• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    မနက်ဖြန်များစွာသို့….

    February 9 , 2008 | 298 views

    ဟိုးအဝေးတစ်နေရာမှာ
    မွေးနေ့ပွဲတစ်ခု
    ကျင်းပနေတယ်……။

    အဲဒီ့မှာ တည်ခင်းထားတဲ့ စားစရာတွေရှိတယ်
    ပျံ့လွင့်နေတဲ့ သီချင်းသံတွေ ရှိတယ်
    ပျော်ရွှင်နေတဲ့ သူငယ်ချင်းတွေရှိတယ်
    ပြီးတော့…
    ကျွန်တော့်ချစ်သူ ‘မွေးနေ့ရှင်’ ရှိတယ်….။

    ချစ်သူရဲ့ နှုတ်ခမ်း တစ်ချက်အလှုပ်မှာ
    သူ့ဘ၀နဲ့ ထပ်တူကျ အရေအတွက်ရှိတဲ့
    မီးတောက်လေးတွေ ချစ်သူရဲ့ သောကတွေနဲ့အတူ
    ချုပ်ငြိမ်းသွားတယ်….။

    “HAPPY BIRTHDAY…..”
    လို့ တစ်စုံတစ်ယောက်က
    ရင်ဘတ်တစ်ခုလုံးပွင့်အောင် ဆုတောင်းပေးလိုက်တယ်
    ဒါပေမယ့် သူမကြားနိုင်ပါဘူး
    မိုင် ထောင်နဲ့ချီပြီး ဝေးတယ်လေ…။

    အိပ်မက်တွေကို တန်ဖိုးထားတဲ့ ကျွန်တော်နဲ့
    အိပ်မက်တွေထဲက နိုးထသွားတဲ့ “သူ…”
    ပြန်ဆုံဖို့အတွက် ညပေါင်းများစွာ
    စောင့်ရပါအုံးမယ်….။

    မနက်ဖြန်မှာထွက်မဲ့ ရောင်ခြည်သစ်နဲ့အတူ
    ကျွန်တော့်ချစ်သူရဲ့ နံနက်ခင်းတွေ လှပနေမယ်ဆိုတာ
    ကျွန်တော် ဘ၀တစ်ခုလုံးစာ ယုံကြည်ပါတယ်….။

    ခံစားခဲ့ရတဲ့ ဝေဒနာတွေကို သေသေချာချာ ထုပ်ပိုးပြီး
    ဒီ “ည” ထဲမှာ မြုပ်လိုက်ပါ
    မနက်ဖြန်မှာ မင်းသိပ်ကြိုက်တဲ့
    “ပန်းရောင်” အနာဂတ်တွေ ပွင့်လာပါလိမ့်မယ်….။

    သေခြင်းတရား တစ်ခုရဲ့အဆုံးမှာ
    မွေးဖွားခြင်းတစ်ခု ဖြစ်တည်မယ်ဆိုရင်
    မနက်ဖြန်မှာ ရောက်ရှိမယ့်
    ကျွန်တော့်ချစ်သူရဲ့ ဖြစ်တည်ခြင်း ဂုဏ်ပြုပွဲအတွက်
    ကျေကျေနပ်နပ်ကြီးကို ကျွန်တော်သေဆုံးပေးခဲ့ပါတယ်…။

    မပူပါနဲ့ ကျွန်တော်မမေ့ပါဘူး
    သူ့ကို ကျွန်တော်လက်ဆောင်တစ်ခု
    ပေးဖြစ်အောင် ပေးလိုက်ပါတယ်….။

    ဟုတ်တယ်
    ကျွန်တော်သူ့ကို “တံတား” တစ်ခု
    လက်ဆောင်ပေးလိုက်တယ်
    ပြီးတော့သူ့ကို ကျွန်တော်သေသေချာချာ ပြောလိုက်သေးတယ်
    “တံတား ဆိုတာ အလှကြည့်ဖို့ မဟုတ်ဘူး နင်းသွားဖို့ပါ” လို့……။ ။

    P.S – Dedicated To My Someone Special’s Birthday

    Cateogry : Personal , Poems

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    One Response to “မနက်ဖြန်များစွာသို့….”

    1. ooh,upon reading it for 3rd time then..khan sar lo ya de!
      gee..so sori.me is slow to absorb things!

      really nice poem!
      love the tile ..love the PS: u left at the end!!
      hmm..
      hope this dedication is appreciated!!!
      :D

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply