ကျွန်တော်နှင့် အဖြူရောင်နတ်သမီး…
အိပ်မရလို့ လှိမ့်ချလိုက်တော့…..။ ကျသွားတာက ဘ၀ခါးတွေထဲ။ ခပ်ရေးရေး ထွက်ပြေးနေတဲ့ မီးခိုးငွေ့တွေကို ငါလိုက်ဖမ်းတော့…။ ငါ့နှလုံးသွေးကြောတွေ ခပ်ပါးပါးကျဉ်းကျဉ်းသွားတယ်…။ ရှိုက်သွင်းလိုက် ငါ့အဆုတ်ထဲ….။ နာကြည်းချက် နီကိုဒင်းတွေ….။ အား…..။ ဖြေးဖြေးချင်း အဆုံးစီရင် ငါ့အာရုံတွေ လှလာပြီ…။ မျက်စိတ်ကိုမှိတ်.. အတိတ်ကိုတော့ မကြည့်နဲ့…။ ငါ့အရိပ်တွေ လေးလှပြီ။ မီးခိုးငွေ့တွေထဲလိုက်ရှာကြည့်…။ တစ်ခုခုရှိတယ်…။ တွေ့တယ်မလား…? “မမြဲခြင်းတရား”တွေ..။ ငါ့သွေးကြောထဲ…အဖြူရောင် နတ်သမီးတွေစီးဆင်း။ လွင့်မြော ခြင်းတို့ ခရီးစပြီ…။ အနိဌာရုံတွေကို ရေခဲရိုက်…။ ခေါင်းခါလိုက် ခေါင်းညိတ်လိုက်နဲ့….။ ဒီအချိန်ဆို ငါ့အတိတ် တွေ အရမ်းဂလေရိုက်ပြီ။
တရိပ်ရိပ် တက်လာတဲ့ အဖြူရောင်ဒီရေတွေမှာ…။ ငါကိုယ်တိုင်စိုက်ပျိုး ငါ့အိပ်မက်တွေ နိုးတော့မယ်…။ နတ်သမီးတွေ ငါ့ကိုယ်ထဲမှာ ပျော်ပါး…။ ကြားရဲ့လား နိမိတ်ပုံတွေ…။ ရီဝေေ၀ တိတ်တဆိတ်…။ ကျေးဇူးပြု၍..။ ဆင်ခြင်ဥာဏ်တွေ ညအိပ်ချိန်…။ ငါ့မျက်ဝန်းထဲမှာ ကြယ်စဉ်တွေ ရွာသွန်း…။ နာနာကြင်ကြင် ငါပြုံးလိုက်တာ…။ ခံနိုင်ရည်တွေ ဆိတ်သုန်းသွားမလားပဲ..။ သံစဉ်တစ်ခု ငါ့နားထဲ ရိုက်ခတ် “ခေါ်သံလိုလို နားထဲကြားနေတယ်…သွေးကြောထဲက သိလိုက်တယ်….” ။ ငါလွင့်ထွက်သွားတယ်…။ အဆုံးမရှိပေါ့…။ ငါ့ကိုယ်ငါ မထိတထိပြန်ကြည့် ငါ့အာရုံတွေငြိနေပြီ..။ ငါ့လှေငါထိုး ငရဲအိုးထဲ ရောက်ရောက်။ ကြောက်တတ်ရင် နောက်ကို ခြေတစ်လှမ်းဆုတ်။ ငါ့အိပ်မက်တော့ လာမထိနဲ့။ နေရာမှားရင်ထိုးရင် Shock ရှိတယ်…။ အဖြူရောင် နတ်သမီးတွေ ငါ့သွေးကြော ထဲလှည့်ပတ်…..။ အခုဆိုငါ့အိပ်မက်တွေတောင် တော်တော်နက်လာပြီ..။
ရုန်းလေနစ်လေ ဒီစိတ်နွံ့တွေထဲ ငါကိုယ်တိုင်ခုန်ဆင်း….။ ငါ့ဘ၀ကို ငါဖန်ဆင်းတယ်….။ သံယောဇဉ်တွေ တစ်ချောင်းခြင်းကျစ် ယုံကြည်ချက်တွေ အကြိမ်ကြိမ်နစ်လည်း…။ ငါ့ဘ၀ကို ငါသစ်ရမယ်…။ ငါ့ကိုယ်ငါဖန်ဆင်း ငါ့မျှော်လင့်ခြင်းတွေ…။ ငါကိုယ်တိုင် အသက်သွင်းမယ်။ လာမပြောနဲ့…။ ကိုယ့်အိပ်မက် ကိုယ်မျိုချ….။ ငါ့ဘ၀… နောင်တဆိုတာ မရှိစေရဘူး…။ ငါ့မျှော်လင့်ခြင်းတွေ ငါထုပ်ပိုး။ အတိတ်ဆိုး ဆိုတာမရှိစေရ…။ ငါ့သွေးကြော ငါဖောက်ထုတ်…။ ဘာမှကြားထဲက ခေါင်းရှုပ်မခံနဲ့။ ငါမိုက်လို့ငါခံ ဘာမမှန်တာရှိလို့လဲ…။ ကိုယ့်အညွန့်ကို ကိုယ်ခူးစား…။ ဘယ်သူမှ မေတ္တာလာမထားနဲ့။ အဆင်ပြေစေကြောင်း ဆုတွေတောင်းနေမဲ့ အစား…။ လာ….။ ကိုယ့်အခေါင်း ကိုယ်ထမ်းပြီး ငါနဲ့လိုက်ခဲ့…။ ဟိုဘက်ကမ်းမှာ သူတို့တွေရှိတယ်….။ ငါတို့ နောက်ကျနေပြီ….။








စကားလုံးတွေ တင်စားတက်လိုက်တာဗျာ လေးစားတယ်..သေလောက်တယ်
Like or Dislike:
0
0
ကိုယ်လဲ အဖြူရောင်နတ်သမီး လေးနဲ့ရွှေဝါရောင် ပင်လယ်ထဲမှာကူးခတ်နေတာအတော်ကြာပေါ့..။
တကိုယ်ထဲအဖော်ကင်းနေတဲ့ဘဝမှာသူတို့ သာ
ကိုယ့်ကိုဖျော်ဖြေကြတယ်လေ…ဒီလိုနဲ့ ဘဲကိုယ့်
အခေါင်းကိုယ်ထမ်းရင်း……………
Like or Dislike:
0
0
ငါ့ဘ၀ကို ငါသစ်ရမယ်…။ ငါ့ကိုယ်ငါဖန်ဆင်း ငါ့မျှော်လင့်ခြင်းတွေ…။ ငါကိုယ်တိုင် အသက်သွင်းမယ်။ လာမပြောနဲ့…။ ကိုယ့်အိပ်မက် ကိုယ်မျိုချ….။ ငါ့ဘ၀… နောင်တဆိုတာ မရှိစေရဘူး…။ ငါ့မျှော်လင့်ခြင်းတွေ ငါထုပ်ပိုး။ အတိတ်ဆိုး ဆိုတာမရှိစေရ…။ ငါ့သွေးကြော ငါဖောက်ထုတ်…။ ဘာမှကြားထဲက ခေါင်းရှုပ်မခံနဲ့။ ငါမိုက်လို့ငါခံ ဘာမမှန်တာရှိလို့လဲ…။ ကိုယ့်အညွန့်ကို ကိုယ်ခူးစား…။ ဘယ်သူမှ မေတ္တာလာမထားနဲ့။ အဆင်ပြေစေကြောင်း ဆုတွေတောင်းနေမဲ့ အစား…။ လာ….။ ကိုယ့်အခေါင်း ကိုယ်ထမ်းပြီး ငါနဲ့လိုက်ခဲ့…။ ဟိုဘက်ကမ်းမှာ သူတို့တွေရှိတယ်….။ ငါတို့ နောက်ကျနေပြီ….။
…
article ကတိုပေမယ့် နှစ်ခါပြန်ဖတ်လိုက်ရတယ်။ အပေါ်က စာသားတွေမှာ ပိုအကြိုက်တွေ့သွားတယ်။ ဒါပေမယ့် ဖြည်းဖြည်းမှန်မှန်လေးပဲ ကိုယ်လိုက်ခဲ့မယ်။
ဘာ အလျင်လိုစရာမှ မရှိဘူး။ ကိုယ်နောက်ကျနေရင်
သူတို့တွေ သွားနှင့်ကြပါ။
Like or Dislike:
0
0
အဆင်ပြေစေကြောင်း ဆုတွေတောင်းနေမဲ့ အစား…။ လာ….။ ကိုယ့်အခေါင်း ကိုယ်ထမ်းပြီး ငါနဲ့လိုက်ခဲ့ A yan man de` sagar be`. Jesus ka blessing lote bo pots twe pyin htar hkying tal.
Buddha ka le pragmatism ko htar hkye tal.
No one can help unless we help ourselves first. ကျွန်တော်ရင်ခုန်ခဲ့ဖူးတဲ့ ဘ၀လေးတစ်ခုအကြောင်း ka le san dal naw
philo twe ka myint tal byarr..You are getting better day by day hehe
Like or Dislike:
0
0
we must lift ourselves up off the morgue table and tell the experts we are not yet dead. Bill Bigelow
Like or Dislike:
0
0
အင်း ခုထိ အဖြူရောင် နတ်သမီး မရှိတော့လည်း ခက်တာပါပဲ..
Like or Dislike:
0
0
အဖြူရောင် နတ်သမီး ထက်
ပန်းရောင် နတ်သမီးက ပိုလှတယ်
အရေးအသားတွေတော့ မိုက်တယ်ဝေး
အိမ်မက်မဲ၂၁
Like or Dislike:
0
0
အားပါး စကားလုံးတွေ လန်ထွက်နေတယ်ဟေ့
အားရပါးရ ပဲ ၊ ကောင်းတယ်ဗျာ
အိမ်မက်တွေ နက်သထက်နက် လာပြီပေါ့
ကြိုက်တယ် သူငယ်ချင်းရေ အားပေးနေတယ် ။ ။
Like or Dislike:
0
0
ပာူးးးးး….
ကိုယ်ကိုကိုယ်တောင် အားမရဖြစ်လာဘီ ။ အိပ်မက်မည်းမည်း ရေ….
အရေးအသား က တော. လန်ထွက်နေတာပဲ ။။
၂ခါပြန်သေသွားပြီ ။
Like or Dislike:
0
0
ဘယ်လိုလေးလဲ မသိဘူး။ တော်တော် တော့ဖတ်လို့ကောင်းတယ်။ အထူးသဖြင့် နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ။
Like or Dislike:
0
0
ကျွန်တော် ရင်ခုန်ခဲ့ဖူးသော ဘ၀လေး အကြောင်းဆိုပါလားနော် …း)
စကားလုံးနဲ့ အရေးအသားတွေကတော့ ဂွတ်ထပဲ သယ်ရင်းရေ…း)
Like or Dislike:
0
0
အစ်ကိုရေစာသားတွေက လန်ထွက်နေတော့ ဘာပြောရမှန်းတောင်မသိတော့ဘူး။ ဘာပြောရမှန်းမသိတော့ ဘာမှပြောတော့တာပဲကောင်းပါတယ်။ အဲလို လန်ထွက်နေအောင် ဘယ်ရိုရုပ်ရဲဟင်……
Like or Dislike:
0
0
အဆင်ပြေစေကြောင်း ဆုတွေတောင်းနေမဲ့ အစား…။ လာ….။ ကိုယ့်အခေါင်း ကိုယ်ထမ်းပြီး ငါနဲ့လိုက်ခဲ့…။
တစ်ပုဒ်လုံး ကြိုက်တယ် … အဲဒီစာကြောင်း အကြိုက်ဆုံးပဲ ..။
Like or Dislike:
0
0
အဖြူရောင်နတ်သမီးကိုတောင် တွေ့ချင်စိတ်ပေါက်သွားတယ် ..ပြောင်မြောက်လိုက်တာ .. တင်စားမှုတွေကတော့ ..
ငါ့လှေ ငါထိုး ငရဲအိုးထဲရောက်ရောက် .
Like or Dislike:
0
0
Hi,
I’m reading your post from uni!
Really feel great as Angels are dancing not only around but also in your body !
But be fix with the best angel forever asap.
Like or Dislike:
0
0
စကားလုံးတွေ ပြောင်မြောက်လှချည်လား
Like or Dislike:
0
0
စကားလုံးတွေ က လန်ထွက်နေတယ်ဗျာ အရေးသားတွေရှယ်ပဲ အားကျတယ် အားကျတယ် မနာလိုဘူး အစ်ကို့ လိုမရေးတတ်လို့ ။ ကိုယ့်အခေါင်း ကိုယ်ထမ်းပြီး ငါနဲ့လိုက်ခဲ့…။ ဟိုဘက်ကမ်းမှာ သူတို့တွေရှိတယ်…ဘယ်သူတွေလည်း အဖြူရောင် နတ်သမီးလေးတွေလား ဒါဆို ကျနော့်လည်း ခေါ် =)
Like or Dislike:
0
0
ငါတို့ နောက်ကျနေတာတော့အမှန်ပဲ..ဒါပေမယ့်..မင်းသိပါတယ်.အိမ်မက်နက်ရေ..အဓိက က ပန်းတိုင်မို့လား?လာ..သူငယ်ချင်း….ဆက်လျှောက်မယ်
အရှေ့မှာ..ကြိုနေကြတယ်..နွေးထွေးတဲ့လက်တွေပေါ့..
Like or Dislike:
0
0
I DON’T KNOW WHERE TO START…..JIT
YOU ARE MR. EXTRA EXTRA…..
NO ONE KNOWS WHAT YOU ARE CAPABLE OF COZ ALL THE TIME YOU SURPIRSE PEOPLE.
I HEARD WORDS ARE FOR EXPRESSION BUT YOU MR. INJECTED – VOICES, SHADOWS, COLOURS & ANGLES INTO THOSE WORDS AND CREATE AN ART LIKE NO OTHERS! LOVE YOUR WORK & YOU!
DON’T EVER DROP YOUR THOUGHTS ELSE WHERE BUT ON THIS BLOG. COZ YOU HAVE ME
Like or Dislike:
0
0
hey..bro
good job:)
chae yar yaw lat yar yaw arr lone chan twar tel naw..:P
Like or Dislike:
0
0
ါ့ဘ၀ကို ငါသစ်ရမယ်…။ ငါ့ကိုယ်ငါဖန်ဆင်း ငါ့မျှော်လင့်ခြင်းတွေ…။ ငါကိုယ်တိုင် အသက်သွင်းမယ်။ လာမပြောနဲ့…။ ကိုယ့်အိပ်မက် ကိုယ်မျိုချ….။ ငါ့ဘ၀… နောင်တဆိုတာ မရှိစေရဘူး…။ ငါ့မျှော်လင့်ခြင်းတွေ ငါထုပ်ပိုး။ အတိတ်ဆိုး ဆိုတာမရှိစေရ…။ ငါ့သွေးကြော ငါဖောက်ထုတ်…။ ဘာမှကြားထဲက ခေါင်းရှုပ်မခံနဲ့။ ငါမိုက်လို့ငါခံ ဘာမမှန်တာရှိလို့လဲ…။ ကိုယ့်အညွန့်ကို ကိုယ်ခူးစား…။ ဘယ်သူမှ မေတ္တာလာမထားနဲ့။ အဆင်ပြေစေကြောင်း ဆုတွေတောင်းနေမဲ့ အစား…။
ကောင်းတယ်ဗျာ…..ကြိုက်တယ်……
Like or Dislike:
0
0
i don’t have white angle
(but)
i have brown angle
you know what i’m talking about
you brother
ako
Like or Dislike:
0
0
စာသားတွေကအရမ်းညက်လာတယ်……..
ဒီထက်ပိုပြီးညက်လာရင်တော့အတိုင်းထက်အလွန်ပေါ့
Like or Dislike:
0
0
အမြဲသစ်ပါစေဗျာ..ခက်လှလှတွေရိုက်ခက်ပါစေ..
Like or Dislike:
0
0
၂ ခါပြန်ဖတ်လိုက်ရတယ်ဗျာ …
စကားလုံးတွေကတော့ အလမ်းတွေပဲ ..
ကြိုက်တယ်ဗျာ ……….
Like or Dislike:
0
0
What and amazing art work! your words are really nice and concrete..
အဆင်ပြေစေကြောင်း ဆုတွေတောင်းနေမဲ့ အစား…။ လာ….။ ကိုယ့်အခေါင်း ကိုယ်ထမ်းပြီး ငါနဲ့လိုက်ခဲ့…။
မှန်လိုက်လေနော်…သွေးထွက်အောင်ကိုမှန်တယ်။ အတူသွားကြဖို့ တခြားသူတွေကိုပါ လိုက်နှိုးဆော် လိုက်အုံးမယ်နော်…….
Like or Dislike:
0
0
ခံစားချက်တွေ အရမ်းမွန်းကြပ်နေချိန်ဖြစ်မယ်
အရေးအသားတွေက
အရမ်းပြင်းထန်တယ်
အရမ်းပြောင်မြောက်တယ်
အရမ်း နက်ရှိုင်းတယ်
အဲဒါ ရေးနေချိန်မှာ မငိုဘူးလားဟင်…..?
Like or Dislike:
0
0