• About Me
    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)
    May 7 , 2008 | 304 views
    လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ကျွန်တော်တို့ချစ်သော အမိမြန်မာနိုင်ငံကြီးမှာ သမိုင်းတလျောက်တွင် အလွန်ဖြစ်ခဲလှသော ပြင်းထန်ဆိုးရွားတဲ့ သဘာဝဘေးအန္တာရယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လူပေါင်းများစွာ သေကြေ ပျက်စီးခဲ့ရသလို၊ ထိခိုက်ဒဏ်ရာရသူများ၊ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်သူများ ဒုနဲ့ဒေးဖြစ်ခဲ့ ရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ဒီဒုက္ခကို မကြုံတွေ့ခဲ့လိုက်ရပေမယ့် ကျွန်တော်တို့ရဲ့ မိသားစုများ၊ ဆွေမျိုး သားချင်းများ၊ ပြည်သူပြည်သားပေါင်းများစွာဟာ သဘာဝဘေးအန္တာရယ်ရဲ့ တိုက်ခိုက်မှုကို အပြင်းအထန် အလူးအလှိမ့် ခံစားခဲ့ရပုံတွေကို ကြားသိရရုံမျှဖြင့်ပင် လွန်စွာ စိတ်ထိခိုက်ကြေကွဲခဲ့ရပါတယ်…။ မုန်တိုင်း၏ ပြင်းထန်မှုကြောင့် ဆက်သွယ်ရေးများ အားလုံးပြတ်တောက်ကုန်ခြင်းကလည်း ကျွန်တော်တို့ကဲ့သို့သော အဝေး ရောက်နေကြသည့် မြန်မာပြည်သူ၊ ပြည်သားများအတွက် စိုးရိမ်ပူပန်စိတ်များကို ပိုမိုကြီးထွားစေခဲ့ပါတယ်။
    ဒီအခြေအနေအထိ ဖြစ်လာနိုင်သည်ကို အချို့သောနိုင်ငံများနှင့် အဖွဲ့အစည်း (ပြည်တွင်း၊ ပြည်ပ) များသည် အမှန်တကယ်ပင် မသိသောကြောင့်လား၊ သိရက်နှင့်ပင် ပေါ့ဆခဲ့မိသောကြောင့်လားတော့မသိ မည်သို့သော ကြိုတင်ကာကွယ်မှု၊ ပြင်ဆင်မှုများ မပြုလုပ်နိုင်ခဲ့သည့်အတွက် အထိအခိုက်နှင့် ပျက်ဆီးဆုံးရှုံးမှုများသည် ပိုမိုများပြားခဲ့ရပါတယ်။ တကယ်လို့သာ အချိန်မှီသတင်းအချက်အလက်များနှင့် သတိပေးမှုများကို ရရှိခဲ့မည် ဆိုပါက ကြိုတင်ကာကွယ်မှုများ (သဘာဝဘေးအန္တာရယ်ဆို သည်မှာ ကာကွယ်ရန်မဖြစ်နိုင်သလောက် ခက်ခဲပါသည်) မပြုလုပ်နိုင်ခဲ့သည့်တိုင် ကြိုတင်ပြင်ဆင်မှု များပြုလုပ်ခဲ့ပါက ဖြစ်ပေါ်လာသော အကျိုးဆက် အနဲအများ အပေါ်မူတည်ပြီး ကယ်ဆယ်ရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာ၊ ပြန်လည်နေရာချထားရေး အစရှိသော လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုပြီး လျှင်မြန်ထိရောက်စွာနှင့် ပြည့်စုံလုံလောက်စွာ ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ယခုအချိန်တွင်တော့ အရာအားလုံးဟာနောက်ကျခဲ့ပြီ ဖြစ်ပါတယ်…။
    မည်သို့ပင်ဖြစ်စေကာမူ ယခုအခါ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူပြည်သားများသာမက၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် အခြားသောနိုင်ငံများမှ ပြည်သူများကပါ ကျွန်တော်တို့ နိုင်ငံအတွက် လူသားချင်း ထောက်ထား စာနာသည့် အနေဖြင့် အကူအညီများပေးရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ အခုလို အချိန်မျိုးမှာ ကျွန်တော်တို့ အနေဖြင့် သဘာဝဘေးအန္တာရယ် ဆိုးဖြစ်ပွားခဲ့ရာနေရာနှင့် လွန်စွာဝေးကွာသော ဒေသများတွင် ကိုယ်စီကိုယ်ငှ အသီးသီးရောက်ရှိနေကြသောကြောင့် ကျွန်တော်တို့ရဲ့ ကာယလုပ်အားများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ပေးရန် မည်သို့ပင် စိတ်အား ထက်သန်နေပါသော်လည်း ၀မ်းနည်းစွာဖြင့်ပင် စိတ်နောက်ကိုယ်မပါ ဖြစ်ခဲ့ရပါတယ်…။ ထို့ကြောင့် အခုလို အချိန်မျိုးမှာ ကျွန်တော်တို့ တတ်နိုင်တဲ့ နေရာ အခန်းကဏ္ဌမှနေပြီး ကူညီထောက်ပံ့မှုများကို တတ်နိုင်သလောက် ပြုလုပ်သွားကြရမှာဖြစ်ပါတယ်…။ ကမ္ဘာအနှံရှိ မြန်မာပြည်သူ ပြည်သားများသည်လည်း ယခုအချိန်တွင် မိမိနီးစပ်ရာ အသင်း၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အကူအညီများပေးရန် အပြင်းအထန် ဆောင်ရွက်နေကြသည်မှာ အလွန်တရာပင်အားရကျေနပ်ဖို့ကောင်းလှပါတယ်…။ ထို့ကြောင့်ယခုကဲ့သို့ အရေးကြုံသောအချိန်မျိုးတွင် မိမိတတ်အားသမျှ (မည်သည့်နည်းလမ်းဖြင့်မဆို) ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး ကြပါရန် လေးစားစွာ တိုက်တွန်းနိုးဆော်အပ်ပါသည်….။
    နိုင်ငံတကာ အဖွဲ့အစည်းများ
    http://www.unicefusa.org/
    http://www.icrc.org/
    http://www.wfp.org/english/
    http://www.savethechildren.org/
    http://www.worldvision.org/
    United State
    http://www.mahasiusa.org/
    http://uscampaignforburma.org/index.php
    myintw@greenmtn.edu
    burmagirl@gmail.com
    cyclamen.Mom@gmail.com
    Singapore
    အလှူကောက်ခံနေသော နေရာများမှာ-
    • လင်းလက်၊ ဒုတိယထပ် Peninsula Plaza
    • Sin Myanmar တတိယထပ် Peninsula Plaza
    • သပြေနု (ဒေါ်သန်းသန်းနု) နှင့်
    • လမ်းပြကြယ် စာကြည့်တိုက်တို့မှာဖြစ်ပါတယ်။
    http://cyclonerelief.wordpress.com/
    Austrilia
    Dr. Soe Htet69
    Glendale RoadSpringvale VIC 3171Melbourne, Australia
    Mobile: +61 424 836 727
    Email: dr.htet@gmail.com
    http://www.soehtet.blogspot.com/
    United Kingdom
    1.Sayardaw U San Naw Bar Tha
    Bank Name: Barclays
    Account Holder Name: Mr A Candobhasa
    Sortcode: 20-80-71
    AccountNo: 9000 2836
    Contact Info: 0787 7297 205,
    email: ucandobhasa@googlemail.com
    More Info: http://ko-htike.blogspot.com/
    2.Burmese Student Organisation UK
    Bank Name: HSBC
    Account Holder Name: Burmese Student Organisation UK
    Sortcode: 40-01-13
    AccountNo: 4154 6694
    Ref: CDA-[your mobile number]
    Last Day: 10th May, 2008
    Contact Info: Ko Win T – 0785 2175 467,
    Ko Chan N – 0780 4725 077
    More info: http://www.bsouk.org/
    3.Miss Tharaphi Than
    Bank Name: Barclays
    Account Holder Name: Miss M T Than
    Sortcode: 20-89-15
    AccountNo: 6055 2232
    or please send a check toMiss Tharaphi Than
    SEAsia Department SOAS, University of London
    London WC1H 0XG
    Last Day: She is going to Burma for providing First Aid Support in next three or four days
    Russia Federation
    Bauman State University (BMSTU)
    Naung Naung :Room no: (508) building 3A . str. Gloylanovskyar . Hostel of B.M.S.T.Uindex ( 105094) Ph: +7- 909 -157 -11- 74
    For More Contact : http://blackdream21.blogspot.com (blackdream21@gmail.com)
    MIET University
    ကျောင်းသားများ မြန်မာပြည် မုန်တိုင်းဒဏ်ခံနေရသော ပြည်သူများ အတွက် အလှူငွေများကို အောင်စိုးလွင် (၄၄၂၃) တွင် ထည့်ဝင် လှူဒါန်းနိုင်ပါသည်။
    MEPHI University
    http://www.ymba-mephi.blogspot.com/
    Cateogry : Article
    About
    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!
    Leave Your Comment Directly From Facebook!
    5 Responses to “၀မ်းနည်းကြေကွဲခြင်း…”
    1. YEAH……THAT’S RIGHT! WE ALL HAVE TO SUPPORT OUR PEOPLE WITH EVERY LITTLE HELP.
      THIS IS THE WORST CATASTROPHE……..
      HOW ARE THEY GOING TO COPE WITHOUT “HELP”…….?
      SO PLEASE GIVE HELP & SUPPORT AS MUCH AS YOU CAN.
      Like or Dislike: Thumb up 0 Thumb down 0
    2. Blackရေ ငါတို့ချစ်တဲ့ ပြည်သူတွေအတွက် အရောင်အသွေး ကင်းကင်း တတ်နိုင်တဲ့ဖက်က တတပ်တအား ၀ိုင်းပြီးကူကြတာ ကြက်သီးထအောင် ၀မ်းသာစရာ။
      Like or Dislike: Thumb up 0 Thumb down 0
    3. ကိုနောင်နောင်နဲ့ ဆက်သွယ်ထားတယ် ၊တတ်နိုင်သလောက် လှူဒါန်း နိုင်အောင် ကြေငြာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ ။
      Like or Dislike: Thumb up 0 Thumb down 0
    4. နိုင်တဲ့ဝန်ကိုထမ်းပေးတာကျေးဇူးဗျာ…..
      လေးစာပါတယ်…….ကောင်းသောနေ့ပါဗျ…..
      Like or Dislike: Thumb up 0 Thumb down 0
    5. ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်။
      Like or Dislike: Thumb up 0 Thumb down 0
    Leave a Reply