• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ပြီးပြည့်စုံသော အနာဂတ်နေ့သစ် တစ်ခုဆီသို့…

    January 3 , 2008 | 241 views
    ကျွန်တော်တို့ နိုင်ငံ ကိုလိုနီဘ၀မှ လွတ်မြောက်ခဲ့တာ ဒီနေ့ဆိုရင် နှစ်ပေါင်း (၆၀) တင်းတင်း ပြည့်ခဲ့ပါပြီ။ လွတ်လပ်ရေးဆိုတဲ့ အရာကို ကျွန်တော်တို့လွယ်လွယ်ကူကူ ရရှိခဲ့တာမဟုတ်ဘူးဆိုတာ မြန်မာပြည်သူ ပြည်သားတွေ အားလုံးသဘောပေါက်ကြပါတယ်..။ မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရပါ တယ်။ ကျွန်တော်တို့တွေ လွယ်လွယ်လေး ပေးလိုက်ခဲ့ကြရတာပါ…။ အခြင်းခြင်းခုတ်ခဲ့ကြ ထစ်ခဲ့ကြ၊ အာဏာ တွေလုနေခဲ့ကြလို့ပါ..။ ကျွန်တော်တို့ အနေနဲ့ ဒီအခြေအအနေမျိုးကို ထပ်ပြီး အဖြစ်ခံခြင်ကြသေးလို့လား??

    ဒါပေမယ့် ဘယ်လိုရအောင် ပြန်ယူခဲ့ကြ ရလဲ…………??

    ကျွန်တော်တို့ရဲ့ အဖိုးတွေ အဖွားတွေ အသက်၊ သွေး၊ ချွေး မြောက်များစွာ စတေးပြီး ပြန်လည်ရယူခဲ့ကြရတာ ဖြစ်ပါတယ်…။ တိုင်းပြည်ကို တကယ်ချစ်တဲ့သူတွေ အမျိုးဘာသာ သာသနာကို တကယ်ချစ်တဲ့ လူတွေ..အာဇာနည်တွေဟာ သူတို့ရဲ့ ဘ၀တွေကို စတေးပြီး ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ လက်ဆောင် တစ်ခုကို ပေးခဲ့ကြပါတယ်…။ ကျွန်တော်တို့ကလည်း အပြောနဲ့မဟုတ်ဘဲ အမှန်တကယ်တန်ဖိုးထားတတ်ဖို့ လိုပါလိမ့် မယ်…။

    အောင်မြင်မှုတစ်ခုလိုပါဘဲ…ဒီလွတ်လပ်ရေးဆိုတဲ့အရာဟာ ရပြီးတာနဲ့ အားလုံးပြီးဆုံးမသွားပါဘူး… ပြန်လည် မဆုံးရှုံးရအောင် ထိမ်းသိမ်းဖို့ဟာလဲ တကယ်ကိုအရေးကြီးတဲ့ သမိုင်းပေးတာဝန် တစ်ရပ်ဖြစ်ပါတယ်…။ ဘယ်လိုထိမ်းသိမ်းမလဲ??ဘယ်သူ့တွေမှာ တာဝန်ရှိလဲ?? အဖြေကရှင်းပါတယ် ကျွန်တော်တို့ လူငယ်မျိုးဆက် သစ်တွေမှာ တာဝန်ရှိပါတယ်…။ သတိ၊ပညာ၊သစ္စာ ဆိုတဲ့ အသိတရား (၃) ခုနဲ့ထိမ်းသိမ်းရပါမယ်…။

    ဘာလို့ကျွန်တော့အနေနဲ့ ဒီအချက် (၃) နဲ့ထိမ်းသိမ်းရမယ်လို့ ပြောချင်တာလဲ??

    (၁) သတိမရှိရင် ဘယ်သူတွေ ကိုယ့်နိုင်ငံကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ချည်းကပ်နေတယ်ဆိုတာကို မသိနိုင်ပါဘူး။ အချိန်မရွေး ကျွန်တော်တို့တွေ ကျွန်ပြန်ဖြစ်သွားနိုင်ပါတယ်။
    (၂) ပညာ ဆိုတဲ့ အသိပညာ၊ အတတ်ပညာ၊ နည်းပညာ မရှိရင် ကျွန်တော်တို့ အောင်မြင်တိုးတတ်တဲ့ နိုင်ငံတစ်ခုကို တည်ဆောက်လို့မရနိုင်ပါဘူး။
    (၃) နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်အနေနဲ့ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာမရှိဘဲ ကိုယ်ကျိုးတစ်ခုထဲကိုကြည့်ပြီး ကိုယ့်ဘ၀သာယာရင် ပြီးရောဆိုတဲ့စိတ်ဓာတ် ရှိနေရင်တော့ သတိ နဲ့ ပညာ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ ကျွန်တော်တို့ ရှေ့ဆက်ပြီးဘာမှလုပ်လို့မရပါဘူး။

    ဒီအချက် (၃) ချက်ထဲက တစ်ခုမဟုတ် တစ်ခုချို့ယွင်းနေခဲ့လျှင်တော့ ကျွန်တော်တို့ ရွှေပြည်တော် မျှော်တိုင်း ဝေးကြရပါ လိမ့်အုံးမယ်…။

    ကိုယ့်နိုင်ငံကို ကိုယ်မှမချစ်ရင် ဘယ်သူမှမချစ်ပါဘူး။ ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တည်မှု နဲ့ ကံကြမ္မာဟာ ကျွန်တော်တို့ လူငယ်တွေပေါ်မှာ အတိအကျမှုတည်နေပါတယ်..။ တိုင်းပြည်ကို တကယ်ချစ် တယ်ဆိုရင်..တကယ်ကောင်းစားစေချင်တယ်ဆိုရင်… တကယ်လုပ်ပြဖို့လိုပါတယ်။ သက်သေပြဖို့လိုပါတယ်။ အသံကောင်းဟစ်နေလို့…။ သူများယောင် ကိုယ်လိုက်ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ ဖြစ်နေ လို့မရပါဘူး…။

    တကယ်ချစ်ရင် တကယ်ကြိုးစားပေးပါ။ အခွင့်အရေးနဲ့ အခြေအနေ မပေးလို့ပါဆိုတဲ့ ခပ်ညံ့ညံ့ ဆင်ခြေမျိုး တွေနဲ့ ကိုယ့်အတ္တကို ကိုယ်ပြန်ကာကွယ်ဖို့ မကြိုစားကြပါနဲ့။ အခွင့်အရေးနဲ့ အခြေအနေဆိုတာ အသံကောင်းဟစ်… ဘေးထိုင် ဘုပြော လုပ်နေရုံနဲ့တော့ ကိုယ့်ဆီကို ရောက်လာမှာမဟုတ်ပါဘူး။ ကျွန်တော် တို့တိုင်းပြည် တကယ်တိုးတက် အောင်မြင်ဖို့ အဓိက အလိုအပ်ဆုံးဟာ အသိပညာရှင်၊ အတတ်ပညာရှင် သီး သန့်မဟုတ်ပါဘူး… မျိုးချစ်စိတ်ဓာတ် အမှန်တကယ်ရှိပြီး… တို

    င်းပြည်အတွက် တကယ်စွန့်လွှတ် အနစ်နာခံရဲ တဲ့ မျိုးချစ် အသိပညာရှင်…အတတ်ပညာရှင် လူငယ်တွေကို လိုအပ်နေတာပါ။

    ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံမှာမွေးခဲ့ကြတာပါ။ မြန်မာပြည်မှာ ကြီးပြင်းခဲ့ကြတာပါ။ မြန်မာ့ မြေကြီး ကကျွေးတဲ့ ထမင်း။ မြန်မာ ပြည်ကသင်ပေးလိုက်တဲ့ပညာ (က၊ခ ဘဲဖြစ်ဖြစ်) တွေနဲ့ ဒီအချိန်အထိ ရှင်သန်နေ ကြတာပါ။ ဘာကျေးဇူးရှိလို့လဲ?(တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဘယ်သူမှ မလွတ်ကင်းနိုင်ကြဖူးဆိုတာ အသိဥာဏ်ရှိပြီး၊ စဉ်းစားဆင်ခြင်တတ်တဲ့သူတိုင်း သိပါတယ်။) ဆိုတဲ့စကားမျိုး၊ မြန်မာမိဘတွေကမွေး မြန်မာလူမျိုးဖြစ်ပါလျက်နဲ့ တိုင်းတစ်ပါးနိုင်ငံသားခံယူတာမျိုးတွေ (ဘယ်လိုအကြောင်း ပြချက်နဲ့ပဲခံယူခံယူ) နဲ့တော့ မစော်ကားကျ စေလိုပါဘူး…။

    မြန်မာလူငယ်တွေ မညံ့ကျဘူးဆိုတာ နိုင်ငံအသီးသီးမှာ ပညာရပ်အမျိုးမျိုးကို အခြေအနေ အမျိုးမျိုးနဲ့ ကြိုးစား နေကြတဲ့ လူငယ်တွေက သက်သေပြနေကြပါတယ်..။ ဒါပေမယ့်…အတ္တဟိတ၊ပရဟိတ ဆိုတဲ့စကားနှစ်ခုအ နက်မှ…အတဟိတ္တ အတွက် အောင်မြင်ခဲ့ပြီးရင်တော့ ပရဟိတ အတွက်မမေ့စေခြင်ပါဘူး…။

    ကျွန်တော်တို့လူငယ်တွေသာ ဂိုဏ်းဂဏအစွဲ၊ ပုဂ္ဂိုအစွဲတွေ ကနေရုန်းထွက်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တက်ညီလက်ညီ ကျရာနေရာက ကျရာတာဝန်ကို ကိုယ်ကျိုးမဖတ်ဘဲ မိမိတတ်သိထားသမျှတွေနဲ့ မျိုးချစ်စိတ် ဓာတ်ဆိုတဲ့ အရာကိုပါပေါင်းစည်းပြီး ကြိုးစားကျမယ်ဆိုရင် မကြာတော့သော အနာဂတ်ကာလတစ်ခုမှာ ကျွန်တော် တို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးဟာ ကမ္ဘာမှာ မြန်မာဟေ့ လို့ ရင်ကော့ပြီး ဟစ်ကျွေးနိုင်မဲ့အချိန် ဟာ မဝေးတော့ပါကြောင်း…..။

    ကျွန်တော်နောက်ဆုံးပြောချင်တာကတော့(ကျွန်တော့်အမြင်သီးသန့်ပါ)

    ၁။ မိမိတိုင်းပြည်ကို (အမှန်တကယ်) ချစ်မြတ်နိုးပါ။
    ၂။ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို သစ္စာစောင့်သိပါ။
    ၃။ အသံကောင်းဟစ်ခြင်းများကိုရပ်တန့်ပြီး အပြုသဘောဆောင်သော လုပ်ရပ်များနဲ့ သက်သေပြပါ။
    ၄။ စိတ်ကူးရင်ဆန်ဆန်အတွေးများကို စွန့်လွှတ်ပြီး လက်တွေ့ကျကျစဉ်းစားကြပါ။
    ၅။ မှန်ကန်သောနည်းလမ်းများဖြင့် တိုင်းပြည်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပါဝင်ကြပါ။

    မှတ်ချက်။ ။ အပြုသဘောဆွေးနွေးမှုများ အားလုံးကို ကြိုဆိုပါကြောင်း…။ (BLACK DREAM)
    Cateogry : Article

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    5 Responses to “ပြီးပြည့်စုံသော အနာဂတ်နေ့သစ် တစ်ခုဆီသို့…”

    1. နှစ်တွေ လည်း ကြာခဲ့ပြီ .. ဒီအတိုင်းပဲ အတ္တများတဲ့ ခံယူချက်တွေနဲ့ ဆက်ချီတက်နေကြ ဦးမယ်ဆိုရင်တော့ မလွယ်ဘူးဗျ … အစွဲ တွေ လွှတ်ချပြီး ပရ အတွက် လုပ်မှ (လုပ်ချင်စိတ် ရှိယုံနဲ့တော့ မရဘူးဗျ) တိုင်းပြည် တိုးတက်လာမှာ … မျိုးချစ်စိတ် အော်နေယုံ လည်းမရဘူးဗျ တစ်ကယ်ချစ်ပြီး တစ်ကယ် အလုပ်လုပ် တဲ့ ပုဂ္ဂိုလ်တွေ များများ ပေါ်ပေါက်လာပါစေ …

      Like or Dislike: Thumb up 0 Thumb down 0

    2. အာဏာလုလို့ ကနောင်ကိုယ်တော် ဆုံးပြီး အစွမ်းမရှိတဲ့ သီပေါတက်လို့ အထာမနပ် ပညာရှင်ကိုနေရာမပေးလို့ အဖမ်းခံရတာ
      ကျွန်က ခုတောင် ပြန်ဖြစ်နေတာ .. နိုင်ငံခြားထွက် အလုပ်လုပ်တာလဲ ကျွန်ခံရတာပဲ… ပြည်တွင်းမှာ ပြည်သူပြည်သား လုပ်စားခွင့် မရဘဲ နိုင်ငံခြားသားကို လုပ်ပိုင်ခွင့်ပေးလို့ ပြည်သူက အလုပ်သမား ဖြစ်လာတာလဲ ကျွန်ဖြစ်တာပဲ
      ကာယ၀န်ထမ်း ဉာဏ၀န်ထမ်း ကွာတာပဲ ရှိတယ် အလုပ်ရှင် မဟုတ်သေးဘူး .. ခု မိုးကုတ်နဲ့ ဖားကန့်မှာ ဘယ်သူက ကျွန် ဘယ်သူက သခင်လဲ
      ပြည်သူပြည်သား ပြည်တွင်းမှာ လောက်ငတဲ့ လစာနဲ့ လူမှန်နေရာမှန် အလုပ်အကိုင် တွေရအောင် အခွင့် အလမ်းတွေ ဖန်တီးပေးထားရင် ဘယ်သူမှ နိုင်ငံခြား ဆိုတာကြီးကို မိဝေးဘဝေး သွားမနေချင်ပါဘူး။ ဒီလိုပါပဲ တော်ရုံ အခြေအနေဆိုးနဲ့တော့ ဘယ်သူမှ နိုင်ငံသား မပြောင်းပါဘူး။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများ အတွက် ဥပုသ်နေ့ ရောက်လို့မှ ဘုန်းကြီးကျောင်း သွားစရာ မရှိတဲ့ နိုင်ငံမှာ ဘယ်သူမှ မနေချင် ပါဘူး။ တိုင်းပြည်နဲ့ လူမျိုး လွတ်လပ်ရေးကို အမှန် အကန် ရပြီး တကယ် လွတ်လပ်တဲ့ လွတ်လပ်ရေးနေ့ ရောက်ပါစေ.. လွတ်လပ်ရေးနဲ့ တန်တဲ့ အသိ၊ သတိ များလဲ ရကြပါစေ။

      Like or Dislike: Thumb up 0 Thumb down 0

    3. ကျွန်တော်ကတော့ လူငယ်မို့ လူငယ်လိုပဲ မြင်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ လိုအပ်နေတာ မျိုးချစ်စိတ်ပဲ။ ကျွန်တော်တို့ နိုင်ငံက တကယ်လွတ်လပ်တယ်လား လို့ တခါတလေ စဉ်းစားမိတယ်။ သူများနိုင်ငံတွေ နယူးရီးယားညမှာ မီးပန်းတွေ ဖေါက်ပြီး ကြိုဆိုနေတဲ့ အချိန်မှာ ကျွန်တော်တို့ ဆီမှာ ဘယ်သွားမလဲ အင်းလျားကန်ဘောင်ပေါ်မှာ ည 9 နာရီ ဆိုတာနဲ့ အကုန်ဆင်းခိုင်းတယ်ဗျာ ဆိုင်တွေအားလုံး ည 7 နာရီလောက်ကတည်းက ပိတ်ထားရတယ်။ သူများနိုင်ငံတွေ မီးပန်းတွေဖောက်ပြီး နယူးရီးယားညမှာ ကြိုဆိုနေတဲ့ အချိန်မှာ ဒီမှာ ကလေးလေးတွေ ရိုးရိုး ဘာမှမဟုတ်တဲ့ မီးပန်းတောင် လွတ်ခွင့်မရကြဘူး။ တကယ်တော့ လွတ်လပ်ရေးဆိုတာ ဘာလည်းလို့ စဉ်းစားကြည့်မိတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    4. အဲဒီ ပြီးပြည့်စုံသော အနာဂတ်နေ့သစ်တစ်ခုဆီ ဆိုတာ သိပ်တော့မဝေးတော့ဘူးလို့ ထင်တာပဲကွာ အားလုံးစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ရှိကြမယ် ဆိုရင်ပေါ့။ လူငယ်တွေကြိုးစားဖို့လိုသလို လူကြီးတွေကလည်း စေတနာအမှန်နဲ့လမ်းပြဖို့တော့ လိုတာပေါ့ကွာ

      Like or Dislike: Thumb up 0 Thumb down 0

    5. ကောင်းသောနေ့ပါဗျာ…….
      ကျွန်တော်တို့အဓိကလိုနေတာအစ်ကိုဖွင့်ပြထားတဲ့အ
      တိုင်းပဲမျိုးချစ်စိတ်ဗျ……..
      ခက်တာကရှိချင်ယောင်ဆောင်နေကြတာများတယ်…..
      တကယ်တမ်းရင်းကြပြီဟေ့ဆိုရင်လူအနည်းစုလောက်ပဲရှိကြတယ်…….အဆုံးအထိပါလာကြတာရှားတယ်….
      အဓိက ကတော့ဗျာ…..အစ်ကိုပြောထားသလိုပါပဲ….
      ကျွန်တော်တို့တွေ အသံကောင်းဟစ်နေကြမဲ့အစား
      မှန်ကန်တဲ့နည်းလမ်းတွေနဲ့အုတ်တစ်ချပ်သဲတစ်ပွင့်
      ဖြစ်နေသင့်ပါတယ်….ကျွန်တော်ဆိုလိုတာက
      (အဓိကက) ဘယ်နေရာရောက်နေနေကိုယ့်လူမျိုးကိုယ့်တိုင်းပြည်ကိုဘာဆိုတာသိအောင်ပြဖို့ကိုပါ……ဘယ်လူကြီးကပဲကိုယ့်တိုင်းပြည်ကိုမကောင်းအောင်ပို့ပို့
      အဓိက ကကိုယ့်ရဲ့တတ်စွမ်းသလောက် တိုင်းပြည်ဂုဏ်ကိုရောက်လေရာမှာ ကိုယ့်ရဲ့စာရိတ္တ ကိုယ်ရဲ့ကျင့်တရားတွေနဲ့မြှင့်တင်ဖို့လိုတယ်ဗျာ….
      အဲဒီလိုအဓိကတကယ်ချစ်တတ်တဲ့ မျိုးချစ်စိတ်ဓါတ်တွေသာရှိနေရင် သွားရင်းလာရင်နဲ့ပဲကျွန်တော်တို့ ခရီးတွေရောက်သွားကြမှာပါ…………….။။။

      စိတ်ဓါတ်နဲ့ပို့စ်ကိုကြိုက်တယ်ဗျာ………။။။

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply