• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ရှင်းပြပါရစေ…

    May 21 , 2008 | 411 views

    လုံးဝလက်မခံနိုင်ဘူး အဖေ…။ သားလုံးဝ လက်မခံနိုင်ဘူး။ ဒီကိစ္စက သားဘ၀ တစ်ခုလုံးနဲ့ သက်ဆိုင်နေတယ် ဆိုတာလဲ အဖေတို့ အနေနဲ့ နဲနဲတော့ ထည့်စဉ်းစားသင့်တယ်ဗျာ…။ သားအနေနဲ့ အဖေတို့ အမေတို့ သဘောကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဖူးဆိုတာ အဖေတို့ အသိဆုံးပါ…။ ဒါပေမယ့် ဒီကိစ္စမှာတော့ သားလုံးဝ လက်မခံနိုင်ဘူး အဖေ…။ လူတစ်ယောက်အတွက် အိမ်ထောင်မှုတစ်ခု ပြုတယ်ဆိုတာ…အထူးသဖြင့် သားတို့ လို့ မြန်မာလူမျိုးတွေအတွက် တကယ်ကို လေးနက်တဲ့ ကိစ္စတစ်ခုဆိုတာ အဖေတို့လဲ သိရဲ့သားနဲ့ ဗျာ..။ အခုလိုမျိုး ဇွတ်စီစဉ်တာကတော့ လုံးဝမဖြစ်သင့်ဘူး…။ ဘာလဲ…? သားက အဖေတို့ ပြောသလို အဲဒီ့ မိန်းကလေးက မိဘဆွေမျိုးကလည်း ချမ်းသာပြည့်စုံတယ်..။ ပညာအရည်အချင်းကလည်း နိုင်ငံခြားမှာ ထူးထူး ချွန်ချွန် ပြီးမြောက်ခဲ့တယ်..။ လိမ္မာယဉ်ကျေးမှုလည်း ရှိတယ်..။ ရုပ်ရည်လည်း ချောမောလှပတတယ်… ဆိုတာ တွေလောက်နဲ့ သားက လက်ခံလိုက်ရမှာလား…။ သားတို့လည်း ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနေနိုင်တဲ့ လူတန်းစား ထဲမှာပါနေတာပဲ…။ မှန်ပါတယ် အဖေတို့ပြောတဲ့ အချက်တွေက သားရှင်မိဘတွေ မပြောနဲ့ ဘယ် လို ယောက်ျားလေးမျိုးကမှ မငြင်းနိုင်တဲ့အပြင် ငန်းငန်းတက် လိုချင်နေမယ်ဆိုတာ သားသိပါတယ်…။ ဒါပေမယ့် အဖေ….။

    ဘ၀မှာ ဒီ့ထက်မက အရေးကြီးတာတွေ ရှိသေးတယ်..။ သားကိုယ်တိုင်လည်း အဖေတို့အမေတို့ ကျေးဇူးနဲ့ အခုလို စီးပွားရေးပညာဘွဲ့ရပြီး ကျောင်းပြီးခဲ့တာပဲ..။ အဖေဆိုရင်လည်း ကိုယ်တိုင်က စီးပွားရေး သမားတစ် ယောက်ပဲ..။ ဒီလိုခေတ် ဒီလိုအချိန်မျိုးမှာ အဖေတို့ စောစောကပြောခဲ့တဲ့ အချက်တွေထက် အရေးကြီးတဲ့ အချက်တွေ အိမ်ထောင်တစ်ခုမှာ အရေးကြီးနိုင်နေသေးတယ် ဆိုတာရော အဖေတို့ နဲနဲလေးမှ ထည့်မစဉ်းစား ကြတော့ဘူးလား.? သားအနေနဲ့ အခုလိုငြင်းနေ တယ်ဆိုတာကလည်း အခုအဖေတို့ စီစဉ်ထားတဲ့ ကောင်မ လေးမှာ အပြစ်အနာအစာတွေ ရှိနေလို့ မဟုတ်ဘူး…။ ချစ်တာတွေ မချစ်တာတွေနောက်ထား သူဟာသား အတွက် အိမ်ထောင်ရှင်မကောင်း တစ်ယောက် ဖြစ်လာမယ်ဆိုတာကိုလည်း သားယုံကြည်တယ်…။ ဒါပေမယ့် ခက်တယ်အဖေ…။ ခက်တယ်…။ သားသူ့ကို ဘယ်လိုနည်းနဲ့မှ လက်မထပ်နိုင်ဘူး…။ သားဘ၀အတွက် အရမ်း အရေးကြီးတဲ့ နစ်နာမှုတွေ ဖြစ်သွားနိုင်တယ်…။ အဓိက အခုသားပြောနေတာတွေက သားအတွက်ထက် နောင် သားတို့တွေ ရရှိလာမယ့် မျိုးဆက်သစ် သားသမီးတွေအတွက် ဆိုရင်ပိုမှန်လိမ့်မယ် အဖေ…။

    ဟုတ်ပါတယ်…။ အဖေပြောတာကို သားနားလည်ပါတယ်…။ သားကလည်းအခု အဖေတို့ စီစဉ်ထားတဲ့ ကောင်မလေးကို အပြစ်တင် စွပ်စွဲနေတာမဟုတ်ပါဘူး..။ သားအနေနဲ့ ဘယ်လိုမှ လက်မထပ်နိုင်လို့သား ငြင်း နေရတာပါ…။ အဖေပြောတာကို သားလက်ခံတယ်…။ ဟုတ်တယ် သားကောင်မလေးက သာမန် မိသားစု ထဲက…။ ရုပ်ရည်ကလည်း ကြည့်ပျော်ရှုပျော် ရှိရုံလေးလောက်ပဲ…။ ပညာအရည် အချင်းကလည်း ပြည်တွင်း ဘွဲ့တစ်ခုပဲ ရထားတဲ့ သာမန်ကျောင်းဆရာမလေးပါပဲ…။ အဖေတို့ စီစဉ်ထားတဲ့ မိန်းကလေးနဲ့ယှဉ်ရင် အစစ အရာရာ ဘာမှယှဉ်လို့မရနိုင်ဘူးဆိုတာ သားသိပါတယ်…။ ဒီလိုပဲ အဖေတို့ မသိနိုင်သေးတဲ့ အရာတွေလည်း ရှိတယ်…။ ဟုတ်တယ် အဖေတို့မသိဘူး…။ ဘယ်လောက်ပဲ ငွေကြေးချမ်းသာ ချမ်း သာ ဒီလိုခေတ် ဒီလိုအခြေအနေမျိုးမှာ မဖြည့်ဆည်းနိုင်တဲ့ အရာတွေရှိနေတယ်..။ ဘာ..? အချစ်…? အဖေ သားအကြောင်း သိပါတယ်…။ အဖေ့သားက အဲလောက် အချစ်ကို ကိုးကွယ်နေတဲ့ကောင်မဟုတ်ဘူးဆိုတာ…။ ဒီလောက်ရှင်းပြ နေတာမှ အဖေတို့ နားမလည်ဖူး ဆိုရင်လဲ…။ အိုကေ…။ ဟုတ်ပြီ အဖေ…။ အဖေသိချင်ရင် သားသူ့ကို ဘာ ကြောင့် လက်မထပ်နိုင်ပဲ သားကောင်မလေးကိုပဲ ဖြစ်အောင် လက်ထပ်မယ်ဆိုတဲ့ အကြောင်းကို သားရှင်းပြပါတော့မယ်…။ သားပြောခဲ့သလိုပေါ့ သားရဲ့ဆုံးဖြတ်ချက်ဟာ သားအတွက် ဆိုတာထက် နောင် သားတို့ ရရှိလ

    Cateogry : Essay , Humor

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    17 Responses to “ရှင်းပြပါရစေ…”

    1. ငါ့အမေက ဆရာမလေ ဖေဖေက ငါ့အတွက် အနစ်နာခံခဲ့တာထင်တယ် ငါလဲနာပါတယ် တော်တော်လက်သံပြောင်တယ် တော်တော်ကောင်းတဲ့ပို့စ်နော် ရေးတဲ့သူကလဲ ရွှေဥာဏ်တော် စူးရောက်ပါပေတယ်

      Like or Dislike: Thumb up 0 Thumb down 0

    2. GOOD !
      YOU MIGHT BE KNOCKED BY YOUR TEACHERS !
      CHEERS !

      Like or Dislike: Thumb up 0 Thumb down 0

    3. gr8 post dude!! so for girls, we should find “ကျောင်းဆရာ” ?? =D

      Like or Dislike: Thumb up 0 Thumb down 0

    4. ဟေး။ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ။ ဆရာမလေးများ ဆက်သွယ်ပါပေါ့။ :D

      Like or Dislike: Thumb up 0 Thumb down 0

    5. THIS IS HILARIOUS…… :) ) :) )
      @FIRST, I WAS THINKING LIKE YOU ARE TALKING TOO MUCH…..
      THEN…..YAH RIGHT, GOT THE POINT!

      BTW, IT WILL BE BETTER IF YOU CAN GET MARRIED TO A HEADMISTRESS, SO UR KIDS WILL NOT NEED TO GO TO SCHOOL @ALL…… :p

      KEEP IT UP
      ~ YOU R MY ROCK! ~

      Like or Dislike: Thumb up 0 Thumb down 0

    6. ဟာ လေးစားလောက်တဲ့အနာဂတ်ရဲ့ ဖခင်ကောင်း တစ်ယောက်ပဲ စံပဲကွာ ဒီအတိုင်းတစ်ကယ်သာ ဆရာမလေးနဲ့ လက်ထပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ မျိုးဆက်လေးတွေ က ပညာတတ်ကြီးတွေဖြစ်ကြ အုန်းမှာ အသေအချာပဲ အဖေကြီးလည်း ကျူရှင်ဖိုးတွေ အတွက်သိပ်ရင်မခုန်ရတော့ဘူးပေါ့ကွာ ပြောနေကြာပါတယ်ကွာ သဘောမတူရင်ခိုးပြေးမလား ကိုယ်ကူညီမယ် ဆရာမလေးနဲ့ပြောတာ :D

      Like or Dislike: Thumb up 0 Thumb down 0

    7. အဟိ နာကတော့ ဒါတွေမတွေးမိလို့ ကျူရှင်ဖိုး ကျောင်းစားရိတ် ဆရာ၊ဆရာမတွေ ဆက်ကြေး အဲလေ ယောင်လို့ ကန်တော့ကြေး တွေကို ကောင်းကောင်းခံနေရတယ်..။
      အိပ်မက်မဲ ကိုလဲ အရမ်းစိတ်ဆိုးတယ် ဒီပိုစ့်ကို အခုမှတင်လို့ အရမ်းနောက် ကျသွားပြီ ပြင်ဆင် လို့မရတော့ဘူး …။

      Like or Dislike: Thumb up 0 Thumb down 0

    8. ကျွန်တော်လား….. ရပါတယ်အဖေ……
      အဖေတို့ကြိုက်တာ ယူပါ့မယ်…….
      သားကြိုက်တာလေးနဲ့လဲ မခွဲပါနဲ့…….နော်…..းp
      ဟီး…….ဟီး…….

      Like or Dislike: Thumb up 0 Thumb down 0

    9. အယ်….အဲ့လိုကြီင်္းလားး အနော်တော့ ကျောင်းဆရာမ ကို အဲ့လိုမတွေးမိဘူးဗျ လစာမကောင်းလို့ လည်း ဖြစ်ချင်ဖြစ်မှာပေါ့ ဟားဟားး ဟုတ်သား အခုခေတ်က ဟိုမှာမေးခွန်းလိုက်ရတာနဲ့  ကျူရှင်တွေ အပြိုက်တက်နေကြတဲ့ ခေတ်ဆိုတော့ စာရေးသူရဲ့ အတွေးလေးမဆိုဘူး ဟဲဟဲ ဒင်းလည်း ဆရာမ ကိုပဲ အသဲစွဲအောင် ချစ်တော့မယ်ဆိုတဲ့ ဇတ်လမ်းရှိခဲ့တယ်ဖြစ်မယ် ။

      Like or Dislike: Thumb up 0 Thumb down 0

    10. နိုင်ငံခြားကပါလာတဲ့ ဘွဲ့က ပညာရေးဘွဲ့ ပါသားရေ…
      စနစ်တ ခေတ်မီသိပ္ပံနည်းကျ သင်ကြားမှုတွေုနဲ့
      ကလေးတွေရဲ့ စိတ်ပညာပါမကျန် Human Development (in all dimensions)
      ကိုတောင်ကောင်းနာလည်တဲ့သူပါ သားရယ်….သားထင်တာတွေ
      အရမ်းလွဲမှားနေပြီ. :P Inn I would say this post is not reasonable
      If you can’t accept arrange marriage for love, I can accept %100. That’s completely logical, although we can’t really prove love. But now your decision depended on the future tuitions fees… humm read the above message lol… :P anyway best luck with your arrange marriage :P Just kidding marriage should be the fruit of love, I believe. :) :) :)

      Like or Dislike: Thumb up 0 Thumb down 0

    11. The way you express the corruption of education is good and it makes me smile as it is humorous essay. if i were your father, i would not accept your reason as you can’t give a good reason. :) :):) heheheheheh!

      Like or Dislike: Thumb up 0 Thumb down 0

    12. မျိုးဆက်သစ်တွေအတွက် အဲဒီလောက်အနစ်နာမခံပါနဲ့  ကွယ်။ ကြည့်ရတာ blackdream ရဲ့ ကောင်မလေးက ကျောင်းဆရာမ လားမသိဘူး။ သွားတိုင်ပြောမယ် .. :P ပိုစ့် ကိုဖတ်နေရင်းနဲ့  online မှာရှိတဲ့ ဆရာမတွေရိုက်မှာ စိုးလို့ တိတ်တိတ်ကလေး ပြန်သွားပါတယ်။ ( home!)

      Like or Dislike: Thumb up 0 Thumb down 0

    13. ဟားဟားဟားဟား…မိုက်တယ်ကွာ..အိမ်ပြန်ပြီးဆရာမပဲ လုပ်တော့မယ်..ဟေ့ဟေ့

      Like or Dislike: Thumb up 0 Thumb down 0

    14. အစကတော့ ဟုတ်မလိုလိုဘဲ သူကပဲ တကယ့်အချစ်ကို ကိုးကွယ်နေသလိုနဲ့ နောက်ကျတော့ သူ့ရဲ့ မျိုးဆက်သစ်တွေကို ပညာတတ်ဖို့ကို ချမ်းသာတဲ့ကောင်မေလေးကို ယူရင်လဲ ကျုရှင်ဖိုးတွေထွက်ဦးမှာ ပြီးတော့ စာလာပြတဲ့ ဆရာမကိုမယုံရသေးဘူး။ ကျောင်းဆရာမလေးယူထားတော့ အေးရောပေါ့ အဖေလဲ စာတွေပြန်သင်ရတာပေါ့။

      Like or Dislike: Thumb up 0 Thumb down 0

    15. အင်း……………မဆိုးဘူးကွနောက်မကျခင်ရှာထားဦးမှ :)

      Like or Dislike: Thumb up 0 Thumb down 0

    16. အဲ… ဘယ်လိုတွေ ပြောရမှန်းတောင် မသိတော့ဘူး… မိဘတွေက ကောင်းမယ်ထင်လို့ စီစဉ်တာ သားကငြင်းတယ်ဆိုတော့ သားအလွန်ပေါ့… ဟိ ဟိ… သားချစ်တဲ့သူကို သားယူမယ်ဆိုတော့ သားကံကောင်းတာပဲ… ဘာပဲယူယူ အားလုံးကောင်းတယ်… သားကြိုက်တာယူ… ဟိ ဟိ… အခုခေတ်က ကျောင်းဆရာမလေးတွေလဲ လစာကောင်းပါတယ်…း)

      Like or Dislike: Thumb up 0 Thumb down 0

    17. ဟားဟား blackdream ကတော့ လုပ်ချလိုက်ပြန်ပြီး)))

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply