ကျွန်တော်နှင့် ထွက်ပေါက်…
မျက်နှာကျက်ပေါ်နားက ကိုယ်ပိုင်ဘ၀တစ်ခုကို သူ့ဘာသာ တည်ဆောက်ခွင့်ရနေတဲ့ ပင့်ကူတစ်ကောင်…။ မကြာခဏ ငါနဲ့ လာကစားလေ့ရှိတဲ့ ခပ်တုန်းတုန်း မြေကြွက်တစ်ကောင်…။ ငါမသိပဲ ငါ့အိပ်မက်တွေ ခဏခဏ လာခိုးစားတဲ့ ဘယ်ကပေါ်လာမှန်း မသိတဲ့ ပိုးဟပ်တစ်ကောင်…။ ငါတယုတယ မွေးထားတဲ့ ပုပ်သိုးနေတဲ့ အတိတ်တွေထဲက “လောက်” ကောင်တွေနဲ့…။ ငါ့ဝိဥာဉ်ကိုဖောက် စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ခပ်ဂေါက် ဂေါက် လိပ်ပြာတစ်ကောင်လောက်တောင် ငါ့ဘ၀က မမြင့်မြတ်ပါလား…။ ထားလိုက်ပါလေ…။ ဒီအခန်းထဲ အဖော်ဆိုလို့ သူတို့ပဲရှိတာမလား…။ သြော်မေ့လို့…။ ၁၀ နှစ်သားလောက် သက်တမ်းရှိတဲ့ “အထီးကျန်ခြင်း” တစ်ကောင်လည်း ငါ့ဘေးမှာ ငုတ်တုတ်ထိုင်နေလေရဲ့…။
ငါ့နားထဲမှာ ကြားနေရတဲ့ ညည်းငြူသံတွေ ငါ့ကိုခြောက်လှန့်ခဲ့တာနေ့စဉ်ရက်စက် ငါ့ညတွေ ခြောက်ကပ် နေလိုက်ပုံများ…။ ပက်ကြားတွေတောင်အပ်လို့…။ ပတ်ဝန်းကျင်ကို ငါသေသေချာချာ ကြည့်ခဲ့ဖူးတယ်…။ တစ်စုံ တစ်ယောက်များ ရှိနေမလားလို့…။ မရှိဘူး..။ ဘယ်သူမှမရှိဘူး…။ ငါနဲ့တူတာဆိုလို့ ငါ့အရိပ်တောင်မရှိဘူး…။ အခန်းထောင့်မှာ ခပ်ပါးပါးပျံသန်းနေတာ ငါ့မျှော်လင့်ချက်တွေ များလား…။ မဟုတ်ဘူး…။ ခေါင်းကိုငုံ ငါ့ကိုယ်ငါ သုံးသပ်ဖို့ ငါ့အသက်ရှူသံတွေ ငါလိုက်ဖမ်းတော့ ပိုဆိုးသွားတယ်..။ ငါ့အသက်ရှူခွင့်ကိုတောင် ငါမပိုင် ဆိုင်ပါလား…။
ငါ့အခန်းထဲမှာ နေ့မရှိဘူး…။ ငါ့အခန်းထဲမှာ ည မရှိဘူး…။ ငါ့အခန်းထဲမှာ မာနမရှိဘူး…။ ငါ့အခန်းထဲမှာ အတ္တ မရှိဘူး…။ မရှိဘူး…။ ဘာဆိုဘာမှ မရှိဘူး…။ ငါကိုယ်တိုင်ရော ရှိနေတာသေချာရဲ့လား…? ခပ်ဝါးဝါး ပါပဲ…။ ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ မမြဲခြင်းတွေ ခြေရာခြင်းထပ်နေပုံများ…။ ကာလသုံးပါးကိုတောင် လူရာမသွင်းဘူး…။ အကြိမ်ကြိမ်တည်ဆောက်လိုက် ပြိုကျသွားလိုက်နဲ့ ငါ့ယုံကြည်ချက်တွေ ဘ၀ထဲမှာ တောင်လိုပုံ…။ တစ်ခုမှလည်း သုံးစားလို့မရ။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ အကြိမ်ကြိမ်စစ်ခင်းတော့…။ ကြားထဲ က ငါ့ခံစားချက် စစ်မြေပြင်ပဲ စုတ်ပြတ်ပြီးကျန်ခဲ့တယ်..။
ဝေဒနာတွေ တနင့်တပိုး သေသေချာချာထုပ်ပိုးပြီးများ ကံကြမ္မာက င့ါကို လက်ဆောင်ပေးခဲ့လေသလား..။ လိုခြင်တာနဲ့ လိုအပ်တာတွေ အမျိုးမျိုးနှိပ်စက်…။ ငါ့ဘ၀လည်း အပိုင်းပိုင်းပြတ်နေပြီ…။ အောင်မြင်မှု၊ ဂုဏ်ဒြပ်၊ အနာဂတ် ငါဘာမှမလိုခြင်ဖူး…။ လာမပေးနဲ့ အပေါစား ရင်ခုန်သံတွေလည်း ငါမယုံဘူး..။ ငါလိုချင်တာ ငါ့လက် ထဲက လက်တစ်ဆုပ်စာ နေ့စွဲတွေနဲ့ ငါ့ကိုယ်ငါ ပိုင်ဆိုင်မှု…။ ဒီလိုအခန်းထဲမှာနေမှ ငါ့ဘ၀ကောင်းစားမယ်ဆို။ အဆုံး အစမရှိတဲ့ စကြာဝဌာထဲကိုသွား ငါ့ဘ၀ကို လွတ်လွတ်လပ်လပ် ငါ…။ “ခါး” ပြစ်လိုက်ချင်တယ်…။
တစ်စုံတစ်ခုများ ရလေမလားလို့ ငါ့မျက်လုံးကိုမှိတ် အိပ်မက်တွေထဲ ဖောက်ထွက်ပြစ်လိုက်တော့ င့ါသွေးကြော တွေထဲ လေဟာနယ်တွေ အကန့်အသတ်မရှိ ဖြတ်သန်းသွားတယ်…။ အခုဆို ငါ့အိပ်မက်တွေ တဖြေးဖြေး အရော
င်ပါး ခံစားချက်လည်း သုညအောက်မှာ ပြားပြားမှောက်နေပြီ…။ ဘယ်သူ မြင်လဲ င့ါမျက်ဝန်းထဲ နာကြည်းချက်တွေ သွေးစက်လက်နဲ့ ငါ့ကိုယ်ငါသတ်နေတာ…။ ခွဲထွက်ပြစ်လိုက် ခပ်ဟောင်းဟောင်း လမ်း ကြောင်းတွေကနေ…။ တစောင်းကြည့်မှ တည့်တည့်မြင်ရတဲ့ ဒီလောကမှာ ကွာဟချက်တွေ ဘာမှဒီလောက်များ စရာမလိုဘူး…။ ဒီအတွေးတွေထဲ ငါအကြိမ်ကြိမ်လမ်းလျှောက် ငါ့ဦးနှောက်မှာ လမ်းပျောက်ခြင်း ခြေရာတွေ ထပ်နေပြီ…။
အမှတ်မထင် ငါတွေ့လိုက်တဲ့ အတွေးတစ်ခုကို…။ ငါ…။ အမိအရလိုက်ဖမ်းတယ်…။ ဟုတ်တယ်…။ ထွက်ပေါက် မဲ့နေတဲ့ ဘ၀တစ်ခုကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသောသော့ဟာ “စိတ်” ဖြစ်တယ်..။ ဘယ်လိုနည်းနဲ့မှ လွတ်မြောက်ဖို့ လမ်းမမြင်တဲ့ ငါ့ ခန္ဓာကိုယ်ကို ကယ်ထုတ်ဖို့ ကြိုးစားနေမဲ့အစား..။ ငါ့ဝိဥာဉ်ကိုပဲ လွတ်လပ်ခွင့် ပေးလိုက်တော့မယ်…။ ငါးမရလို့ ရေချိုးပြန်တာ ငါ့အပြစ်လား…။ ရှင်သန် ခြင်းဟာ စတည်ခြင်း…။ နေထိုင်ခြင်း ဟာ ဖြစ်တည်ခြင်း…။ သေချာတယ်…။ ဒါဆို တစ်ခုခုတော့လိုနေပြီ..။ စဉ်းစား စဉ်းစား။ ငါ…။ ထွက်ပေါက်တွေ နဲ့ နီးလာပြီ။ ငါကိုယ်တိုင်ဖောက် ငါလျောက်တဲ့လမ်းမှာ အနှောင့်အယှက်ဆိုလို့ ငါ့အိပ်မက်တောင်မရှိစေရ…။
ဒီအလင်းတန်းကိုရဖို့ ငါစောင့်စားခဲ့ရတာ အလင်းနှစ်တွေ သန်းနဲ့ချီခဲ့ပေါ့…။ ငါ့ဘေးမှာ ကာရံထားတဲ့ မွန်းကြပ်မှုနံရံတွေကို ငါသနားတယ်..။ ဘယ်သူမှ ငါ့ထွက်ပေါက်ကို ပိတ်ပင်နိုင်စွမ်းမရှိတော့ဘူး…။ အကြိမ်ကြိမ် ပုံဖော်ခဲ့ဖူးတဲ့ လောကသစ်တစ်ခု ငါ့အာရုံတွေထဲမှာ တဖြေးဖြေးနဲ့ပေါ်လာပြီ…။ အဲဒီ့နေ့မှာ ဘယ်အချိန်ထဲက ငါ့ဘေး ပြန်ရောက်နေမှန်းမသိတဲ့ ငါ့အရိပ်ကို ငါနောက်ဆုံးအနေနဲ့ တွေ့ခဲ့တယ်။ အခန်းထဲက ငါ့အဖော်တွေကို ငါနှုတ်ဆက်လိုက်တယ်…။ တစ်ချိန်လုံး အခန်းထောင့်မှာ ကုတ်ချောင်းချောင်းနဲ့ အိပ်ငိုက်နေတဲ့ ငါ့ဝိဥာဉ်နဲ့ တည်ဆောက်ထားတဲ့ လိပ်ပြာ ရုတ်တရက်ထပြန်သွားတယ်…။ ငါ့စိတ်တွေလည်း အဲဒီ့လိပ်ပြာနဲ့အတူ လောကသစ်ဆီသို့….။ တကယ်တော့ သေခြင်းတရားဆိုတာ လွတ်မြောက်ရာ လမ်းတစ်ခုပဲ မဟုတ်လားဗျာ…။








You doing well, BlackDream..,
Regularly posting in your blog.., Which is good!!
Happy Myanmar New Year 1370!!
All the best..,
Soe Mya Nandar Thet Lwin
Like or Dislike:
0
0
ထွက်ပေါက် မဲ့နေတဲ့ ဘ၀တစ်ခုကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသောသော့ဟာ “စိတ်” ဖြစ်တယ်..။ ဘယ်လိုနည်းနဲ့မှ လွတ်မြောက်ဖို့ လမ်းမမြင်တဲ့ ငါ့ ခန္ဓာကိုယ်ကို ကယ်ထုတ်ဖို့ ကြိုးစားနေမဲ့အစား..။ ငါ့ဝိဥာဉ်ကိုပဲ လွတ်လပ်ခွင့် ပေးလိုက်တော့မယ်…။
===
ဂွတ်တယ်ကွာ…
==
ငါ့စိတ်တွေလည်း အဲဒီ့လိပ်ပြာနဲ့အတူ လောကသစ်ဆီသို့….။ တကယ်တော့ သေခြင်းတရားဆိုတာ လွတ်မြောက်ရာ လမ်းတစ်ခုပဲ မဟုတ်လားဗျာ…။ ===
ကောင်းတယ်ကွာ…
ငါမဝေဖန်တော့ဘူးကွာ
အရမ်းကောင်းလို့
Like or Dislike:
0
0
သေခြင်းတရား ကိုထွက်ပေါက် အဖြစ် ရွေးချယ် တာ လူညံ့တွေ ရဲ့အလုပ် ထွက်ပေါက် မရှိဘူး ဆို တာမရှိဘူး ထွက်ပေါက် ကိုမတွေ့ သေးတာဘဲ ရှိမယ်..နောက်ဆုံး မတွေ့ ရင် ဖောက်ထွက် ရမယ်..အလျှော့ပေးဖို့ မစဉ်းစားနဲ့ ….။ွ
Like or Dislike:
0
0
Well done Mi Amigo.. if death were the only choice we have, I would join with you too
keep up with great works/thoughts….
Like or Dislike:
0
0
အစ်ကိုရေ ဒီစာထဲမှာ အငွေ့အသက်တချို့ကျွန်တော်ခံစားရတယ်ဗျာ။ ဘာလဲတော့သေချာမသိဘူး။ အစ်ကို အလေးအနက်စဉ်းစားပြီးရေးထားတာလို့ ညီထင်တယ်။
နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ။
Like or Dislike:
0
0
TRAP,,,,,,TRAP,,,,,,,,TRAP,,,,,,,TRAP
I FELT IT THAT I EVEN FORGET MY BREATH !!
BRILLIANT EXPRESSIONS & CREATIVE ART YOU MADE.
I KNOW IT IS NOT AS EASY AS IT LOOK TO WRITE AND DELIVER SUCH THINGS.
I DO REALLY APPRECIATE YOUR WORK chiT.
YOU R MY ROCK!
Like or Dislike:
0
0
အင်း…. Blackရေ ငါတော့ စဉ်းစားစရာတွေ အများကြီးရသွားတယ်။
Like or Dislike:
0
0
အတွေးအရေးတွေ အရမ်းကောင်းနေပါလားဗျ အခန်းကျဉ်းထဲက ထွက်ပေါက်မယ့်နေသော သူတွေအများကြီးထဲမှာ ကျနော်လည်းပါတယ်း)
Like or Dislike:
0
0
ဘယ်မှာလဲ ( ထွက်ပေါက် ၊ နားခိုရာ ၊ဖြေသိမ့်မှုနောက် ကြည်နူးစရာ ) ဆိုတော့ကာ …း)
ထွက်ပေါက်ဆိုတဲ့တိုင်း တကယ်ကို ထွက်ပေါက်ပါပဲကွာ…း)
ထွက်ပေါက်မဲ့နေသော ဘ၀တွေလဲ ထွက်ပေါက်ရရှိကြပါစေရှင်…။
Like or Dislike:
0
0
ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ မမြဲခြင်းတွေ ခြေရာခြင်းထပ်နေပုံများ…။ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ အကြိမ်ကြိမ်စစ်ခင်းတော့…။ ကြားထဲ က ငါ့ခံစားချက် စစ်မြေပြင်ပဲ စုတ်ပြတ်ပြီးကျန်ခဲ့တယ်..။………..
blackdream ကတော့ blackdream ပီသနေလိုက်တာ။ ကောင်းတယ်။ သေခြင်းတရားက လွတ်မြောက်ရာ လမ်းတစ်ခုတော့
တစ်ခုပါပဲ။ ဒါပေမယ့် ၀င်္ကဘာလို လမ်းမျိုး…
မလျှောက်တတ်ရင် ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူးနော့် ။
Like or Dislike:
0
0
ပြေးထွက်လိုက်တော့…
Like or Dislike:
0
0
ငါတယုတယ မွေးထားတဲ့ ပုပ်သိုးနေတဲ့ အတိတ်တွေထဲက “လောက်” ကောင်တွေနဲ့…။
လေးစားတယ်ကိုယ်.လူ။။
Like or Dislike:
0
0
ထွက်ပေါက်ရှာနေသော ကိုအနက်ရောင်ရေ ထွက်ပေါက်ဟာ ကိုယ့်ရဲ့ ကြိုးစားမှုပေါ်မှာလဲ မူတည်တယ်လို့ထင်တယ်။ ကိုယ့်ရဲ့လုံလ၊၀ိရိယတွေပေါ့
မင်္ဂလာရှိသောနှစ်သစ်ပါရှင်။ အရာအားလုံး အဆင်ပြေပါစေ။
Like or Dislike:
0
0
အကိုရေစိတ်ကူးကောင်း
ကောင်းတွေကိုရေးချထားတာ
မိုက်တယ်…………..အမရာလဲ
စိတ်တွေကိုထွက်ပေါက်ပေးဖို့
ခဏခဏစဉ်းစားဖူးတယ်…………
မအောင်တော့မအောင်မြင်သေးဘူး……..
Like or Dislike:
0
0
မွန်း၂ကြပ်၂ကြီးနဲ့ကို ဖတ်သွားတယ်ကွာ။ ငါတို့လည်း တခါတလေတော့ မွန်းကြပ်တယ်။ ထွက်ပေါက်တော့ ပေးရဲသေးဘူးကွ။ ကြောက်တယ် မိန်းမလဲယူရသေးဘူး
Like or Dislike:
0
0
လေးစားတယ်ကွာ
ဘယ်လိုဝေဖန်ရမှန်းကိုမသိတော့ဘူး.
စကားလုံးတွေအောက်ကိုရောက်သွားတယ်..ဟူးးးးးးးး
Like or Dislike:
0
0
ဖတ်ရင်းဖတ်ရင်းနဲ့ အသက်ရှူတောင်ကြပ်လာတယ်။ တကယ်ကို ကောင်းတယ်။ ဖယ်ရင်းနဲ့၁၉၈၄ ၀တ္ထုထဲက နောက်ဆုံးပိုင်းကို သွားသတိရမိတယ်။ လှောင်ပိတ်နေတဲ့ အခန်းမှ အားလုံးအမြန်လွတ်မြောက်နိုင်ပါစေလို့ မျှော်လင့်လျက်ပါ။
Like or Dislike:
0
0
၁၀ နှစ်သားလောက် သက်တမ်းရှိတဲ့ “အထီးကျန်ခြင်း” တစ်ကောင်လည်း ငါ့ဘေးမှာ ငုတ်တုတ်ထိုင်နေလေရဲ့…။
မြန်မြန် လွတ်ပါစေ ဗျာ
Like or Dislike:
0
0
သိပ်ကို လှပါတယ် အရေးအသားလေး ကျမဖတ်ချင်တဲ့ စကားလုံးလေးတွေဘဲ
Like or Dislike:
0
0
သယ်ရင်းရေ… အရမ်းကောင်းတယ်ကွာ … အရမ်းကြိုက်တယ် ဒီပို့စ်ကို …။
../
ငါလား ? မပြောက်ရသေးပါဘူးကွာ … အခုမှ စဉ်းစားနေတုန်း
Like or Dislike:
0
0
ထွက်ပေါက်တွေမဲ့နေရင်တော့ ဘဝကို စိတ်ရှိလက်ရှိ ခါးပစ်လိုက်တော့မယ် ညီလေးရေ
Like or Dislike:
0
0
ကံကြမ္မာကတော့ ဝေဒနာတွေကို သေသေချာချာ ထုပ်ပိုးပေးပို့ခဲ့တာပဲ ..
ဒါပေမယ့် .. စေတနာတွေနဲ့သာဆိုရင် ..
သေချာရေရာတဲ့ ထွက်ပေါက် တခုကို အမှန်တကယ် တွေ့မှာပါ ညီရာ ..။
မှန်ကန်တဲ့နည်းလမ်းနဲ့ ထွက်ရပ်ကို ပေါက်မြောက် အောင်မြင် ရောက်ရှိနိုင်ကြပါစေကွာ ..။
Like or Dislike:
0
0
good and odd work, bro
Like or Dislike:
0
0
အရမ်းကောင်းတယ်လို့ပဲ
ပြောချင်ပါတယ်ဗျာ…
Like or Dislike:
0
0