• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    သူငယ်ချင်း အတွက်….

    February 15 , 2008 | 472 views

    သို့….

    သူငယ်ချင်း

    မနေ့က ငါတို့ စိုက်ပျိုးခဲ့တဲ့ အိပ်မက်တစ်ခုဟာ ဒီနေ့မှာ ငါတို့ ဘ၀တွေ အဖြစ်ရှင်သန်လာခဲ့ပြီ…။ တစ်ချို့က ပြောတယ် အိပ်မက်ဆိုတာ အိပ်ယာကနိုးရင် ပျက်ဆီးသွား ကြတယ်တဲ့…။ မဟုတ်ဘူး….။ အဲဒီ့စကားကို ငါငြင်းတယ်…။ တကယ်တော့ အိပ်မက်ဆိုတာ မျှော်လင့် ချက်တစ်ခုရဲ့ ရေသောက်မြစ်ပဲ…။ အိပ်မက်ဆိုတာ ခံစားချက်တစ်ခုရဲ့ မှန်တစ်ချပ်ပဲ…။ အိပ်မက်ဆိုးတွေ အ ကြောင်းတော့မပြောပါနဲ့ ငါတို့ ညတွေ ခါးကုန်လိမ့်မယ်…။ အမှန်တော့ အိပ်မက်တွေဆိုးတာဟာ ငါတို့ရဲ့ ခံစားချက်တွေ ကိုယ်တိုင်က ဆိုးနေကြလို့ပါ…။

    လူတစ်ယောက်ရဲ့ ဘ၀မှာ အခက်အခဲဆုံး အချိန်ကိုပြပါဆိုရင်…။ ငါကတော့ ဖြစ်သင့်တာ နဲ့ ဖြစ်ခြင်တာ စစ်ခင်းတဲ့ အချိန်ကိုပဲ ပြရလိမ့်မယ်…။ ဦးနှောက်နဲ့ နှလုံးသား စစ်တုရင် ကစားရင် ဘယ်သူနိုင်မယ် ထင်လဲ? ငါကတော့ ဦးနှောက်ဘက်က ငါ့ဘ၀ကို ထပ်တယ်..။ အပ်ကြောင်းထပ်နေတဲ့ ဘ၀ရဲ့ အစီအစဉ် မကျနမှုတွေနဲ့ အဆင်မပြေမှုတွေဟာ တကယ်တော့ စိတ်ဓာတ်ရင့်ကျက်သူ တွေ အတွက် အကောင်းဆုံး ဟာသတွေပါပဲ…။ တကယ်တမ်းက လူတွေရူးနေကြတာပါ…။ နှလုံးသားဆိုတာ အစကတည်းက စဉ်းစားဖို့မှ မဟုတ်ဘဲ…။ ခံစားတတ်ရင် လုံလောက်ပြီ…။ သူ့တာဝန်ကျေပြီ….။
    မသေချာမှုတွေ ခြေချင်းလိမ်နေကြတဲ့ ဒီလောကကြီးထဲမှာ တစ်ခုခုကို သေချာဖို့ကြိုးစား မိတဲ့ ငါတို့ကိုယ်တိုင်ကသာ အဓိက တရားခံတွေပါ…။ မပူပါနဲ့…။ ကံကြမ္မာ တရားသူကြီးက ဘ၀ခုံရုံးမှာ ငါတို့ အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုကို သတ်မှတ်ပေးပါလိမ့်မယ်…။ ငါတို့ဘက်က ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့ပဲ လိုအပ်တာပါ…။ ကောင်းတာဘဲ ဖြစ်ဖြစ်…။ ဆိုးတာဘဲ ဖြစ်ဖြစ် ငါတို့ လက်တော့ခံကြရ လိမ့်မယ်…။ ဘာလို့လဲဆိုတော့ သူရဲ့ဆုံးဖြတ်ချက်ဟာ ငါတို့လုပ်ရပ်တွေရဲ့ အရိပ် တစ်ခုဖြစ်နေလို့ပဲ သူငယ်ချင်း…..။ ငါတို့သတ္တိ ရှိဖို့တော့လိုမယ်နော်…..။
    လိုအပ်တာနဲ့ လိုချင်တာ ဆိုပြီးနှစ်မျိုးသာ ရှိတဲ့ ငါတို့ဘတွေတွေထဲမှာ ဦးစားပေးတော့ မှန်ဖို့ လိုတယ်…။ လိုချင်တာတွေနောက်ကိုချည်း လိုက်နေကြမယ်ဆိုရင်တော့ ငါတို့ဘ၀တွေ အတွက် တကယ်လိုအပ်တဲ့ လိုအပ်ချက်တွေကနေ ပိုပြီးဝေးသွားနိုင်တယ်…။ လိုချင်တာတွေရရင် ပျော်ရွှင် ပြုံးပျော်တတ်ကြတဲ့ ငါတို့တွေ… အရာရာကို ဆုံးရှုံးလိုက်ရပြီဆိုရင်လည်း အဓိပ္ပါယ်ရှိရှိ မျက်ရည်ကျတတ် ကြရမယ်လေ…။ ဘ၀တွေ အထပ်ထပ်ဖူးပွင့်နေတဲ့ လောကသစ်ပင်ကြီးထဲမှာ ငါတို့ဟာလဲ ဝေချိန် တန်ဝေပြီး ကြွေချိန်တန် ကြွေရမယ့် ပန်းတစ်ပွင့်ပါဘဲ…။
    နောက်ဆုံးအနေနဲ့ ငါလက်ဆောင်တစ်ခုလောက် ပေးခဲ့ချင်တယ်…။ ဒီလက်ဆောင်ဟာ ငါတို့ရဲ့ ဒီလောကမှာ အမြင့်မြတ်ဆုံး လူသားတစ်ယောက်က ပထမဆုံး စပြီးပေးခဲ့တဲ့ လက်ဆောင်ပေါ့…။ အချိန်တွေ ဘယ်လိုဘဲ ပြောင်းပြောင်း…။ နေရာတွေ ဘယ်လိုပဲ ပြောင်းပြောင်း…။ အမြဲတန်း တန်ဖိုးရှိ ပြီး ထာဝရလှပနေ..တန်ဖိုးရှိနေမယ့် လက်ဆောင်တစ်ခုပေါ့…။ ဖြစ်နိုင်ရင် တခြားသူငယ်ချင်းတွေကိုလည်း ဒီလက်ဆောင်လေးကို အလျင်းသင့်ရင် သင့်သလို ပေးလိုက်ပါ…။ သူတို့အတွက်လည်း အဖိုးတန်ပါလိမ့်မယ်…။
    ငါပေးမယ့်လက်ဆောင်က တစ်ခြားမဟုတ်ပါဘူး…။ စကားလုံးလေး တစ်လုံးပါဘဲ…။ ဥာဏ်ရှိသလို အသုံးတည့်ရင် တည့်သလို သုံးလို့ရပါတယ်…။ ဒီလောကကြီးကနေ ငါတို့ အပြီးအပိုင် မထွက်ခွာသ၍ပေါ့….။

    “ ယောနိသော မနသိကာရ”…… သင့်တင့် လျောက်ပတ်စွာ နှလုံးသွင်းနိုင်ပါစေ။

    p.s- This Post Is A Birthday Present For Lu Lu & Acutally Dedicated To All The Friends In This Outlook Who Take Care Of Each Others…

    Cateogry : Article , Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    15 Responses to “သူငယ်ချင်း အတွက်….”

    1. အရမ်း ကောင်းတယ် ညီလေးရေ :D

      Like or Dislike: Thumb up 0 Thumb down 0

    2. လူလူ ဆိုတဲ့ ကောင်းမလေး.. ဘလက်ဒရင်းလို သူငယ်ချင်းရတာ ကံကောင်းတာပဲ ဟေ့ ..

      Like or Dislike: Thumb up 0 Thumb down 0

    3. bro..really great!!
      all the words in this articles are very essential for me rght now!!

      Like or Dislike: Thumb up 0 Thumb down 0

    4. Great essay, bro. I plainly love it. Obviously, you’re improving, man. Just buzz me whenever you create new works.

      Like or Dislike: Thumb up 0 Thumb down 0

    5. it’s me, Mintasay… :)

      Like or Dislike: Thumb up 0 Thumb down 0

    6. လူတစ်ယောက်ရဲ့ ဘ၀မှာ အခက်အခဲဆုံး အချိန်ကိုပြပါဆိုရင်…။ ငါကတော့ ဖြစ်သင့်တာ နဲ့ ဖြစ်ခြင်တာ စစ်ခင်းတဲ့ အချိန်ကိုပဲ ပြရလိမ့်မယ်…။
      အပ်ကြောင်းထပ်နေတဲ့ ဘ၀ရဲ့ အစီအစဉ် မကျနမှုတွေနဲ့ အဆင်မပြေမှုတွေဟာ တကယ်တော့ စိတ်ဓာတ်ရင့်ကျက်သူ တွေ အတွက် အကောင်းဆုံး ဟာသတွေပါပဲ…။
      မသေချာမှုတွေ ခြေချင်းလိမ်နေကြတဲ့ ဒီလောကကြီးထဲမှာ တစ်ခုခုကို သေချာဖို့ကြိုးစား မိတဲ့ ငါတို့ကိုယ်တိုင်ကသာ အဓိက တရားခံတွေပါ…။ မပူပါနဲ့…။ ကံကြမ္မာ တရားသူကြီးက ဘ၀ခုံရုံးမှာ ငါတို့ အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုကို သတ်မှတ်ပေးပါလိမ့်မယ်…။ ငါတို့ဘက်က ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့ပဲ လိုအပ်တာပါ…။ ကောင်းတာဘဲ ဖြစ်ဖြစ်…။ ဆိုးတာဘဲ ဖြစ်ဖြစ် ငါတို့ လက်တော့ခံကြရ လိမ့်မယ်…။ ဘာလို့လဲဆိုတော့ သူရဲ့ဆုံးဖြတ်ချက်ဟာ ငါတို့လုပ်ရပ်တွေရဲ့ အရိပ် တစ်ခုဖြစ်နေလို့ပဲ သူငယ်ချင်း…..။ ငါတို့သတ္တိ ရှိဖို့တော့လိုမယ်နော်…..။

      What a modernize thoughts. Wickedly inpressive.
      by, Mintasay

      Like or Dislike: Thumb up 0 Thumb down 0

    7. အားဆေးတစ်ခုပဲအစ်ကို။ ဒီစာဖတ်ရတာ အားတွေတက်လာတယ်။ အရမ်းကောင်းတာပဲ။

      လိုချင်တာတွေရရင် ပျော်ရွှင် ပြုံးပျော်တတ်ကြတဲ့ ငါတို့တွေ… အရာရာကို ဆုံးရှုံးလိုက်ရပြီဆိုရင်လည်း အဓိပ္ပါယ်ရှိရှိ မျက်ရည်ကျတတ် ကြရမယ်လေ…။ ဒီတစ်ကြောင်းလေး အကြိုက်ဆုံးပဲ။

      Like or Dislike: Thumb up 0 Thumb down 0

    8. အချို့က အိပ်မက်က နိုးထတဲ့အခါ မောပန်းတယ်တဲ့၊ အချို့ကတော့ ပျော်ရွှင်တယ်တဲ့။ မက်တဲ့ အိပ်မက်ပေါ်ပဲ မူတည်မှာပေါ့နော်။ ဒီအိပ်မက်တစ်ခုကိုတော့ ၀ိညာဉ်လို မပျောက်ကွယ်စေချင်ပါဘူး။ ထာဝရ ရှင်သန်နေစေချင်ပါတယ်။

      အေးချမ်းသူ

      Like or Dislike: Thumb up 0 Thumb down 0

    9. နင့် ပိုစ့်လေးက COMMENTSတွေများကြီးပဲ.. ဘာလို့မှန်းတော့သိဘူး ငါတောင်ပျော်လာပြီ.. ဟီး…

      Like or Dislike: Thumb up 0 Thumb down 0

    10. လူးလူးကိုဒီပို့လေးကရည်ညွန်းထားတယ်ဆိုတော့…ရေးထားတဲ့သဘောအရဆိုရင်တော့လူးလူးမှာ”ဖြစ်ချင် တာနဲ့ဖြစ်သင့်တာ”ဝေခွဲလို့မရဖြစ်နေတယ်နော်။အဲဒါဆို လိုချင်တာတွေများနေလို့ထင်တယ်။လောကနီတိမှာအဲဒီလို လိုချင်တာများတာဟာ”လောဘ”ကြောင့်ပါတဲ့။အဲဒါ ကိုထိန်းနိုင်ရင်ပျော်ရွှင်စရာကောင်းတဲ့လူးလူးလေးဖြစ် သွားမှာအမှန်ဘဲ။

      Like or Dislike: Thumb up 0 Thumb down 0

    11. ပုထုဇဉ်လူတိုင်းမှာ ဖြစ်ချင်တာတွေရှိပါတယ်.. လိုချင်တာတွေလဲရှိပါတယ်.. ကိုငဘ မှာလဲရှိမှာပါ.. အဲ.. နောက်ပြီးလူတိုင်းမှာ လောဘဆိုတာလဲရှိပါတယ်.. လိုချင်တာများတာဟာ”လောဘ” ဆိုတာ လောကနီတိမဖတ်ဖူးပင်မဲ့ ကျမသိပါတယ်.. နောက်ပြီး ကျမက “ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ” ဝေခွဲလို့မရဖြစ်နေတာမဟုတ်သလို စာရေးသူ ပိုစ့်ထဲမှာလဲ အဲလိုမရေးထားပါဘူး.. ဒါပေမဲ့ ကျမက ဖြစ်ချင်တာတွေကိုအသိစိတ်နဲ့ထိမ်းပြီး ဖြစ်သင့်တာတွေချည်းလုပ်နေရလို့ စာရေးသူကို ရင်ဖွင့်ခဲ့ဖူးတာတော့အမှန်ပဲ.. အဲဒါကြောင့်သူကလဲ သူငယ်ချင်းကိုအားပေးတဲ့အနေနဲ့ ဒီပိုစ့်လေးကို birthday present အနေနဲ့ရေးပေးတာပါ.. ကျမခုလဲပျော်ရွှင်နေပါတယ်.. ပုထုဇဉ်ဆိုတော့ လောဘကတော့ရှိတုန်းပဲ.. မောဟလဲရှိတယ်.. ဒေါသလေးလဲရှိလို့ ခုလို reply လုပ်တာဝင်ခံပါတယ်.. နောက်ဆုံးအနေနဲ့ personally ကျမပြောချင်တာကတော့ ကျမနာမည်က “လူလူ” ပါ.. “လူးလူး” မဟုတ်ပါဘူး.. လူအများစုကတော့ “လုလု”လို့မှားတတ်ကျပါတယ်.. ကိုငဘနဲ့ကျမ ကျမလဲ “လူး”ရတော့တယ်.. လူးလူးလို့ဖတ်လိုက်ရတာ မောလိုက်တာ.. တော်တော်တော့ creative thinking ဖြစ်တယ်နော်.. ဟတ်..

      Like or Dislike: Thumb up 0 Thumb down 0

    12. အရမ်း ကောင်းတယ် အရမ်း ကောင်းတယ် အရမ်း ကောင်းတယ် အရမ်း ကောင်းတယ် အရမ်း ကောင်းတယ်

      Like or Dislike: Thumb up 0 Thumb down 0

    13. :)
      ဘ၀က စစ်တုရင် ကစားရသလောက် စဉ်းစားရလို့လား?
      ကျရာ အခန်းမှာ ပါဝင် သရုပ်ဆောင်လိုက်ကြတာက
      ပိုပြီးများမယ်
      မှတ်ချက်
      ထင်ရာပြောတာ သူငယ်ချင်းရေ
      @_@

      Like or Dislike: Thumb up 0 Thumb down 0

    14. ဒီ ပို့စ် လေးကို ဖတ်လိုက်ရတော့
      ဇာတ်ကားနာမည်က မောင်မင်းကြီးသား မောင်မြဖေ လား မသိဘူး
      ဇာတ်ကားထဲက လွင်မိုး သေခါနားနီးမှာ သေတ္တာထဲက ထွက်ကျလာတဲ့ လက်ဆောင်စကားလေးတစ်ခွန်း
      “အတ္တာဟိ အတ္တနော နာထော” တည့်
      လွင်မိုး ပြုံးပြီးသေသွားတယ်
      လက်ဆောင်စကားတခွန်းဟာ ဘ၀တခုလုံးအတွက် တန်ဖိုးအရှိဆုံး အမှန်တရား ဖြစ်သွားတယ်

      Like or Dislike: Thumb up 0 Thumb down 0

    15. “လိုအပ်တာနဲ့ လိုချင်တာ ဆိုပြီးနှစ်မျိုးသာ ရှိတဲ့ ငါတို့ဘတွေတွေထဲမှာ ဦးစားပေးတော့ မှန်ဖို့ လိုတယ်…” di sentence lay a yan like par tal…:)

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply