• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ကျွန်တော်နှင့် သူမ

    April 9 , 2008 | 544 views
    နိဒါန်း

    ဘုရားသခင်သည် လူသားတို့ အကျိုးငှာ လောကအား “အချစ်” ဆိုသောအရာဖြင့် ကြိမ်စာတိုက်ခဲ့ လေသည်။

    အခန်း (၁)

    “အကောင်းဆုံး မျက်လှည့်ပြပွဲတစ်ခုကို
    သင်ကြည့်ချင်တယ်ဆိုရင်
    လောကထဲကို ခြေစုံပစ် ၀င်လိုက်ပါ”
    BLACK DREAM


    ကျွန်တော်နှင့်သူမ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် ကျွန်တော်တို့ စိတ်ကြိုက်ဒီဇိုင်း မရသေးသောကြောင့် အသည်း အသန်လိုက်ရှာနေကြပါတယ်..။
    “ ဒီဆိုင်လည်း အလာကားပဲ နာမည်သာကြီးတာ… ဖိတ်စာပုံစံတွေက သိပ်ရိုးတာပဲ” ဟုသူမကညည်းငြူရင်း ပြောပါတယ်..။
    “အာ… “ငယ်” ကလည်းကွာ ဘာဖြစ်လဲ ဆိုင်တွေအများကြီးရှိပါသေးတယ်…ဘာလဲစိတ်ဓာတ်ကျနေ ပြီလား? ဒီအချိန်က စိတ်ဓာတ်ကျရမဲ့ အချိန်မဟုတ်ဘူးလေ..ပျော်နေရမယ့်အချိန်ကြီးကို…” ဟု ကျွန်တော်က ပြုံးပြီး ပြန်ပြောလိုက်ပါတယ်…။
    “အေးပါ အတူးရယ် စိတ်ဓာတ်ကြလို့မဟုတ်ပါဘူး စိတ်ပူနေတာ လိုချင်တဲ့ပုံစံမျိုးမရမှာစိုးလို့ပါ..” ဟု သူမက ပြန်ပြောပါတယ်..။
    “ဟား..ဟား..ဒီလောက်တောင်ပဲလား ရင်တွေခုန်နေတယ်ပေါ့” လို့ကျွန်တော်နောက်လိုက်တော့ သူမက ရှက်ပြီးကွန်တော့်ကို လိုက်ရိုက်ပါတော့တယ်…။
    “ဟ..ဟ မလုပ်နဲ့…အာ… ဒီအချိန်မြို့ထဲမှာ ကားဒီလောက်ရှုပ်တာ တိုက်ကုန်လို့ မင်္ဂလာမဆောင်လိုက်ရပဲနေ အုံးမယ်…ဟား..ဟား”
    “ဟင်..အတူး နင်ဘာဖြစ်နေတာလဲ…ပြောလေဆိုးလေပါလား..ကဲဟယ်..ကဲဟယ်”
    သူမကရှက်ရမ်းရမ်းနေပေမယ့် တော်တော်လေးကို ရင်ခုန်ပျော်ရွှင်နေကြောင်းကို သူမရဲ့ မျက်နှာနဲ့ အပြုံးတွေ ကို အကောင်းဆုံး အဓိပ္ပါယ် ဖော်တတ်တဲ့ ကျွန်တော် ကောင်းကောင်းသိနေခဲ့ပါတယ်…။
    “ငါလည်းပျော်ပါတယ်ဟာ….” လို့ ကျွန်တော်သူမကိုကြည့်ရင်း စိတ်ထဲကပဲ ပြောနေမိပါတယ်…။

    အခန်း (၂)

    “မနေ့ညက ငါ.. ငါ့အိပ်မက်တွေကို
    အဆိပ်ခပ် သတ်လိုက်တယ်….
    နောက်နေ့မနက်မှာတော့ ငါလည်း သေဆုံးသွားခဲ့တယ်…”
    BLACK DREAM

    ကျွန်တော်တို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်သိပ်ကိုချစ်ကြပါတယ်……။ တစ်ယောက်နဲ့ တစ် ယောက် အကောင်းဆုံး နားလည်ပေးနိုင်သူများ လည်းဖြစ်ပါတယ်….။ ကျွန်တော်သူမရဲ့ အပြုံးတွေနဲ့ မျက်ဝန်း တွေကို အကောင်းဆုံး ဘာသာပြန်နိုင်ခဲ့သလို….။ ကျွန်တော့်ရဲ့ အလုံးစုံသော ခံစားချက်များနဲ့ ဖုံးကွယ်မှုများရဲ့ တစ်နေရာတည်းသော ဖြောင့်ချက်ပေးရာ နေရာဟာလည်း သူမရဲ့ ရှေ့မှောက်၌သာဖြစ်ခဲ့ပါတယ်..။ ကျွန်တော် တစ်ခြားသူကိုသာ ဖုံးကွယ်လို့ရရင်ရမယ် သူမကိုတော့ ဘယ်လိုမှကို ဖုံးကွယ်လို့မရခဲ့တာ သူမနဲ့ ကျွန်တော် စတင်ဆုံတွေ့ ကတည်းကပါပဲ…..။ သူမနဲ့ ကျွန်တော် အတူဖြတ်သန်းခဲ့ကြတဲ့ နံနက်ခင်းတွေမှာ ပန်းပေါင်းစုံရဲ့ သင်းပျံ့တဲ့ရနံ့တွေဟာ တစ်လောကလုံးကို သင်းကြိုင်စေပါတယ်။ သူမနဲ့အတူရှိခဲ့တဲ့ ညနေခင်းတွေဟာလည်း နူးညံ့အေးမြတဲ့ လေပြေလေညှင်းတွေနဲ့အတူ ကျွန်တော်တို့တွေရဲ့ ဘ၀တွေတွေကိုအေးမြစေခဲ့ပါတယ်…….။ ယူကလစ်ပင်တွေ တန်းစီပြီးပေါက်နေတဲ့ အဲဒီ့လမ်းလေးမှာ သူမနဲ့အတူ လမ်းလျောက်ရတဲ့အခါ ကျွန်တော့် ခြေလှမ်းတွေ အရမ်းကို ဘ၀င်မြင့်လေ့ရှိပါတယ်…။ ကျွန်တော်ဂစ်တာတီးတဲ့အခါ သူမရဲ့နှုတ်ခမ်းတွေမှာ သံစဉ် တွေ ပွင့်ဖူးပါတယ်…..။ ကျွန်တော်ရေးတဲ့ ကဗျာတွေတိုင်းမှာလည်း သူမဟာ စကားလုံးတွေ အဖြစ်ပါဝင်လေ့ရှိ ပါတယ်…….။ သူမရဲ့ အကြည့်တိုင်းမှာ ကျွန်တော့်ရဲ့ အနာဂတ်တွေ အားသစ်လောင်းပါတယ်..။ ဟုတ်တယ်…။ သူမရဲ့ သင်းပျံ့တဲ့ ကိုယ်သင်းနံ့လေးတွေ မရနိုင်တော့တဲ့နေ့မှာ ကျွန်တော်သေဆုံးသွားနိုင်ပါတယ်………….။ ကျွန်တော် ၀န်ခံပါတယ်..။ ကျွန်တော်သူမကို အရမ်းမြတ်နိုးပါတယ်။

    အခန်း (၃)

    “သေချာတာ တစ်ခုတော့ရှိတယ်
    အဲဒါ…
    အရာရာတိုင်းမှာ “ဒါပေမယ့်” ဆိုတာရှိတယ်”
    BLACK DREAM

    “ငယ်… မင်္ဂလာဆောင်အတွက် အစီအစဉ်တွေကတော့ အားလုံးပြီးပြီ ဘာမှစိတ်မပူနဲ့တော့..။ မင်္ဂလာဆောင် ကလည်း နောက်တစ်ပတ်မှဆိုတော့ အားလုံးအချိန်မှီတယ်..ကွက်တိပဲ” ဟု ကျွန်တော် သူကို ပြုံးပြီးပြောပြလိုက် ပါတယ်…။
    “အေးဟယ်..အတူးရယ်…။ နင်လည်းတော်တော်ပင်ပန်းသွားမှာပဲနော်…။” ဟုသူမက ဂရုဏာသက်စွာ ဖြင့်ပြော ပါတယ်…။
    “အာ..ငယ်ကလည်း..မဟုတ်တာ..ဒါမောစရာ ပင်ပန်းစရာလား….ဒီအချိန်ထက်ပျော်ဖို့ကောင်းတာ ဘယ်အချိန် ရှိအုံးမှာလည်း…။ နောက်ပြီး အတူးတစ်ယောက်ထဲလုပ်နေတာမှ မဟုတ်တာ..ငယ်လည်း ပါတာပဲကို…။ မဟုတ် ဖူးလား…?”
    “ဟုတ်တော့ ဟုတ်တာပေါ့ အတူးရယ်…ဒါပေမယ့်”
    “ကဲ..ဘာမှပြောမနေနဲ့တော့ အတူးလည်းပြန်တော့မယ်..။ မနက်ဖြန်ဆို ကိုမြင့်ပြန်ရောက်မှာမလား? စောစော အိပ်တော့ သူ့ကို သွားကြိုရအုံးမှာ…။ ကိုမြင့်ကြီးကတော့ ငါ့ကိုတော်တော်ကျေးဇူးတင်နေမှာ သေချာတယ်..။ နောက်မှ ဒီလူကြီးကို ကောင်းကောင်းနှိပ်စက်ရမယ်…။ ဟဲ..ဟဲ။ ကဲပြန်ပြီ.. မနက်ဖြန်မှတွေ့မယ်…။ လေယာဉ် ကွင်းသွားဖို့ ငါလာကြိုမယ်”
    ကျွန်တော်လည်း ပြောပြောဆိုဆိုနဲ့ ပြန်ဖို့အတွက် ပြင်လိုက်ပါတယ်…။
    “အတူး….”
    “ဟင်..? ဘာလဲ..? ပြောလေ…”

    အခန်း (၄)

    “ဒီလမ်းကို ငါ မျှော်လင့်ချက်တစ်ခု
    အခွင့်အရေးတစ်ခုအတွက် လျှောက်ခဲ့တာ မဟုတ်ဘူး…
    ဒီလမ်းကို လျှောက်နေရရင် ငါကိုယ်တိုင်ကိုက ပျော်နေခဲ့တာလေ….။”
    BLACK DREAM


    ငါသိတယ်…။ မပြောနဲ့…။ ငါမျှော်လင့်သမျှ နင့်ရင်ဘတ်က ပြောမဲ့ ကာရံတွေပဲ ကြားချင်တယ်။ မပြောနဲ့ ငါ့ကို နှုတ်ခမ်းဖျားနဲ့ မပြောနဲ့…။ သေချာတယ်ဆိုရင် ငါ့မျက်လုံးကို သေသေချာချာကြည့် င့ါဘ၀ကို ထိအောင် တစ် ခါ တည်းပြော..။ ဟန်ဆောင်မှုတွေကို ငါမုန်းတယ်…..။ မျှော်လင့်ချက်တွေကို မုန်းတယ်..။ မခေါ်ပဲလာ မနှင်ပဲ ပြန်တတ်တဲ့ ဒီလောကရဲ့ နိယာမတွေကို ငါမုန်းတယ်..။ နောက်ဆုံး..။ စကားလုံးတွေကို ငါမုန်းတယ်…။ “နေ” ဆိုတာ ထွက်ပြီးရင် ပြန်ဝင်မှာပဲ။ ဒါပေမယ့် “နေ” ထွက်လာတာဟာ ပြန်ဝင်ဖို့တစ်ခုတည်းအတွက် မဟုတ်ဘူး ဆိုတာတော့ငါသိတယ်..။ ငါ့နောက်ကျောကိုပဲကြည့်……။ ငါ့မျက်ဝန်းတွေကို နင်မမြင်ချင်နဲ့..။ ငါ့မျက်ဝန်းထဲမှာ ငါ့အိပ်မက်တွေ ငွေ့ရည်ဖွဲ့နေတယ်………။ မကြာခင် ဆုံးရှုံးမှုတွေအဖြစ် ငါ့တစ်ဘ၀လုံး မစဲအောင်ရွာသွန်းကြ တော့မယ်…။ ကျောခိုင်းလိုက်တိုင်း စွန့်ခွာသွားတယ်လို့မထင်ပါနဲ့…။ ငါပျော်ရင် နင်ပျော်တယ်ဆို………….? အခုငါ…….။ နင်ရော…….? ထားလိုက်ပါလေ လူတွေ ပြောနေကြသလိုပေါ့…။ အိပ်မက်ဆိုတာ အိပ်ရာကနိုးရင် ကွယ်ပျောက်သွားတတ်တယ်လို့ပဲ ထားလိုက်ပါတော့..။ တကယ်ဆို ငါကိုကမိုက်တာပါ…….။ ငါ့အိပ်မက်တွေနဲ့ ကဗျာတွေရက်ခဲ့တာကိုး….။

    အခန်း (၅)

    “ငါ့မင်္ဂလာဆောင်ကြရင်တော့ နင်လာဖြစ်အောင် လာပါနော်…”

    “အေးပါ ဂျူးငယ်ရယ်…ငါလာဖြစ်အောင်လာပါ့မယ်….။”

    နိဂုံး

    ဘုရားသခင်သည် လူသားတို့ အကျိုးငှာ လောကအား “အချစ်” ဆိုသောအရာဖြင့် ကြိမ်စာတိုက်ခဲ့ လေသည်။

    Cateogry : Essay , Personal

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    31 Responses to “ကျွန်တော်နှင့် သူမ”

    1. Set thar lote BlackDream yay..,

      Your IQ is so high and I cant barely to reach it. But it is good to read your Post as it’s simply UNIQUE.

      Keep Roll on, Baby..,

      Soe Mya Nandar Thet Lwin

      Like or Dislike: Thumb up 0 Thumb down 0

    2. သူများကောင်းစားတယ်ဆိုပြီးကြည့်လိုက်ပါ..ကုသိုလ်ယူလိုက်ဗျာ..

      Like or Dislike: Thumb up 0 Thumb down 0

    3. ပထမတော့ ကိုယ်ပါမှားပြီး အတူးနေရာမှာဝင် ပျော်မိတယ် နောက်တော့မှ သူက ငယ်သူငယ် ချင်းချစ်သူလေးကို သူများလက်ထဲ ထည့်ဖို့ ကူညီ နေတာကိုး စာရေးသူရဲ့ ရေးသားချက်လေး ကတော့ စာတပိုဒ် ချင်းမှာ ခံစားချက် တခုခြင်း ဆီပေးသွားတယ် အရမ်းကောင်းပါတယ်ဗျာ…

      Like or Dislike: Thumb up 0 Thumb down 0

    4. တစ်ပိုဒ်ကို တစ်မျိုးစီနဲ့ တော်တော်လေးကောင်းတယ် အစ်ကိုရေ။ အစိမ်းရောင်နဲ့ရေးထားတဲ့ စာတွေထဲက
      “သေချာတာ တစ်ခုတော့ရှိတယ်
      အဲဒါ…
      အရာရာတိုင်းမှာ “ဒါပေမယ့်” ဆိုတာရှိတယ်”
      ဆိုတဲ့ တစ်ပိုဒ်ကိုတော့ အကြိုက်ဆုံးပဲ။

      Like or Dislike: Thumb up 0 Thumb down 0

    5. စာအေ၇းအသားတွေကောင်းတယ်နော် မိုက်တာ စာလေးတွေက တကယ့်အဖြစ်အပျက်လိုပဲနော် အပြင်မှာ ကောရှိလား ဖတ်ရင်းဖတ်ရင်းနဲ ဇာတ်ထဲကို မျှောသွား သိလိုပဲနော် အားပေးတယ်

      Like or Dislike: Thumb up 0 Thumb down 0

    6. အတွေးတွေ အရေးတွေ ကောင်းလှချည်လား ညီလေးရး-)

      Like or Dislike: Thumb up 0 Thumb down 0

    7. ဖြစ်တက်ပါတယ်လို. လူတိုင်းပြောတက်ပေမယ်.
      ဖြစ်တက်ပါတယ် က ဖြစ်လာတဲ.အချိန် ဘယ်လိုရင်ဆိုင်ရမလည်း လူတိုင်းမသိကျဘူး…
      ကောင်းတယ်ကွာ….
      ရင်ဆိုင်ဖို. အင်အားတွေ ရှာဖို. အကြံပေးလိုက်သလိုပဲ ..
      ဖတ်ရင်း ဖြစ်လာမှာကိုကြောက်သွားတယ်…

      Like or Dislike: Thumb up 0 Thumb down 0

    8. ပို့ စ်တစ်ပုဒ်လုံးကိုကြိုက်တယ် အစိမ်းရောင်နဲ့ ရေးထားတဲ့စာသားလေးတွေ အရမ်းကောင်းတယ် ကူးသွားပြီး လိုတဲ့နေရာမှာသုံးမလို့ :P

      Like or Dislike: Thumb up 0 Thumb down 0

    9. စကားလုံးတွေ နဲ့ ပြောပြလို့ မရပေမယ့် ရင်ထဲမှာ ခံစားနေရတဲ့ အတူးတစ်ယောက် အိပ်မက်တွေကို
      ကဗျာရက် ခဲ့တယ် .. ၊ အားပေးလျှက်ပါ သူငယ်ချင်း ။

      Like or Dislike: Thumb up 0 Thumb down 0

    10. (၁) အကောင်းဆုံးမျက်လှည့်ပြပွဲတစ်ခုကိုငါလဲ
      ကြည့်ချင်လို့လောကထဲကို ခြေစုံပစ် ၀င်လာတယ်ကွ…း)

      (၂) သူမရဲ့ သင်းပျံ့တဲ့ ကိုယ်သင်းနံ့လေးတွေ မရနိုင်တော့တဲ့နေ့မှာ ကျွန်တော်သေဆုံးသွားနိုင်ပါတယ်ဆိုပါလားကွ …ထိလောက်တယ်နော် သယ်ရင်းရေ အဲကောင်မလေးတော့ ဟိဟိ…း)

      (၃) ဟုတ်တယ်ကွာ အရာရာတိုင်းမှာ ဒါပေမယ့်ဆိုတာရှိလို့ပေါ့ကွာငါတို့တွေလဲ……..အဟက်ဟက်…း)

      (၄) ဒီလမ်းကိုလျှောက်ရင်ပျော်တယ်ဆိုတော့လည်း ဆက်လျှောက်ပေါ့သယ်ရင်းရာ ကိုယ်တိုင်ကကျေနပ်နေတယ်ဆိုရင်ပေါ့နော်…း)

      (၅) တကယ်ကောမင်္ဂလာဆောင်ဖြစ်သွားပီလားကွ ဂျုးငယ်က…း)

      နိဂုံး…
      ဘုရားသခင်က လူသားတို့ အကျိုးငှာ လောကအား “အချစ်” ဆိုသောအရာဖြင့် ကြိမ်စာတိုက်ခဲ့တယ်ဆိုတာတော့ မဟုတ်လောက်ပါဘူးကွ …လူတွေလက်ခံတဲ့အယူအဆတွေလွဲမှားနေကြတာပါကွ…
      ဟုတ်တယ်ဟုတ်…လျှာရှည်ကြည့်တာနော် …သယ်ရင်းအတွေးတွေကတော့ တကယ်ဂွတ်ထပဲကွ ..အဆင်ပြေပါစေကွာ…း)

      Like or Dislike: Thumb up 0 Thumb down 0

    11. အယ် အတူးက အဖြည့်ခံကြီးလား ဆိုးပါ့….
      နောက်တစ်ခါ အဲလို မရေးနဲ့
      အတူးက အားကျမခံ နောက်တစ်ယောက် ယူတယ်လို့ရေး
      ဟီး

      Like or Dislike: Thumb up 0 Thumb down 0

    12. ညီလေး ရေ နောက်ကျသွားတယ် …
      ဒါပေမယ့် သေချာ ဖတ်ရှု ခံစား သွားပါတယ် …
      တစ်ခုခု ကို နားလည်နေသလိုပဲ …
      အဆင်ပြေပါစေ …

