• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    အချိန်နှင့် နေရာ….!

    May 10 , 2008 | 344 views
    စနေနေ့ည
    ၁၉၀၀ အချိန်

    ဒိုင်း…ဒိုင်း…ဒိုင်း…၀ုန်း…။

    “ဗိုလ်ကြီး ဟိုကောင်တွေ ကျွန်တော်တို့ ဒီည ချောင်းကို ဖြတ်ကူးမှာသိလို့ ဟိုဘက်ကမ်း တောင်ကုန်းပေါ် ကနေ အပိုင်ထိုင်စောင့်ပြီး စော်နေကြပြီ…။ ဘယ်လိုလုပ်ကြမလဲ…? ရှေ့ဆုံးက ပွိုင့်တပ်စိပ်လဲ တော်တော် အထိနာနေပြီ…။ ရိက္ခာတွေနဲ့ ခဲယမ်းတွေ သယ်လာတဲ့ လားတစ်ကောင်လည်း 40 မှန်လို့ သေသွားပြီ…။ ပစ္စည်းတွေလည်း ဘယ်လိုမှ လိုက်ဆယ်ဖို့ အချိန်မရဘူး ဗိုလ်ကြီး…။ လကသာ နေတော့ ဒီကောင်တွေ ပစ်ကွင်း၊ မြင်ကွင်း တစ်အားကောင်းနေတယ်…။ ဒီကောင်တွေ အင်အားတော့ သိပ်များတဲ့ ပုံမပေါ်ဘူး ဒါပေမယ့် ဂျက်ကာ ကောင်းတော့ ကျွန်တော်တို့ အတွက်မလွယ်ဘူး ဗိုလ်ကြီး။ သတ်ကွင်းထဲ ရောက်နေသလို ဖြစ်ကုန်ပြီ” ရန်သူရဲ့ အဆက်မပြတ် ပြစ်ခတ်နေတဲ့ သေနတ်သံတွေ နဲ့အတူ တပ်ကြပ်ကြီး စောအေဘယ်ရဲ့ စကားလုံးတွေ ကလည်း ကျွန်တော့်နားထဲကို အဆက်မပြတ် ပြစ်ခတ်နေပါတော့တယ်…။ ကျွန်တော်အရှေ့ကို လှမ်းကြည့် လိုက်တော့ အခြေအနေတွေက ကမ္ဘာပျက်သည့်အလား တော်တော်ကို ရှုပ်ထွေးပြီး ဖရိုဖရဲတွေ ဖြစ်နေပါပြီ…။ “ဆရာကြီး..ကျွန်တော်ပြောမယ်… သေသေချာချာနားထောင်…။”

    “မေကြီးရေ မြန်မြန်လာဟေ့… ဒီမှာကိုရီးကားလာနေပြီ။ ကော်ဖီခွက်တွေ မြန်မြန်ယူခဲ့တော့…။ မနေ့က ဖေကြီးဝယ်လာတဲ့ ကိတ်လေးတွေပါယူခဲ့ဟေ့… ဇာတ်လမ်းကြည့်ရင်း စားရအောင်…။ မြန်မြန်လုပ်…။ ဟိုတစ်ပတ်က ညစာစားပွဲရှိလို့ တစ်ပိုင်းလွတ်သွားတယ်…။ ဒီအပတ်ကတော့ ဇာတ်သိမ်းခန်းဆိုတော့ ကြည့်မှကို ဖြစ်မယ်…။ ကြောငြာလာတဲ့အချိန်ကြမှ ဟိုတစ်ပတ်က ဘာဖြစ်သွားတယ် ဆိုတာပြောပြစမ်းပါ မိန်းမရာ…။ ငါသိသလောက် ကောင်လေးက အခြေအနေ မကောင်းတော့ဘူးဆို…။ ရောဂါက ပြန်မှကောင်းပမလား မသိဘူးကွာ…။ ဒီကောင်လေးနဲ့ ကောင်မလေးကြည့်ရတာ တော်တော် လိုက်ဖက်ညီတယ် မိန်းမရ..။ ငါကတော့ သူတို့ကို ပေါင်း စေချင်တယ်…။ မင်းရော ဘယ်လို သဘောရလဲ…? ဟ..ဒါနဲ့နေစမ်းပါအုံး… ဟို… အငယ်မရော? မတွေ့ ပါလား” “အော်… သမီးက မနက်ဖြန် ကျူရှင်မှာ စာမေးပွဲရှိလို့ဆိုပြီး တစ်နေကုန်စာထိုင်လုပ်နေတာ…။ စော စောလေးကပဲ အိပ်သွားတယ်။ မနက်ကျရင်လည်း သူကစောစောထရအုံးမယ်လေ” “အော်.. အေး..အေး..။ ဒါဆိုလည်း ပြီးတာပဲ…။ သူအိပ်သွားတော့လည်း ငါတို့လင်မယား နှစ်ယောက် လွတ်လွတ်လပ်လပ် နေလို့ ရတာပေါ့ကွာ ဟုတ်ဖူးလား..ဟဲ..ဟဲ” “ဟဲ..ဟဲ မနေနဲ့ ကျွန်မစဉ်းစားနေတာ…စိတ်ထဲမှာ… ဒီနေ့ကျွန်မနဲ့ရှင် တစ်ခုခုလုပ်ဖို့ လိုနေသလိုပဲ…ဘာများပါလိမ့်” “ကဲကဲ မသိရင်လည်း ခေါင်းရှုပ်ခံပြီး စဉ်းစားမနေနဲ့တော့ ဟိုမှာ ရုပ်ရှင်စနေပြီ ကြည့်မှာဖြင့် အေးအေး ဆေးဆေး ကြည့်တော့…။”

    “မေနှင်း ဒါငါနင့်ကို ပြောပြောပြနေတဲ့ ကိုကျော်စွာ ဆိုတာလေ…။ ဒီနေ့ငါ့မွေးနေ့ကို နင်လာမယ်ဆိုတာ သိက တည်းက ငါ့ကို နားပူနာဆာ အသားကုန်လုပ်နေလို့ မဖိတ်ချင် ဖိတ်ချင်နဲ့ ဖိတ်ထားရတာ…ဟဲ ဟဲ…။” “ ကီကီး နင်မဟုတ်တာတွေ လျှောက်မပြောနဲ့…။ မဟုတ်ဘူး မေနှင်း သူပြောတာတွေ မယုံနဲ့…။ ဟို… မေနှင်းနဲ့ ရင်းနှီး ချင်တယ်၊ ခင်ချင်တယ် ဆိုတာကလွှဲလို့ပေါ့…။ အဲဒါကတော့ တကယ်ပြောတာ…။ ကျွန်တော် မေနှင်းကို ဟိုတစ်ခါ ရန်နိုင်တို့ မွေးနေ့မှာ စတွေ့ဖူးကတည်းက ခင်ချင်နေခဲ့တာ…။ ကျွန်တော့်နာမည် ကျော်စွာပါ…။ ကျွန်တော်က ကျောင်းပြီးတာ ကြာပါပြီ…။ အခု တော့စီးပွားရေး လုပ်နေတယ်ဘဲ ပြောရမှာပေါ့…။ မေနှင်း ကရော အခုဘယ်မှာ အလုပ်လုပ်နေလဲ…? အလုပ် အခက်အခဲရှိရင် ဒါမှမဟုတ်တစ်ခြား အကူအညီဖြစ်ဖြစ် လိုရင်ကျွန်တော့်ကိုပြောပါ…။ ဘာမှအားနာစရာမလိုဘူးနော်…။ ရင်းရင်းနှီးနှီးပေါ့…။ “ရပါတယ်… မေနှင်း ကလည်း ခင်တတ်ပါတယ်…။ ကီကီး ပြောပြောပြဖူးနေလို့ ကိုကျော်စွာ့ အကြောင်းတွေကိုတော့ ကြားဖူးထား ပါတယ်…။ ကိုကျော်စွာက အောင်မြင်စပြုနေတဲ့ စီးပွားရေး သမားတစ်ယောက်ပဲ…။ ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလို အောင်မြင်အောင် ကြိုးစားနိုင်တဲ့အတွက် ဂုဏ်လည်းယူပါတယ်…အားလည်းကျပါတယ်…။ အခုလို ခင်မင်ခွင့် ရတာကိုလဲ ၀မ်းသာပါတယ်..။” “ဟာ…မေနှင်းက အခုလို လှိုက်လှိုက်လဲလဲ ပြန်တုန့်ပြန်တာ ကျွန်တော်အရမ်း ၀မ်းသာတယ်ဗျာ…။ ဟို…ဒါဆိုရင်လေ….”

    “ဆရာကြီး… အခုကျွန်တော်တို့ ရောက်နေတဲ့ နေရာကဆိုရင်တော့ နောက်ပွင့်ပစ်လို့မရဘူး…။ ချောင်းစပ် ရောက်နေတော့ ကျွန်တော်တို့ တပ်တည်ကို ဒီကောင်တွေသိသွားနိုင်တယ်…။ သိသွားလို့ ၆၀ နဲ့လှမ်းထုနေမှ ပိုဆိုးကုန်မယ်…။ ဒီတော့ အနောက်က ဆရာထွန်းဝင်း တပ်စိတ်ကို ပြောလိုက် သူတို့နေရာကနေ ၆၀ နှစ်လုံး လောက် ဒီကောင်တွေဆီကို လက်ဆောင် ကြိုပေးထားလိုက်ပါလို့။ ပြီးရင် အနောက်မှာ ကျန်နေတဲ့ တပ်စိတ်တွေကို ချောင်းစပ် ဆင်းမလာခိုင်းပဲ ရင်ဘောင်တန်း တပ်ဖြန့်ခိုင်းပြီး ဒီဘက်ကမ်းကနေ ကာပစ် ထောက်ထားခိုင်း…။ ကျွန်တော် အဘကိုလည်း သတင်းပို့ထားပြီးပြီ…။ ဆရာကြီးက ဆရာအောင်မျိုးတို့ တပ်စိတ်ကိုခေါ်…။ ပြီးတော့ ချောင်းအောက်ဘက်ကို ကိုက် ၂၀၀ လောက် စုန်ဆင်းပြီး အဲဒီ့ဘက်ကနေ ချောင်းကို ဖြတ်ပြီး ဒီကောင်တွေကို ပတ်တိုက်…။ ဆရာထွန်းဝင်း တပ်စိတ်ကနေ ရဲဘော် ၅ ယောက်လောက် ခေါ်သွားလိုက်…။ ဆရာကြီးတို့ ဟိုဘက်ကူးတဲ့အချိန်မှာ ဒီကောင်တွေကို ထောက်ထားခိုင်းလိုက်…။ ပြီးတော့ ဆရာကြီးတို့အားလုံး ဟိုဘက်ကမ်း ရောက်ပြီဆိုမှ ရေစီးနဲ့ မြောသွားတဲ့ ရိက္ခာနဲ့ ခဲယမ်းတွေကို အဲဒီ့နေရာ ကနေ ရနိုင်သလောက် ပြန်ဆယ်နိုင်အောင် စောင့်ခိုင်းထားခဲ့…။ ဟိုဘက်ကမ်းကို ခေါ်မသွားနဲ့…။ ကျွန်တော် ဒီဘက်ကနေ ဖိပြစ်ပေးထားမယ်…။ ခင်ဗျားတို့ ရန်သူ့အနောက်ဘက်ကို ရောက်ပြီဆိုရင် မီးကျည် ဖောက်ပြီး အချက်ပေး…။ ကျွန်တော် ၆၀ အဖွဲ့ကို ညာယိမ်းပြစ်ခိုင်းလိုက်မယ်…။ ဒီကောင်တွေရဲ့ ထွက်ပေါက်ကို ပိတ်မတိုက်နဲ့…။ ညာဘက် တစ်ပေါက်ဖွင့်ပေးလိုက်…။ ဒီကောင်တွေ ဆုတ်တော့မှ အဲဒီ့အပေါက်ကို ကျွန်တော် ဒီကနေ ၆၀ မေတ္တာလက်ဆောင် လှမ်းပေးလိုက်မယ်….။ ဘာမရှင်းတာ ရှိလဲ? “မရှိပါဘူး ဗိုလ်ကြီး” “ကောင်းပြီ မရှိရင် ဆက်လုပ်… ခမ ၂၀၀၀ အချိန် ၄၃ လုပ်မယ်”

    ကျွန်တော်တို့ စီမံချက်အတိုင်း တက်ညီလက်ညီဆောင်ရွက်လိုက်ကြတာ ခန့်မှန်းထားသည့် အတိုင်း ည ၈ နာရီခန့်တွင် ရန်သူများ ပြန်လည်ဆုတ်ခွာ သွားပြီး အားလုံး အခြေအနေကို ပြန်လည်ထိမ်းသိမ်း နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘက်မှ ရဲဘော်အကျအဆုံးမရှိပေမယ့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူ ရဲဘော်တစ်ယောက်နဲ့ အနည်းငယ် ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့ပါတယ်…။ အဓိက ဒဏ်ရာရရှိသူများမှာ ချောင်းကို ပထမဆုံး စတင်ဖြတ် ကူးသည့် ပွိုင့်တပ်စိတ်မှ ဖြစ်ပါတယ်…။ ရန်သူ့ဘက်တွင်တော့ ကျဆုံးသူ တစ်ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၂ ဦး ရှိကြောင်း နောက်ပိုင်း Counter စက်များမှ တစ်ဆင့် သိရှိခဲ့ရပါတယ်…။ သူတို့လည်း သူတို့ယုံကြည်ချက် တစ်ခုကြောင့် တိုက်ပွဲဝင်နေတာကလွဲရင် စစ်သားများဘဲ ဖြစ်တဲ့အတွက်ကြောင့် သူတို့လူရဲ့ အလောင်း ကိုတော့မထားခဲ့ပဲ ရအောင် ပြန်ဆွဲသွား ခဲ့ကြပါတယ်…။ “ အားလုံးစစ်ဆေးပြီး စနစ်တကျပြန်လည် ဖွဲ့စည်း ပြီးကြောင်း သတင်းလာပို့ပါတယ် ဗိုလ်ကြီး” ကျွန်တော့်ကို အလေးလှမ်းပြုရင်း ပြောလိုက်သော တပ်ကြပ်ကြီး စောအေဘယ်အား ကျွန်တော်ခေါင်းညိတ်ပြလိုက်ပါတယ်…။ “ဆက်လုပ်ခွင့် ပြုပါ…။” “ ဆက်လုပ်” ဟုပြောရင်း ဆရာကြီးအား အလေးပြုဖို့အတွက် လက်မြှောက်လိုက်မှ စစ်ကနဲဖြစ်သွားသော ကျွန်တော့် ညာဘက် လက်မောင်းတွင်လည်း ကျည်ဆန်ထိမှန်ထားကြောင်း သတိထားမိလိုက်ပါတော့တယ်…။ အဲဒီ့ဒဏ်ရာ က ဒီလိုနေ့မျိုးမှာ ကျွန်တော့်အတွက် ကံကြမ္မာကပေးတဲ့ အမှတ်တရ လက်ဆောင်များလား….?

    “ကောင်းလိုက်တဲ့ဇာတ်လမ်းကွာ ငါဖြင့်ရင်တမမနဲ့ နောက်ဆုံးအားလုံး အဆင်ပြေသွားမှပဲ စိတ်အေး ရတော့ တယ်…။ ဇာတ်လမ်းက ဘာမှဟာကွက်မရှိဖူးကွာ ဒါရိုက်တာရော၊ သရုပ်ဆောင်တွေရော တော်တော်ကောင်း တာပဲ…။ ဘာများဖြစ်တော့မလဲ ဘာများဖြစ်တော့မလဲနဲ့…ဟူး…။ ဒီလိုဇာတ်လမ်းမျိုး များများကြည့်လို့ကတော့ ကြာရင် ငါနှလုံးရောဂါ စောစောစီးစီးရနိုင်တယ်…” “ဟယ်…အခုမှသတိရတယ် သွားပါပြီတော်…ဒုက္ခပါပဲ…။ အခု ဘယ်အချိန်ရှိပြီလဲ..?” “ ဟ…ဘာလည်းဟ မိန်းမရ အလန့်တကြားနဲ့…? ကိုရီးယားကား ပြီးပြီဆိုတော့ ၈ နာရီထိုးပြီပေါ့ ဘာဖြစ်တာလဲ” “ ဘာဖြစ်ရမှာလည်း ဒီနေ့ သားလေးမွေးနေ့လေ…! ပြီးတော့ သူရှေ့တန်းထွက် နေတုန်း ရှင်နဲ့ ကျွန်မ အဓိဌာန်ဝင်ပြီး ပုတီးစိပ်ပေးနေတာ ဒီနေ့နောက်ဆုံးနေ့လေ…။ ည ၇ နာရီစိပ်ရမှာ ရှင်မေ့နေပြီလား?…”

    “ဟား…..!”

    ဖခင်ဖြစ်သူထံမှာ နောက်ထပ်စကားလုံးများ ထပ်မံထွက်ရှိလာခြင်း မရှိတော့ပါ…။ နှစ်ယောက် တည်းသာ ရှိနေသော တိုက်လေးသည်လည်း ပိုမိုတိတ်ဆိတ်သွားပါတော့တယ်…။ သူတို့တွေရဲ့ စိတ်ထဲမှာ ဘာတွေများ ဆက်ပြီးတွေးနေကြလေမလဲ…?

    မြူးကြွတဲ့ စည်းချက်နဲ့အတူ ရောင်စုံမီးသီးတွေအောက်မှာ လိပ်ပြာလေးတွေ လွတ်လပ် ပေါ့ပါးစွာ တဖြတ်ဖြတ် ပျံသန်းနေပုံက တွေ့မြင်ရသူအပေါင်းကို ကြည်နူးအားကျချင်စရာကောင်းလှပါတယ်…။ “ညောင်းလာပြီ ကိုကျော်စွာ ဟိုနားမှာ ထိုင်ရင်းနားကြရအောင်” “ကောင်းပြီလေ..မေနှင်းသဘောပါ…” “ဟာ..ဟ” “ဘာရီတာ လဲ မေနှင်း ဘာတွေ တစ်ယောက်တည်း သဘောကျပြီး ရီနေတာလဲ?” “ဘာမှမဟုတ်ပါဘူး ရှင့်ကို ကီကီးက မိတ်ဆက်ပေးတုန်းက…ရှင့်ရဲ့ အူကြောင်ကြောင်နဲ့ ဖုန်းနံပါတ် တောင်းတဲ့ပုံလေးကို ပြန်တွေးမိရင်း သဘောကြ လို့ပါ…။ ရှင်ကလည်း လည်မလိုလိုနဲ့ တစ်ခါတစ်လေ တော်တော်ဝေးမယ့် ပုံပေါ်တယ်…” “ဟာဗျာ…ဟဲ..ဟဲ..။ ကျွန်တော်ကလည်း စတွေ့တွေ့ချင်းဆိုတော့ ရှိန်တာပေါ့ဗျ…။ တော်ကြာ မေနှင်းက ခပ်တည်တည်နဲ့ မခင်ချင် သလိုနေလိုက်မှ ကျွန်တော့်မှာ ခံစားနေရမှာကိုလည်း ကြောက်ရသေးတယ်လေဗျာ…။ သြော်ဒါနဲ့… မေနှင်း မွေးနေ့က ဘယ်တော့လဲဟင်…?နီးပြီလား…? မေနှင်း မွေးနေ့ကျရင် တစ်ခုခုလိုက်ကျွေးရင်း လက်ဆောင်ဝယ် ပေးချင်လို့…။” “ဟင်..? မွေးနေ့….? ဟုတ်လား…? ကိုကျော်စွာ ဒီနေ့ဘာနေ့လဲဟင် ကြည့်ပေးစမ်းပါ…။ အရေး ကြီးလို့…” “ဒီနေ့ (….)ရက်နေ့လေ မေနှင်း ဘာဖြစ်လို့လဲ?”

    “ရှင်……?”

    “ခွပ်…..!”

    မေနှင်း လက်ထဲမှာကိုင်ထားတဲ့ ၀ီစကီခွက်ဘယ်လို လွတ်ကျသွားမှန်း မသိလိုက်ပါ…။ အတွေးတွေ ထဲမှာလည်း အရာရာဟာ ပြင်းထန်တဲ့ အရာတစ်ခုနဲ့ စောင့်မိလိုက်သလို ချာချာရမ်းနေပါတော့တယ်…။ ကို့ယ်ကိုယ်ကို လည်း ဘာဖြစ်သွားမှန်းလည်း မသိတော့ပါ…။ “ဒီနေ့…ဟုတ်တယ်…။ ဒီနေ့ မောင့်မွေးနေ့ ပါလား….” မေနှင်းရဲ့ စိတ်တွေသည် ဆွဲအားမဲ့သော အာကသထဲသို့ ရောက်ရှိသွားသကဲ့သို့ အထိန်းအကွပ်မရှိ တဟုန်ထိုး ပျံလွင့်နေတော့သည်…။ သေသေချာချာမှတ်မိတာ တစ်ခုကတော့ သူ့စိတ်ထဲမှာ အဝေးတစ်နေရာမှာ ရောက်နေတဲ့ တစ်စုံတစ်ယောက်ကို အကြိမ်ကြိမ် အထပ်ထပ် တောင်းပန်နေခဲ့ခြင်းပါပဲ….။

    “ခွင့်လွှတ်ပါမောင်….”

    p.s- ဖြစ်ရပ်မှန်အား ကျွန်တော့်စိတ်ကူးတစ်ချို့နှင့် ဖြည့်စွက်ကာ ရေးသားထားခြင်းသာ ဖြစ်ပါသည်။
    Cateogry : Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    31 Responses to “အချိန်နှင့် နေရာ….!”

    1. Great thoughts!!!

      Soe Mya Nandar Thet Lwin

      Like or Dislike: Thumb up 0 Thumb down 0

    2. ဘလက်ကြီးရေ ကောင်းတယ်ဆိုတာထက်တောင်ငါပိုမပြောတတ်တောပပါဘူးကွာ ။ မင်းရဲ့ ပို့စ်တွေကို စောင့်ဖတ်ရကျိုးနပ်ပါပေ့ ။ပျော်ရွှင်ပါစေ သူငယ်ချင်းရေ :) :)

      Like or Dislike: Thumb up 0 Thumb down 0

    3. ဟူးးးခုမှပဲအသက်ကောင်းကောင်းရှုနိုင်တော့တယ်…
      အဆုံးမှာဘာဖြစ်လာမလည်းဆိုတာကို ရင်တမမနဲ့ဖတ်နေရလို့…စာနာမိတယ် ရှေ့တန်းကရဲဘော်ကို…တကယ်လို့ ရှေ့တန်းက ရဲဘော်သာအဲဒီအခြေအနေကို အဲဒီအချိန်မှာသာ သိခဲ့ရရင် ဘယ်လောက်တောင် ခံစားရမလည်းနော်…..

      Like or Dislike: Thumb up 0 Thumb down 0

    4. နားလည်ပါတယ် black yay…
      You wrote your birthday poem that you posted on your birthday right?
      I pray that peace shall prevail the world soon. May peace be with you. :)

      Like or Dislike: Thumb up 0 Thumb down 0

    5. SEEMS LIKE A SHORT TRAILER……….

      NOTICE – THOSE PHRASES WHICH ONLY USE IN ARMY :)

      VIVID PRESENTATION WHERE ALL 3 PARTIES SHOWN DIFFERENT ACTIVITIES @ THE SAME TIME BUT DIFFERNT PLACES AND THEY ARE SOMEHOW RELATED TO EACH OTHER……..

      TRULY ACCIDENTAL FACT!!!
      ~YOU R MY ROCK~

      Like or Dislike: Thumb up 0 Thumb down 0

    6. I meant that Sat Night you wrote your birthday poem that you posted on your birthday right?

      Like or Dislike: Thumb up 0 Thumb down 0

    7. အရမ်းအရမ်း ကောင်းတယ်.. ဇာတ်ကွက်စဉ် ထားတာ မိုက်ပ
      ငါတောင်း ခံစားလိုက်ရတယ် အလွမ်းဓာတ်ခံရှိလို့ထင်တယ်။

      Like or Dislike: Thumb up 0 Thumb down 0

    8. Black ကြီးတို့ကတော့ အစွမ်းပြလိုက်ပြန်ပြီ။ ကောင်းတယ် သယ်ရင်းရာ၊ အာရုံထဲမှာ တပ်ကိုပြန်ရောက်သွားသလို ခံစားရတယ်ကွာ။

      Like or Dislike: Thumb up 0 Thumb down 0

    9. စနေနေ့ည (၇) နာရီ …. ဒန် တန့် ဒန် … ဖြစ်တတ် ပါတယ် :)
      အားလုံး အဆင်ပြေ အောင်မြင် ချမ်းမြေ့ပါစေ :)

      Like or Dislike: Thumb up 0 Thumb down 0

    10. မိုက်တယ် ….. :) :P

      Like or Dislike: Thumb up 0 Thumb down 0

    11. ဝါကျရှင်းရှင်းလေးနဲ့ ဇာတ်ကွက်ဆင်သွားတာကတော့ စံ ပဲဟေ့ .. ;-)
      ကောင်းတယ် သူငယ်ချင်း ..
      ကြိုးစား ! …. အားပေးနေတယ် ….
      မြန်မာ သတင်းတွေလိုက်ဖတ်နေလို့မင်းဆီမလာဖြစ်ဘူးဖြစ်နေတာ ..
      လာရကြိုးနှပ်ပါဘိ … .. ;-)

      Like or Dislike: Thumb up 0 Thumb down 0

    12. ကောင်းတယ်ဗျာ။ အဲ… တစ်ခုတော့ အကြံပေးချင်တယ်။ ၀တ္ထုရဲ့ မတူတဲ့ တစ်ခန်းနဲ့ တစ်ခန်းကူးတဲ့နေရာကြားတွေထဲမှာ လိုင်းလေးတွေဖြစ်ဖြစ်၊ ကြယ်ပွင့်တွေဖြစ်ဖြစ်နဲ့ ခြားပေးရင် ပိုပြီး ဖတ်ရတဲ့သူအတွက် ရှင်းမလားလို့ပါဗျာ။

      ခင်မင်လျက်
      ဟန်သစ်ငြိမ်

      Like or Dislike: Thumb up 0 Thumb down 0

    13. မောင်လေးရေ… အရမ်းကောင်းတယ်ဟေ့… ဖြစ်ရပ်မှန်ဆိုတော့ ၀မ်းနည်းစရာလေးတွေတော့ ရှိတတ်တာပဲလေ… သတိမေ့တယ်ဆိုတာ စကားလုံးတွေ အနေနဲ့ အရမ်းလှပပေမဲ့… အချိန်တွေကိုတော့ နောက်ပြန်လှည့်ယူလို့မှ မရတော့ပဲ… ဒီလိုတွေသာ မရှိခဲ့ရင်လဲ ကမ္ဘာပေါ်မှာ နောင်တဆိုတဲ့ စကားလုံး ဘယ်ရှိတော့မလဲနော်…

      Like or Dislike: Thumb up 0 Thumb down 0

    14. Bro! Very attractive post … keep going on :)

      Like or Dislike: Thumb up 0 Thumb down 0

    15. Tragic Story …have to leave comment in English as there are only squares though I wanna express freely in MMR font. Keep it boy! I like your thoughts and your way of style. Me either, I’d rather write the short story than poems …
      Hope to read more from you.

      Like or Dislike: Thumb up 0 Thumb down 0

    16. အရေးအသားရော ဇာတ်ကွက်ဆင်ထားပုံရော အတွေးလေးပါ အရမ်းကောင်းပါတယ်။ အမြဲတမ်း လာဖတ်ရကျိုးနပ်တဲ့ Blog တစ်ခုပါ။ ဆက်ရေးပါ မောင်လေးရေ။ အားပေးနေပါတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    17. ဟား။ comment ပေးဘို့တောင် တော်တော် နောက်ကျနေပြီ။ ဒါပါပဲကွာ. မိန်းကလေးတွေဆိုတာ။ ဟက်ဟက်။ :D ကောင်းတယ်သယ်ရင်းရေ။ ရဲဘော် ဆက်လုပ်။

      Like or Dislike: Thumb up 0 Thumb down 0

    18. ကံကြမ္မာက သူ့ကိုမွေးနေ့လက်ဆောင်ပေးလိုက်တယ်လေ အနည်းဆုံးသူ့မွေးနေ့ကို တယောက်ယောက်က သတိရပေးတယ်ပေါ့ ဒီကိုလာမဖတ်ပေမယ့် သိမ်းထားတဲ့ပို့စ်ကို ပြန်ဖတ်နေတာ အခါခါရှိနေပြီ မွန်မဖတ်ရလို့ မရေးထားပါလား ဟတ်ဟတ်

      Like or Dislike: Thumb up 0 Thumb down 0

    19. Great! & +5 , Keep it up Bro. :)

      Like or Dislike: Thumb up 0 Thumb down 0

    20. ကောင်းလိုက်တဲ့ပို့ စ် မြင့်လွန်းလို့  ၃ ခေါက်လောက်ပြန်ဖတ်နေရတယ်ဗျား) ဇတ်သိမ်းဘာဖြစ်မလဲလို့  ရင်တမမ နဲ့  ဟီးး..ဆရာကီးရေးထားတာဆိုတော့ အများကြီးမပြောရဘူး ကောင်းတာပဲ သိတယ်ဗျ။

      Like or Dislike: Thumb up 0 Thumb down 0

    21. အက်ဆေးက ကောင်းတယ်။ မျက်စိထဲမှာတောင် ပေါ်လာတယ် အရေးအသား မဖတ်ပဲမနေနိုင်ပါဘူး။ အဆင်ပြေစေ။

      Like or Dislike: Thumb up 0 Thumb down 0

    22. Blackaရေ… မေနှင်းတွေ အများကြီးတွေ့ဖူး မြင်ဖူးတယ်။
      တကယ်ဆို ကံကြမ္မာကို အပြစ်တင်မှာလား လူတွေကို အပြစ်တင်မှာလား။ ငါမြင်ဘူးတာတွေ ပြောရရင် စစ်သားတွေမှ မဟုတ်ပါဘူးဟ။ နိုင်ငံခြားထွက်ပြီး သက်စွန့် ဆံဖြား အလုပ်လုပ်နေသူများ၊ သင်္ဘောသားတွေကောလေ…ကွာ….. တကယ်ဆို ယောင်္ကျားနဲ့ မိန်းမ အကြာကြီး ခွဲမနေသင့်ဘူးလေ။
      ဖြစ်တတ်တဲ့ သဘာဝတွေပါကွာ……

      Like or Dislike: Thumb up 0 Thumb down 0

    23. ပို့ စ်လေးကအရမ်းကောင်းတယ်။ ဒီနေ့ မှဖတ်လို့  ရလို့  comment ရေးတာတောင် နောက်ကျနေပြီ။ ရှေ့တန်းကကောင်လေး ဘာဖြစ်မလဲ ဆိုပြီး ရင်တမမနဲ့  ဖတ်နေရတာ။ ဖြစ်ရပ်မှန်ဆိုတာ စာရေးသူရဲ့  ဖြစ်ရပ်မှန်လား သူများရဲ့  ဖြစ်ရပ်မှန်လားဆိုတာ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်ဗျို့ ….. :P

      Like or Dislike: Thumb up 0 Thumb down 0

    24. ပို့ စ်လေးကအရမ်းကောင်းတယ်။ ဒီနေ့ မှဖတ်လို့  ရလို့  comment ရေးတာတောင် နောက်ကျနေပြီ။ ရှေ့တန်းကကောင်လေး ဘာဖြစ်မလဲ ဆိုပြီး ရင်တမမနဲ့  ဖတ်နေရတာ။ ဖြစ်ရပ်မှန်ဆိုတာ စာရေးသူရဲ့  ဖြစ်ရပ်မှန်လား သူများရဲ့  ဖြစ်ရပ်မှန်လားဆိုတာ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်ဗျို့ ….. :P ( home! )

      Like or Dislike: Thumb up 0 Thumb down 0

    25. အားလုံးကလဲချီုးကျူးသြဘာတွေဝေသွားကြပြီ…
      Art ရဲ့Idea လား…??Idea ရဲ့Art လားတော့မသိဘူး..။
      Good တယ်ကွာ.ဆက်ပြီးအားပေးနေမယ် ok?

      Like or Dislike: Thumb up 0 Thumb down 0

    26. ဖြစ်တတ်တဲ့ သဘောတရားတွေပါ။ ကျွန်တော်လည်း တစ်ခါကြုံဖူးတယ်။ ဖြစ်ပုံက အဲဒီနေ့က ကျွန်တော့်ကောင်မလေး မွေးနေ့ကို ကျွန်တော် လုံးဝကိုမေ့နေတာ (အခုတော့ဇနီးပေါ့လေ) စိတ်ဆိုးလိုက်တာများဗျာ …………..
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ကောင်းတယ် အိပ်မက်ကြီးရာ။ အိပ်မက်တို့လုပ်လိုက်မှ ဖြင့် အကုန် လန်ထွက်နေတာပဲ

      Like or Dislike: Thumb up 0 Thumb down 0

    27. ပို့ စ်လေးကအရမ်းကောင်းတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    28. အရမ်းကောင်းတယ်ကွာ ငါဖတ်ပီးသားပေမယ့် ငါထပ်ဖတ်သွားတယ်
      ဘာကြောင့်အဲလောက်တောင် အရေးကောင်းရတာလဲကွ ငါတောင် အားကျမနာလိုဖြစ်လာပီ..ဟိ
      နင့်ဆီက ပညာတွေသင်ရအုံးမယ်
      ကွန်းမန့်ကကွာ နောက်ကျနေတယ်
      ထားလိုက်ပါတော့
      နောက်ဆုံးဖြစ်တာပိုပျော်စရာကောင်းတယ်ကွ
      တစ်ကယ်တော့ နောက်ဆုံးမှာနေရတဲ့ အရသာက သိပ်ရှိတာ…နေကြည့်လိုက် နေလို့အရမ်းကောင်းတာ လူတွေကရှေ့ဆုံးကိုပဲ မက်မောနေကြတယ် နောက်ဆုံးရဲ့ အရသာကို မသိကြဘူး
      ငါကတော့ နောက်ဆုံးမှာအေးဆေးတဲ့ နေရာကို တိတ်ဆိတ်စွာပဲ ကြိုက်တယ်ကွာ
း)
      ခင်တဲ့
      ပေခရမ်း

      Like or Dislike: Thumb up 0 Thumb down 0

    29. နောက်ဆုံး မဖြစ်အောင် ကျွန်တော် ၀င်ရေးသွားပါတယ်။ :D
      ကောင်းတယ်ဆိုတာထက် ခံစားရတယ်။ ….အိမ်တောင် ပြန်ချင်သွားတယ် ဗျာ

      Like or Dislike: Thumb up 0 Thumb down 0

    30. နာတောင် ရှေ့တန်းပြန်ထွက်ချင်လာပြီ။ ဒါပေမယ့် အဓိဌာန်တော့ မှန်မှန်ဝင်ပေးမယ့်လူတွေ ရှိမှနော် :P ပျက်ရဝူးးးးး။

      Like or Dislike: Thumb up 0 Thumb down 0

    31. finally i am coming for leaving comment for u…u did it and u can write the point you want…i like this post..keep it up my dear..u have ways to get famous as a blogger…:))

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply