လွတ်လပ်ရေး
November 10 , 2007 | 232 views
ငါနဲ့
ငါ့အရိပ်နဲ့
စစ်ဖြစ်တယ်…။
ငါ့နှလုံးသားက
ငါ့ဦးနှောက်ကို
လှည့်စားတယ်….။
ငါ့အတွေးက
ငါ့ရဲ့ ဆင်ခြင်ဥာဏ်ကို
ခြိမ်ခြောက်တယ်…..။
ငါ့အိပ်မက်တွေက
ငါ့ညတွေကို
တိုက်ခိုက်တယ်…..။
အာရုံငါးပါး ပေါင်းပြီး
ဆဌမအာရုံကို
စစ်ဆင်တယ်……။
ငါ့ရဲ့မာနက တရားလိုလုပ်
အတ္တက တရားသူကြီးလုပ်ပြီး
အမှန်တရားကို ကားစင်တင်တယ်…..။
ငါ့ဝိဥာဉ်က ငါ့ခန္ဓာကို
လွတ်လပ်ရေး တောင်းတယ်…။
ဒီလိုနဲ့…..
နောက်ဆုံးတော့
ငါ့ဝိဥာဉ်က ငါ့ခန္ဓာကို……။
စွန့်………ခွာ……..တယ်…….။








ကောင်းတယ်ဗျ
Like or Dislike:
0
0
တကယ်ကိုပဲ မထင်မှတ်ပါဘဲ တိုက်ဆိုင်မှုလေးကနေ စတင်သိကျွမ်းရတယ်။ အမှတ်တရပေါ့။ နောက် အမြဲအားပေးနေမှာပါ။
Like or Dislike:
0
0
Hello
a small mark at the time of my passage on your very beautiful blog!
congratulations!
thanks for making us share your moments
you have a translation of my English space!
cordially from France
¸..· ´¨¨)) -:¦:-
¸.·´ .·´¨¨))
((¸¸.·´ ..·´ -:¦:-
-:¦:- ((¸¸.·´* ~ Chris ~ -:¦:-
http://SweetMelody.bloguez.com
Like or Dislike:
0
0