      Like or Dislike: Thumb up 0 Thumb down 0

    13. မသိပါဘူး အတူးကများ သတိုးသားများလာလို့ နောက်ဆုံး သတိုးသားလောင်းတောင် မဖြစ်ဘူး
      ဟီးဟီး အားကျမခံ တစ်ယောက်နဲ့တွဲပြလိုက်

      Like or Dislike: Thumb up 0 Thumb down 0

    14. သယ်ချင်းက အရေးအသား တယ်မိုက်ပါလား….
      အတူးလေးက တော်တော်ခံနိုင်ရည်ရှိတယ်နော်
      အချစ်ဆိုသာပေးဆပ်ခြင်းဆိုတာကို အတူးက သက်သေခံသွားတယ် ။

      Like or Dislike: Thumb up 0 Thumb down 0

    15. “သေချာတာ တစ်ခုတော့ရှိတယ်
      အဲဒါ…
      အရာရာတိုင်းမှာ “ဒါပေမယ့်” ဆိုတာရှိတယ်”
      BLACK DREAM
      ကောင်းလိုက်တာ
      ကြိုက်တယ်
      “ဒီလမ်းကို ငါ မျှော်လင့်ချက်တစ်ခု
      အခွင့်အရေးတစ်ခုအတွက် လျှောက်ခဲ့တာ မဟုတ်ဘူး…
      ဒီလမ်းကို လျှောက်နေရရင် ငါကိုယ်တိုင်ကိုက ပျော်နေခဲ့တာလေ….။”
      BLACK DREAM
      ပိုကြိုက်ဆုံးပဲ
      နင်တော်တယ်ကွာ
      တစ်ပိုဒ်ချင်းစီကို
      အဓိပ္ပာယ်ဖော်သွားတယ်

      သူငယ်ချင်းရယ်
      အဖြည့်ခံဆိုပေမယ့်
      ကောင်းပါတယ်ကွာ
      သူစိတ်ချမ်းသာအောင်ထားတာပဲ
      ဆက်ရေးပါကွာ

      Like or Dislike: Thumb up 0 Thumb down 0

    16. ဘာရေးရမလဲလို့ စဉ်းစားစရာ မလိုဘူးဆိုရင် ဝေဖန်ခဲ့မယ်နော်…ရိုးရိုးလေးပဲ… အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးတဲ့။ သေချာတာ တစ်ခုက အရာရာတိုင်းမှာ “ဒါပေမယ့်” ဆိုတာရှိတယ်။ အဲလိုပဲ အချစ်ဆိုတာလည်း ဘုရားသခင်က ချီးမြှောက်ခဲ့တဲ့ “ဒါပေမယ့်” တစ်ခုပေါ့။ ဒီဇာတ်လမ်းမှာ ဘယ်သူကို သနားရမလဲ မသိဘူး။ ရေးချင်လို့ ရေးတာကို၊ ဖတ်ချင်တဲ့သူက ဖတ်ပြီး…ရသတွေ မြောက်နေတယ်။ မျှဝေခံစားဖို့ ရင်ဘတ်ထဲက အဲဒီလိုခဏခဏထွက်ကျဖို့လိုတယ်။ ဒါမှလည်း “ဂျူးငယ်” ကြားမှာပေါ့။ များများ ရေးနိုင်ပါစေ။ “ဒါပေမယ့်” ဟိုတစ်ပုဒ်လို “အပေးအယူ”တွေတော့ မလုပ်နဲ့အုံး။ အဟဲ။

      Like or Dislike: Thumb up 0 Thumb down 0

    17. အစ်ကိုကျွန်တော်ဒီပိုစ်လေးကိုဖတ်ပြီးမနေနိုင်ဘူးဗျာ။ ဒီလိုအချိန်မှာဒီလိုစာဖတ်လိုက်ရတော့ ကျွန်တော်ရင်ထဲအရမ်းမကောင်းဘူးဗျာ။ ကျွန်တော်ဒီအချိန်မှာစိတ်မခိုင်ဘူးဗျ။ ဘာပဲပြောပြောအရမ်းကောင်းပါတယ် အစ်ကို လေးစားပါတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    18. မနေ့ကစတင်ကတည်းက လာဖတ်ပြီးသားပါ
      ဆရာBlack ရယ်……….
      ငါ အလုပ်ကနေဖတ်လို့ comment ရေးမသွားတာပါဟ
      မင်းသားကလည်း စိတ်ကြီးတာကွာ……
      ကဲ…. comment ရေးပြီဟေ့…….
      မျက်လှည့်ပြတဲ့ စာရေးဆရာတော့ ချီးကျူးတယ်ဟေ့
      ငါတောင် ဖတ်ရင်းနဲ့ နည်းနည်းကြောင်သွားတယ် ဘာဖြစ်တာလဲလို့…… နောက်မှ မောင်တူးက အရန်လူကိုးကွ…….. ငါတော့အဲဒီ ဘ၀ကို လုံးဝမကြိုက်
      ဒါပေမယ့် အရင်းနှီးဆုံး သူငယ်ချင်းတယောက် အဲဒီလို ဖြစ်ခဲ့တာတော့ ငါတွေ့မို့ လက်ခံတယ်ဟေ့ အတော်ဆိုးတဲ့ ဘ၀ပါကွာ….မြုံစိ…မြုံစိနဲ့….
      ဒီလိုကောင်တွေကို ကောင်မလေးတချို့က သိသိကြီးနဲ့ အသုံးချတာပါကွာ……..

      Like or Dislike: Thumb up 0 Thumb down 0

    19. အရေးအသားကတော့ စံပဲဟေ့ .. အားရတယ်ဗျာ ..
      ဒါမျိုးတွေမဖတ်ရတာကြာပြီ …
      အားပေးနေပါတယ် .. ;-)

      Like or Dislike: Thumb up 0 Thumb down 0

    20. ကျောခိုင်းလိုက်တိုင်း စွန့်ခွာသွားတယ်လို့မထင်ပါနဲ့…။

      ထပ်လာဖတ်တယ် ဗျာ ကြိုက်လွန်းလို့ :D

      Like or Dislike: Thumb up 0 Thumb down 0

    21. မအားလို.ခုမှလာရေးရတာတော့ခွင့်လွှတ်သယ်
      ရင်းရေ…အိမ်မက်တွေဟာ အိပ်ရာကနိုးရင်
      ပျောက်ကွယ်သွားတတ်ပေမဲ့ မက်နေဆဲမှာ
      ခံစားနေရတာကတော့ တကယ့်ကိုအစစ်အမှန်
      ပါပဲ။အတူးနေရာမှာခံစားကြည့်လိုက်တာ အတူး
      ဖြစ်ဖို.မလွယ်ဘူး။ချစ်သူကိုချစ်ကြပုံချင်းကွာ
      ကြတယ်ထင်ပါရဲ့နော်။

      Like or Dislike: Thumb up 0 Thumb down 0

    22. it is simply touching

      Like or Dislike: Thumb up 0 Thumb down 0

    23. ur post have really touched my heart. good job. I also thinking of writing short nobles or noble but somehow i am not good enough like u do. I really appreciate it and envy you for writing such a good word. I really really really appreciate ur arts. i couldn’t explain how envy i am to u. :)

      Like or Dislike: Thumb up 0 Thumb down 0

    24. ဒီလိုပါဘဲအချစ်ဆိုတာ……
      ပိုင်ဆိုင်ဖို့တခုတည်းမှမဟုတ်တာ
      အဓိကကချစ်နေဖို့ပဲလေ………..
      မပြာင်းလဲဘဲသက်ဆုံးတိုင်ချစ်နေဖို့
      ဆိုတာလဲမလွယ်ဘူး…………….
      တကယ့်အချစ်စစ်မှာရယူခြင်းတွေ
      ဆုံးရှုံးခြင်းတွေမရှိဘူး…………….
      အချစ်မှာအချစ်သက်သက်ပဲရှိတယ်………..

      Like or Dislike: Thumb up 0 Thumb down 0

    25. တကယ်သဘောကျတယ်။စကားလုံး အသုံးအနှုန်းတွေက တကယ်ထိမိတယ်။ ကြွေတယ်ကွာ……ဆက်ပြီး ဒီလို အရေးအသားတွေကို မျှော်နေမယ်နော်။ ကျေးဇူး အခုလို အရေးအသားကောင်းတွေ ဖတ်လိုက်ရလို့။

      Like or Dislike: Thumb up 0 Thumb down 0

    26. “” SHE LOVES HIM MORE THAN ANYTHING IN THIS WHOLE WORLD “”

      DOES ANY BODY CARE!

      J.NGE

      Like or Dislike: Thumb up 0 Thumb down 0

    27. blackdream ရေ အလုပ်တွေများနေတဲ့ကြားက ဒီဇာတ်လမ်းလေးကို မရအရ ပြီးအောင် ဖတ်သွားပါတယ်။ စဖတ်ကတည်းက ဘာကြောင့်မှန်းမသိဘဲ တစ်ခုခုဖြစ်တော့မလားဆိုတဲ့ စိတ်နဲ့ ဖတ်နေမိခဲ့တယ်။ “ငါ့အိပ်မက်တွေနဲ့ ကဗျာတွေရက်ခဲ့တာကိုး…”တဲ့။ အစကနေအဆုံး စာဖတ်သူကို ဆွဲခေါ်သွားပုံတွေ အဖွဲ့အနွဲ့တွေကတော့ blackdream ရဲ့ထုံးစံအတိုင်း ဘာမှပြောစရာ မရှိအောင် ကောင်းတယ် မောင်လေးရေ…

      Like or Dislike: Thumb up 0 Thumb down 0

    28. တကယ်အဖြစ်အပျက်လေးတခုရှိခဲ့သူတဦးအနေနဲ့တော့ .. ရှင် ရေးတဲ့အရာတွေအားလုံးဟာ တိုက်ဆိုင်နေပါတယ်..
      ဒါပေမဲ့ ဒီ ..တခုကတော့အတိုက်ဆိုင်ဆုံးပဲမို့
      ကျွန်မ မျက်ရည်လည်ခဲ့ရတဲ့ဒီည ..
      ဘာအလျှော်ပြန်ပေးမလဲ..
      ဘဝဟာ အငိုမျက်လုံးတွေကို ဖုံးဖို့ 
      အားတင်းပြီး ပြုံးနေရတဲ့ သံတမန်။..

      တကယ့်အဖြစ်အပျက်တွေဟာ.. အရာရာတိုင်းမှာတိုက်ဆိုင်နေတာပဲနော်..
      ကျေးဇူးအများကြီးတင်ပါတယ်ရှင်..
      ကျွန်မကြိုက်တဲ့စာသားလေးတွေကို ကူးခွင့်ရရင်နည်းနည်းကူးချင်ပါတယ်..

      Like or Dislike: Thumb up 0 Thumb down 0

    29. ဟောဗျာ…. ကျွန်တော်နှင့်သူမ(၁)(၂) ကိုဖတ်ပြီး ရေလည်လန်းသွားတယ်ဗျာ…အမိမြေနဲ့ဝေးလို့ မြန်မာဝတ္တုတွေနဲ့ဝေးနေချိန်မှာ…ခင်ဗျားရဲ့ဇာတ်သိမ်းဟာစုံထောက်ဝတ္တုတွေလို….နောက်ဆုံးမှာ လုပ်ချလိုက်တာပဲ…ဖတ်သူကိုစဉ်းစားစေတဲ့ idea လေးကိုသဘောကျတယ်ဗျာ…

      Like or Dislike: Thumb up 0 Thumb down 0

    30. တကယ်ချစ်တတ်သူတွေရဲ့လောကလေးဟာထာဝစဉ်လှပနေမှာပါ…….

      Like or Dislike: Thumb up 0 Thumb down 0

    31. ဖတ်ပြီးပြီးချင်း နားမလည်ဘူး..
      ကိုလင်းထက်ရဲ့ ကွန်မန့် ဖတ်ပြီးမှ
      ရှင်းတော့တယ်..
      သြော်..တော်တော်ပိန်းတဲ့ ငါ…

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply