• About Me
    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)
    February 13 , 2008 | 463 views
    ဘယ်လို ၀တ်ရုံမျိုးလဲ ငါဝတ်ဆင်လိုက်တာလဲ…?? သေသေချာချာတော့ မသိပေမယ့် အဲ့ဒီ့ဝတ်ရုံက ငါ့ဘ၀ကို အသေအချာကြီးကို ပြောင်းလဲစေခဲ့တာတော့ အမှန်ပဲ…။ အဲဒီ့ဝတ်ရုံထဲမှာ မင်းသားယောင် ဆောင်ထားတဲ့ ဘီလူးတစ်ကောင်ရဲ့ မျက်နှာဖုံးပါတယ်…သိုးရေခြုံထားတဲ့ ၀ံပုလွေ တစ်ကောင်ပါ တယ်…ပြည်စောင့်နတ် ဟန်ဆောင်ထားတဲ့ မာနတ်တစ်ထောင် ပါတယ်..။
    အဲ့ဒီဝတ်ရုံက လူတစ်ယောက်ရဲ့ အနာဂတ်ကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင်လုပ်နိုင်ရုံတင်မကဘူး အဲဒီ့လူတစ်ယောက်ရဲ့ အတိတ်ကိုလည်း ကောင်းကောင်းကြီးကို ဖုန်းအုပ်ပြစ်လိုက်နိုင်တယ်…။ဘယ် လိုဝတ်ရုံမျိုးလဲ ငါ့တို့ဘ၀တွေရဲ့ လှပခဲ့တဲ့ အတိတ်တွေကို သွေးစိမ်းရှင်ရှင် အနာဂတ်တွေနဲ့လဲခဲ့တာ?
    ဒီဝတ်ရုံက ဘယ်ဘ၀ရဲ့ ဆုတောင်းတွေ ကောင်းခဲ့လို့လဲတော့မသိဘူး…။ အသံကြား ကျိန်ဆဲခံရပါစေ၊ ရုပ်မြင် စောင့်ကန်ခံရပါစေ ဆိုတဲ့ဆုတောင်းတွေနဲ့ အရမ်းပြည့်တယ်…။ နောက်တစ်ခုရှိသေးတယ် ဒီဝတ်ရုံရဲ့ ထူးခြားချက်က…။ ဒီဝတ်ရုံကို ၀တ်လိုက်တဲ့သူတိုင်း အဖြူ၊ အမဲ မခွဲခြားခံရတော့ဘဲ တံတွေး ခွက်ထဲ ပက်လက်ကလေး မြောခွင့်ရခြင်းဘဲ..။လူမပြောနဲ့ ခွေးတောင်ဒီဝတ်ရုံကို မြင်ရင်ဟောင်တယ်။
    ဒီဝတ်ရုံကို ၀တ်ထားရင် အကုသိုလ်ကို အခမဲ့ဝယ်လို့ရတယ်။ ငရဲပြည်ကို VISA မပါဘဲ အချိန်မရွေး သွားလို့ရတယ်(ပြန်လာလို့တော့မရဘူးနော်…မေ့နေမှာစိုးလို့)။ လူပေါင်းများစွာရဲ့ မျက်ရည်တွေကို မိုးတွေ တ၀ုန်းဝုန်းရွာရွာသွန်းသလို ရွာကျအောင် လုပ်လို့ ရတယ်။အသိပညာ အတတ်ပညာရဲ့ အဖူးအပွင့်တွေကို လောင်တိုက်သွင်းပြီး ပြာချခွင့်ရှိတယ်။ကုန်ကုန်ပြောရရင် ငါးပါးသီလကို တရားဝင် ချိုးဖောက်ခွင့်ရှိတယ်။ ကောင်းလိုက်တဲ့ ၀တ်ရုံ…! လိုချင်ရင်ပြော အပိုတွေအများကြီးရှိသေးတယ်..။
    အရင်ကတော့ဒီလိုဝတ်ရုံမျိုးကို လူတွေဈေးကြီးပေးဝယ်ပြီး အရမ်းတန်ဖိုးထားခဲ့ကြဖူးတယ် ပြောတယ်။ ဟုတ်တော့လည်း ဟုတ်လောက်ပါတယ်။ ဒီဝတ်ရုံ ပေါ်ပေါက်လာတဲ့ သမိုင်းကလည်း သိပ်ကိုကြီးမြတ် ခဲ့တာကိုး..။ အခုတော့လည်း ပုံပြင်တစ်ပုဒ်လိုပါဘဲ။ ဒီဝတ်ရုံကြီးကို ယက်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးသာ မြင် ရင် သူများတောင် သတ်စရာလိုလိုက်မှာ မဟုတ်ဘူး..။ အခုဆို ဒီဝတ်ရုံမှာ သွေးတွေစွန်းကုန်ပြီ..။ စွန်းနေတဲ့သွေးတွေကို ဘယ်လိုဆေးကြမလဲ?? ၀မ်းနည်းဖို့ကောင်းတယ်ဗျာ သမိုင်းတွေ ခြစားကုန်ပြီ။
    ယုံကြပါဗျာ..။ ဒီဝတ်ရုံက အရမ်းကို တန်ဖိုးရှိခဲ့တာပါ..။ အခုချိန်မှာ လည်းတန်ဖိုးရှိနေပါသေးတယ်..။ အနာဂတ်အတွက်လည်း တန်ဖိုးမဖြတ်နိုင်လောက်အောင် မရှိမဖြစ် အရမ်းလိုအပ်တဲ့ ၀တ်ရုံတစ်ခုပါ..။ ခင်ဗျားယုံမယ်ဆိုရင် ပြောပြပါရစေ..။ ဒီဝတ်ရုံထဲမှာ သူရဲကောင်းတွေရဲ့ ၀ိဥာဉ်တွေ ကိန်းအောင်းနေ ကြပါသေးတယ်..။ ဒီဝတ်ရုံဟာ သူရဲကောင်းတစ်ယောက်ရဲ့ အမြင့်မြတ်ဆုံး သင်္ကေတပါ။ ဒီဝတ်ရုံဟာ သူရဲကောင်းတစ်ယောက်ရဲ့ အလှပဆုံး အိပ်မက်တစ်ခုပါ။ အနာဂတ်ရဲ့ သူရဲကောင်းတိုင်း ခုံမင်စွာတပ်မက်တဲ့ မျှော်လင့်ချက်တစ်ခုပါ..။ အသုံးပြုတဲ့ သူတွေအပေါ်မူတည်နေလို့သာ တန်ဖိုးတွေ ကျဆင်းနေတာပါ..။
    အခုအချိန်မှာ ဒီဝတ်ရုံရဲ့ တန်ဖိုးကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပါပြီ..။ ဒီဝတ်ရုံအပေါ် ယုံကြည်စိတ် ချမှုတွေ..၊အားကိုး တန်ဖိုးထားမှုတွေ ပြန်လည်မြင့်မားလာအောင် ကြိုးစားကြဖို့ အချိန်ရောက်ပါပြီ…။ စွန်းထင်းခဲ့တဲ့ အတိတ်ဆိုး၊ အရိပ်ဆိုးတွေကို လက်တွေ့ကျတဲ့ ကြိုးစားမှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ ကျရာနေရာကနေ သက်သေပြကြဖို့လိုအပ်နေပါပြီ…။ ဒီလိုမှမဟုတ်ရင်တော့ ဒီဝတ်ရုံရဲ့တန်ဖိုးဟာ အခုအတိုင်းပဲ ရေစုန်မှာ ဆက်မြောနေပါလိမ့်အုန်းမယ်..။
    အမှန်တရားနဲ့ သစာတရားကို သူတော်ကောင်းတွေ ချီးကျူးဂုဏ်ယူ ကြပါလိမ့်မယ်။ စောင့်ရှောက်ကြ ပါလိမ့်မယ်..။ အမှန်တရားကို ရဲရဲရင့်ရင့်လက်ခံပါ..။ ခိုအောင်းနေတဲ့ သူရဲကောင်းတွေရဲ့ ၀ိဥာဉ်တွေကို သစာစောင့်သိပါ..။ ဒီဝတ်ရုံကို ယက်လုပ်ခဲ့သူရဲ့ အဓိကရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကို အမြဲနှလုံး သွင်းပါ..။ ဒီလိုဆိုရင် ဒီဝတ်ရုံရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို ပြန်လည်ပြီး လက်ခံနားလည် လာကြပါလိမ့် မယ်။ ခံယူချက်ရှိရှိနဲ့ ရှေ့ကိုဆက်ရှောက်ပါ..။ နောင်တရစရာမလိုပါဘူး..။
    ဘာကြောင့်လဲဆိုတော့ ဒီဝတ်ရုံဟာ လောက၏ မြင့်မြတ်သော၊စွန့်လွှတ် အနစ်နာခံနိုင်ဆုံးသော သူရဲကောင်းများသာ ၀တ်ဆင်ခဲ့ကြတဲ့၊၀တ်ဆင်နိုင်စွမ်း ရှိတဲ့ တစ်ခုတည်းသော ၀တ်ရုံတစ်ခု ဖြစ်သော ကြောင့် တန်ဖိုးထားသင့်ပါကြောင်း…….။ ။
    မှတ်ချက်။ ။ ဒီဝတ်ရုံအား စတင်ယက်လုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား ဒီ Post ဖြင့် ဂုဏ်ပြုအပ်ပါသည်။
    Cateogry : Article
    About
    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!
    Leave Your Comment Directly From Facebook!
    13 Responses to “၀တ်ရုံတစ်ခုရဲ့ ရာဇ၀င်…”
    1. ညီလေးရေ … အစ်ကိုကတော့ ဒီပို့စ် မတင်ခင်ကတည်းက … ညီလေး လာပြကတည်းက တစ်ခါတည်း သိမ်းထားပြီးသား … လေးစားပါတယ် ညီလေး …
      Like or Dislike: Thumb up 0 Thumb down 0
    2. good post
      Like or Dislike: Thumb up 0 Thumb down 0
    3. ရင်ထဲမှာခံစားရတယ်ဗျာဒီဝတ်ရုံခြုံထားသူတွေ ညီလေးလိုဘဲအသိရှိမယ်ဆိုရင်ပြည်သူတွေ တောင့်တနေတဲ့စည်ပင်သာယာဝပြောတဲ့အနာ ဂါတ်နိုင်ငံတော်သစ်ကြီးဟာလက်တကမ်းမှာပါ။
      Like or Dislike: Thumb up 0 Thumb down 0
    4. really nice post and it can attract me with one sentence. Very meaningful and can touch the ppl’s heart.
      U make me to remember our general aung san……thanks for posting. carry on… i am looking forward to read more and more :)
      Like or Dislike: Thumb up 0 Thumb down 0
    5. ဖတ်ရတာ ရင်ထဲကို နင့်သွားတာပါပဲဗျာ။
      ကျနော့်သူငယ်ချင်းတွေလဲ ဒီလိုပဲ ခံစားနေရတာပါ။
      ကျနော်တို့ ဒီဝတ်ရုံကို နဂိုအတိုင်း မြင်နိုင်အောင် ကြိုးစားကြရမှာပါ။ ၀တ်ရုံပိုင်ရှင်တွေရဲ့ ကိုယ့်ကိုယ်ကိုအသိနဲ့ ကျနော်တို့ နားလည်ပေးမှုတွေ အများကြီး လိုအပ်ပါတယ်။
      Like or Dislike: Thumb up 0 Thumb down 0
    6. အင်မတန် အဓိပ္ပါယ်ပြည့်ဝပြီး ခံစားရတဲ့ ပို့စ်တစ်ခုပါပဲ။ လေးစားပါတယ်အကို .. ။ ဒီလိုမျိုးအသိတွေ လူတိုင်းမှာ ရှိနိုင်ကြပါစေ :)
      Like or Dislike: Thumb up 0 Thumb down 0
    7. သပြေခက်နဲ့ အပြုံးနဲ့ ကြိုဆိုတာ ခံရဖူးတဲ့ ဒီဝတ်ရုံရဲ့ သမိုင်းကို ထပ် မရိုင်းရအောင် ဒီဝတ်ရုံနဲ့ တန်တဲ့သူတွေ များများပေါ်ထွန်းပါစေ မတန်သူတွေ ဒီဝတ်ရုံကို စွန့်ခွာ ကြပါစေလို့ ဆုတောင်းရ ကောင်းမလား ???? တကယ်က ဆုမတောင်း တတ်ပါဘူး ဖြစ်စေချင်တာ ကို ဆုတောင်း အဖြစ် ပြောကြည့်တာပါ ၀တ်ရုံကို တကယ် လေးစားသူများ မတန်သူများကို ပယ် မထုတ် နိုင်ကြဘူးလား.. ပစ္စုပ္ပန်သန့်မှ အနာဂတ် ခန့်ထည်မယ်
      Like or Dislike: Thumb up 0 Thumb down 0
    8. ၀တ်ရုံတခုရဲ့ ရာဇ၀င် .. လာဖတ်သွားတယ် ဘရို ..
      ကဗျာထဲကလိုပဲ သက်တန့်စီးတဲ့ အနာဂတ်ကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေဗျာ။
      Like or Dislike: Thumb up 0 Thumb down 0
    9. VERY VERY GOOD
      We waiting another post
      Like this…
      Like or Dislike: Thumb up 0 Thumb down 0
    10. လေးစားပါတယ်၊၊VERY VERY GOOD POST!!
      Like or Dislike: Thumb up 0 Thumb down 0
    11. ဒီဝတ်ရုံကို တစ်ခါတစ်ခါ လေးစားတယ်
      တစ်ခါခါတစ်ခါ ကြောက်တယ်
      တစ်ခါတစ်ခါ ရွံမုန်းတယ် နောက်ဆုံးတော့ ဒီဝတ်ရုံအပေါ်ခံစားချက်တွေ များလွန်းလို့  အပေါ်ယံဝတ်ရုံကို မကြည့်တော့ဘူး ၀တ်ရုံခြုံသူကိုပဲ လူတစ်ယာက်အနေနဲ့  မြင်လိုက်တာ ဒီလိုဆိုတော့လည်းအိုကေ သွားတာပါပဲ။
      (ဒီပို့ စ်လေးကြားဖူးနေတာကြာပြီး အခုမှဖတ်ဖြစ်တယ် လေးစားတယ် အစ်ကိုရေ့ )
      Like or Dislike: Thumb up 0 Thumb down 0
    12. ၀တ်ရုံတစ်ခုရဲ့ရာဇ၀င်ကိုဖတ်ရတော့အမြင်တွေပြောင်းလဲသွားပါတယ်။ရင်ထဲကလှိုက်လှိုက်လဲလဲကိုခံစားရပါတယ်။
      ဒီpostကိုဖတ်လိုက်တော့ပျောက်ကွယ်နေတဲ့ကောင်းမြင်တတ်တဲ့စိတ်လေးပြန်လည်အသက်ဝင်လာပါတယ်။
      Like or Dislike: Thumb up 0 Thumb down 0
    13. ဘလော့ ၁ နှစ်ပြည့်မွေးနေ့ကနေ
      ဒီ ပို့စ်လေးကို လာဖတ်သွားခဲ့ပါတယ်။
      ဒီလို ကောင်းကောင်းလေးတွေ မျှော်လင့်နေပါတယ်။
      Like or Dislike: Thumb up 0 Thumb down 0
    Leave a Reply