February 10 , 2008 | 352 views
မိန်းမလို မိန်းမရ ဆိုတဲ့စကားဟာ ဘယ်အချိန်ကတည်းက ဘယ်လိုပေါ်ပေါက်လာမှန်းမသိတဲ့ စကား တစ်ခုပါ… အခုချိန်ထိတော့ (ကျွန်တော်ပဲ ဥာဏ်မမှီလို့လားတော့မသိ) ဘာအဓိပ္ပါယ်မှန်းကို မသိသေး ပါဘူး… များသောအားဖြင့်တော့ ဒီစကားက ယောက်ျားးတစ်ယောက်ကို နစ်နစ်နာနာ ဖြစ်အောင်ပြောတဲ့ အခါ မှာ သုံးလေ့သုံးထ ရှိတာများပါတယ် (ဆိုလိုတာကတော့ အဲဒီယောက်ျားတစ်ယောက်ဟာ မိန်းမစိတ် ရှိတယ်လို့ ပြောချင်တာနဲ့ တူပါတယ်)… ကျွန်တော်ကတော့ အဲလိုသုံးတာကို သိပ်သဘာဝ မကျသ လို… တရားမျှတမှုမရှိဖူးလို့လဲထင်ပါတယ်…. ဘာလို့လဲဆိုတော့ မိန်းမစိတ်ရှိ တယ်( မိန်းမလို မိန်းမရစိတ်) လို့ပြောလိုက်ယုံနဲ့ပဲ… စဉ်းစားကြည့်ရင် မိန်းမတွေရဲ့စိတ်ဓာတ်အားလုံးကပဲ ယုတ်ညံ့နေ သလိုလိုကြီး ဖြစ်နေပါတယ်… ဒီလိုကြီးတော့ မဟုတ်သေးဖူးထင်ပါတယ်…

ယောကျာ်းစိတ်ပဲ ဖြစ်ဖြစ်၊ မိန်းမစိတ်ပဲ ဖြစ်ဖြစ် ကောင်းတာရှိနိုင်သလို… မကောင်းတာလဲရှိနိုင်တာပါပဲ။
ဒီလိုပြောကျကြေးသာဆို ကျွန်တော်ကလည်း အကျင့်မကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ဒီလို ပြောချင်ပါတယ် “ကြည့်စမ်း မိန်းကလေးတန်မဲ့ ယောက်ျားလို ယောက်ျားရ စိတ်ကြီးနဲ့”ကဲကျွန်တော် အဲလိုမျိုး ပြောကြည့်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ? ကျွန်တော်သာအဲလို ပြောလိုက်လို့ ကတော့ သူက သူ့ကို ယောက်ျားစိတ်ရှိတယ်လို့ ပြောတယ်ထင်ပြီး ပိုတောင်ဝမ်းသာ သွားဦးမလားပဲ။ ဒါဆိုရင် တော့ ဒီ “မိန်းမလို မိန်းမရစိတ်” ဆိုတဲ့ စကားကြီးဟာ တစ်ခုခုတော့မှားနေပြီဆိုတာသေချာပါတယ်…။
ဒါပေမယ့် ကျွန်တော် အဲဒီ့စကားရဲ့ အဓိပါယ်ကို မကြာသော ကာလကမှ ကောင်းကောင်းကြီး သဘော ပေါက်လိုက်ပါတယ်…။…အဲဒီလိုကျတော့လဲ ဒီစကားလေးက တော်တော်လေးကို အနှစ်သာရရှိသွားပါ တယ်…။

ကျွန်တော်တကယ်ပဲ အဲဒီစကားလုံးနဲ့ သင့်တော်တဲ့ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတယ်။ အကြောင်းအရင်းကတော့ မိန်းမအရမ်းလိုချင်နေတဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက် မနေ့က မိန်းမရသွားပြီ ဖြစ်ကြောင်း မိဘများထံ ဖုန်းဆက်ရင်းသိလိုက်ရလို့ပါပဲ….။ ကဲ…ဘယ်သူဘာပြောချင် လဲ??? သူလိုလူကိုမှ “မိန်းမလို…မိန်းမရ” လူလို့မပြောရင် ဘယ်သူ့ကိုပြောမလဲ…??? ကျွန်တော်အဲဒီ သတင်းကို ကြားတဲ့ အချိန်မှာ ၀မ်းသာလွန်းလို့ အောက်ပါအတိုင်းတောင် ယောင်ပြီးတော့ အော်လိုက် မိပါသေးကြောင်း…..

ဒါမှ…ငါ့ရဲ့ “မိန်းမလို…မိန်းမရ” သူငယ်ချင်းကွ………..!!!!!!!!!!!!!!!!!!!!!!!!!!!

p.s- ကျွန်တော့်ငယ်သူငယ်ချင်း(ပြောမနာ..ဆိုမနာ…!သူ့ရှိကိုစား…ကိုယ့်ရှိဖွက်ထား) ရဲ့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်အတွက် အဝေးရောက်လက်ဖွဲ့ တစ်ခုအနေနဲ့ ကျွန်တော်ပြောချင်တာလေး တစ်ချို့ကို ဖြည့်စွက်ပြီး ဒီ Post လေးကို အမှတ်တရ ရေးဖြစ်ခြင်း ဖြစ်ပါတယ်….။ ယောကျာ်းလေးများအားလုံး “မိန်းမလို…မိန်းမရ” ဖြစ်နိုင်ကျပါစေ….!!!!!!!!!

About

I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

5 Responses to “ကျွန်တော်နှင့် မိန်းမလို………..မိန်းမရ စိတ်ဓာတ်”

  1. မိန်းမလို မိန်းမရ ယောက်ျားတစ်ယောက်မြန်မြန်ဖြစ်ပ

  2. hehe..

    main ga lay myar lae, kyaut kyar lo yaut kyar kg kg ya pyit par say naw :P

    may all singles wishes come true!
    get the best of the other half for everyone out there…

    it seemed that when we are born, we actually came into this world hand in hand with the other half,,but alone the way we got lost and that only years after we get to meet them..
    but for some, they get lost in the crowds and in the end has to spent alone..which is really a sad thing pop naw :(

  3. စာတွေဖတ်သွားတယ် ညီလေးရေ။ တစ်ခြား ဘလော့တစ်ခုမှာ ညီလေး ရေးထားတဲ့ ဝတ်ရုံဆိုတာ ဖတ်လိုက်ရတယ်။ :-) အရမ်းကောင်းတာပဲ။ ရေးတတ်လိုက်တာ။ အဆင်ပြေပါစေ ညီရေ။

  4. :) e` dar a yan mhan par tal…. “main ma loh…main ma ya” ko thi tar taw kyar par p….girl phyit p..thate taw tha ti ma htar mi wo…. a yan kg tae` writing par ako… ako lal..”main ma loh..main ma ya” phyit par say naw… :)

  5. မတူတဲ့ အမြင် ၊

    ရှုထောင့်အသစ်တစ်ခု

    က တင်ပြထားပုံလေး လန်းတယ် ။

Leave a Reply