နိစ္စဓူဝ မနက်ဖြန်…!
“အင်း…။ ငါဆိုင်သိမ်းမှ ဖြစ်တော့မယ်…။” လို့တွေးရင်း သူ, သူ့ရဲ့အရှေ့ဖြန့်ထားတဲ့ ပစ္စည်းတွေကို စပြီးသိမ်း ပါတော့တယ်…။ သူရဲ့ လမ်းဘေးဗျက်ခင်း ဆိုင်လေးတည်ရှိရာ နေရာလေးသည်လည်း လူပြတ်စပြုနေပါပြီ..။ သူဆိုင်သိမ်းလက်စအချိန်မှာပဲ ဆိုင်ရှေ့က လူနှစ်ယောက် စကားပြောရင်း ဖြတ်သွားတာတွေ့တော့…သူတို့ များ ၀ယ်ကြအုံးမလား မသိဘူးဆိုတဲ့ နေ၀င်ချိန် မျှော်လင့်ချက်တစ်ခုနဲ့ သူလှမ်းကြည့် မိလိုက်ပါသေးတယ်…။ ဒါပေမယ့် အဲဒီ့လူတွေကတော့ မသိလိုက် မသိဖာသာပဲ သူတို့လမ်းကို သူတို့ စကားတစ်ပြောပြောနဲ့ ဆက်ပြီး လျှောက်သွားတာ သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်တွေ တစ်လက်လက်ထနေတဲ့ အကြည့်တွေကို နဲနဲလေးမှ သတိထားမိလိုက်ပုံတောင် မရပါဘူး….။ “အင်းလေ မျှော်လင့်ချက်ဆိုတာ အချိန်နဲ့ နေရာ မှန်ကန် ကိုက်ညီမှ ပွင့်တဲ့ပန်းတစ်မျိုးပဲ နေ့တိုင်းတော့လည်း ဘယ်ပွင့်နိုင်ပါ့မလဲ…”
သူ ပစ္စည်းတွေ သိမ်းပြီးတဲ့နောက်မှာတော့ နေ့စဉ်အိမ်ပြန်နေကြ လမ်းလေးအတိုင်းပဲ ပစ္စည်းတွေကို ထမ်းပြီး ပြန်လာခဲ့ပါတယ်…။ သူလျှောက်နေတဲ့လမ်း…၊ သူလျှောက်နေတဲ့ အချိန်က ချစ်သူတွေ အတွက်ဆိုရင်တော့ တကယ်ကို သာယာကြည်နူးဖို့ကောင်းတဲ့ အချိန်နဲ့ နေရာမျိုးလေး တစ်ခုပါ…။ ဒါပေမယ့် ဒါတွေကို သူဘယ်လို သတိထားပြီး စဉ်းစားနေနိုင်ပါ့မလဲ…။ သူ့အတွေးထွေထဲမှာတော့….
“ငါမနက်ဖြန် ဟိုလူကောင်တွေနဲ့တွေ့ပြီး နေရာသစ်တစ်ခုရှာခိုင်းထားတဲ့ ကိစ္စကို မေးဦးမှပဲ…။ ဒီကောင်တွေ ငါကို့လဲ ဘာမှအကြောင်းမကြားဘူး…။ ခွင်တဲ့နေလို့များ ငါမသိအောင် ကြိတ်ပြီးလုပ် နေကြပြီလားမသိဘူး…။ ဘာပဲဖြစ်ဖြစ် နေရာကောင်းသာဆိုလို့ကတော့ သူများတွေ တဖြေးဖြေးများ မလာခင် ဖောက်သည် ကောင်း ကောင်းတွေရအောင် အမြန်လက်ဦးထားဦးမှပဲ…။ ဟာ…ငါမေ့နေ လိုက်တာ အိမ်ကအငယ်ကောင်လေး ဖျားနေ လို့ ငါ့ကိုဆေးမှာလိုက်သေးတာပဲ…။ ဒုက္ခပါပဲ နွေရာသီမှိ့ မမှောင်သေးပေမဲ့ အချိန်က ၉း၀၀ နာရီထိုး တော့မယ် ဆေးဆိုင်တွေမှ ဖွင့်သေးရဲ့လားမသိဘူး..။ ဟိုရှေ့နားမှာတော့ ၂၄ နာရီဖွင့်တဲ့ ဆေးဆိုင်တစ်ခု ခါတိုင်းနေ့တွေက သတိထားမိတယ်…။ ဒါပေမယ့် အဲဒီ့ဆိုင်မှာ လာလာဝယ်နေကြတဲ့သူတွေက သူဌေးတွေ အများသား…။ ဆေးက ဈေးများကြီးနေမလား မသိဘူး…။ ငါ့မှာပါတဲ့ ပိုက်ဆံနဲ့ရော လောက်ပါ့မလားမသိ…။ ခက်တာပဲ ဒီရက်ပိုင်း ရောင်းလို့ကလည်း သိပ်မကောင်း…။ ဒီနေ့ဆို ပိုတောင်ဆိုးသေးတယ်…။ ဒီကောင်လေး ကလည်း ဒီလိုရောင်း မကောင်းတဲ့နေ့မျိုးတွေမှ နေမကောင်း ဖြစ်ရတယ်လို့ကွာ….။ ထားလိုက်ပါလေ…ဘာပဲ ဖြစ်ဖြစ်ဝင်တော့မေး ကြည့်လိုက်ပါအုံးမယ်…။ ပိုက်ဆံထက် ငါ့သားလေးရဲ့ ကျန်းမာရေးက ပိုပြီးအရေးကြီး ပါတယ်…။” ကံကြမ္မာဆိုတာကလည်း ခက်သားလားဗျာ…။ တစ်ခါတစ်လေ အဲဒီ့ကောင်ကြီးကို ရေခဲသေတ္တာထဲ ထည့်ပြီး ရေခဲရိုက်ထားချင်တယ်…။
နောက်ထပ်ခြေလှမ်း လေးငါးဆယ်လောက်ဆို သူနေထိုင်ရာ တိုက်ခန်းသေးသေးလေးသို့ ရောက်ရှိတော့မှာ ဖြစ်ပါတယ်…။ ဒီနေရာလေးမှာ သူတို့မိသားစု နေထိုင်လာခဲ့တာ အခုဆို ဆယ်စုနှစ်တစ်ခုနီး ပါးရှိတော့မယ်…။ သူတို့ရဲ့ ကျဉ်းမြောင်းလှတဲ့ အဲ့ဒီ့ခိုနားရာ အိမ်ခန်းလေးတည်ရှိရာနေရာဟာ မြို့ထဲနဲ့ဆို တော်တော်လေးကို လှမ်းတဲ့နေရာမှာတည်ရှိပါတယ်…။ ဒီနေရာလေးက အမှန်ဆိုသူအလုပ်လုပ် ရာနေရာတွေအတွက် အင်မတန် ကို သွားရလာရခက်ခဲပါတယ်…။ ဒါပေမယ့်လည်း ဒီနေရာလေးကို ပိုင်ဆိုင်နေထိုင်ခွင့်ရခဲ့တာကပဲ သူ့အတွက် တကယ်ကို အဖိုးတန်တဲ့ ဆုလာဒ်တစ်ခုဖြစ်ခဲ့ပါတယ်…။ အစစ အရာရာ ဈေးနှုန်းတွေကြီးပြီး ကမ္ဘာ့လူနေမှု စရိတ် အမြင့်မားဆုံး မြို့တွေထဲမှာ တတိယ လိုက်နေတဲ့ ဒီလိုမြို့မျိုးမှာ ကိုယ်ပိုင်အိမ်ခန်းလေး တစ်ခုကို သေး သေးလေးပင်ဖြစ်စေ ပိုင်ဆိုင်ဖို့ဆိုတာ တကယ်ကို ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ….။ သူ..သူ့အိမ်ခန်းလေး ရှေ့ ရောက်ပြီ ဆိုရင်ပဲ တစ်ခုခုကို စပြီးသတိ ထားမိလိုက်ပါတယ်…။ “အင်း…ဒီပြတင်းပေါက်က မှန်လေးကွဲနေ တာ အသစ်လဲအုံးမှပဲ။ ဆောင်းတွင်း ဆိုလဲဒီနေရာက လေတစ်အားဝင်တယ်…။ အခုအငယ်ကောင် ဖျားတာလဲ ဒီပြတင်းပေါက်က၀င်တဲ့ လေစိမ်းတွေ ကြောင့်လည်း ဖြစ်နိုင်တယ်…” သူ့ရဲ့ အဲဒီလို အိမ်ထဲဝင် ခါနီးတိုင်း တွေးလေ့ရှိတဲ့ အဲဒီ့အတွေးလေးကို တစ်စုံတစ်ယောက်ကသာ စနစ်တကျ မှတ်တမ်းတင် ရေတွက်ထားမယ် ဆိုပါက အကြိမ်ပေါင်း ၃၀၀၀ ကျော်နေမှာ သေချာပါတယ်…။ သူတံခါးကိုဖွင့်ပြီး အိမ်ထဲကို အရင်နေ့တွေက လိုပဲ ၀င်ရောက် ခဲ့ပါတယ်…။ “ တကယ်တော့ အိမ်ဆိုတာ လူတစ် ယောက်အတွက် ဘ၀မှာ အငြိမ်းချမ်းဆုံးနဲ့ အလုံခြုံဆုံးနဲ့ ဘ၀အမောတွေ အပြေစေနိုင်ဆုံး နေရာတစ်ခုပါပဲ….”
“ ရှင်ဒီနေ့ ပြန်လာတာ စောတယ်နော်…” သူ့ကိုလည်းမကြည့် နာရီကိုပဲ မကြည့်ပဲနဲ့ ဘယ်လို နောက်ကျမှန်း သိနေသလဲ မသိသော သူ့မိန်းမရဲ့ နှုတ်ဆက်စကားဟာလည်း သူ့အတွက် အထူး အဆန်းတစ်ခု မဟုတ်ခဲ့တာ ကြာခဲ့ပါပြီ…။ သူပထမဆုံး တစ်လမ်းလုံးထမ်းလာတဲ့ ပစ္စည်းအထုပ်ကို အခန်းရဲ့ထားနေကြ ထောင့်တစ်နေရာ မှာ ထားလိုက်ပြီး အငယ်ကောင်လေးရဲ့ အခြေအနေကို သွား ကြည့်လိုက်ပါတယ်။ “အင်း…အိပ်ပျော်နေတာပဲ” ။ သူအိမ်ထဲကို တစ်ချက်လောက် သတိထားပြီး ကြည့်လိုက်တော့ အကြီးကောင်ကို မတွေ့ပါ…။ “ ဒီကောင် ပြန်မ လာသေးဖူးထင်တယ်…။ ငါ့သားကြီး လဲဈေးထဲမှာ အထုပ်တွေ လိုက်ထမ်းပေးရတာ တော်တော်ပင်ပန်း လောက်ပြီ…။ မနက်ဖြန်ဟိုကောင် တွေနဲ့ တွေ့ရင် ငါ့သားကြီးအတွက် အလုပ်တစ်ခုခုလောက် အကူအညီ တောင်းကြည့်ရမယ်…။ ဟား.. ပြောမဲ့သာ ပြောတာ အဆင်ပြေမှာ မဟုတ်လောက်ပါဘူး…။ သူ့ဘာသာသူ ဒီအလုပ်ပဲ ဆက်လုပ်ပါ စေတော့…။” သူရေချိုးပြီးထွက်လာတော့ ညစာစားဖို့ အဆင်သင့် ပြင်ဆင်ပြီး အိမ်ရှင်မ က စောင့်နေပါပြီ။ “ ဘယ်လိုလဲ မင်းရော အလုပ်တွေ အဆင်ပြေရဲ့လား…ငါတော့ ဒီရက်ပိုင်း ရောင်းမကောင်း ဖူးကွာ…” “အင်း… ကျွန်မလဲ ဒီလိုပါပဲ ဒီရက်ပိုင်း သိပ်ဝင်ငွေမကောင်းဖူး… ကျမထိုးနေကြ မြေအောက် ဘူတာ နေရာမှာကလည်း ရဲတွေက ခဏခဏလိုက်ဖမ်းနေတော့ နေရာခဏခဏ ပြောင်းပြေးနေရတယ်…။ ဒီကြား ထဲ…. ဒီနေ့ တယောက ထိုးနေရင်းနဲ့ ကြိုးတစ်ချောင်း ပြတ်သွားလို့ စောစော ပြန်လာခဲ့ရတယ်။ ညနေ ရုံးဆင်းချိန်လေးတောင် မစောင့်နိုင်လိုက်ဖူး…။ အမှန်က အဲလိုအချိန်မျိုးကမှ ပိုက်ဆံပိုရတာ…။” မထူးဆန်းပါဘူး ဗျာ တစ်ခါတစ်လေတော့လည်း ဘ၀ထဲမှာ တယောကြိုးလိုပဲ အချိန်ကောင်းရောက်မှ ကြိုးပြတ်သွားလို့ လွတ်သွားခဲ့ရတဲ့ အခွင့်အရေးတွေ မနည်းတော့ဖူး မဟုတ်လား…
အချိန်ကို ကြည့်တော့ ည ၁၂ နာရီထိုးဖို့ ၁၅ မိနစ်သာလိုတော့သည်…။ သူထမင်းစားသောက်၊ ခဏနား၊ အလုပ်ရှင်ထုတ်ပေးထားသော Uniform ကိုလဲလိုက်ပြီး သူတို့ အိမ်နဲ့ မလှမ်းမကမ်း နေရာလောက်မှာရှိတဲ့ ကားဂိုထောင်တစ်ခုမှာ ညစောင့်တာဝန်ထမ်းဆောင်ဖို့ အိမ်အပြင်ကို ထွက်လိုက်ပါတော့တယ်…။ “ သြော်…အဖေ သွားတော့မလို့လား…”သူ အကြီးကောင်အား ခေါင်းတစ်ချက်မျှသာ ညိတ်ပြလိုက်ပြီး လမ်းဆက်လျှောက် ခဲ့ပါတယ်…။ “ ဒီညတော့ ငါ့အဖော်နဲ့ တိုင်ပင်ပြီး ပိုင်ရှင်ကို လခ တိုးပေးဖို့ ပြောရင်ကောင်းမယ်…။ ဟား…ပြောသာပြောရတာ လခတိုးတောင်းတာကို ပိုင်ရှင်က မကျေနပ်လို့ ကန်ထုတ်လိုက်မှ ရှိပြီးသား နေရာလေးပါ ပျောက်သွားအုံးမယ်…။ မဖြစ်သေးပါဖူး…။” သူ့ရဲ့အတွေးဟာ သူ့အိမ်နဲ့ ကားဂိုထောင်တည်ရှိရာ ၁၅ မိနစ်ခန့် အကွာအဝေးအတွက် နေ့စဉ် တွေးရန် လုံလောက်စွာ တိုတောင်းသော အတွေးတစ်ခုသာ ဖြစ်ခဲ့ပါတယ်..။ “တကယ်လို့သာ” ဆိုတဲ့ အတွေးတစ်ခု ဒါမှမဟုတ် အခြေအနေတစ်ခုသာမရှိခဲ့ရင် ကျွန်တော်တို့ ဒီလောကကြီး ထဲမှာ နေရတာပိုမိုပြီး သက်တောင့် သက်သာ ဖြစ်သွားလောက်ပါတယ်…။
“ဟေ့ကောင် ပြန်မယ်…။ ထတော့ ၇ နာရီထိုးပြီ…” သူ့အလုပ်ဖော်ရဲ့ နှိုးသံကြားမှပဲ သူနာရီကို သတိထားပြီး ကြည့်လိုက်မိပါတယ်…။ “ငါ ဒီနေ့ မြို့ထဲရောက်ရင်တော့ နာရီ ဓာတ်ခဲလဲဦးမှ ဖြစ်တော့မှာပါလေ…” တစ်ညလုံး တစ်ယောက်တစ်လှည့် တစ်နာရီခြားစီ အိပ်လိုက်စောင့်လိုက် လုပ်ခဲ့ရသောကြောင့် အိပ်ရေးက ဘယ်လိုမှကို မ၀နိုင်တဲ့ အပြင်ခေါင်းထဲမှာလည်း ငြီးစီစီ ဖြစ်နေပါတယ်…။ ဒါပေမဲ့ အဲ့ဒီလို ဖြစ်နေရတဲ့ အရသာကိုက သူ့အတွက် နေ့စဉ်စားနေကြ နံနက်စာ တစ်ခုအလား တော်တော်ကို နေသားကျနေခဲ့ပါပြီ…။ အိမ်ကိုရောက် တော့ မိန်းမရော…အကြီးကောင်ရော မရှိကြတော့ပါ…။ ဒီအချိန်ဆို သူတို့ ကိုယ့်အလုပ်ကိုယ်သွားကြပါပြီ…။ ထမင်းစားပွဲပေါ်မှာတော့ သူ့အတွက် တင်ထားပေးခဲ့တဲ့ မီးကင်ထားတဲ့ ပေါင်မုန့်ကြမ်းနဲ့ ကော်ဖီခွက်ဟာ လည်း အချိန်အတော် ကြာကြာကတည်းက အေးစက်နေခဲ့ပြီ ဖြစ်ပါတယ်…။ နံနက်စာ စားပြီးတော့ သူအငယ်ကောင်လေးကို သတိတရ သွားကြည့်လိုက် မိပါသေးတယ်…။ မတွေ့…။ “အင်း..ကောင်လေး နေကောင်းသွားလို့ သူ့အမေ ဒီနေ့ခေါ်သွားတယ် ထင်တယ်… ကောင်းပါတယ်လေ… ကလေးပါတော့ ပိုက်ဆံ ပို ရနိုင်တာပေါ့…”
ဒီအချိန်မှာတော့ သူ့ရဲ့ စံပျော်ရာ နန်းတော်တစ်ခုလုံးမှာ သူတစ်ယောက်တည်းပဲ ရှိနေပါတော့တယ်..။ ပန်းကန်စင်ပေါ်မှာ တင်ထားတဲ့ ဗော်ကာ ပုလင်းကို ကြည့်လိုက်တော့ နှစ်ပက်စာလောက် ကျန်နေပါ သေးတယ်..။ သူလည်းလက်ကျန်လေးကို ခဏအတွင်း ရှင်းလိုက်ပြီး အိပ်ခန်းထဲဝင်ကာ ကုတင်ပေါ်ကို ပြစ်လှဲချ လိုက်ပါတယ်…။ “အင်း ငါဒီနေ့ ဟိုကောင်တွေနဲ့ တွေ့ဖို့ချိန်းထားသေးတယ်… အိမ်ကနေ ၁၂ နာရီလောက် ပြန်ထွက်မှ ဖြစ်မယ်…။ ဒီကောင်တွေနဲ့ စောစောတွေ့ပြီးမှ ငါရောင်းနေကြနေရာမှာ နေရာကောင်းရနိုင်မှာ…တော်ကြာ နောက်ကျသွားရင် သူများတွေဦးသွားအုံးမယ်…။ ဟင်း….”
မကြာပါဘူး….။ သူအိပ်ပျော်သွားပါတယ်….။ မနက်ဖြန်များစွာ အတွက် သူအားမွေးရပါအုံးမယ်…..။
p.s- ဒီနေ့ညနေ ကျွန်တော်နဲ့ ကျွန်တော့သူငယ်ချင်း တစ်ယောက် အပြင်ကအပြန် လမ်းဘေးမှာ DVD ချပ်တွေ ချရောင်း နေတဲ့ဈေးသည်ရဲ့ ပစ္စည်းတွေ သိမ်းရင်း ကျွန်တော်တို့ကို လှမ်းကြည့်လိုက်တဲ့ မျက်ဝန်း တစ်စုံကို အခြေခံပြီး ရေးထားခြင်း ဖြစ်ပါကြောင်း…။








Great Ideas, Wonderful Thoughts!!
I can see your brilliant persuasiveness of written skills through to read your posts….,
Honestly, Your Philosophy of Ideas are amazing!!
It’s worth it to spent the times to visit here.
Keep Rolling..,
Soe Mya Nandar Thet Lwin
Like or Dislike:
0
0
သူက ရောက်နှင့်နေပေါ့ …
ဘ၀ ကို ခံစား ဖွင့်ပြထားတာ ကိုယ်တိုင်လိုပဲ … Good ! ဆက်လုပ်ပါဗျို့
Cheers !
Like or Dislike:
0
0
ဒီလို ဘဝမျိုးထက် ဆိုးတဲ့ ဘဝတွေ မြန်မာပြည် မှာ အများကြီး ပဲနော် မြန်မာ လက်လုပ်လက်စား မိသားစု တခုအကြောင်း လေးလဲ လုပ်ပါအုံး
Like or Dislike:
0
0
ဟေ့ အနက်ရောင်ကြီး မင်းကိုယ်တိုင် ရောင်းခဲ့သလား အောက်မေ့ရတယ်ဟေ့ ကောင်းလိုက်တဲ့ အတွေးနဲ့အရေး ကြိတ်ထားဟ….ကြိုက်တယ်ဟေ့….
Like or Dislike:
0
0
“နောက်ဆုံးမျှော်လင့်ချက်တွေ တစ်လက်လက်ထနေတဲ့ အကြည့်တွေကို နဲနဲလေးမှ သတိထားမိလိုက်ပုံတောင် မရပါဘူး….။ ” တကယ်ထိတယ် ဒီစာသားက…တွေးခေါ်နိုင်ပုံက တကယ်ထိမိတယ်..အတွေးတွေအများကြီးပေးထားတဲ့ essay ပဲ..keep going….
Like or Dislike:
0
0
အတွေးလေးက ကောင်းလိုက်တာဗျာ တကယ် ပို့ စ်ရှည်ပေမယ့် လုံးဝပျင်းမသွားဘူးး ဒါကြောင့်လည်း နာမည်ကြီးနေတာကိုးးး) အားကျတယ် အဲ့ဒီပို့ စ်က ဈေးသည် ၀ယ်မလားဆိုပြီးကြည့်လိုက်တဲ့ သူ နှစ်ယောက်က အစ်ကိုတို့  ၂ယောက်ပဲဖြစ်မယ်…အကြည့်တစ်ချက်နဲ့  ပို့ စ်ကောင်းတစ်ပုဒ်ဖန်တီးနိုင်တာ လေးစားပါတယ် ။
Like or Dislike:
0
0
ဒါဆိုဖြတ်လျှောက်ပြီးမဝယ်သွားတာ နင်တို့၂ယောက်ပေါ့.. ဒါပေမဲ့ နင်ကသူ့အကြည့်ကိုသတိထားမိပြီး ခုလိုရေးတယ်ဆိုတော့မဆိုးဘူး.. နင့်ကို ပိုစ့်တစ်ခုရအောင်လုပ်ပေးတဲ့ အကြည့်ပိုင်ရှင်ဆီက နောက်တွေ့ရင်အားပေးလိုက်ပါဟာ..
Like or Dislike:
0
0
မျော်လင့်ချက် ပါတဲ့မျက်လုံး တွေရဲ့အကြည့်ကို ကိုယ်ချင်းစာ တတ်တဲ့အပြင် မျော်လင့်ချက်တွေ သယ်ဆောင်ပေးလာမှာကို မျော်နေပါတယ် Ko Black yay..
မျော်လင့်ချက်များစွာနဲ့
DVD ဈေးသည်
Like or Dislike:
0
0
ဟာ…ငါမေ့နေ လိုက်တာ အိမ်ကအငယ်ကောင်လေး ဖျားနေ လို့ ငါ့ကိုဆေးမှာလိုက်သေးတာပဲ…။ ဒုက္ခပါပဲ နွေရာသီမှိ့ မမှောင်သေးပေမဲ့ အချိန်က ၉း၀၀ နာရီထိုး တော့မယ် ဆေးဆိုင်တွေမှ ဖွင့်သေးရဲ့လားမသိဘူး..။ ဟိုရှေ့နားမှာတော့ ၂၄ နာရီဖွင့်တဲ့ ဆေးဆိုင်တစ်ခု ခါတိုင်းနေ့တွေက သတိထားမိတယ်…။ ဒါပေမယ့် အဲဒီ့ဆိုင်မှာ လာလာဝယ်နေကြတဲ့သူတွေက သူဌေးတွေ အများသား…။ ဆေးက ဈေးများကြီးနေမလား မသိဘူး…။ ငါ့မှာပါတဲ့ ပိုက်ဆံနဲ့ရော လောက်ပါ့မလားမသိ…။ ခက်တာပဲ ဒီရက်ပိုင်း ရောင်းလို့ကလည်း သိပ်မကောင်း…။ ဒီနေ့ဆို ပိုတောင်ဆိုးသေးတယ်…။ ဒီကောင်လေး ကလည်း ဒီလိုရောင်း မကောင်းတဲ့နေ့မျိုးတွေမှ နေမကောင်း ဖြစ်ရတယ်လို့ကွာ….။
ဒီအရေးအသားက အမေကိုသတိရစေတယ်
တကယ်ပဲ ညီမလေးတို့ဘ၀နဲ့ နည်းနည်းတိုက်ဆိုင်မှုရှိနေတယ်။ အဆင်ပြေပါစေ။
ဒါပေမဲ့ ညီမလေးအမေက ဈေးရောင်းတဲ့လူမဟုတ်ဘူး။
Like or Dislike:
0
0
တော်လိုက်တာဗျာ
ဖတ်ရတာမောသွားတာပဲ
အဆုံးအထိသယ်သွားတာ စာဆုံးမှ သက်ပြင်းချမိတယ်
အရမ်းတော်တာပဲ အိပ်မက်မဲရေ
Like or Dislike:
0
0
ဘလက်ကြီးပြောမှပဲ ဈေးသည်တွေနဲ့ လက်လုပ်လက်စား မိသားစုတွေရဲ့ဘ၀ကို ကွက်ကွက်ကွင်းကွင်း သိတော့တယ်။ ကောင်းတယ် သယ်ရင်း။
Like or Dislike:
0
0
ခင်ဗျားကတော့ ဘ၀သရုပ်ဖော်စာရေးဆရာဆိုပြီး နာမည်ကြီးဦးမှာ။ တကယ်ကောင်းတယ်ဗျ။
Like or Dislike:
0
0
IT IS PICTURESQUE AND SHOW THE SURVIVAL OF “WORKING CLASS”
I WAS READING IT AGAIN & AGAIN AND FINALLY I BECOME HIM.
MOST PEOPLE WOULD HAVE FAIL TO NOTICE ANY KIND OF EYE-CONTACTS MADE IN A DAY AND CAN’T REALLY BE BOTHER TO QUESTION THEMSELF…..
I NOW REALISED – ONE SUCH LOOK MEANS A LOT TO WHOEVER CARE!!!!
REALLY APPRECIATED YOUR WORK, LOVE!
I ALWAYS KEEP AN EYE ON YOU
Like or Dislike:
0
0
နက်ဖြန်မှာ အဲဒီလူ ဒီ့ထက်အဆင်ပြေပါစေ အနည်းဆုံး ဒီနေ့ထက်တော့ ပိုမဆိုးပါစေနဲ့ ဒါပဲပြောတတ်တယ် ဖတ်ပြီး ဘာလို့မှန်းမသိ စိတ်မကောင်းဖြစ်နေလ
Like or Dislike:
0
0
ဘလက်ကြီးရေ ဒီပို့ကို အရမ်းကြိုက်တယ်ကွာ ။ အကြည့်လေးတစ်ချက်ကို စာတပုဒ်ရအောင်ရေးသွားတာ မိုက်တယ်ကွာ။ ပျော်ရွှင်ပါစေ သူငယ်ချင်းရေ ..
Like or Dislike:
0
0
အရမ်းဖတ်လို့ကောင်းတာနဲ့ ဖတ်နေလိုက်တာ ဟင်းအိုးတူးသွပါတယ်။
Like or Dislike:
0
0