• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ကျွန်တော်နှင့်….အပေးအယူ!

    March 22 , 2008 | 381 views

    ကျွန်တော်တို့ ဘ၀မှာ လူတစ်ယောက်ကို အနည်းဆုံး တစ်ကြိမ်တော့ (တစ်ကြိမ်ထက် ပိုကောင်း လည်းပိုနိုင်ပါတယ်) နက်နက်ရှိင်းရှိင်း ချစ်ခဲ့ကြဖူးမှာပါ…။ သင်တို့လည်း ချစ်ခဲ့ကြဖူးမှာပါလိမ့်မယ်…။ ကျွန်တော် လည်း ချစ်ခဲ့ဖူးပါတယ်…။ များသောအားဖြင့် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုလည်း ကိုယ့်ချစ်သူအပေါ် အရမ်း တန်ဖိုးထားတတ်တဲ့၊ အရမ်း ချစ်တတ်တဲ့သူအဖြစ် သတ်မှတ်လေ့ရှိကြတယ်။ ဒီလိုပါပဲ…။ ဘ၀မှာတစ်ခါမှ မချစ်ဖူးခဲ့ရင်ပဲ လူမပီသတော့ သလိုလို…။ လူတန်းပဲ မစေ့တော့သလိုလို….။ ဘာလိုလို ညာလိုလိုလဲ ဖြစ်တတ် ကြပါတယ်…။ ဒါတွေဟာ ဘာကြောင့်လဲ…? ဘာအတွက်လဲ…? အဖြေက ရှင်းပါတယ်..။ ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ်ကို အလွန်ပဲ လူပီသကြောင်း သက်သေအပြချင်ဆုံး၊ အတ္တအကြီးဆုံးနဲ့ မိမိကိုယ်ကို လိမ်လည်တတ် တဲ့ တစ်ခုတည်းသော သက်ရှိတစ်မျိုး ဖြစ်နေကြလို့ပါပဲ…။

    အတ္တဆိုတာ တကယ်တော့ (အဓိက ကတော့ မောဟပါ။ ဒါပေမယ့် အတ္တဟာ လောဘ၊ ဒေါသ၊ မောဟ သုံးခုစလုံးမှာ အကြုံးဝင်နေပါတယ်) မိမိကိုယ်ကို မိမိလှည့်စားတဲ့ ၀ါဒတစ်မျိုးပါဘဲ…။ တစ်စုံ တစ်ယောက်ကို ကျွန်တော်တို့ တစ်စုံတစ်ခု ပေးလိုက်ကြပြီဆိုပါစို့…။ ကျွန်တော်တို့ ကိုယ်တိုင်နဲ့ တစ်ခြားသူတွေရဲ့ အမြင်မှာတော့ ကျွန်တော်တို့ဟာ အပေးသမား…။ ဒါမှမဟုတ် စွန့်လွှတ်တဲ့သူ၊ အနစ်နာခံတဲ့သူ၊ စေတနာထား တတ်တဲ့သူ၊ မေတ္တာ ထားတတ်တဲ့သူ…စသည်ဖြင့် နာမည်ကောင်း များစွာဖြင့် ဂုဏ်ထူးမှတ်တွေ တသီကြီး ရလေ့ရှိပါတယ်…။ ဒါကလည်း သဘာဝကျပါတယ်…။ အားလုံးကလည်း ဒီအတိုင်းပဲ အချိန်ကာလတစ်ခု တော်တော်ကို ဟောင်းနွမ်းနေတဲ့အထိ (လက်ရှိအချိန်အထိ) လက်ခံထားကြတဲ့ ဓလေ့ (သို့မဟုတ်) အကျင့် တစ်ခု ဖြစ်နေလို့ပါ…။ ဒ့ါအပြင်…။ နောက်ဆုံးနဲ့ အရေးအကြီးဆုံး ကျွန်တော်တို့ မေ့ထားတဲ့ အကြောင်းအရာ တစ်ခုကတော့ “အဇ္ဇတ္တ” ဆိုတဲ့ အတွင်းစိတ် (မသိစိတ်) ပါပဲ….။

    ကျွန်တော်ကတော့ အထက်ပါလူမျိုးကို သင်တို့ မြင်သလို မမြင်ပါဘူး..။ သင်တို့ပေးသလို နာမည်ကောင်း တွေနဲ့ ဂုဏ်ထူးတွေလည်း မပေးနိုင်ပါဘူး…။ ကျွန်တော့်အမြင်အရ ထိုလိုလူမျိုးသည် မိမိ လိုချင်သော အရာကို သာမက လူတစ်ဖက်သား၏ ဂရုဏာနာနှင့် ခံစားချက်ကိုပါ သွယ်ဝိုက်သော နည်းဖြင့်ရအောင် ယူတတ်သော သူ (အလွန် ဥာဏ်များသောသူ) အဖြစ်ပဲ မြင်ပါတယ်။ ကျွန်တော် တစ်ဖက်သတ် စွတ်စွဲနေတာ မဟုတ်ပါဘူး…။ ကျွန်တော်ပြောတာကို သင်မြင်နိုင်ဖို့ (သို့မဟုတ်) လက်ခံနိုင်ဖို့ သင့်ကြည့်ရှု၊ ခံစားနေတဲ့ ရှုထောင့်တစ်ခုကို အနည်းငယ် ပြောင်းလိုက်ဖို့ပဲ လိုအပ် ပါတယ်….။ ကျွန်တော်တို့ တစ်ခုလောက် ခဏဖြစ်ဖြစ် ဖောက်ထွက်ပြီး စဉ်းစားကြည့် ကြရအောင်…။ “သင်” ဆို တာကို ဖယ်ထားလိုက်ပါ…။ “ကျွန်တော်” ဆိုတာကို ဖယ်ထားလိုက်ပါ။ “ငါ” ဆိုတာကိုဖယ်ထား လိုက်ပါ…။ ကျေးဇူးပြု၍ တဆိတ်လောက် နာမ်စားတွေမရှိတဲ့ လောကတစ်ခုထဲမှာ စကားပြောကြရ အောင်လားဗျာ…။

    ကျွန်တော် ဥပမာ တစ်ခုပေးပါမယ်…။ ဆိုကြပါစို့ ကျွန်တော်က မိန်းကလေး တစ်ယောက်ကို အရမ်းချစ်လို့၊ တန်ဖိုးထားလို့ သူမပျော်ရွှင်စေဖို့…၊ သူမရဲ့ အနာဂတ် သာယာစေဖို့…၊ သူမဘ၀ လုံခြုံစေဖို့ စတဲ့ အကြောင်း ပြချက်ပေါင်းများစွာနဲ့ အမျိုးမျိုး အနစ်နာခံ ပေးဆပ်တယ်ပဲ ထားလိုက် ပါတော့။ သူမ ကျွန်တော့်အပေါ် ဘယ်လိုပဲ တုန့်ပြန်တုန့်ပြန်၊ ဘယ်လောက်ပဲ စော်ကား စော်ကား အရမ်းကို ခွင့်လွှတ်ပြီး သူမအပေါ်ပေးဆပ် တယ်ပေါ့…။ သူမအပါအ၀င် အားလုံးရဲ့ အမြင်မှာတော့ ကျွန်တော့်ကို အချစ်သူရဲကောင်းတစ်ယောက် အဖြစ် မြင်ကောင်း မြင်ကြမှာပါလိမ့်မယ်…။ (စိတ်ဓာတ် တည်ငြိမ် ရင့်ကြတ်တဲ့သူတွေကတော့ ကျွန်တော့်အဖြစ်ကို ကြည့်ပြီး “တော်တော်အသိဥာဏ်မဲ့

    တဲ့ သတ္တ၀ါလေးပဲ”လို့ ထင်ကောင်းထင်နိုင်ပါတယ်…ဒီ့ထက်ပိုပြီးလည်း “ေ_ာက်ရူး”လို့လဲ အားပေးကောင်း အာပေးကြပါလိမ့်မယ်)။ ထားလိုက်ပါ…။ ကျွန်တော်တို့ စကားဆက်ကြဆို့။

    တကယ်တမ်း သေသေချာချာ ပြန်ကြည့်ရင် တတယ်ရနေတာက ကျွန်တော်ပါ…။(သူမလဲရပါတယ်..။ ကျွန်တော် အဓိကဆိုလိုခြင်တာက သူမတစ်ယောက်တည်း ရနေတာမဟုတ်ကြောင်းကိုပါ) ကျွန်တော် ဘာတွေ ရလဲ…? ရှင်းပါတယ်။ သူမကို ကျွန်တော် ပေးဆပ်နေတာတွေအား ယူစေခြင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒ(အတ္တ) တစ်ခုဟာ သူမက ကျွန်တော်ပေးတာကို လက်ခံလိုက်တဲ့အခါမှာ ကျွန်တော် လိုခြင်တာကို ကျွန်တော် ရရှိသွားခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် လိုခြင်တာက ကျွန်တော်ပေးတာကို သူမက ယူလိုက်တယ် ဆိုတဲ့အရာ ဖြစ်နေလို့ပါပဲ…။ ကျွန်တော် အောင်မှတ် ရလိုက်ပါပြီ…။ အဲဒီ့အချိန်မှာပဲ ကျွန်တော်ဟာ အောင်မှတ်အပြင် နောက်ထပ် ဂုဏ်ထူးမှတ်တွေ ထပ်ရပါတော့တယ်…။ အဲဒါတွေကတော့ “ဟာ..သူက သူ့ချစ်သူကို တော်တော်ချစ်တာပဲ..ကောင်မလေးက ဘယ်လိုတုန့်ပြန်တုန့်ပြန် တော်တော်အနစ် နာခံတာပဲ၊ တကယ့် အပေးသမားပဲ..၊ တကယ်ကို မေတ္တာစစ်နဲ့ ချစ်တာပဲ” စသည်ဖြင့် မဆုံးနိုင်တော့သော ဂုဏ်ထူးတွေ တသီကြီး ထပ်ရပါတော့တယ်။

    အခုလောက်ဆို ကျွန်တော်ဘာကို ဆိုလိုချင်တယ် ဆိုတာကို စာဖတ်သူများ သဘောပေါက်နှင့်ပြီ ထင်ပါတယ်။ ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အရာတွေဟာ အစွန်းရောက်ကောင်းရောက် နေပါလိမ့်မယ်…။ ဒါမှမဟုတ် တစ်ဖက်သတ် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်…။ ဒါပေမယ့် ဒါတွေဟာ တကယ်ဖြစ်နေတဲ့ အရာတွေပါ…။ နေ့စဉ်နဲ့ အမျှကြုံတွေ့ ကြားသိနေရတဲ့ အရာတွေပါ…။ လူပေါ်မူတည်ပြီးတော့သာ ကွဲပြားမှုရှိနိုင်တာပါ။ တစ်ချို့က တစ်ကယ်ပဲ သတိမထားမိလို့၊ မသိလို့ပါ…။ တစ်ချို့ကတော့ သိရုံတင်မကဘူး ကျွမ်းကျင်အဆင့် ရောက်နေလို့ တမင်လုပ်ကြတာပါ…။ ကျွန်တော်တို့ မိမိကိုယ်ကို သေသေချာချာ ပြန်လည် စမ်းစစ်ကြည့်ဖို့ လိုအပ်လာပါပြီ်…။ တကယ်ပဲ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ သန့်စင်ခဲ့ကြရဲ့လား…? လို့ပေါ့…။ အဲ…တစ်ခုတော့ ရှိတယ်နော် (“တစ်ယောက် တစ်ဝက်ပေါ့”လို့တော့ မနောက်ပါနဲ့)။ အဖြေမှန်ကို သိပြီဆိုရင်တော့ ကျွန်တော်တို့ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ ၀န်ခံရဲဖို့လိုတာပေါ့ဗျာ….။ တကယ်တော့ မိမိကိုယ်ကို လိမ်လည်ခြင်း ဆိုတာဟာ ကိုယ့်ဘ၀ကို ကိုယ်တိုင် သေဒဏ်ချလိုက်ခြင်းပါပဲ…။

    p.s- မိမိကိုယ်ကို လိမ်လည်နေခြင်းများမှ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ….။
    Cateogry : Article , Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    11 Responses to “ကျွန်တော်နှင့်….အပေးအယူ!”

    1. အစ်ကိုပြောသွားတာတွေက တကယ်အဓိပ္ပာယ်ရှိတာပဲ။ အဓိက ပြောချင်တာကတော့ ကိုယ့်ဟာကိုယ်ညာနေကြတာကိုပေါ့နော်။ ဟုတ်တယ် အဲဒါကြီးက တော်တော့်ကိုဆိုးတာ။

      Like or Dislike: Thumb up 0 Thumb down 0

    2. တကယ်တော့ မိမိကိုယ်ကို လိမ်လည်ခြင်း ဆိုတာဟာ ကိုယ့်ဘ၀ကို ကိုယ်တိုင် သေဒဏ်ချလိုက်ခြင်းပါပဲ…။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ဒီလိုဆိုရင်တော့ ကျွန်တော်သေတာအကြိမ်ပေါင်းမနည်း တော့ဘူး။ကိုယ့်ကိုယ်ကို ကိုလိမ်နေမှန်း မသိတာ။ ဘယ့်နှယ့်လုပ်ရပါ့။ :D ဒါကလည်း အိပ်မက်ကြီး ပြောသလို လူပီသ လို့ပဲထင်တယ်။

      Like or Dislike: Thumb up 0 Thumb down 0

    3. လူတိုင်း တနည်းနည်းတော့၊ ကိုယ့်ကိုယ်ညာနေ ကြတာပဲ။
      အဲဒါမှလည်း လူသား ပီသမှာပေါ့။
      တခါတရံ ရှနေအောင်သွေး ထားတဲ့ အမှန်တရား ရှေ့မှာ…
      ကိုယ့်လည်ပင်းကို လွယ်လွယ် ခင်းမပေးတတ်ဖို့…
      “မှူး” တစ်ယောက်လည်း လူသား ပီသချင်ပါတယ်။

      မင်းရော???

      Like or Dislike: Thumb up 0 Thumb down 0

    4. It kills me, dude!!!! I guess it touches to everyone. Lying yourself is the worst lie ever coz you are combating with you and yourself only. But my point of view is DON’T LET YOURSELF BECOME YOUR OWN VICTIM. THE TRUTH BEHIND THE LIE IS- GIVING PERSON ALWAYS IS A VICTOR EVENTUALLY.

      Keep writing !!!!

      Like or Dislike: Thumb up 0 Thumb down 0

    5. အင်း
      သဘာဝကျပါတယ် အိမ်မက်မဲကြီး၂၁ ပြောသွားတာတွေ
      ဒီလိုပါပဲ

      Like or Dislike: Thumb up 0 Thumb down 0

    6. မလိမ် ခဲ့ပါဘူး :)

      Like or Dislike: Thumb up 0 Thumb down 0

    7. အင်းးးးးးးးးးးးးး ငါ့ညီ တောင် တရား သဘော တွေ တော်တော် ပေါက်နေ ပြီပဲ……..ကောင်း၏

      Like or Dislike: Thumb up 0 Thumb down 0

    8. ဖြစ်တတ်ပါတယ်..ပုထုဇဉ်ပဲဗျာ..

      Like or Dislike: Thumb up 0 Thumb down 0

    9. မြင်သွားရှာပြီ … ဟားဟား … ဒါနဲ့ တခါတလေ အဲ့ဒိမိန်းကလေးကို ပါ လူတွေက ခေါ်ကြသေးတယ် .. အသည်းနှလုံးမရှိတဲ့မိန်းမ တို့ဘာတို့ .. ဟားဟား .. အဆင်ပြေရင် .. ဒါလေးကို ညီမ ဘလော့ပေါ်မှာ လင့်ပြီး တင်ချင်တယ်

      Like or Dislike: Thumb up 0 Thumb down 0

    10. အချစ်ဆိုတာကတော့ယောကျာ်းကလေးဘဲဖြစ်ဖြစ်မိန်းကလေးဘဲဖြစ်”ဖော်ထုတ်ပြတတ်တဲ့သူရှိသလို၊ဖော်ထုတ်မပြဘဲရင်ထဲမှာသိမ်းထားတဲ့သူ”ရှိကြမယ်လိုထင်ပါတယ်။ဘယ်သူကညာတယ်ဆိုတာကိုတော့မပြောတတ်ဘူး။ကို့ရင်ထဲကအချစ်တွေကိုသူအနက်ရိုင်းဆုံးထိမမြင်ရင်တော့စိတ်ထဲမှာကိုယ်အရမ်းခံစားရတာတော့အမှန်ဘဲ။ဘာပဲ
      ဖြစ်ဖြစ်ပါဒီပို့လ်လေးကိုဖတ်ပြီးတော့အားလုံးကံကောင်း
      နိုင်ပါစေ။(အချစ်ဆင်းရဲတွင်းမှလွတ်နိုင်ပါစေ။)

      Like or Dislike: Thumb up 0 Thumb down 0

    11. ho do I even lie to myself anyway?

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply