ကျွန်တော်နှင့် အခန်း

1 views
ကျွန်တော် ဘာနှင့်တိုက်ဆိုင်လို့ တိုက်ဆိုင်မှန်းမသိ…။ ငယ်စဉ် ကျောင်းသားဘ၀တုန်းက အဖြစ်အ ပျက်လေး တစ်ခုကို သတိရမိပါသည်။ ထိုင်ခုံ နေရာတစ်ခုအတွက် ပြသနာတတ်ခဲ့ကြတုန်းက ဖြစ်ပါတယ်…။

“သူငယ်ချင်း ဒါ…မင်းခုံနေရာမဟုတ်ဖူးဆို…?”

“အင်း..မဟုတ်ဘူး…။ ဘာဖြစ်လို့လဲ..?”

“မင်းနေရာ မဟုတ်ဖူးဆိုလဲ သူ့ပိုင်ရှင်ထိုင်ပါစေကွာ…။ ”

“ဟ..ဘာလို့ ဖယ်ပေးရမှာလည်း ငါ့အတန်းထဲမှာ ရှိတဲ့နေရာ ငါကြိုက်တဲ့နေရာ ထိုင်ပိုင်ခွင့်ရှိတာပဲ…။”

“ဒါတော့ ဟုတ်ပါတယ်ကွာ…။ ဒီနေရာက မင်းသာ တကယ်ကြိုးစားချင်တဲ့ သူတစ်ယောက်ဆိုရင်တော့ တကယ် ကို သင့်တော် ကောင်းမွန်တဲ့ နေရာတစ်ခုပါ…။ အခု မင်းက ကိုယ်တိုင်ကျတော့လည်း နေရာ ကောင်းမှာထိုင်ပြီး ဘာမှမလုပ်…။ သူများ ကြိုးစားချင်တဲ့သူတွေအတွက်ကျတော့လည်း ဖယ်မပေးချင်နဲ့…။ မင်းကြောင့် တကယ် ကြိုးစားချင်တဲ့သူတွေ…။ တကယ် အရည်အချင်းရှိတဲ့သူတွေ နစ်နာတယ်ကွာ။ ပြီးတော့မင်းကဒီမှာနေပြီး သူများတွေ ဘုရားရှိခိုးနေတဲ့ အချိန်လည်း ဟိုလူ့လိုက်စ ဒီလူ့လိုက်စနဲ့ ဒုက္ခလိုက်ပေးပြီး..ဘာသာရေးလည်း ရိုသေကိုင်းရှိုင်းရကောင်းမှန်းမသိ…။ ဆရာ၊ ဆရာမတွေကို လည်း..မလေးမစားနဲ့ လုပ်ပြီး ပညာသင်ကြားရေး ကိုလည်း ဒုက္ခပေးသေးတယ်…။”

“ဟေ့ကောင်…ဘာတွေလာပြောနေတာလဲ? ဘာလဲ..မင်းက အတန်းခေါင်းဆောင်ပါ ဆိုပြီးငါ့ကို ပါဝါ လာပြနေ တာလား…။ ဒါမှမဟုတ် ငါ့ကိုစိန်လာခေါ်နေတာလား..? မင်းက ဘာကောင်မို့လို့လဲ..? မလောက်လေးမ လောက်စားနဲ့…။ မင်းကများ ငါလိုကောင်ကို လာပြီးတော့ ဆရာလာလုပ်နေသေးတယ်…။ နာချင်ပြီထင်တယ်။ ဟုတ်လား ဟေ့ရောင်…? မင်းတော့ ကျောင်းအပြန် အရိုက်ခံချင်ပြီထင်တယ်…။ မင်းငါ့အကြောင်းသိပါတယ်..။ ဒီအခန်းထဲမှာ ငါ့ကိုဘယ်ကောင်မှ မယှဉ်နိုင်ဘူး။ မော်မကြည့်ရဲဖူး ဆိုတာ…။”

“ငါအတန်းခေါင်းဆောင်မို့လို့ မင်းကို ပါဝါလာပြတာလဲ မဟုတ်ဘူး..။ ငါကျောင်းကအပြန် မင်းတို့ သတ္တိမရှိလို့ မိန်းမလို မိန်းမရ ၀ါးရင်းတုတ်အားကိုးနဲ့ ချောင်းရိုက်မှာလည်း မကြောက်ဖူး…။ ခိုးချောင် ခိုးဝှက် နောက်ကျော ကနေ ဓားနဲ့ဝင်ထိုးမှာလည်း မကြောက်ဖူး…။ အေး… နောက်တစ်ခုက မင်းကို ဘယ်သူမှ မယှဉ်နိုင်လို့ မင်းကို ကြောက်လို့ အခန်းထဲက သူတွေကလည်း ငြိမ်နေကြတာမဟုတ်ဖူး..။ မင်းနဲ့ ယှဉ်ပြီးမိုက်ရမှာကို မလိုလားလို့ မတန်လို့ လျစ်လျူရှုထားတာ နားလည်လား…? ဒီအတိုင်းလည်း ငြိမ်နေကြတယ်မထင်နဲ့ မင်းကို ပညာသား ပါပါနဲ့ နောင်ကြဉ်သွားလောက်တဲ့ သင်ခန်းစာပေးမလို့ အချိန်ကောင်းကို သီးခံပြီးစောင့်နေတာ…။ အဲဒါမင်း သဘောပေါက်ထား…။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်မနေနဲ့…။”

ပြောရင်း ပြောရင်းဖြင့်သူနဲ့ ကျွန်တော့်ရဲ့ စကားတွေဟာ တော်တော်လေး အခြေအနေ တင်းမာလာခဲ့ပါတယ်။

“ဟေ့ကောင်…မင်းက ငါ့ကို ဒီနေရာမှာ ထိုင်ချင်လို့ ထိုင်နေတယ်များ ထင်လို့လား…။ ငါဒီမှာ ထိုင်တယ်ဆိုတာ က ငါ့အတန်းကို ငါကာကွယ်ထားတာကွ…။ အဲဒါမင်းနားလည်လား…? တစ်ခြားအခန်းက ကောင်တွေ ငါဒီမှာ ထိုင်တာကို တွေ့တာနဲ့ ငါ့အခန်းသားတွေကို မိုက်ကြေးမခွဲရဲအောင်.. ပြသနာမရှာရဲအောင် ကိုယ့်အသိစိတ် ဓာတ်နဲ့ကိုယ် သမိုင်းပေးတာဝန်အရ ထိုင်ပေးထားတာကွ…။ ဟား..ဟား..ဟား…။ နောက်ပြီးငါ့မှာက တစ်ခြားအခန်းက အားကိုးရလောက်တဲ့ ကောင်တွေကလည်း ငါ့ဘက်က ရပ်တည်နေတယ်လေ…။ ငါတို့အခန်း ကိုထိရင် သူတို့ကလည်း ငါတို့အခန်းဘက်ကနေ ကာကွယ်ပေးမယ့်လို့ ငါ့ကိုပြောထားပြီးသားကွ။ ငါတို့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူးပေါ့..။ မဟုတ်ဖူးလား…ဟား..ဟား”

“ဟေ့ကောင်…။ အရူး..။ မင်းထင်ရာ မြင်ရာ သမိုင်းပေးတာဝန်တွေဘာတွေနဲ့ ကြီးကြီးကျယ်ကျယ် အဓိပ္ပါယ်မရှိ တဲ့ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့…။ ငါတို့အခန်းကလည်း ဘယ်သူကမှ…။

Share and Enjoy:
  • Print
  • email
  • Facebook
  • Twitter
  • RSS
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...

About this entry