ကျွန်တော်နှင့် မိန်းမလို………..မိန်းမရ စိတ်ဓာတ်
139 viewsယောကျာ်းစိတ်ပဲ ဖြစ်ဖြစ်၊ မိန်းမစိတ်ပဲ ဖြစ်ဖြစ် ကောင်းတာရှိနိုင်သလို… မကောင်းတာလဲရှိနိုင်တာပါပဲ။
ဒီလိုပြောကျကြေးသာဆို ကျွန်တော်ကလည်း အကျင့်မကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ဒီလို ပြောချင်ပါတယ် “ကြည့်စမ်း မိန်းကလေးတန်မဲ့ ယောက်ျားလို ယောက်ျားရ စိတ်ကြီးနဲ့”ကဲကျွန်တော် အဲလိုမျိုး ပြောကြည့်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ? ကျွန်တော်သာအဲလို ပြောလိုက်လို့ ကတော့ သူက သူ့ကို ယောက်ျားစိတ်ရှိတယ်လို့ ပြောတယ်ထင်ပြီး ပိုတောင်ဝမ်းသာ သွားဦးမလားပဲ။ ဒါဆိုရင် တော့ ဒီ “မိန်းမလို မိန်းမရစိတ်” ဆိုတဲ့ စကားကြီးဟာ တစ်ခုခုတော့မှားနေပြီဆိုတာသေချာပါတယ်…။
ဒါပေမယ့် ကျွန်တော် အဲဒီ့စကားရဲ့ အဓိပါယ်ကို မကြာသော ကာလကမှ ကောင်းကောင်းကြီး သဘော ပေါက်လိုက်ပါတယ်…။…အဲဒီလိုကျတော့လဲ ဒီစကားလေးက တော်တော်လေးကို အနှစ်သာရရှိသွားပါ တယ်…။
ကျွန်တော်တကယ်ပဲ အဲဒီစကားလုံးနဲ့ သင့်တော်တဲ့ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတယ်။ အကြောင်းအရင်းကတော့ မိန်းမအရမ်းလိုချင်နေတဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက် မနေ့က မိန်းမရသွားပြီ ဖြစ်ကြောင်း မိဘများထံ ဖုန်းဆက်ရင်းသိလိုက်ရလို့ပါပဲ….။ ကဲ…ဘယ်သူဘာပြောချင် လဲ??? သူလိုလူကိုမှ “မိန်းမလို…မိန်းမရ” လူလို့မပြောရင် ဘယ်သူ့ကိုပြောမလဲ…??? ကျွန်တော်အဲဒီ သတင်းကို ကြားတဲ့ အချိန်မှာ ၀မ်းသာလွန်းလို့ အောက်ပါအတိုင်းတောင် ယောင်ပြီးတော့ အော်လိုက် မိပါသေးကြောင်း…..
ဒါမှ…ငါ့ရဲ့ “မိန်းမလို…မိန်းမရ” သူငယ်ချင်းကွ………..!!!!!!!!!!!!!!!!!!!!!!!!!!!
p.s- ကျွန်တော့်ငယ်သူငယ်ချင်း(ပြောမနာ..ဆိုမနာ…!သူ့ရှိကိုစား…ကိုယ့်ရှိဖွက်ထား) ရဲ့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်အတွက် အဝေးရောက်လက်ဖွဲ့ တစ်ခုအနေနဲ့ ကျွန်တော်ပြောချင်တာလေး တစ်ချို့ကို ဖြည့်စွက်ပြီး ဒီ Post လေးကို အမှတ်တရ ရေးဖြစ်ခြင်း ဖြစ်ပါတယ်….။ ယောကျာ်းလေးများအားလုံး “မိန်းမလို…မိန်းမရ” ဖြစ်နိုင်ကျပါစေ….!!!!!!!!!
You’re currently reading “ကျွန်တော်နှင့် မိန်းမလို………..မိန်းမရ စိတ်ဓာတ်”, an entry on BLACK DREAM
- Published:
- 02.10.08 / 5pm
- Category:
- Article
- Tags:
- Post Navigation:
- « မနက်ဖြန်များစွာသို့…. ( Photo Edition)
တို့တိုင်းပြည် »
