Dream!

1 views

မနေ့က ငါအိပ်မက်တစ်ခု မက်တယ်ချစ်သူ…
အိပ်မက်ထဲမှာ…..
မယုံကြည်မှုတွေရယ်….
လွဲမှားနေတဲ့ ခံယူချက်တွေရယ်….
စတေးခံလိုက်ရတဲ့ တန်ဖိုးထားမှုတွေရယ်….
မျှော်လင့်ချက်မရှိတော့တဲ့ အနာဂတ်တစ်ခုရယ်ပါတယ်…။
မင်းအကြောင်းကော မပါဘူးလားလို့
မင်းမေးရင် မေးလို့ရပါတယ်….
မင်းအကြောင်းတော့ မပါဘူးချစ်သူ….
ဒါပေမယ့်..မင်းလုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ရခဲ့တဲ့…
မင်းအတွက်ခံစားချက်တွေကတော့….
ငါ့ အိပ်မက်နဲ့ အပြည့်ပါချစ်သူရယ်…..။ ။

Share and Enjoy:
  • Print
  • email
  • Facebook
  • Twitter
  • RSS
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...

About this entry