သူငယ်ချင်းများနှင့် အမှတ်တရသင်္ကြန်…
April 14 , 2008 | 772 views
မနေ့က (၁၃.၄.၀၈) သင်္ကြန်အကျနေ့မှာ ကျွန်တော်တို့ ဒီမှာအတူတူရှိနေကြတဲ့ သူငယ်ချင်း (Blogger)တွေ ပထဆုံးအကြိမ် စုံစုံလင်လင် ဆုံဆည်းခဲ့ကြပါတယ်..။ သင်္ကြန်တွင်းမှာ သူများတွေ ကိုယ်စီကိုယ်စီ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပျော်ပါးနေတဲ့အချိန်မှာ ကျွန်တော်တို့လည်း အမှတ်တရလေး ဖြစ်သွားအောင် အခုလိုဆုံကြဖို့ စီစဉ်လိုက်ကြတာဖြစ်ပါတယ်…။
အဲဒီနေ့က ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုလေးဟာ အပျော်သဘော အမှတ်တရ သဘောမျိုး တစ်ခုတည်း အတွက် သီးသန့်မဟုတ်ပဲ မကြာခင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေစုပေါင်းပြီး တည်ထောင် ကြမယ့် Website လေးတစ်ခုအကြောင်းကို ဆွေးနွေးတိုင်ပင်ကြဖို့လည်းပါဝင်ပါတယ်…။ အဲဒီ့ Website လေးမှာတော့ ကျွန်တော်တို့ တတ်သမျှ၊ သိသမျှ နည်းပညာအကြောင်းအရာများ၊ ကျွန်တော်တို့ ဖန်တီးထားတဲ့ အနုပညာ များနဲ့အတူ အခြားသော အကျိုးရှိနိုင်တဲ့ အခန်းကဏ္ဏများကို ထည့်သွင်းသွားဖို့ ရည်ရွယ်ထားပါတယ်။
ကျွန်တော်တို့ဆုံဆည်းမှုရဲ့ ပထမခရီးစဉ်အနေဖြင့် Парк Культуры (Park Of Cultre) လို့ ခေါ်တဲ့ ပန်းခြံကို ပထမဆုံးစတင်ချီတက်ကြပါတယ်..။ ကျွန်တော်တို့ရဲ့ ၀မ်းတွင်းသာယာစိုပြေရေးကိုလည်း အဲဒီ့နေရာမှာပဲ ဖြေရှင်းပြီး အမှတ်တရ ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်..။ အဲဒီ့နောက်မှာတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Красная Плошадь (Red Square) ကို ဆက်လက်ထွက်ခွာခဲ့ပြီး… မှတ်တမ်း ဓာတ်ပုံများဖြင့် မှတ်တမ်းတင်ခဲ့ကြပါတယ်…။
ကျွန်တော်တို့ရဲ့ အမှတ်တရ ဆုံဆည်းမှုလေးမှာ ထူးဆန်းမှုလော တိုက်ဆိုင်မှုလောမသိတဲ့ အဖြစ် အပျက်လေးတစ်ခုကိုတော့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်..။ ဘာလဲဆိုတော့ မိုးရွာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိနေထိုင်တဲ့ နေရာမှာ ဒီလိုအချိန်မျိုးမိုးရွာလေ့ ရွာထမရှိပါဘူး။ ဘာလို့ ကျွန်တော်က မိုးရွာတာကို အထူးအဆန်းတစ်ခုအနေနဲ့ ပြောရကြောင်းကို သိချင်ရင်တော့ အခုကျွန်တော်တို့ အစီအစဉ်မှာ ပါတဲ့သူများကိုဖြစ်ဖြစ် ကျွန်တော်တို့နှင့်အတူ တစ်နှစ်တည်း ကျောင်းအတူတူ တက်ခဲ့ကြတဲ့ တစ်ခြား သူငယ်ချင်းများကိုပဲ မေးကြည့်လိုက်ကြပါတော့
။
ကျွန်တော်တို့ရဲ့ ဆုံဆည်းမှု အမှတ်တရနေ့ရက်လေးကို ကျွန်တော်တို့ ချစ်တဲ့ စာဖတ်သူများ၊ Blogger ညီအစ်ကိုများ၊ မောင်နှစ်များအားလုံးကို ဝေမျှရင်းနဲ့ “မင်္ဂလာနှစ်သစ်မှာ ကျွန်တော်တို့ချစ်တဲ့ မြန်မာ ပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုတောင်းပေးလိုက်ပါတယ်…။ ထို့အတူ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးသည်လည်း ယခု ထက်ပို ပိုမို၍စည်ပင် သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။”
Moscow River နဲ့ အမှတ်တရ…
(Park Of Cultre) ထဲမှာပါ…
ဒါကတော့ ပန်းခြံအ၀င် ဂိတ်ဝမှာပါ…
Moscow River ကို တံတားပေါ်ကနေ မှတ်တမ်းတင်ထားတာပါ…
Red Square နားမှာရှိတဲ့ ကမ္ဘာ့မြေပုံပေါ်က အမိမြန်မာပြည် မြေပုံရှေ့မှာပါ…
ရေမလာတဲ့ ရေပန်းကြီးဘေးမှာပါ…
<< ရေလာရင်တော်တော်လှပါတယ်
>>
ဒါကတော့….ဒီလိုပေါ့…
p.s- ပါဝင်သူများ မျှားပြာ၊ ညိမ်းညို၊ မောင်ကောင်းအောင်၊ မင်းကျန်စစ်၊ တင့်ထူးရွှေ၊ နတ်ရှင်နောင်၊ ကိုရင်ညိန်း၊ BLACK DREAM








U guys look like A Boys Band!!!
Burmese Blogger Ganges who studies in Russia.., It’s look ROCK!! And seen to be you guys have lot of funs..,
Keep rolling..,
Soe Mya Nandar Thet Lwin
Like or Dislike:
0
0
ဘာလဲဟ ဘလော့ဂ်ဂါတွေလား တီးဝိုင်းအဖွဲ့ လား ဟီး ဟီး သူများတွေစတိုင်ကျနေတာကို မနာလိုလို့ ပြောတာ…
ကောင်းတယ်ကွာ အခုလို စုစုစည်းစည်းနဲ့ လူငယ်တက်လူတွေ စုပေါင်းပြီး လူတွေကို အကျိုးပြုတဲ့ ဝဘ်ဆိုဒ် ကို ထူထောင်မယ် ဆိုတာ ကြားရလို့ ဝမ်းသာမိပါတယ် အောင်မြင်ပါစေ…။
Like or Dislike:
0
0
တော်တော် မျက်နှာများနေကြတယ်ပေါ့။ ဟိုနားမှာလည်းတွေ့ ဒီနားမှာလည်းတွေ့တာကိုပြောတာပါ။
။ နေရာတွေက အရမ်းလှတာပဲ။ အားလုံးကို ရေတစ်ဗုံးစီလောင်းသွားတယ်။
Like or Dislike:
0
0
ဟာ အားလုံးထဲမှာငါ့အစ်ကိုအချောဆုံးပဲ။ (ဘာမှဟုတ်ဘူးသူ့ဘလောခ်မှာမို့လို့ပြောတာ) ဟီးဟီး
Like or Dislike:
0
0
A hun a hun……. (((( ATTENTION PLS ))))
They all look pretty smart esp my Black Dream
, but Who would have thought they’d do something behind the camera.
Mr Clever didn’t upload some of the official photos he had taken on that day. You have to be 18+ to get accessed.
Please Ask Black Dream Personally for those pics. Believe me, you won’t regret it
.
Btw, You guys are so cool.
Like or Dislike:
0
0
အဟမ်းအဟမ်း…. ရုပ်တွေကတော့ ကိုစိုးထက်ကြီး ပေးထားတဲ့အမည်နဲ့တောင် မတန်လောက်သေးဘူး.. ဟီးဟီး…
Like or Dislike:
0
0
ဟဘယ်လိုဖြစ်ဒါလဲ သင်္ကြန်လျှေက်လည်ဒါ ဘယ်သူမှရေမလောင်းဘူးလား? <0_0> <0_0> Sunglass နဲ့တယောက်က ဘယ်သူလဲ?
Thanks for sharing LOL..
Like or Dislike:
0
0
ဘူတူတွေလဲလို့ကြည့်နေတာ နာ့တယ်ရင်းတွေကိုးးး
ပဲများလိုက်တာလည်းလွန်ပါရော…ဟင်းကိုပျစ်လို့..း)
မျှားပြာ…ဘလက်ဒရင်းနဲ့ နတ်သျှင်နောင် ပဲလျှော့လို့ ဟိဟိ ဟင်းအရမ်းပျစ်နေပြီ…
တင့်ထူးရွှေ..ပုန်းမနေနဲ့ ထွက်ခဲ့လို့ (သူ့ကိုက်စားမှာကြောက်နေတယ်ထင်တယ် …)ကုတ်တုတ်တုတ်လေး..း)
ငါ့သားမင်းကျန်စစ်ကတော့ ကျောမနေနဲ့ ဆရာကြီးဒီဇိုင်းနဲ့ ဟွန့် ကြည့်လို့ကိုမရဘူး (မမြင်ရလှို့) ဟိ
ကောင်းအောင် နင်အကျိင်္င်္ကိုငါမှတ်မိတယ်နော် (ဟိဟိ)
ကျန်တဲ့လူတွေတိဝူးးးးးးး
နာ့တယ်ရင်းပဲပဲတွေပဲတိတယ်…ဟိ
ဟဲ့ ..နင့်စတိုင်လ်ကလန်းတယ်သိလား (ရေတောက်ထားတာနဲတူတယ်…း)……….)
နင့်စတိုင်ကိုကြွေသွားပြီ..ပြန်လာရင်မော်ဒယ်လုပ်တော့ ငါဒါရိုက်တာလုပ်ပေးမယ်..
ကဲ..နင်ပြန်လာရင်ရုပ်ရှင်ရိုက်ဖို့..
ငါဒါရိုက်တာသင်တန်းသွားလိုက်အုံးမယ်…
အားဘူးနော်…ဟိဟိ
Like or Dislike:
0
0
လာအားပေး သွားပြီ … သိချင်တဲ့သူတွေ အားထုတ်လို့ ရအောင် အဖြေ ပေး မသွားဘူး …
Like or Dislike:
0
0
မကြာခင်မှာပေါ်ပေါက်လာမယ့် နာ့တယ်ရင်းတွေရဲ့တတ်သမျှ၊ သိသမျှ နည်းပညာအကြောင်းအရာဝက်ဆိုဒ် တွေကို လဲမျှော်လင့်စောင့်စားနေတယ်ကွ…း)
မင်္ဂလာနှစ်သစ်မှာ တယ်ရင်းလေးလဲ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ နာဆုတောင်းပေး လိုက်တယ်နော်…း) နှစ်ဆန်းတစ်ရက်နေ့မှာ ဘလော့စဖွင့်မဲ့ ကိုညိမ်းညိုကိုလဲ ဘလော့ရပ်ဝန်းကနေကြိုဆိုပါတယ်လို့
ပြောလိုက်ဦးဝေး…း)
အမှတ်တရပုံလေးတွေအားလုံးကိုလဲ အမှတ်တရ ကြည့်သွားပါကြောင်း…:P
နင့်ဒီဇိုင်းကတော့လေ ဟိ ပန်းပန်းပြောသလိုပဲကွ…:P
Like or Dislike:
0
0
ဟား…ဟား….ဟား… ပျောက်နေပါတယ် လို့ကြည့်နေတာ..
သူတို့က လျှောက်လည်နေတာကိုး….ကောင်းပေစွ….
Like or Dislike:
0
0
big blogger brothers……..
brilliant!!!
Like or Dislike:
0
0
ဝေးး ဆိုင်ဒ်တစ်မ ရိုက်ချလို့ တောင်မကျဘူး ဗျ ဂွတ်ဂွတ် အားလုံးကြည့်ကောင်းတယ် သေချာမမြင်ရလို့  ဟီးး စတာ စတာ အင်္ကျီအဖြူနဲ့  ပဲအများဆုံးအစ်ကိုကြီး အပဲဆိုး အဲ မှားးးးးးးးလို့  အချောဆုံးပြောတား) အားကျတယ် စုစုစည်းစည်းနဲ့ ပျော်စရာကြီးးးးးးးးးးးး။
Like or Dislike:
0
0
တကယ့်ကို အမှတ်တရ လေးပါပဲ။
Like or Dislike:
0
0
hey, actually i really dunno what to comment…humm, u guys look great…Mr. BlackDream, Here is my advice for you >>> Don’t smoke too much, look at urself, u look damn old now…
Happy New Year , my homie ..!!
phway
Like or Dislike:
0
0
မောင်မောင်ဂေါ်မစွံတွေကို လာရှိုးသွားတယ်နော်… ဒီရုပ်ကြီးတွေကို မှတ်မိအောင် သေချာရှိုးသွားတယ်… သင်္ကြန်တွင်းမို့ အားလုံးကို ရေလောင်းသွားတယ်… ပြီးတော့ အိုးမဲပါသုတ်သွားတယ်ဗျို့… ဟိ ဟိ… ၀က်ဆိုဒ်အောင်မြင်ပါစေလို့ မမဆုတောင်းပေးလိုက်ပါတယ်နော်…
Like or Dislike:
0
0
အဟင့်
ပြန်လာတာမောပါတယ်ဆို
အမောစို့အောင် လုပ်တယ်……… တော်တော်ချိုးဒယ်
ချောကလက်လေးတွေတန်းစီ…..
ပြီးတော့ ရောင်းစားပစ်မယ် … မကြိုက်လို့ ခါးချို ခါးချိုနဲ့ ( ဟတ်ဟတ် )
ပိုက်ပိုက်ပျက်နေတာနဲ့အတော်ပဲ ………… ငှင်းငှင်းငှင်း
နှင်းပွင့်ဖြူလေး
)
( ဂျီတော့လ် အကောင့်မှားသွားလို့ ၊ မပြင်တော့ဘူး
Like or Dislike:
0
0
ပျော်စရာကြီး ဓာတ်ပုံတွေ ကြည့်ရတာ။ ကွန်မန့် မပေးဘူးဆိုပြီး ပေးလိုက်အုံးမယ်။ မော်ဒယ်ရှိုးဆိုလို့ အပြေးလာတာ…လူတွေ ကြေညာနေတယ်။ တစ်ယောက်ဝယ်ရင် တစ်ယောက်အလကားရတယ်တဲ့ အဟဲ…ဈေးလည်းလျှော့ပေးမယ်တဲ့*သင်္ကြန်အကျ “discount”ဆိုပဲ…စိတ်ဝင်စားတဲ့သူများ
ဟီးဟီး
အမြန်ဆက်သွယ်ပါ။ [PH]:၁၈၀၀ ၂၃၂ ၅၂၉၀
Like or Dislike:
0
0
ဓါတ်ပုံလေးတွေက တော်တော်လေးကို သဘာဝကျတယ် နောက်ရိုက်ရင် မီးမီးလေးကိုလဲခေါ်နော် မီးမီးလေးလဲ ရိုက်ချင်တယ်။ ဓါတ်ပုံက လှတာမလှတာ အဓိကမဟုတ်ဘူး စတိုင်းလေးက အဓိကပါ ဟိဟိ မေမိုးရိုက်ရင် စတိုင် လေးကို အတုခိုးလိုက်ပါဦးမယ် ဟဲဟဲ ပျော်ရွှင်သောနှစ်သစ် ဖြစ်ပါစေ။
Like or Dislike:
0
0
ဝိုး.. လူချောတွေချည်းပဲဟ..
ဘယ်တယောက်က မဟူရာအိပ်မက်တုန်း.. ပုံထဲမှာ နာ့ထက် ချောတာဆိုတာ နာမပါတာ တော်တော်ဆိုးတာပဲ ဟိ
ပုံတွေက တကယ့်ကို စတိုင်တွေ မိုက်နေတယ်.. ကောင်မလေးများ သတိထား
မင်္ဂလာနှစ်သစ်ပါ ညီအကိုတို့ရေ.. ဂွတ်လပ်
Like or Dislike:
0
0
တစ်ယောက်တစ်မျိုးဆီ
စတိုင်တွေ မလိုင်တွေနဲ့ပါလား
ဂေါ်မစွံတွေ ဟုတ်ပါ့မလား
စွံတယ်လို့ကြားတယ်နော် မျက်စိ မျက်စိ.
ရသအစုံပေးမယ့် ၀ဒ်ဆိုဒ်လည်း
အမြန်ဆုံး အကောင်အထည်ဖော်
အောင်မြင်နိုင်ပါစေနော်..
အားလုံးကို နှစ်သစ်နဲ့အတူ
အတာရေ အေးအေးလေး လောင်းပါတယ်
အေးချမ်းကြပါစေ..
ပန်းပန်းကပြောတယ် စတိုင်တွေလန်းတယ်ဆိုလား
လန်းမှာပေါ့နော် အနောက်ရေပန်းကရေတွေ
တောက်ထားကြလို့
ရေပန်းတောင်ရေမထွက်တော့ဘူးလေ ဟက်ဟက်
Like or Dislike:
0
0
အမှတ်တရပေါ့ … အဆင်ပြေကြပါစေဗျာ ..။
Like or Dislike:
0
0
တတိယ ပုံမှာ ခင်ဗျားကို ခင်ဗျားညီမ အမှတ်နဲ့ ကြိတ်ဖက် ထားတာ ဘူကြီးလဲ ဗျ။
Like or Dislike:
0
0
Moscow MBS eh? =)
Like or Dislike:
0
0
Wow! ခုနစ်ယောက်တန်းစီပြီး ထိုင်နေတဲ့ပုံလေးကြည့်ပြီးတော့ အငဲရဲ့ ခုနစ်ထွေအကကို သတိရသွားတယ်ဗျာ. ဟတ်ဟတ်. ကို BlackDream က ဘယ်နားမှာလဲ.
Like or Dislike:
0
0
အောက်မှာ ဘာလို. ဆုငွေ ဘာညာဆိုပြီး မပါတာလည်း။။။
Like or Dislike:
0
0
ဂေါ်မစွံ ဘလော့ဂ်တွေကိုး ဟ ဟ ။ မိုက်သကွ ပုံတွေက ။
ငါမလိုက်နိုင်လိုက်ဘူးကွ မဟုတ်ရင် ပိုပျော်ဖို့ ကောင်းမှာ ။း)
Like or Dislike:
0
0
အဲဒါ Model တွေလား Blogger တွေလားကွ ဟေ.
အကုန် ချောတယ် ပြန်လာရင် မုန့်ဝယ် လာခဲ့ကြ ကြားလား
Like or Dislike:
0
0