ်အောင် ပီတိဖြစ်ရပါတယ်။ သာဓုလည်းခေါ်ပါတယ်။ဆက်လုပ် ငါ့ညီရေ။ ကောင်းတာလုပ်တာပဲ အားလုံအဆင်ပြေချောမွေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
      Like or Dislike: Thumb up 0 Thumb down 0
    20. အဲဗျာ နောက်တောင်ကျနေပြီထင်တယ်…။ သာဓုခေါ်တာပဲ နောက်ကျလည်းရလောက်ပါတယ်။ တို့တွေ လက်တွေ့လုပ်ပြနိုင်ခဲ့ပြီ.. ထပ်ပြီးလည်းကြိုးစားကြဦးမယ်..။ သာဓု သာဓု သာဓု ပါကွာ။
      Like or Dislike: Thumb up 0 Thumb down 0
    21. သာဓု သာဓု သာဓု ။
      Like or Dislike: Thumb up 0 Thumb down 0
    22. သာဓု သာဓု သာဓု ပါခင်ဗျာ။ :)
      Like or Dislike: Thumb up 0 Thumb down 0
    23. သာဓု…သာဓု…သာဓု… ပို့ထားတာတွေ့ကတည်းက စိတ်ထဲက ကြိုခေါ်ထားသေးတယ်။ တကယ် ၀မ်းသာတယ်။
      အေးချမ်းသူ
      Like or Dislike: Thumb up 0 Thumb down 0
    24. ကုသိုလ်ကောင်းမှုတွေ အတွက် သာဓု ခေါ်ပါတယ် ။
      Like or Dislike: Thumb up 0 Thumb down 0
    25. ko oo,i am really proud of u and ur family…you really did it well…
      ပြောမပြတတ်အောင်လည်း ပီတိဖြစ်မိတယ်..
      တကယ်ပါ… ကောင်းတာလုပ်တာပဲ ဟာ..
      အစစအရာရာအဆင်ပြေချောမွေ့ မှာပါ..
      Like or Dislike: Thumb up 0 Thumb down 0
    26. grt job bro!!! keep it up..feel so glad that at least here are people out there ..with golden heart..
      tha dhu tha dhu ba tha dhu ba bro..
      Like or Dislike: Thumb up 0 Thumb down 0
    27. အလှူအတွက် လှိုက်လှိုက်လှဲလှဲ သာဓုသုံးကြိမ်ခေါ်ပါတယ် မောင်လေးရေ။ ဓာတ်ပုံတွေမြင်ရတာလည်း အရမ်းဝမ်းသာမိပါတယ်။ နောင်လည်း များများလှူဒါန်းနိုင်ကြပါစေ…
      Like or Dislike: Thumb up 0 Thumb down 0
    28. အိမ်ကို ဧည့်သည်တွေရောက်နေတာနဲ့ အရောက်နောက်ကျသွားတာဗျို့။ အလှူအတွက် သာဓုခေါ်ပါတယ်ဗျာ။ သာဓု၊ သာဓု၊ သာဓု။
      Like or Dislike: Thumb up 0 Thumb down 0
    29. အရင်ဆုံး…. သာဓု.. သာဓု.. သာဓု ၃ကြိမ်ခေါ်ပါတယ်.. ခုလိုမျိုး လှူဒါန်းနေတဲ့ပုံတွေရော စာရင်းပါ ဝေမျှတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်…
      အဲလိုမျိုးကိုကြည့်ရရင် အရမ်းပီတိဖြစ်ပြီး ကိုယ်တိုင်တောင်ပြန်လှူချင်ပါတယ်.. အတားအဆီး အပိတ်အပင် မရှိဘူးဆိုလို့ကတော့ ပြန်ပြီးလှူဖြစ်မယ်ထင်တယ်..
      နောက်ထပ်ရှိသေးရင်လဲထပ်ဝေမျှပါအုံးနော်….
      Like or Dislike: Thumb up 0 Thumb down 0
    30. သာဓု သာဓု သာဓုပါရှင်.
      Like or Dislike: Thumb up 0 Thumb down 0
    31. သာဓု၊ သာဓု၊ သာဓု ပါဗျာ။
      Like or Dislike: Thumb up 0 Thumb down 0
    32. [...] ပထမအကြိမ် လှူဒါန်းမှု မှတ်တမ်း [...]
      Like or Dislike: Thumb up 0 Thumb down 0
    33. ကြက်သီးမွေးညင်းထလောက်တဲ့အထိကို ၀မ်းသာပီတိဖြစ်ရတယ်..ဓါတ်ပုံနဲ့
      တစ်ကွမြင်ရတော့ ပိုဝမ်းမြောက်မိတယ်..သာဓုဗျာ သာဓု သာဓု
      အလှူရှင်တွေအားလုံး ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ…
      Like or Dislike: Thumb up 0 Thumb down 0
    Leave a Reply