ကျွန်တော်နှင့် လမ်းများ
ကျွန်တော်တို့လမ်းပေါင်းများစွာ လျှောက်ခဲ့ဖူးပါတယ်…။ အခုလည်း ကျွန်တော်တို့လမ်းတစ်ခုကို ကိုယ်စီ လျှောက် လှမ်းနေကြပါတယ်..။ ကျွန်တော်တို့ နောက်ထပ်လည်း လမ်းပေါင်းများစွာကို ဆက်လက်လျောက် လှမ်းရဦး မှာဖြစ်ပါတယ်…။ ထိုလျှောက်လှမ်းခဲ့ရသောလမ်းများသည် တစ်ချို့နေရာများတွင် အလွန် ပင်ပန်းခက်ခဲ စွာလျှောက်လှမ်းခဲ့ရပါတယ်..။ တစ်ချို့သောနေရာများတွင်တော့ သာမန်အားစိုက် ထုတ်မှုမျိုးလောက်နဲ့ လျှောက်လှမ်းနိုင်ခဲ့ပါတယ်..။ တစ်ခါတစ်လေမှာတော့ အလွန်သာယာဖို့ကောင်းတဲ့ လမ်းတွေကို ကျွန်တော်တို့မြင်တွေ့ခဲ့ဖူးပါတယ်..။ ကျွန်တော်တို့ တောင်ပေါင်းများစွာလည်းတတ်ခဲ့ဖူးကြ ပါတယ်။ ကုန်းဆင်း တော်တော်များများကိုလည်း အသာတကြည်ပဲ လှိမ့်ဆင်းခဲ့ကြဖူးမှာပါ..။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ပုံစံအမျိုးမျိုးသော လမ်းများကို နည်းမျိုးစုံနဲ့ ဖြတ်သန်းလျှောက်လှမ်း ခဲ့ကြ ခြင်းပါပဲ…။
ကျွန်တော်တို့ လျှောက်လှမ်းခဲ့သောလမ်းများတွင် ဦးတည်ချက်အတိအကျရှိသော လမ်းများလည်းရှိပါတယ်။ မိမိကိုယ်တိုင် ဘယ်ကိုသွားလို့သွားနေမှန်းမသိတဲ့ လမ်းမျိုးတွေကိုလည်း ကြုံခဲ့ဖူးပါတယ်။ တစ်ခါတစ်ရံ မှာတော့လည်း ၀မ်းနည်းဖွယ်ရာပင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ခဲ့ကြဖူးပါတယ်။ ဦးတည်ချက် အတိအကျရှိသော လမ်းတွေကို ကျွန်တော်တို့ လျှောက်လှမ်းစဉ်တုန်းမှာအင်အားတွေ၊ မျှော်လင့်ချက်တွေနဲ့ တက်ကြွလေ့ရှိကြပါတယ်။ ဘယ်ကိုရောက်လို့ ရောက်မယ်မှန်းမသိတဲ့ လမ်းမျိုးကို ကျွန်တော်တို့ လျောက်လှမ်းကြတဲ့ အချိန်မှာတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးတွေဟာ ၀ိုးတ၀ါးနဲ့ ခပ်ရေးရေးသာ ရှင်သန်ခဲ့ကြ ပါတယ်..။ မထင်မှတ်ပဲ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တစ်ခု၊ ဒါမှမဟုတ် ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ လမ်းတစ်ခုရဲ့ ဦးတည်ရာလွဲချော်ခဲ့စဉ်တုန်းကလည်း ကျွန်တော်တို့ ၀မ်းနည်း ကြေကွဲခဲ့ကြဖူးပါတယ်..။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ လျှောက်ခဲ့ကြပါတယ်။ လျှောက်နေကြပါတယ်..။ ကျွန်တော်တို့ ဆက်လျှောက် ကြရအုံးမှာလဲ ဖြစ်ပါတယ်…။
တစ်ခါတစ်လေကြရင် ကျွန်တော်တို့ဟာ ကိုယ်လျှောက်ရမယ့်လမ်းကို ကိုယ်တိုင်ရွေးချယ်ခဲ့ကြပါတယ်။ တစ်ခါတစ်လေတော့ လမ်းတွေက ကျွန်တော်တို့ကိုရွေးချယ်တတ်ကြပါတယ်..။ ဒီလောကရဲ့ လမ်းများတွင် ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ “ကံ” များဖြစ်ပြီး တစ်ခါတစ်လေကြရင် “ကတ္တား” ဖြစ် သွားလေ့ရှိပါတယ်..။ ကျွန်တော်တို့ သတိထားမိလိုက်တာတွေလည်း ရှိခဲ့သလို..။ ကျွန်တော်တို့ သတိမထားမိလိုက်တာတွေလည်း များစွာရှိနိုင်ပါတယ်..။ ကျွန်တော်တို့ အချိန်မှီ ပြင်ဆင်နိုင်ခွင့်ရှိသည်များ ရှိခဲ့သလို..။ ပြင်ဆင်ပိုင်ခွင့် နောက်ကျ ခဲ့ရခြင်း..။ ဆုံးရှုံးခြင်းများကိုလည်း ကြုံတွေ့ကြရဖူးပါတယ်..။ ကျွန်တော်တို့သည် တစ်ခါတစ်ရံတွင် ထိုလမ်းများကို မိမိဆန္ဒအရ လျှောက်ခြင်လို့ လျှောက်ကြပါတယ်။ တစ်ခါတစ်ရံတွင် မလျှောက်ခြင်ပဲ လျှောက် လှမ်းရပါတယ်။ တစ်ခါတစ်ရံမှတော့ တာဝန်နဲ့ ၀တ္တရားအရ လျှောက်လှမ်းရပါတယ်..။ တစ်ခါတစ်ရံမှာတော့ တွန်းအားအမျိုးမျိုးကြောင့် လျှောက်လှမ်းခဲ့ကြရပါတယ်..။
ကျွန်တော်တို့ ထိုကဲ့သို့လမ်းတွေကို လျှောက်ကြရင်း ကြုံတွေ့ခဲ့ရတဲ့အရာတွေကလည်း များပြားလှပါတယ်..။ တစ်ခါတစ်လေအလွန်သာယာလှပတဲ့ လောကရဲ့ကောင်းခြင်းတစ်ရားတွေကို တွေ့ရှိရတာ မျိုးရှိသလို။ တစ်ခါတစ်လေမှာတော့ လောကရဲ့ အနိဌာရုံတွေကို ၀မ်းနည်းဖွဲရာတွေ့ကြုံရပါတယ်။ ကျွန်တော်တို့ ကံကောင်းခဲ့ရင်တော့ မြတ်နိုးတွယ်တာဖို့ကောင်းတဲ့ နွေးထွေးသော လက်တစ်စုံကို ရရှိကြပါတယ်..။ တစ်ချို့ သောအရာများသည် ကျွန်တော်တို့ ခရီးရဲ့အစပ








ဟုတ်ပါတယ် ကိုယ်လဲလျှောက်နေဆဲပါပဲ ဒါပေမယ့် အလှမ်းဝေး လှတယ်ကွာ ဘယ်တော့ ဆုံးမလဲ မသိဘူး…။
Like or Dislike:
0
0
တခါတရံမှာ ကံ၊ တခါတရံမှာ ကတ္တားအဖြစ် လျှောက်ဖြစ်သွားကြတာပဲ…
ဟုတ်တယ်သယ်ရင်းရေ…လမ်းခရီးတစ်ခုရဲ့ အဆုံးမှာ အခြားသောခရီးတစ်ခု၏အစသည် အမြဲတည်ရှိနေတတ်တယ်ကွ…း)
လမ်းဘယ်လိုလျှောက်မလဲ…လမ်းဘယ်လိုရှေ့ဆက်
လျှောက်မလဲ…သီချင်းနော် တီချင်း…ဟိဟိ
Like or Dislike:
0
0
လမ်းတွေက အများကြီးပဲ … သံသရာ ခရီးလမ်းက တော့ အရှည်ဆုံးပေါ့
Like or Dislike:
0
0
လမ်းတွေကတော့ အများကြီးပေါ့ လူတိုင်းကတော့ ကိုယ်ရွေးချယ်တဲ့ လမ်းက မှန်တယ်ထင်ကြမှာပဲလေ ။ အဆုံးတစ်ခုပြီးရင် အစ တစ်ခုကိုကျနော်တို့ တွေ့ ရမှာပါပဲ အဲ့စားသားလေးကို သဘောကျတယ်အစ်ကိုရေ့ ဘာပဲဖြစ်ဖြစ် ဆက်လျှောက်ရမှာပဲလေ လမ်းဆိုမှတော့ လျှောက်ဖို့ ပေါ့ တစ်ခါခါတော့ လမ်းတွေက ဝေးလွန်းတယ်ထင်တယ် လျှောက်ရတာ ပင်ပန်းလာပြီး……..။
Like or Dislike:
0
0
လမ်းခရီးများ အဆုံးထိမရောက်ခင် အဝေး ကအိမ်ငယ်လေး လဲ ပြို ပြီ ။ ။
လမ်း လျှောက်ရင်း လမ်းပျောက်နေဆဲ…..
Like or Dislike:
0
0
သူငယ်ချင်းရေ……
လမ်းဆိုတာတော့ အများကြီးပဲဟေ့ ဘယ်သူလျှောက်လျှောက် လမ်းဆိုတာအများလျှောက်ဖို့၊
အဲဒီလမ်းအများလျှောက်ဖို့ကို နှလုံးသွေးနဲ့ရင်းပြီး ခင်းပေးသူတွေရှိသလို၊ ဗလအားကိုးနဲ့ မိုက်ကြေးခွဲ ဖြတ်သန်းခကောက်စားနေသူတွေ ရှိတယ်။
သူငယ်ချင်းရေ……
မင်းကော၊ ငါပါ ဘယ်လိုလူမျိုးတွေလဲ??????????????
Like or Dislike:
0
0
ဆက်တွေး ကောင်းတယ်…
တခါတလေတော့လည်း
ကိုယ်လျှောက်ရမယ့်လမ်းကို
ကိုယ်တိုင်ရွေးချယ်ပေါ့
ဒါပေမဲ့ တခါတလေတော့
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်သမိုင်းသစ် ကိုဆောက်ပေါ့
ဟုတ်ဘူးလား?
ကဲအကောင်းဆုံး လမ်း/သမိုင်းကို
ှတည်ဆောက်နိုင်တဲ့ နိုင်ငံအာဇာနည်လေး
ဖြစ်စေကြောင်း….တောင်းဆုပြုပါတယ်….။
Like or Dislike:
0
0
သူငယ်ချင်း.. အတွေးလေးတွေ ကောင်းတယ်ကွာ.. အားပေးတယ်.. လမ်းဆိုတာ လျှောက်နေရင်းနဲ့ ပျောက်ပျောက်သွားတတ်တာ ခက်သကွ.. မျက်စိလည်တဲ့ အချိန်မှာ ပြန်မတည့်နိုင်ရင်တော့.. လမ်းဆုံးတိုင်မရောက်သည့်အပြင် လမ်းမှားပါရောက်တတ် တယ်ကွ… အသိလေးပေးတာကျေးဇူးပါကွာ..
Like or Dislike:
0
0
ခရီးများအဆုံးအထိလျှောက်…
Like or Dislike:
0
0
သယ်ရင်းရေ အတွေးအခေါ်တွေက ဂွတ်လှချည်ာလား ။
ကောင်းတယ်ဗျ။
Like or Dislike:
0
0
လမ်းတွေအကြောင်းရေးထားတဲ့ အတွေးလေး အရမ်းကောင်းပါတယ်။ “လမ်းခရီးတစ်ခုရဲ့ အဆုံးတွင် အခြားသောခရီးတစ်ခု၏အစသည် အမြဲတည်ရှိနေတတ်ပါသည်” ဆိုတာလေးကို အရမ်းသဘောကျမိပါတယ်။ ဟုတ်ပါတယ်လေ… တစ်လမ်းပြီးတစ်လမ်း မဆုံးနိုင်အောင် လျှောက်နေကြရတာ။ တခါတလေ ခြေကုန်လက်ပန်းကျလိုက် တခါတလေ အားတွေတက်လိုက်နဲ့။ ဘာပဲပြောပြော မောတော့မောတာပါပဲ…
Like or Dislike:
0
0
အစ်ကိုရေကျွန်တော်လဲလမ်းအသစ်လျှောက်နေပြီဗျ။ လမ်းမှားရောက်သွားလို့။
Like or Dislike:
0
0
တချို့တွေအတွက်တော့
လမ်းကဖြူးတယ်……
တချို့တွေအတွက်တော့
တကယ့်ကိုကြမ်းတယ်နော်….
ဘယ်လိုဘဲဖြစ်ဖြစ်……….
လမ်းဟာလမ်းပါဘဲ……………
မဆုံးတဲ့လမ်းတွေကိုမဆုံးတမ်းလျှောက်
ကြဦးစို့နော်…………..
Like or Dislike:
0
0
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
WE ALL ARE IN THE SAME BOAT,
BUT DIFFERENT DIRECTIONS, PATHS AND DESTINIES……..
SO MUCH WAYS THAT WE CROSS ONE ANOTHER,
AND THAT’S HOW WE MEET
SOMEHOW WE WILL GO ASTRAY FROM IT,
CAN YOU DENY THAT????
EXCEPT THOSE GOOD OLD TIMES, CAPTURED IN OUR HEART, THAT WILL NEVER DIE !!!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Like or Dislike:
0
0