ယနေ့…..မှ ….သို့….. နှစ်ပေါင်းများစွာ…!
ဒီနေ့ကို ရောက်ဖို့ ကာလအတော်ကြာကတည်းက ရင်ခုန်တက်ကြွစွာစောင့်စားခဲ့ကြရတယ်…။ နှလုံးသားတွေ တဖျတ်ဖျတ်နိုးကြားနေခဲ့ကြတယ်…။ မျိုးချစ်စိတ်တွေ သွေးကြောထဲ တသွင်သွင်စီး ဆင်းနေခဲ့ကြတယ်…။ စွန့်လွှတ် အနစ်နာခံလိုခြင်း ၀ိဥာဉ်တွေက ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ အင်အားတွေ ပြည့်နေခဲ့ ကြတယ်…။ ငါ့နိုင်ငံအတွက်…။ ငါ့လူမျိုးအတွက်…။ ငါ့ဘာသာသာသနာ အတွက်…။ သာယာလှပတဲ့ အနာဂတ်သစ်တစ်ခုအတွက်…။ နှစ်ပေါင်းများစွာ ခိုအောင်းခဲ့ရတဲ့ အမှောင်ကိုခွင်းမဲ့ မီးရှူးတစ်ခုကို ထွန်းညှိဖို့အတွက်….။ သို့မဟုတ်….။ စစ်မှန်တဲ့ လွတ်လပ်မှုတစ်ခုအတွက်….။
ကျယ်ပြန့်တဲ့ မြက်ခင်းပြင်တစ်ခုရဲ့ အတွင်းမှာ ငါတို့ဖခင်ရဲ့ ရဲရဲတောက်မိန့်ခွန်းတစ်ခုဟာ ကမ္ဘာကို ရိုက်ခတ်စေခဲ့တယ်…။ငါတို့ဖခင်နဲ့ ငါတို့ ညီအစ်ကို နောင်တော်တွေရဲ့ ရဲစွမ်းသတ္တိတွေ မီးဟုန်းဟုန်း တောက်နေခဲ့တယ်…။ ကြည်လင်နေတဲ့ ကောင်းကင်ဟာ ငါတို့ရဲ့ ငြိမ်းချမ်းရေး စိတ်ဓာတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြာလွင်နေခဲ့တယ်…။ ဆောင်းရနံ့ မကုန်သေးတဲ့ ဒီမြက်ခင်းပြင်ကို ဖြတ်ကျော်လာတဲ့ အေးစိမ့်စိမ့် လေပြေတွေဟာ ငါတို့ရဲ့ ယုံကြည်ချက် အိပ်မက်တွေကို လန်းဆန်းစေခဲ့တယ်…။ သာယာတဲ့ ကြေးငှက်တွေရဲ့ တွန်ကျူးသံတွေဟာ ငါတို့ရဲ့ စစ်မှန်တဲ့ ရဲရဲတောက်ခံယူချက်တွေကို အပြည့်အ၀ ဖော်ကျူးနေခဲ့တယ်…။
အဲဒီ့မိန့်ခွန်းတစ်ခုရဲ့ အဆုံးမှာ နှစ်ပေါင်းများစွာ ငုံခဲ့ရတဲ့ ငါတို့ရဲ့ဦးခေါင်းတွေကို ရဲရဲရင့်ရင့် မော့ကြမယ်…။ ငါတို့နိုင်ငံရဲ့ အနာဂတ်ဟာ ငါတို့လက်ထဲမှာ ရှိတယ်…။ ငါတို့နိုင်ငံကို ငါတို့ပိုင်ရမယ်…။ ငါတို့ပြည်သူကို ငါတို့ကာကွယ်မယ်…။ ဒါဟာ ငါတို့ရဲ့ သစ္စာတရား ဖြစ်တယ်…။ ငါတို့ရဲ့ရှေ့မှာ ငါတို့ရဲ့တုနှိုင်းမဲ့တဲ့ ခေါင်းဆောင်ရှိတယ်…။ ငါတို့ရဲ့ဘေးမှာ သေအတူရှင်မကွာ လက်ချင်းယှက်ထားတဲ့ ငါတို့သူငယ်ချင်းတွေ ရှိတယ်…။ ငါတို့ရဲ့နောက်မှာ အောင်ပွဲတွေနဲ့ ပြန်လာမယ့် ငါတို့ကို စောင့်ကြိုနေတဲ့ ငါတို့ရဲ့မိသားစုတွေ ရှိတယ်…။ ငါတို့ရဲ့ နှလုံးသားမီးတောင်မှာ မျိုးချစ်စိတ်ချော်ရည်တွေ အရှိန်ပြင်းထန်စွာ ဖောက်ထွက်ကုန်ပြီ…။ ငါတို့ အချိန်ရောက်ပြီ….။ ငါတို့လက်မောင်းသွေးတွေနဲ့ အနာဂတ်ကို ထွန်းလင်းစေမယ့် လမ်းပြအလင်းတန်းတွေ ထွန်းညှိလိုက်ကြစို့….။
အရှေ့မှာငါမြင်နေရတဲ့ ကြောက်မက်ဖွယ်ရာ အနိဌာရုံတွေ။ တ၀ုန်းဝုန်း ပေါက်ကွဲနေတဲ့ တိုက်ပွဲ ခေါ်သံတွေဟာ ငါတို့ရရှိလာမယ့် လွတ်လပ်ခြင်း ဆုလာဒ်အတွက် ကောင်းချီးပေးနေတဲ့ ဗျက်ဆောင်းသံတွေပဲ….။ သာယာလိုက်ဘိခြင်း…။ ငါကြားနေရပြီ…။ ငါတို့နိုင်ငံရဲ့ ကိုယ်ပိုင်နိုင်ငံတော် သီချင်းသံ…။ ငါကြားနေရပြီ…။ ငါ့သာသနာရဲ့ မေတ္တာတရားပွားများသံတွေနဲ့ သာယာတဲ့ ဆည်းလည်းသံတွေ…။ တစ်ယောက်ပြီး တစ်ယောက် ငါ့ဘေး မှာသူတို့ရဲ့ ခန္ဓာကိုယ်တွေကို တိုင်းပြည်နဲ့လူမျိုးအတွက် တံတားခင်းသွားကြပြီ…။ သူ့အလှည့်….။ ပြီးရင် ငါ့အလှည့်…..။ ပြီးရင် မင်းအလှည့်…။ တွန့်ဆုတ်နေစရာမလိုဘူး…။ ငါတို့ပန်းတိုင်ကို မြင်နေရပြ
ီ….။ ကြောက်စိတ်ဆိုတာ ချိုနဲ့လား….။ တွေဝေနေခဲ့ရင် ငါ့ဝိဥာဉ်ကို ငါကိုယ်တိုင် ကားစင်တင်ပစ်မယ်…။
ငါတို့ဖခင်က မြင်းညိုကြီးကိုစီး တိုက်ပွဲဝင်ဓားကိုဆွဲ ရဲရဲတောက်မိန့်ခွန်းကိုခြွေပြီး ရှေ့ဆုံးက တက်တယ်…။ ငါတို့ညီအစ်ကိုတွေက ငါတို့ဖခင်ရဲ့ ဦးဆောင်မှု အောက်မှာ တသွေးတသံတမိန့်နဲ့ တက်ညီလက်ညီ မိစ္ဆာတွေကို တွန်းလှန်ကြမယ်…။ နင်းသွားကြ…။ ငါတို့ရဲ့ ၀ိဥာဉ်တွေကို….။ တိုင်းပြည်အတွက် တံတားခင်း ထားတယ်…။ တစ်ဗိုလ်ကျရင် ဗိုလ်တစ်ရာတက်မယ်…။ ငါတို့ရဲ့ ခန္ဓာတွေ ကျဆုံးချင်ကျဆုံးသွားလိမ့်မယ်… ဒါပေမယ့် ငါတို့ရဲ့ ၀ိဥာဉ်တွေကတော့ ဆက်လက် တိုက်ပွဲဝင်နေမှာပဲ…။ မိစ္ဆာကောင်တွေ မှတ်ထား “လူကိုသာ မင်းတို့သတ်လို့ရမယ် ငါတို့ဝိဥာဉ်ကို မင်းတို့သတ်လို့မရဘူး”…။ ငါတို့မသေသရွေ့ ငါ့မြေပေါ်မှာ မိစ္ဆာတွေ အသက်ရှူခွင့် မရှိစေရ…။
တလူလူလွင့်နေတဲ့ တပ်ဦးက အလံတော်ဟာ ငါတို့ရဲ့ မိခင်ဖြစ်တယ်…။ ငါတို့မိခင်ရဲ့ဝိဥာဉ်ကို ငါတို့မကြာခင် အမြင့်မြတ်ဆုံး နေရာတစ်ခုမှာလွင့်ထူရင်း ကမ္ဘာတည်သရွေ့ဦးခိုက်မယ်…။ ငါတို့မိခင်ရဲ့ လုံခြုံတဲ့ရင်ခွင်မှာ ငါတို့ဘ၀တွေကို တစ်သက်စာခိုနားမယ်…။ ငါတို့ရဲ့ ချွေးတွေကို နှစ်သိမ့်ဖို့ ငါတို့မိခင်ရဲ့လက်တွေရှိတယ်…။ ငါတို့ရဲ့သွေးစက်တွေကို ဆေးကြောဖို့ ငါတို့ပြည်သူတွေရဲ့ မေတ္တာရေစင်တွေရှိတယ်…။ သွေးစွန်းတိုင်း ငါတို့လက်တွေ မညစ်ပတ်ပါဘူး…။ မိစ္ဆာတွေရဲ့ သွေးတွေကို ငါတို့ရဲ့ အောင်ပွဲက အပြန်ခြေဆေးဖို့ ယူခဲ့ပါ…။ ငါတို့ဖခင်က ပြောတယ် “ရဲသော်မသေ၊ သေသော်ငရဲမလား” တဲ့…။ ရပါတယ် ဖခင်…။ သေချင်သေပါစေ…။ တိုင်းပြည်အတွက်ဆို ဆယ်ခါပြန် ငရဲသွားလိုက်ပါ့မယ်….။
“ငြိမ်းချမ်းရေးကိုလိုချင်ရင် စစ်ကိုပြင်ဆင်ထားပါ”…။ ငါတို့ဟာ ငါတို့တိုင်းပြည် ငြိမ်းချမ်းဖို့ လွတ်လပ် ဖို့အတွက် တိုက်ပွဲဝင်ခဲ့ကြတာပါ။ ငါတို့ ငြိမ်းချမ်းရေးတိုက်ပွဲကအပြန်မှာ အထိမ်းအမှတ်အဖြစ် အဖြူရောင်ခိုတွေ ကောင်းကင်နဲ့ အပြည့် ပျံသန်းပါစေ…။ ကောင်းကင်ရဲ့ ရင်ခွင်မှာ ငြိမ်းချမ်းရေး ငှက်ငယ်တွေအတွက် လုံလောက်တဲ့ နေရာရှိပါ တယ်…။ ငါတို့ဟာ မြန်မာ့သတ္တိကို ကမ္ဘာကသိအောင် အကောင်းဆုံး ပြသခဲ့ကြတယ်…။ ငါတို့လူမျိုးရဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်ကို အမှန်တရားက ကောင်းချီး ပေးလိမ့်မယ်…။ ကမ္ဘာက ဦးညွတ်လိမ့်မယ်…။ ငါတို့နိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို စကြာဝဌာ တစ်ခုလုံးက တစ်ပြိုင်နက် ဟစ်ကြွေး သီဆိုကြလိမ့်မယ်…။ အဲဒီ့အချိန်ကြရင်သာ ကျွန်တော်တို့ တိုင်းရင်းသားတွေ တစ်ယောက်လက်ကို တစ်ယောက်တွဲ… ရင်ကိုကော့ ခေါင်းကိုမော့ပြီး နိုင်ငံတော်သီချင်းကို အသံကုန်ဟစ်ကြွေးကြဖို့ လိုပါလိမ့်မည်….။
“ကမ္ဘာမကြေ…. မြန်မာပြေ….ဒါတို့ပြေ…ဒါတို့မြေ….တို့ပိုင်တဲ့မြေ….”








“မာန်”ပါလိုက်တာအစ်ကိုရာ မိုက်တယ်
Like or Dislike:
0
0
ငါတို့ ဖခင် ကြီး ကတိုင်းပြည် အတွက်တာဝန် ကျေခဲ့ ပေ မယ့် သမိုင်းဖျောက် ချင်သူတွေ က သမိုင်း ပျောက်အောင် လုပ်ချင် နေကြတယ်….။
လွပ်လပ် မှု အတွက် တိုက်ပွဲဝင် တော်လှန်ရေး တွေက တော့ အမြဲ ရှိနေ မှာဘဲ…
ငြိမ်းချမ်းရေးကို လိုချင်ရင် စစ်ကိုပြင်ဆင်ထားပါ..
အဆိုးဆုံးအခြေအနေ အတွက် ပြင်ဆင်ထားပါ..
တနေ့ တော့ ငါ့တို့ တွေ အားလုံး ရင်ကော့ ပြီး နိုင်ငံတော် သီချင်း ကို သံပြိုင် သီဆို နိုင်မှာပါ…..။
Like or Dislike:
0
0
“ကျဆုံးသွားတဲ့အာဇာနည်အာလုံးကိုလည်းလေးစားပါ
တယ်၊ယခုလက်ရှိနိုင်ငံတော်တွက်တာဝန်ထမ်းဆောင်
နေကြသူအားလုံးကိုလည်းလေးစားပါတယ်။”မြန်မာပြည်သူတွေအားလုံးကိုလည်းနိုင်ငံတော်အတွက်သူ့နေရာက
နေသူတာဝန်ကျေပွန်စေလိုပါတယ်။အထူသဖြင့်ဒီပို့လ်
လေးကိုလူတွေအားလုံးမျိုးချစ်စိတ်ထက်စေအောင်
ရည်ရွယ်ချက်နဲ့ရေးပေးတဲ့အနက်ရောင်အိမ်မက်ကို
လည်းချီးကျူးပါတယ်။
Like or Dislike:
0
0
အစ်ကိုရေ ကျွန်တော်လေးစားပါတယ်ဗျ။
“ငါတို့ရဲ့ ခန္ဓာတွေ ကျဆုံးချင်ကျဆုံးသွားလိမ့်မယ်… ဒါပေမယ့် ငါတို့ရဲ့ ၀ိဥာဉ်တွေကတော့ ဆက်လက် တိုက်ပွဲဝင်နေမှာပဲ…။ မိစ္ဆာကောင်တွေ မှတ်ထား “လူကိုသာ မင်းတို့သတ်လို့ရမယ် ငါတို့ဝိဥာဉ်ကို မင်းတို့သတ်လို့မရဘူး”…။ ငါတို့မသေသရွေ့ ငါ့မြေပေါ်မှာ မိစ္ဆာတွေ အသက်ရှူခွင့် မရှိစေရ…။” အဲဒီစာသားလေးက အရမ်းထိတယ်ဗျာ။
Like or Dislike:
0
0
နိုင်ငံတော်သီချင်းကိုပဲ ရင်ထဲက ဆိုသွားတယ် …။
Like or Dislike:
0
0
`တော်လှန်ရေးနေ့´ အထိမ်းအမှတ် အခုပို့စ်လေးမှာ ကျနော် အနှစ်သက်မိဆုံး စာသားကတော့ `ငါတို့ ပြည်သူကို ငါတို့ ကာကွယ်မယ်´ ဆိုတဲ့ စကားရပ်လေးပါပဲ။ အဲဒီလို သစ္စာမျိုးနဲ့ တပ်မတော်သားပေါင်း မြောက်မြားစွာ ကျနော်တို့ နိုင်ငံမှာ ပေါ်ထွက်လာနိုင်ပါစေလို့ အခုပို့စ်ရဲ့ အမှတ်တရအဖြစ် ဆုတောင်းမိပါတ
Like or Dislike:
0
0
ရင်ထဲ က ခံစားချက် အစစ် အမှန်နဲ့ ဂုဏ်ပြုရင်း နိုင်ငံတော် သီချင်းကို အသံတိတ် သီဆို သွားပါတယ်
Like or Dislike:
0
0
< << Jit >>> I am very Proud of YOU!!!! This article thrill me until I get gooseberry all over me. I know eveyone of us would feel the same feeling as you so Thank you so much for presenting this article on behalf of Every Burmese who love their Mother Land. You are strongly supported from me
.
Like or Dislike:
0
0
မျိုးချစ်စိတ်ကိုသေချာတွေ.လိုက်ရလို.
ဂုဏ်ယူလေးစားမိပါတယ်။ငါတို.နိုင်ငံကို
ငါတို.ပိုင်ရမယ်။ကြိုက်တယ်။
Like or Dislike:
0
0
ရေးထားတာလေး ကောင်းတယ် အစ်ကို မာန်ပါတယ်၊ မျှတာမှုပါတယ် ၊ နိုင်ငံတော်သီချင်းကိုလဲ ထပ်တူသီဆိုသွားပါတယ်ဗျာ….။ သစ္စာတရာနဲ့  သနားညှာတာတတ်တဲ့ ပြည်သူချစ်တဲ့ တပ်မတော်သားများ ထာဝရရှင်သန်ပြီး အများကောင်းကျိုး သယ်ပိုးနိုင်ပါစေလို့  ဆန္ဒပြုပါတယ်ဗျာ……..။
ပျော်ရွှင် ငြိမ်းချမ်းပါစေ ။
Like or Dislike:
0
0
“ငြိမ်းချမ်းရေးကိုလိုချင်ရင် စစ်ကိုပြင်ဆင်ထားပါ” Ta yar mya ta daw စစ် ko u saung ning daw နိုင်ငံ tar kaung yatanar lay hpyit ning bar ze“ kwe….. Bow to you.
“Nothing is to be preferred before justice.” Socrates quote
Like or Dislike:
0
0
ငါတို့၏ ဦးခေါင်းမှာ သွေးတို့ဖြင့်ရဲရဲနီ၏။
ညွတ်ကားမညွှတ်……………
အချိန်တန်ရင် ငါတို့ချစ်တဲ့နိုင်ငံတော်ကို
ငါတို့တတ်နိုင်တဲ့ဖက်က အကျိုးပြုဖို့
အခုကထဲက တို့အရည်အချင်းကို သွေးထားကြရအောင်….
Like or Dislike:
0
0
တောတောင် ရေမြေ သဘာဝကို ချစ်တာဟာ နိုင်ငံတော် ကို ချစ်စိတ် အမျိုးကိုချစ်စိတ်တွေ ဖြစ်လာတယ် မြင်းညိုကြီးကို စီး တိုက်ပွဲဝင်ဓားကိုဆွဲ
ရဲရဲတောက် မိန့်ခွန်းတွေချွေခဲ့တဲ့ ဖခင်ကြီးနဲ့တကွ ငြိမ်းချမ်းရေး တိုက်ပွဲ အောင်နိုင်ခဲ့ကြတဲ့ ၀ိညာဉ် အပေါင်းအား အလေးပြုရင်း နိုင်ငံတော် သီချင်းကို
သီဆိုသွားပါတယ် ။ ။
Like or Dislike:
0
0
တပ်မတော်နေ့ကို ဂုဏ်ပြုရင်း
နိုင်ငံတော်သီချင်းကို ရင်ထဲက သီဆိုကာ
နိုင်ငံတော်အလံကိုအလေးပြုသွားပါတယ်……
Like or Dislike:
0
0
အနာဂတ် နိုင်ငံတော်ရဲ့ အရေးကို ထမ်းရွက်ကြမယ်သူတွေ. ဒီလိုနေ့မျိုးမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်က်တွေ မှန်ကန်တဲ့ လုပ်ရပ်တွေ စဉ်းစားချင့်ချိန်နိုင်စွမ်း ရှိတဲ့ ဥာဏ်ရည် ဥာဏ်သွေးတွေနဲ့ အနာဂတ်အတွက် အားမာန်ရနိုင်ပါစေလို့ ဆန္ဒပြုပါတယ် blackdream ရေ…
ပိုစ့်လေးက ကောင်းတယ်လို့လည်း ပြောပါရစေ
Like or Dislike:
0
0
ပို့ စ်လေးကောင်းတယ် ညီလေးရေ။ စာသားတွေ ပြောင်မြောက်တယ်။ ရင်ထဲကလာမှန်းသိသာတယ်။
Like or Dislike:
0
0